AshinNyarnadaja

AshinNyarnadaja

Share

Computer Knowledge Sharing

28/08/2024

ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား
____________________

အရေးကြုံလာပြီဆိုရင်...
ကိုယ့်မှာအားကိုးစရာ အသင့်ရှိထားအောင်
ဘုရားရှိခိုးတာမှာ စိတ်ပါလက်ပါ ရှိခိုး။

ကုသိုလ်အလုပ် တရားအလုပ်လုပ်တာမှာ...
စိတ်ပါလက်ပါ အရည်အသွေးပါအောင်လုပ်။

ဘယ်အရာမဆို စူးစူးစိုက်စိုက်လုပ်၊
ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား။

ကိုယ့်သန္တာန်မှာ အကောင်းဓာတ်တွေ
ရှိသင့်သလောက်ရှိထားမှ စိတ်အေးရမှာ။

ဘုရားရှိခိုးခိုင်းတယ် တရားထိုင်ခိုင်းတယ်ဆိုတာ
သက်သက်မဲ့အချိန်ဖြုန်းခိုင်းတာ မဟုတ်ဘူး။

ဘေးရန်အလွန်ပေါတဲ့ လောကကြီးမှာ...
ဘေးရန်လုံလုံခြုံခြုံနဲ့
စွမ်းအားပြည့်ပြည့်ဝဝ နေနိုင်အောင်လို့၊
အရည်အသွေးတွေ မြင့်မားတောက်ပြောင်လာအောင်လို့၊
ချီးမြှောက်ပေးတာ နော်..။

တိပိဋကယောဆရာတော်ဘုရားကြီး

#တရား

27/08/2024

#မင်းကွန်းဆရာတော်ဘုရားကြီးက
..............🎍🎍🎍........

တရားစာပေဆိုတာ...ဘုန်းကံ ရှိသူတွေပဲ ဖတ်နိုင်တာပါ။
တရား ဓမ္မ ဆိုတာ...ဘုန်းကံ ရှိသူတွေပဲ ကျင့်သုံးနိုင်တာပါ။

ဘာသာရေးနဲ့ ပတ်သက်ပြီးမသိသေးတာကို သိအောင်ပြောပြ၊ ရေးပြတာ ဟာလည်း သာသနာပြုတာပါပဲ။

ကိုးကွယ်မှုနဲ့ ပတ်သက်ပြီးလမ်းကြောင်းမှားကိုလမ်းကြောင်းမှန်နဲ့အစားထိုးပြတာ၊ ရေးပြတာဟာ လည်း သာသနာပြုတာပါပဲ။

သံသရာရေးနဲ့ ပတ်သက်ပြီး ဒုက္ခရှည်မယ့် သူကို ဒုက္ခတိုအောင် ဟောပြ၊ ရေးပြတာဟာလည်း သာသနာပြုတာပါပဲ။

သာသနာပြုတယ်ဆိုတာ ဘုရားခန်းကအစပြုပြင်ပေးရမယ်။

တစ်ချို့ဆို ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှ မသိရှာကြဘူး။ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေနဲ့ ဝေးသွားရင်....

"တော်ပေမယ့် .... မိုက်တတ်တယ်"

"ကျော်သော်လည်း .... ချော်တတ်တယ်"

"စွမ်းသော်လည်း .... မှားတတ်လို့ နွမ်းတတ်တယ်"

ဒါ့ကြောင့် ဘာသာရေးအသိကို ရေးပြတာလည်းသာသနာပြုတာပါပဲ။

အများကြီးဖတ်ကြ သိကြလိမ့်မယ်လို့ မမျှော်လင့်နဲ့။

စာကောင်းကိုလူကောင်းပဲ ဖတ်နိုင်တာ။

ဘုရားရှင်ရဲ့တရားဆိုတာ ဘုန်းကံရှိသူတွေပဲ နာခွင့်၊ တွေ့ခွင့်ရကြတာ။

အသိတစ်လုံးတိုးဖို့ဆိုတာ သာမန်လူတွေအတွက် မလွယ်ဘူး။

ဉာဏ်လျင်၊ ဉာဏ်ယှဉ်မှ ရနိုင်တာ။

ဒါ့ကြောင့် တန်ဖိုးရှိတဲ့စာတွေကို ရေးပါ။
ဖတ်သူမရှိတောင် ကိုယ့်အတွက်မှတ်စု ကျန်တယ်။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး
အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဦးဝိစိတ္တသာရာဘိဝံသ
🙏🙏🙏

မင်းကွန်း ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ အား ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ထားသော ၁၉၈၅ ခုနှစ်ထုတ်
ဂင်းနစ်စာအုပ်၌ မှတ်ဉာဏ်အကောင်းဆုံး လူသားအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။

၂၁. ၇. ၂၀၂၃ သောကြာနေ့

26/08/2024

ငယ်ငယ်တုန်းက မိသားစုမှာ မိဘမေတ္တာနဲ့ ပက်သက်ပြီး Trauma ရှိတယ်ဆိုရင် ဒီ Trauma တွေကို ကုသရင် ကုသ ၊မကုသရင် ဒီ Trauma တွေက ကြီးတဲ့ အထိ ပါလာတတ်ကြပါတယ်။

ဒီလို စိတ်ခံစားချက်နဲ့ ကြီးပျင်းလာတဲ့သူတွေဟာ အရာရာမှာ စိတ်ခံစားလွယ်ကြတယ်။ စိတ် ဆတ်တတ်ကြတယ်။

ကလေးဆန်တတ်ပြီး ကြင်နာမှု့နဲ့ ဂရုစိုက်မှု့ကို လိုလားတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။

အရာရာအပေါ်မှာ Negative ဆန်တာ မဟုတ်ပေမယ့်
စိုးရိမ်းစိတ်တွေများတဲ့အတွက် တခုခုဆို စိတ်ဟာ Up and Down ဖြစ်ပြီး Hyperactive ဖြစ်လာတဲ့ အထိ စိတ်ခံစားမှု့တွေ မြှင့်တက်လာတတ်ကြပါတယ်။

ဒါက Agreessive မဟုတ်သလို Negative လည်း မဟုတ်ပြန်ပါဘူး။

သို့ပေသည့် ဒါက Sensitive ဖြစ်ပါတယ်။ တခုခုဆို ထိလွယ် ရှလွယ် ခံစားလွယ်တတ်ပါတယ်။ ပျော့ရင် ဖယောင်း မာရင် သံချောင်းလိုပါပဲ။

သူတို့ရဲ့ စိတ်ဟာ ဂရုစိုက်မှု့ကို လိုချင်တာ ဖြစ်လို့-

သူတို့ကိုယ်တိုင်က ကြင်နာမှု့၊ မေတ္တာထားမှု့တွေကို သူများကို ပေးသလို သူတို့ကလည်း ပြန်ယူချင်ကြပါတယ်။

ဦးဇင်းတွေမှာ ငယ်ငယ်ကတည်းက မိသားစုနဲ့ ဝေးနေရတော့ ဒီလို Trauma တွေ အနည်းအများ ရှိတတ်ကြပါတယ်။

ဆရာဘုန်းကြီးရဲ့ အနီးနေ တပည့်တွေကြား၊ ဆရာနဲ့ ကပ္ပိယကြား စတဲ့ အထက်အောက် ဆက်ဆံရေးတွေမှာ ဒါမျိုးတွေက အဖြစ်များကြပါတယ်။

မူလဘူတ မိသားစုက မရခဲ့တဲ့ မေတ္တာ၊ ကြင်နာမှု၊ ဂရုစိုက်မှု့တွေကို သူတို့ကိုယ်တိုင်က သူများတွေကို ပေးဖို့ ကြိုးစားကြတယ်။
ဒီလို ကြိုးစားတဲ့အခါ ဘောင်တွေ စည်းတွေ အရင်ဆုံးခတ်ကြပါတယ်။

မေတ္တာဆိုတာက ဘောင်းခတ်ပြီး ပေးရတဲ့အရာ မဟုတ်တော့
သူ့တို့ ပေးတဲ့ မေတ္တာဆိုတာ လက်ခံရသူတွေအနေနဲ့ အနေရ အထိုင်ရ ကြပ်လာတတ်ကြပါတယ်။

ပေးတဲ့ မေတ္တာတွေ မရဘူးလားဆိုပြီး အားမလို အားမရ၊ ဒေါပွတတ်ကြပါတယ်။

ဒီလိုဖြစ်လာရင် မူလဘူတ Trauma တွေက ပြန်ပေါ်လာတတ်ပြီး စိတ်အတက်အကျတွေဖြစ်လာတတ်ကြပါတယ်။

ဘာဝနာ တခုခု ကင်းနေရင် ပိုဆိုးတတ်ပါတယ်။
ဒါကြောင့်လည်း ဘုန်းကြီး အများစုက ဒေါသကြီးတယ်လို့ ပြောခံကြရတယ်လို့ ထင်ပါတယ်။

ဒီလိုတွေ ဖြစ်ရင် Counselling လုပ်ကြပါ။
ပြီးတော့ ဘာဝနာ တခုခု လက်ကိုင်ထားပါ။

ဘယ်အရာပေါ်မှ အစွဲအလမ်း မထားပါနဲ့။
Deep listening နဲ့ပဲ နေပါ။

ဆက်ဆံရေးကို ပေါ့ပေါ့ပါးပါး ထားပြီး။
အလုပ်ကို လေးလေးနက်နက် လုပ်ပါ။

ဒါဆိုရင် ပတ်ဝန်းကျင် ဆက်ဆံရေးတွေ ပိုကောင်းလာတတ်ပြီး၊
နေ့စဉ် ဘဝမှာ နေရထိုင်ရတာ သက်သောင့်သက်သာ ဖြစ်လာပါလိမ့်မယ်။

မေတ္တာဖြင့်
အရှင်နေမိန္ဒ (တန့်ဆည်)

28/07/2024

Zoom Link

Join our Cloud HD Video Meeting Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...

27/07/2024

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
မန္တလေး
ဌာနပေါင်းစုံစာတမ်းဖတ်ပွဲ အခမ်းအနားကို
၂၈-၇-၂၀၂၄
တနင်္ဂနွေနေ့
နံနက် ၇:၃၀ နာရီမှ စတင်၍
Zoom Account ဖြင့်
တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသူ မည်သူမဆို
ဝင်ရောက်လေ့လာနိုင်ပါသည်။
Zoom ID : 979 203 5154
Passcode: SSN

06/07/2024

#ကြိုးစားမှုရဲ့မနက်ဖြန်"

ကောင်းကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိဘူး။

ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။

ရေကန်နဲ့ မတင့်တယ်တဲ့
ကြာဆိုတာ မရှိဘူး ။

ဒုက္ခနဲ့ ကင်းဝေးတဲ့
ဘဝဆိုတာ မရှိဘူး။

ပန်းတိုင်နဲ့ ဝေးသော
ကြိုးစားမှုဆိုတာ မရှိဘူး ။

ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိတယ်။

မလျော့သော
ဇွဲ၊လုံ့လနဲ့ကြိုးစားလိုက်။
အောင်မြင်မှုတွေက
စောင့်ကြိုနေမှာ အမှန်ပါ။

AshinNyarnadaja

16/06/2024

#ရှင်းရှင်းလေး

မြစ်ကျဉ်းတော့ ရေစီးသန်တယ်။
အမြင်ကျဉ်းတော့ အငြင်းသန်တယ်။

အမြင်ခြင်းမတူဘူးဆိုရင်
မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။
ပြိုင်လေရန်များလေပဲ၊
ရှင်းလေ ရှုပ်လေပဲ၊
ငြင်းလေ ဖျင်းလေပဲ။

အရူးတစ်ယောက်နဲ့ငြင်းခုံနေတာဟာ
အရူးနှစ်ယောက်ရှိတယ်လို့သက်သေပြလိုက်တာပါပဲ။

လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ။

လင်းနို့ အတည့်မြင်အောင်
ကိုယ်က ကင်းမြီးကောက်
ထောင်ပြစရာမလိုပါဘူး။

ကိုယ်သမိုင်းကိုယ်ရေးတဲ့နေရာမှာ
သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို
သိပ်မခံစားနဲ့။

ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်း
ကိုယ်ပဲ ကောင်းကောင်းသိတယ်။

မကောင်းရင် ပြင်
ကောင်းရင် ဆက်
အကျိုးအမြတ်က
ကိုယ့်လုပ်ရပ်အတိုင်းပဲ ထွက်မှာ။

16-6-2024.....

08/06/2024

မာရ်နတ်က မြတ်စွာဘုရားကို
စကားတစ်ခွန်း ဆိုဖူးတယ်။

သားသမီးရှိတဲ့သူဟာ
သားသမီးတွေ ကြောင့် ပျော်ရတယ်။
နွားရှိတဲ့သူဟာ နွားတွေကြောင့် ပျော်ရတယ်။
ဘာမှ မရှိတဲ့သူဟာ ဘာမှ ပျော်စရာ မရှိဘူးတဲ့။
အဲတော့ မြတ်စွာဘုရားက-

သားသမီးရှိတဲ့သူဟာ သားသမီးတွေကြောင့် ပူရတယ်၊ နွားရှိတဲ့သူဟာ နွားတွေကြောင့် ပူရတယ်။
ဘာမှ မရှိတဲ့သူဟာ ဘာမှ ပူစရာမရှိဘူးလို့
ပြန်ပြောလိုက်တယ်တဲ့။

စဉ်းစားနော်။ လူတွေက ရှိရင် ကောင်းလိမ့် မယ်ချည်း ထင်နေတာ။ ပြောရရင် မာရ်နတ်အမြင် လောက်နဲ့ပဲ နေကြတာ။ ရှိလို့ မကောင်းတာတွေ အများကြီး။

ရှိလို့ ပူနေရတာတွေ အများကြီး။
မရှိလို့ ကောင်းသွားတာတွေ
မရှိလို့ အေးသွားတာတွေကိုလည်း
မြင်တတ်ဖို့ လိုတယ်။

သစ္စာရွှေစည်ဆရာတော်။

14/05/2024

အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ်

အိုးတွင်နှိပ်ခတ် ၊ တံဆိပ်မှတ်ကား

မပြတ်မစဲ ၊ အိုးပင်ကွဲလည်း

အမြဲတစေ ၊ တည်ရှိနေသို့

ထွေထွေသွေးသား ၊ ကလေးများ၌

ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို

ခတ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင်

ဗုဒ္ဓဝါဒီ ၊ စွဲ၍တည်မည်

ကိုယ်စီခတ်နှိပ်စေသတည်း။



အရှင်ဇနကာဘိဝံသ{မဟာဂန္ဓာရုံဆရာတော်}

13/05/2024

[ ဘုန်းကြီးညံ့ရင်_ရွာညံ့သွားတယ် ]

#မြောင်းမြဆရာတော်ကြီးဆုံးမစကားများ

မြန်မာပြည်မှာ ဘုန်းကြီးတွေ
ဦးဆောင်နေတယ်..၊
ဒါကြောင့်...
ဘုန်းကြီးညံ့ရင် ရွာညံ့သွားတယ်၊
ဘုန်းကြီးကောင်းရင် ရွာကောင်းလာတယ်။

မြို့လည်း အတူတူပဲ..၊
အဲဒါကို ကြပ်ကြပ်သတိထားကြ..။

#သာသနာဆိုတာ ဘာလည်း၊
"ဘုရားရှင်ရဲ့ အဆုံးအမတော်ကို သာသနာ ခေါ်တယ်။
ဘုန်းကြီးတွေ ဝါဝါဝတ်နေတာကို
သာသနာ" ခေါ်တာ မဟုတ်ဘူး။
ဝါဝါ မြင်တိုင်း
သာသနာ ထင်မနေကြနဲ့။

#ရဟန်းဆိုတာ ဣနြေ္ဒရှိရတယ်၊
ဣနြေ္ဒကို စောင့်ထိန်းရတယ်၊
ကိုယ့်သိက္ခာကို
ကိုယ်ရိုသေရတယ်။

#သာသနာပြုလုပ်ငန်းဆိုတာ
အပြောလွယ်သလောက်
အလုပ်ခက်တဲ့လုပ်ငန်းကြီးတစ်ခုပဲ။

#သူများဆောက်လုပ်ထားတဲ့၊
သူများလှူဒါန်းထားတဲ့ တိုက်ကျောင်းတွေမှာ နေပြီးတော့ စည်းစိမ်ယစ်မနေကြနဲ့၊ ဘဝင်မြင့်မနေကြနဲ့၊
စိတ်ကြီးမဝင်ကြနဲ့။

ဂိုဏ်းစွဲ၊ ကျောင်းစွဲ၊ တိုက်တာစွဲ
ကျဉ်းမြောင်းစိတ်ကို မထားရဘူး၊
သာသနာတော်ကြီးတစ်ခုလုံးကို
ခြုံပြီးလုပ်ဖို့ လိုတယ်။

#ကြီးပွားတိုးတက်ရေးမှာ
အလုပ်လုပ်ရုံနဲ့လဲ မပြီးသေးပါဘူး၊
လုပ်ပြီးသမျှ ပြန်လှန်စိစစ်ရမယ်၊
ချို့ယွင်းချက်တွေ့က ပြုပြင်ရမယ်၊
မပြုပြင်ဘဲ မဖြစ်ဘူး၊ ပြုပြင်သင့်တာကို
ပြုပြင်ရမယ်၊ ပြောင်းလဲသင့်တာကို
ပြောင်းလဲရမယ်၊ ရှေးရိုးချည်းလုပ်နေလို့
မဖြစ်ဘူး၊ ပြုပြင်ပြောင်းလဲတဲ့အခါမှာလဲပဲ ရွှေကျင်ဂိုဏ်းကျင့်ထုံး ဥပဒေနဲ့လဲ
မဆန့်ကျင်စေရဘူး၊ ဝိနည်းပညတ်တော်နဲ့လဲ လျော်ညီစေရမယ်။

#နည်းပေးလမ်းပြတဲ့
ဆရာသမားဟာ အင်မတန် အရေးကြီးတယ်၊ မကောင်းတဲ့ ဆရာမျိုးကို
ရှောင်ခွာပြီး ကောင်းတဲ့ဆရာမျိုးကို
ဆည်းကပ်ဖို့ လိုပါတယ်။

#ခေါင်းဆောင်လုပ်မယ့်လူဟာ
ဘယ်နေရာမှာမှ ပေါ့ပေါ့လျော့လျော့
မရှိစေရဘူး၊ အမြဲ သတိရှိရမယ်၊
မှတ်သားရမယ်၊ မျက်စိနဲ့နားကို
အမြဲ ဖွင့်ထားရမယ်။

#သာသနာ့ဝန်ထမ်း_ရှင်ရဟန်းဆိုတာ
မိမိကသာ သာသနာ့တာဝန်ကို
ထမ်းဆောင်ရမယ်၊
သာသနာတော်က မိမိရဲ့တာဝန်ကို
မထမ်းဆောင်စေရဘူး။

#သာသနာအရေးမှာ
ငါအရေး၊ ဆွေမျိုးအရေး မပါစေနဲ့။

#ဂုဏ်နောက်ကို
လူက မလိုက်ရဘူး၊ ဂုဏ်ကသာ
လူနောက်ကို လိုက်စေရမယ်။

#ရဟန်းတွေဆိုတာဟာ
အနေရိုးသားရမယ်၊ အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်ရမယ်၊ လူများနဲ့
ရောရောနှောနှောလဲ မနေရဘူး၊
ကင်းနိုင်သမျှ ကင်းအောင်နေရမယ်။

#ဝိနည်းပညတ်တော်က
ခေတ်နောက်ကို လိုက်လို့မရဘူး၊
ခေတ်ကသာ ဝိနည်းပညတ်တော်ရဲ့
နောက်ကို လိုက်ရမယ်။

#ကုသိုလ်လုပ်တဲ့နေရာ
အကုသိုလ် မပါစေနဲ့။

#သာသနာရေးကို
တကယ် ကောင်းစေချင်၊
တကယ် လုပ်ချင်ရင် စည်းကမ်းရှိရတယ်။

#ကျေးဇူးရှင် ဒသမ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏

[ ဝိသုဒ္ဓါရုံ မြောင်းမြဆရာတော်နှင့်
ဗုဒ္ဓမြတ်စွာသာသနာ စာအုပ်မှ ]

မေတ္တာဖြင့် AshinNyarnadaja
ကူးယူမျှဝေပါသည်။

10/04/2024

#ယဉ်ကျေးလိမ္မာသင်တန်းသင်ကြားပေးမည်။

တန်ခူးလဆန်း ၁၄-ရက်နေ့(22-4-2024)မှ၊
တခူးလပြည့်ကျော် ၁၂ ရက် (5-5-2024)နေ့အထိ။

ကြာချိန်-၁၄ ရက်။
နေ့စဉ်-နံနက် ၇ နာရီမှ ၉ နာရီအထိ။

နေ့စဉ် ....ကလေးငယ်များအတွက်
အာဟာရဒါန ကျွေးမွေးလှူဒါန်းမှုရှိပါမည်။
အလှူရှင်မရှိသည့် ရက်တွင် ဦးဇင်းကကျွေးမည်။

ယနေ့ (10-4-2024) မှစ၍
တက်ရောက်လိုသော
ကလေးငယ်များသည်
အုပ်ထိန်းသူတစ်ယောက်နှင့်
လာရောက်အပ်နှံနိုင်ပါပြီ။

နေရာ-ဓမ္မပီယကျောင်းတိုက်၊
အမှတ်(၆)ရပ်ကွက်၊ (၂)လမ်း၊ ဘိုကလေးမြို့။

09/04/2024

မြတ်စွာဘုရားအကြောင်းပါပဲ
အရှင်ဒေဝဒတ်ဆီက ကြားရတာနဲ့
အရှင်အာနန္ဒာဆီက ကြားရတာခြင်း မတူဘူး။

ဘယ်လောက်ကောင်းကောင်း
ဘယ်လောက်မှန်မှန်
ကိုယ့်ကြည့်မရတဲ့သူနဲ့တွေ့ရင်
ကိုယ့်အကြောင်းက မကောင်းဖြစ်ရတတ်တယ်။
တကယ်မကောင်းတာ ဟုတ်ချင်မှ ဟုတ်မည်။

တကယ်ကောင်းသလား တကယ်ဆိုးသလား
တကယ်မှားသလား တကယ်မှန်သလားဆိုတာ
ဘယ်သူကမှ ကိုယ့်လောက်မသိ။
ကိုယ့်အကြောင်းကိုယ်သာ သိသည်။

ဒါကြောင့် သူတပါးအကြောင်း
မကောင်းပြောမည့်အစား
ကိုယ့်ကိုယ်ကိုသာ

ကောင်းသည်ထက်ကောင်းအောင်
လုပ်ကိုင်နေထိုင်သင့်သည်။

တော်သည်ထက် တော်အောင်
ကြိုးစားလုပ်ကိုင်သင့်သည်။

မြင့်မြတ်သည်ထက် မြင့်မြတ်အောင်
​ကျင့်ကြံနေထိုင်သင့်သည်။

ကိုယ့်ရဲ့ လုပ်ရပ်ဟာ ကိုယ့်ရဲ့ ဘဝပဲ။

9-4-2024 Tue..............

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


62street 14x12
Mandalay