Tun Yadanar Private High School

Tun Yadanar Private High School

Share

“မှန်ကန်တဲ့ရွေးချယ်မှုတိုင်းအတွက် ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှာ စတင်လိုက်ပါ”

“ဘက်စုံထူးချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသား၊ကျောင်းသူလေးများ မွေးထုတ်ပေးရာ
ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်း”

Photos from Tun Yadanar Private High School's post 20/05/2026

ထွန်းရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းကို ဘာကြောင့်ရွေးချယ်သင့်တာလဲ?

👨‍🏫👩‍🏫စာသင်ကြားရေးမှာဆိုရင်
✅စာသင်ကြားရေးတွင်တွေ့အကြုံရှိ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများဖြင့်သာ သင်ကြားစေခြင်း၊
✅သင်ကြားပြီးသောစာများကိုလည်း ထိရောက်မှုရှိစေရန်အတွက် လစဉ်အကဲဖြတ်စာမေးပွဲများပြုလုပ်ခြင်း၊
✅နားမလည်သော စာများကိုမေးမြန်းနိုင်ရန်အတွက်လည်း အတန်းများတွင် လက်ထောက်ဆရာ၊ဆရာမများ ထားရှိခြင်း၊
✅ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးတိုးတက်မှုနှင့် စာရိတ္တပိုင်းဆိုင်ရာ အခြေအနေများကို မိဘအုပ်ထိန်းသူများ သိရှိစေရန်အတွက် ပုံမှန်တွေ့ဆုံဆွေးနွေးခြင်း သို့ ဆက်သွယ်အကြောင်းကြားပေးခြင်း၊
✅စာတွေ့တင်သာမက ရုပ်မြင်သံကြား သင်ထောက်ကူပစ္စည်းများ၊ Projectorများ၊ E learning confe device များအသုံးပြု၍ စိတ်ဝင်စားဖွယ်ဖြစ်အောင် သင်ကြားပေးခြင်း၊
✅ကျောင်းသား၊ကျောင်းသူများ ဗဟုသုတများရှာမှီးရန်အတွက် စာကြည့်တိုက်နှင့် သုတေသနပြုနိုင်မည့် အရင်းအမြစ်များ စီစဉ်ထားရှိထားခြင်း။

🤔ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းဟာ ဘယ်လိုကျောင်းမျိုးလဲ?
🌟နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်းအောင်ချက် 80% အထက်ဖြစ်သောကျောင်းဖြစ်ခြင်း၊
🌟နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးသောကျောင်းဖြစ်ခြင်း၊
🌟အစိုးရသင်ရိုးသာမက နိုင်ငံတကာ သင်ရိုးများဖြစ်တဲ့ Cambridge english, CASCO MATHS စတဲ့ သင်ရိုးတွေကိုပါ ထည့်သွင်းသင်ကြားပေးသောကျောင်းဖြစ်ခြင်း၊
🌟ဘက်စုံထူးချွန်သော ကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန်အတွက် တိုက်ကွမ်ဒို၊ အားကစား၊ ဂီတတို့ကိုပါသင်ကြားပေးသောကျောင်းဖြစ်ခြင်း၊
🌟Group Projects များဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကို လေ့ကျင့်ပေးပြီး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကိုယ်ပိုင် Leadership Skills များ တိုးတက်လာအောင် စွမ်းရည်မြှင့်တင်ပေးသောကျောင်းဖြစ်ခြင်း။

⛑️လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်
🦺ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးကို အထူးဦးစားပေးသောအနေဖြင့် စာသင်ခန်းတိုင်းနှင့် ကျောင်းဝန်းအတွင်းအချက်အချာကျသောနေရာများတွင် HiGh-Definition CCTV Camera များတပ်ဆင်ထားပြီး စောင့်ကြည့်စစ်ဆေးလျှက်ရှိပါတယ်။
🧯ကျောင်းဆောင်များအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်စနစ် (Fire fighting system) များကို စနစ်တကျ တပ်ဆင်ထားရှိပါတယ်။
💧ကျောင်းသား၊ကျောင်းသူများအတွက် (အဆင့်မြင့်သောက်ရေသန့်) များကိုသာ သောက်သုံးနိုင်ရန် စီစဉ်ပေးထားပါတယ်။
😷သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားရောဂါဘယများမှ ကာကွယ်ရန် ကျောင်းဝန်းများအတွင်း တစ်လတစ်ကြိမ်ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိပါတယ်။
🧹စာသင်ခန်းများနှင့် ကျောင်းဝန်းတစ်ခုလုံးကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကိုသာ ဖန်တီးပေးထားပါတယ်။

“မှန်ကန်သောရွေးချယ်မှုတိုင်းအတွက် ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှာ စတင်လိုက်ပါ”

Campus(1)- ၅၆လမ်း၊၁၀၇လမ်းနှင့် ၁၀၈လမ်းကြား၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
Campus(2)- ၆၅(C),119Cလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။
ဖုန်း-09978995274, 09796777626

Photos from Tun Yadanar Private High School's post 18/05/2026

ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ အပ်နှံနိုင်မည့် စိတ်အချရဆုံးသော ပညာရေးဝန်းကျင်ကောင်း✨

"မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် စာလည်းတော်၊ အကျင့်စာရိတ္တလည်းကောင်းပြီး လုံခြုံဘေးကင်းတဲ့ ကျောင်းကောင်းတစ်ကျောင်းကို ရှာဖွေနေပါသလား?"

ကျွန်ုပ်တို့ ကျောင်းတော်ကြီးသည် ကလေးငယ်များ၏ အနာဂတ်အတွက် ပညာရေးအရည်အသွေး (Educational Quality) ကိုသာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းစေရေးကိုပါ အဖက်ဖက်မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

✨ ဘာကြောင့် မိဘတိုင်းက ယုံကြည်စိတ်ချစွာ အပ်နှံကြတာလဲ? ✨

🚫 ၁။ ခွဲခြားဆက်ဆံခြင်းနှင့် အနိုင်ကျင့်ခြင်း (Bullying) လုံးဝမရှိခြင်း
ကလေးတိုင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်ရှိစေရန် ကျောင်းတွင်း အနိုင်ကျင့်မှုနှင့် ခွဲခြားဆက်ဆံမှုများကို လုံးဝ (လုံးဝ) ခွင့်မပြုဘဲ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအကြား မိသားစုကဲ့သို့ နွေးထွေးပွင့်လင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါသည်။

🤝 ၂။ အဆင့်အတန်းရှိပြီး စည်းကမ်းပြည့်ဝသော အပေါင်းအသင်းကောင်းများ
အပြောအဆို၊ အမူအရာ ယဉ်ကျေးလိမ္မာပြီး သန့်ရှင်းသပ်ရပ်မှုကို မြတ်နိုးသော ကျောင်းသားထုရှိခြင်းကြောင့် မိဘများ အစိုးရိမ်ဆုံးဖြစ်သည့် အပေါင်းအသင်းမှားမည့် အန္တရာယ်မှ လုံးဝစိတ်အေးရပါမည်။

📚 ၃။ နိုင်ငံတကာအဆင့်မီ သင်ရိုးနှင့် အဆင့်မြင့် Quality ပညာရေး
B.A, B.Sc, M.A, M.Sc, B.Ed, M.Ed စသည့် ဘွဲ့ရအတွေ့အကြုံရင့် ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် စနစ်တကျ သင်ကြားပေးပြီး၊ နားမလည်သည်များကို အနီးကပ် အရံသင့် ကူညီပေးမည့် လက်ထောက်ဆရာမများ စနစ်၊ ထိရောက်သော လစဉ်အကဲဖြတ်စနစ်တို့ကြောင့် ပြင်ပကျူရှင် ထပ်ပေးရန်မလိုဘဲ ကျောင်းစာကို ကျောင်းမှာတင် အပိုင်ရစေရပါမည်။

🧠 ၄။ စိတ်ဓာတ်နှင့် အတွေးအခေါ် မြင့်မားစေရန် ပြုစုပျိုးထောင်ပေးခြင်း
စာအလွတ်ကျက်စနစ်ထက် ကလေးများ ကိုယ်တိုင် တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်လာအောင် စနစ်တကျ မြေတောင်မြှောက်ပေးပါသည်။

🛡️ ၅။ ခေတ်မီနည်းပညာသုံး လုံခြုံရေးနှင့် သန့်ရှင်းကျန်းမာရေးစနစ်

စာသင်ခန်းတိုင်းတွင် CCTV camera များနှင့် အဆင့်မြင့် မီးငြှိမ်းသတ်စနစ်များ တပ်ဆင်ထားခြင်း။

စာသင်ခန်းတိုင်းနှင့် အဆောင်အိပ်ခန်းတိုင်းတွင် Air conditionersများတပ်ဆင်ထားခြင်း။

အပြင်လူ ဝင်ထွက်မှုမရှိစေရန် ကျွမ်းကျင်လုံခြုံရေးဝန်ထမ်းများဖြင့် တင်းကြပ်စွာ စောင့်ရှောက်ခြင်း။

သွေးလွန်တုပ်ကွေး ကာကွယ်ရန် ကျောင်းဝန်းတစ်ခုလုံးကို တစ်လတစ်ကြိမ် ပုံမှန်ခြင်ဆေးဖျန်းခြင်း။

"ကျောင်းလခ သင့်တင့်မျှတစွာဖြင့် သင့်ကလေးအတွက် အကောင်းဆုံးသော အရည်အသွေးမြင့် ပညာရေးနှင့် စိတ်ချရသော အနာဂတ်ပတ်ဝန်းကျင်ကို အခုပဲ အရယူပေးလိုက်ပါ။" 🥰

🎯 [၂၀၂၆ - ၂၀၂၇] ပညာသင်နှစ်အတွက် KG မှ Grade-12အထိ ကျောင်းသားဟောင်း/ကျောင်းသားသစ်များ စတင်လက်ခံနေပြီဖြစ်ပါသဖြင့် လူဦးရေမပြည့်မီ အမြန်ဆုံး ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါပြီရှင်။

အသေးစိတ်စုံစမ်းမေးမြန်းနိုင်ရန်အတွက် ဖုန်း 09978995274ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Campus(1)-56လမ်း၊107လမ်းနှင့် 108လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
Campus(2)-65(C)လမ်းနှင့် 119လမ်းထောင့် ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

17/05/2026

Ocean ရဲ့ "Back to School" Spelling Bee Competition 2026 ကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ! 🐝🏆
Day 2မှာလည်း ပထမဆုနဲ့ ဒုတိယဆုကို ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းက မီးမီးလေးတို့က ရရှိခဲ့ပါတယ်။
Day 1 ရော Day 2 မှာပါ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ဆုတွေ ဆွတ်ခူးသွားကြတဲ့ သားသားမီးမီးတို့ အားလုံးကို Ocean မှ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခဲ့ပါတယ်ရှင် 🎉👏 (ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကလေးတွေ အားလုံးလည်း တကယ့်ကို တော်ကြလွန်းပါတယ်နော်)၊၊
ပြိုင်ပွဲကြီး ပြီးသွားပေမယ့်လည်း ကျောင်းမဖွင့်ခင်အထိ Ocean ရဲ့ Back to School Promotion ကတော့ ဆက်ရှိနေဦးမှာမို့လို့... လိုအပ်တဲ့ ဗလာစာအုပ်၊ လွယ်အိတ်၊ စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်း စုံစုံလင်လင်ကို အတန်ဆုံးဈေးနှုန်းတွေနဲ့ Ocean Mingalar Mandalay မှာ ဆက်လက်ပြီး စိတ်ကြိုက် ဈေးဝယ်ယူနိုင်ပါတယ်ရှင် 🥰🛍️
လာရောက်ဆင်နွှဲပေးကြတဲ့ မိဘပြည်သူများနှင့် ကလေးများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋✨

16/05/2026

Day 1 of Spelling Bee 2026 🐝✨
ဒီနေ့ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ပထမဆုနဲ့ ဒုတိယဆုကို သိမ်းပိုက်သွားတဲ့ "ထွန်းရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း" က ကလေးတို့ရေ... တကယ်ကို ဂုဏ်ယူပါတယ်ရှင်! 🏆👏
မနက်ဖြန် Day 2 အတွက် ရင်ခုန်ဖို့ အဆင်သင့်ပဲလား? ဝင်မပြိုင်ရသေးတဲ့ သားသားမီးမီးတို့လည်း အခွင့်အရေး ရှိသေးတယ်နော်။ မနက်ဖြန် နေ့လည် ၁ နာရီမှာ Ocean Mingalar Mandalay (Promotion Area) မှာ ဆုံကြစို့နော် ☁️🤍
ကျောင်းမဖွင့်ခင် ကလေးတွေအတွက် လိုအပ်တဲ့ ဗလာစာအုပ်၊ လွယ်အိတ်နဲ့ ကျောင်းသုံးပစ္စည်းစုံစုံလင်လင်ကိုလည်း Ocean Back to School Promotion မှာ အတန်ဆုံးဈေးနဲ့ တစ်ပါတည်း ဈေးဝယ်သွားလို့ရတာမို့ မနက်ဖြန် Ocean မှာ ဆုံကြစို့နော် 🥰🛍️

Photos from Tun Yadanar Private High School's post 14/05/2026

အရည်အသွေးမြင့် အဆင့်မြင့် ပညာရေးကို စျေးနှုန်းအရလည်းသက်သာတဲ့ ကိုယ်ပိုင်ကျောင်းမျိုးကိုရှာဖွေနေပါသလား?
KG မှ Grade-12 အထိ မိမိတို့ရဲ့ သားသမီးတို့အနာဂတ်အတွက် ကျောင်းရွေးချယ်တဲ့အခါ သင်ကြားမှုအပိုင်းမှာလည်း စိတ်ချရပြီး ကျောင်းစျေးနှုန်းလည်း သက်သာတဲ့ကျောင်းမျိုးကို ရှာဖွေနေပါသလား?

ဒါဆိုရင်တော့ ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်း Campus-2ဟာဆိုရင်
✅ Experienced Teachers: အတွေ့အကြုံရှိဝါရင့် ဆရာကြီး၊ဆရာမကြီးများမှ အနီးကပ် သင်ကြားပေးခြင်း။
✅ Affordable Fees: အခြေခံလူတန်းစားမကျန် အားလုံးအတွက် သင့်တင့်မျှတသော ကျောင်းလခ။
✅ Proven Results: ထိရောက်ပြီး စနစ်ကျသော သင်ကြားမှုစနစ်။
✅Plus International Curriculum: အစိုးရသင်ရိုးအပြင် international curriculum နဲ့ extra-curriculum တို့ကိုပါထည့်သွင်းသင်ကြားပေးခြင်း။
✅Quality Education: ကျောင်းလခကို သင့်တင့်မျှတသောနှုန်းထားဖြင့် သတ်မှတ်ပေးထားသော်လည်း သင်ကြားရေးအရည်အသွေး၊ ကျောင်းတွင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစိတ်အပိုင်းတိုင်းကို Grade-A ပုံစံအတိုင်း အဆင့်မြင့်မားစွာ ပြင်ဆင်ပေးထားပါသည်။

ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးအတွက်လည်း ထွန်းရတနာ Campus-2တွင်

🦺ကျောင်းသား၊ကျောင်းသူများအတွက် (အဆင့်မြင့် သောက်ရေသန့်) များကိုသာ
သောက်သုံးနိုင်ရန် စီစဉ်ပေးထားပါတယ်။
🦺သွေးလွန်တုပ်ကွေးနှင့် ရောဂါဘယများမှ ကာကွယ်ရန် ကျောင်းဝန်းအတွင်း တစ်လတစ်ကြိမ် ပုံမှန်ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါတယ်။
🦺စာသင်ခန်းများနှင့် ကျောင်းဝန်းတစ်ခုလုံးကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကိုသာ ဖန်တီးပေးထားပါတယ်။

“ဒါကြောင့်မလို့ ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ အကောင်းဆုံးသော ပညာရေးကို သားသမီးတို့အတွက် လက်ဆောင်ပေးလိုက်ပါ။"
မှန်ကန်သောရွေးချယ်မှုတိုင်းအတွက် ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှာ စတင်လိုက်ပါ။

📣2026-2027 ပညာသင်နှစ်အတွက် KG မှ Grade-12အထိကျောင်းအပ်လက်ခံနေပါပြီ။

ဖုန်း-09978995274, 09796777626
လိပ်စာ-65 (C)လမ်းနှင့် 119 လမ်းထောင့်၊ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

09/05/2026

Tun Yadanar Private High School Campus-1

2026-2027 ပညာသင်နှစ်အတွက် KGမှGrade-12 ထိကျောင်းအပ်
လက်ခံနေပါပြီ။

08/05/2026

"မင်္ဂလာပါရှင်... Mandalay ရောက်ရင် ထွန်းရတနာကို နှုတ်ဆက်ဖို့ မမေ့နဲ့ဦးနော်။ 👋
Es**rt နဲ့ မျက်စောင်းထိုးက Promotion ဇုန်လေးမှာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရှိနေမှာပါ။ လက်ကမ်းစာစောင်လေးတွေ လာယူရင်း promotion တွေအကြောင်း စုံစမ်းလို့ရပါတယ်ရှင်။ 🥰✨"

30/04/2026

“မှန်ကန်တဲ့ရွေးချယ်မှုတိုင်းအတွက် ထွန်းရတနာမှာ စတင်လိုက်ပါ”

သင်ဟာ ဒီလိုကျောင်းမျိုးကိုရှာဖွေနေတယ်ဆိုရင်တော့ ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းဟာ သင့်အတွက်ပါပဲ။

တစ်နှစ်ထက်တစ်နှစ်ပိုတိုးတက်အောင်၊ ပိုမိုကောင်းမွန်ပြီး အကောင်းဆုံးကျောင်း​တစ်ကျောင်းဖြစ်လာအောင် ကြိုးစားနေပါတယ်။ ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။

Campus(1)-56လမ်း၊107လမ်းနှင့်108လမ်းကြား၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
Campus(2)-65(C)လမ်းနှင့် 119လမ်းထောင့်၊ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။

ဖုန်း-09978995274, 09796777626

26/04/2026

ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးတွေက ကျောင်းလာတက်ကြမဲ့ ကျောင်းသား၊ကျောင်းသူလေးတွေကိုဘာတွေလုပ်ပေးမှာလဲ⁉️

🤨ဘာကြောင့် ထွန်းရတနာကို ရွေးချယ်သင့်တာလဲ?
✅စာသင်ကြားရေးမှာဆိုရင် အတွေ့အကြုံများတဲ့ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများက စနစ်တကျ သင်ကြားလမ်းပြပေးပါတယ်။
✅ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးတင်မကဘဲ အားကစား၊ ဂီတနဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေပါ ထည့်သွင်းထားလို့ ကျောင်းသားတိုင်းရဲ့ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်ပေးပါတယ်။
✅လက်တွေ့နယ်ပယ်: စာအုပ်ထဲကစာတင်မကဘဲ ပြင်ပဗဟုသုတတွေတိုးပွါးစေဖို့အတွက် လေ့လာရေးခရီးစဉ်တွေ နဲ့ Industrial Visits တွေကိုလည်း စီစဉ်ပေးထားပါတယ်။
✅လုံခြုံစိတ်ချရမှု: အနိုင်ကျင့်မှုနဲ့ ခွဲခြားဆက်ဆံမှု ကင်းစင်ပြီး စာသင်ခန်းတိုင်းမှာ CCTV camera များ တပ်ဆင်ထားလို့ ကျောင်းသား၊ကျောင်းသူတို့ရဲ့ လုံခြုံရေးအတွက် ရာနှုန်းပြည့် စိတ်ချရပါတယ်။

လူဦးအေကန့်အသတ်ရှိတာမလို့ အမြန်ဆုံးလာရောက် စာရင်းသွင်းလိုက်တော့နော် 🤗

09/04/2026

ဒီနေ့မှာတော့ Saungpokki Team အနေနဲ့ သတင်းကောင်းလေး မျှဝေချင်ပါတယ်။ 🎉

၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် Mandalay မှ Tun Yadanar Private High School ဟာဆိုရင် Saungpokki ရဲ့ TEL (Technology Enabled Learning) Programme ကို Join ဖို့အတွက် ယုံကြည်စွာနဲ့ လက်မှတ်ရေးထိုးခဲ့ကြပါပြီ။
Saungpokki ဆိုတာကတော့ Singapore မှ ဖန်တီးထားတဲ့ Online Learning Platform ဖြစ်ပြီး ILBC မှ အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေကိုယ်တိုင် တိုက်ရိုက် (Live) သင်ကြားပေးသွားမှာပါ။ ကျောင်းသူ/သားတွေကတော့ Saungpokki ရဲ့ TEL အစီအစဉ်မှတစ်ဆင့် နည်းပညာနဲ့ ပညာရေးကို ပေါင်းစပ်ပြီး မိမိရဲ့ အနာဂတ်တက်လမ်းများအတွက် မျှော်လင့်ချက်အပြည့်နဲ့ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

Tun Yadanar Private High School ကို Saungpokki Family ကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ 💙
ပညာရေးနဲ့ နည်းပညာကို အတူတကွ မြှင့်တင်ဖို့အတွက် Saungpokki Team က အထူးပင် စိတ်လှုပ်ရှားမိပါတယ်။

The Saungpokki Team is excited to share some wonderful news! 🎉

For the 2026–2027 academic year, Tun Yadanar Private High School from Mandalay has officially signed up to join Saungpokki’s TEL (Technology Enabled Learning) Programme, placing their trust in our platform. Saungpokki is an online learning platform developed in Singapore, and the lessons are delivered directly by experienced teachers from ILBC.
Through TEL, students will have the chance to learn in a way that combines technology and education — full of engagement and future possibilities.

We warmly welcome Tun Yadanar Private High School to the Saungpokki Family. 💙
We're truly excited to collaborate and elevate education through the power of technology.

Saungpokki Hotline Numbers - 09 777450888, 09 777450999

08/04/2026

The school has been Missing you
See y’all in June 🤩

📍Campus-1
Campus-2 Verလေးလည်း လာပါမယ်🙆🏻‍♀️

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


107*108Street/56 Road
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00