ပြီးခဲ့တဲ့ post တုန်းက acid in the nucleus (nucleus ထဲက acid) ဖြစ်လို့ nucleic acid လို့ခေါ်ကြောင်း ပြောခဲ့ပြီးပါပြီ
အခု nucleic acid အကြောင်းဆက်ပြောပါမယ်
Nucleic acid ကို polymer of nucleotides လို့သိရပါမယ် အဓိပ္ပါယ်က nucleic acid သည် nucleotides များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်ပေါ့
Nucleotide တခုချင်းကို N လို့သတ်မှတ်လိုက်မယ်ဆိုရင် N တွေအများကြီးချိတ်ဆက်ထားတာ Nucleic acid ပေါ့
Nucleic acid= N-N-N-N-N-N-N-N-N ပေါ့
N တွေကြားက (-) လေးက ထုံးစံအတိုင်း ချိတ်ဆက်ပေးထားတဲ့ Bonds တွေပေါ့
Biology for G12
လွယ်ကူသင်ယူ သင်ရိုးသစ် Bio
Nucleic acids တွေက negative charge (အမဓါတ်) ရှိပါတယ်
Nucleus ထဲမှာရှိတဲ့ DNA (Deoxyribonucleic acid) က positive charge (အဖိုဓါတ်) ရှိတဲ့ Histones လို့ခေါ်တဲ့ protein နဲ့ပေါင်းထားပြီး chromosomes (ခရိုမိုဆုမ်း) ဖြစ်လာပါတယ်
Chromosomes= DNA + Histones ပေါ့
Organisms တွေကို chromosomes နဲ့ဆက်စပ်ပြီး ၂ မျိုးခွဲကြပါတယ်
Prokaryotes နဲ့ Eukaryotes ဆိုပြီးပေါ့
သူတို့အကြောင်းကတော့ ရှေ့က post တခုရေးခဲ့ဖူးပါတယ်
Nucleus ထဲမှာ acid ရှိပါတယ် nucleic acid လို့ဒါကြောင့်ခေါ်တာပေါ့
Nature of Chromosome ( number and shape ) ခရိုမိုဆုမ်းရဲ့သေဘာသဘာဝ( အရေအတွက်နဲ့ပုံသဏ္ဍန်)ပေါ်မူတည်ပြီး
Prokaryote and eukaryote ဆိုပြီးခွဲလို့ရပါတယ်
Prokaryote တွေမှာ single and circular shaped chromosome ရှိပြီး
Eukaryote တွေမှာ multiple and linear shaped chromosome ရှိပါတယ်
အကြမ်းဖျင်းပြောရရင် prokaryote တွေဟာ bacteria တွေဖြစ်ပါတယ်
Eukaryote တွေက all animals including mammals (နို့တိုက်သတ္တဝါအပါအဝင်)၊ အပင်တွေပါဝင်ပါတယ်
နောက်post မှာတော့ chromosome အကြောင်းရှင်းပြပေးပါမယ်
Depending on the number of cells present in organisms
သက်ရှိတွေမှာ ပါဝင်ဖွဲ့စည်းထားတဲ့ cell အရေအတွက်ပေါ်မူတည်ပြီး
Unicellular organisms (ဆဲလ်တခုတည်းဖြင့်ဖွဲ့စည်း) နဲ့ multicellular organisms (ဆဲလ်များစွာဖြင့်ဖွဲ့စည်း) လို့ ခွဲလို့ရပါတယ်
Multicellular organisms တွေမှာ မတူညီတဲ့ cells အမျိုးအစားတွေပါဝင်ပါတယ်
Cells တွေပေါင်းရင် tissues
Tissues တွေပေါင်းရင် Organs တွေဖြစ်လာပါတယ်
ခုနကပြောခဲ့သလိုပဲ မတူတဲ့ cells တွေ tissues တွေ ပေါင်းပြီး ဖြစ်လာတဲ့ မတူညီတဲ့ organs တွေမှာ မတူညီတဲ့ functions တွေရှိပါတယ်
အဆုတ်(lung) နှလုံး (heart) အသည်း (liver) ကျောက်ကပ် (kidney) စသဖြင့်ပေါ့
A functional unit of living organisms is
သက်ရှိတွေရဲ့ အခြေခံအလုပ်လုပ်တဲ့ ယူနစ်က ?
မှန်ပါတယ် Cell ဖြစ်ပါတယ်
Biology ဆိုတာ ဘာလဲ
Biology ဆိုတာ study of living organisms - သက်ရှိများကိုလေ့လာခြင်း ဖြစ်ပါတယ်
Living organisms ဆိုတာမှာ animals (လူအပါအဝင်), plants, bacteria နဲ့ virus တွေ ပါဝင်ပါတယ်
အားလုံး မင်ဂလာပါ page လုပ်ထားပြီး ဘာမှ မတင်ဖြစ် မပြောဖြစ်တာ sorry ပါ
ဒီစာသင်နှစ်ကတော့ မသင်ဖြစ်လိုက်ပါဘူး နောက်နှစ်ကတော့ သင်မှာပါ
မေးမြန်းစုံစမ်းကြတဲ့ မိတ်ဆွေတွေ ဆရာတွေ မိဘတွေ တောင်းပန်ပါတယ်
New curriculum Grade 12 Biology မှာ ပါဝင်တဲ့ Topics များကို ရှင်းလင်းလွယ်ကူသိနားလည်နိုင်စေရန် သင်ကြားပေးပါမယ်
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay
Opening Hours
| Monday | 16:00 - 20:00 |
| Tuesday | 16:00 - 20:00 |
| Wednesday | 16:00 - 20:00 |
| Thursday | 16:00 - 20:00 |
| Friday | 16:00 - 20:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |