Empathy Floor

Empathy Floor

Share

Empathy Floor is a place where every one can practice empathy.

27/07/2022

အမျိုးမျိုး‌သော အကြောင်းတွေကြောင့် Page အသစ်
" Empathy Floor - စာနာစိတ်ပျိုးထောင်ရေး စင်တာ "
ကို ပြုလုပ်လိုက်ရပါကြောင်း သတင်းပါးပါရစေရှင့်။ 😞

Photos from Empathy စာနာစိတ် ပျိုးထောင်ရေး စင်တာ's post 27/07/2022

အမျိုးမျိုး‌သော အကြောင်းတွေကြောင့် Page အသစ်
" Empathy Floor - စာနာစိတ်ပျိုးထောင်ရေး စင်တာ "
ကို ပြုလုပ်လိုက်ရပါကြောင်း သတင်းပါးပါရစေရှင့်။ 😞

16/10/2021

"သူတို့နေရာကနေ စဥ်းစားပေးနိုင်လာတယ်
မြန်မြန် Judge မလုပ်တော့ဘူး
ဘာဖြစ်နေတာလဲ..ဘာကြောင့်လဲဆိုတာတွေ တွေးတတ်လာတယ်" ဆိုတဲ့

ညီမလေး ❤️❤️ မေမီအောင် ❤️❤️

မေမီအောင်ဟာဆိုရင် Empathy Floor က စီစဥ်ပေးတဲ့
10 Days - Empathy Training မှာ
ပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လူတိုင်းမှာ ရှိသင့်တဲ့ Empathy ဆိုတဲ့ အလေ့အကျင့်လေးကို ကူညီလေ့ကျင့်ပေးနေတဲ့ " Empathy Floor "

Empathy Floor ဆိုတာ ဘာလဲ ??🤔🤔
Empathy Floor ဟာ ဆယ်ကျော်သက်ကလေးတွေနဲ့ လူငယ်တွေ စနစ်တကျ Empathy လေ့ကျင့် သင်ယူနိုင်ဖို့ ဝန်ဆောင်မှုပေး‌နေတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသော ရပ်ဝန်းကလေးဖြစ်ပါတယ် .. 🌻🌻
Empathy Floor မှာဆိုရင်
လူငယ်တွေ နဲ့ ဆယ်ကျော်သက်အရွယ်က‌လေးငယ်တွေကို -
🌱 စာနာနားလည်နိုင်စွမ်း ဆိုတဲ့ အရာဟာဘာလဲ ?
🌱 ‌‌စာနာနားလည်နိုင်စွမ်း ကို ဘယ်လို လေ့ကျင့်တည်ဆောက်ရမလဲ ?
🌱 စာနာနားလည်နိုင်စွမ်းကို လေ့ကျင့်သင်ယူရင်း ဘယ်လိုစွမ်းရည်တွေ ထပ်တိုးပိုင်ဆိုင်နိုင်မလဲ?
ဆိုတာ‌‌တွေကို စနစ်တကျ ဆွေးနွေး ပြောပြ ကူညီ လေ့ကျင့်ပေးပါတယ်

Empathy Floor ရဲ့ ရည်ရွယ်ချက်ကတော့ -
🤗🤗 တဦးနဲ့ တဦး စာနာနားလည်ပေးတတ်ဖို့
🤗🤗 ဝေမျှခံစားကြည့်တတ်ဖို့တွေ အပြင်
🤗🤗 အပြန်အလှန် ရိုင်းပင်းကူညီတတ်ပြီး
🤗🤗 အသင်း အဖွဲ့လိုက် စုပေါင်းလုပ်ကိုင်တတ်လာစေဖို့
🤗🤗 လူတဦးချင်းစီတိုင်းမှာရှိတဲ့ ပင်ကိုယ်စွမ်းဆောင်ရည်တွေတိုးတက်လာအောင် မြှင့်တင်ပေးနိုင်ဖို့ နဲ့
🤗🤗 လူ့အဖွဲ့ အစည်းအတွင်း "စာနာစိတ်" တွေ အမြစ်တွယ်ရှင်သန်လာစေဖို့တွေပဲ ဖြစ်ပါတယ်

အခုဆိုရင် ..
ဆယ်ကျော်သက် ကလေးနဲ့ လူငယ်‌တွေဟာ
Empathy Floor မှာ လေ့ကျင့် သင်ယူခဲ့ရတဲ့ အလေ့အကျင့်တွေကို မိသားစုအတွင်းမှာရော လုပ်ငန်းခွင် နဲ့
လူမှုပတ်ဝန်းကျင်မှာပါ အသုံးချပြီး အဆင်ပြေစွာ ဖြတ်သန်း‌နေနိုင်ကြပြီဖြစ်ပါတယ် 😀😀

Empathy Floor က စီစဉ်ထားတဲ့ Training တွေ Service တွေ အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ +959 789 896 389 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် 🌻


15/10/2021

" သမီးက ‌သမီးရဲ့ မောင်လေး အပေါ်မှာ
Empathy မရှိခဲ့ပါလားလို့ ပြန်တွေးမိတယ် " ဆိုတဲ့

ညီမလေး 🤎 သီသီထွန်း 🤎

"သမီးမောင်လေးနဲ့ သမီးနဲ့ ရန်ဖြစ်ပြီးရင်
သမီးသူ့ကို မခေါ်တော့ဘူး၊ စကားလည်း မပြောတော့ဘူး၊
သူမလုပ်နိုင်တာတွေလည်း သမီးက လုပ်မပေးတော့ဘူး

ဒါပေမဲ့ မောင်လေးကတော့
ရန်ဖြစ်ပြီးရင်‌‌တောင်မှ သမီးကို အမြဲပြန်ခေါ်တယ်
စကားပြောတယ်၊ သမီးလိုအပ်တာ သူလုပပေးတယ်

အခု Empathy သင်လိုက်တော့မှ
မောင်လေး အပေါ်မှာ သမီး
စာနာစိတ် Empathy မရှိခဲ့ပါလားလို့
ပြန်တွေးမိတယ် " တဲ့



15/10/2021

"Empathy ဆိုတဲ့စကားလုံးသေးသေးလေးတစ်ခုကြောင့်
ဒီလောက်ထိ လူတစ်ယောက်လုံး
ပြောင်းလဲသွားလိမ့်မယ်ဆိုတာလည်းမထင်ထားဘူး" ဆိုတဲ့

ညီမလေး 🤎 Shwe Yi Linn" 🤎

" Empathy ဆိုတာကိုအရင်တုန်းက
သေချာနားမလည်ခဲ့ဖူးဘူး

Empathy ဆိုတာကိုကြားခဲ့ဖူးပေမယ့်
Empathy ဆိုတာ လူမှုရေး, စီးပွားရေး, ပညာရေးမှာ
ဒီလောက်ထိအရေးပါလိမ့်မယ့်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး

Empathy ဆိုတဲ့စကားလုံးသေးသေးလေးတစ်ခုကြောင့်
ဒီလောက်ထိ လူတစ်ယောက်လုံး
ပြောင်းလဲသွားလိမ့်မယ်ဆိုတာလည်းမထင်ထားဘူး

Empathy training လေးကို
ဒီတိုင်းလေးလေးနက်နက်မထားဘဲ
တက်ကြည့်လိုက်မယ်လေဆိုတဲ့စိတ်လေးနဲ့စခဲ့ပေမယ့်
နောက်လူတစ်ယောက်လုံးလုံးအနေနဲ့ပြောင်းသွားခဲ့ပါတယ်

သူတစ်ပါးကပြောချင်နေတဲ့စကားတွေကို
နားထောင်နိုင်အောင်ကျင့်ပေးတဲ့အတွက်ကြောင့်
တစ်ခြားသူတစ်ယောက်ရဲ့စိတ်နေစိတ်ထားတွေကို
နားလည်လာနိုင်တယ်
သည်းခံတတ်လာတယ်
ကိုယ်ချင်းစာပေးနိုင်လာတယ်

တတိယလူတစ်ဦးနေရကနေလည်း
မြင်ပေးနိုင်လာတဲ့အတွက်ကြောင့်
ပြဿနာအများစုကိုလည်း
စိတ်အေးအေးထားပြီးဖြေရှင်းတတ်လာတယ်

ဒီအကျိုးဆက်တွေကြောင့်လည်း
လူမှုဆက်ဆံရေးမှာလည်းအများကြီးကောင်းလာပါတယ်

Training ကာလ ၃ ပတ်လောက်ပဲ
တက်လိုက်ရတာတောင်
ဒီလောက်အများကြီးပြောင်းလဲသွားပြီး
နောက်လူတစ်ယောက်လိုဖြစ်သွားတာပါ..
အဲ့ဒီအတွက်ကြောင်မို့လို့ လူတိုင်းလူတိုင်း empathy အကြောင်းလေးကို အချိန်လေးအနည်းငယ်ပေးပြီးတော့လေ့လာသင့်တယ်လို့ထင်ပါတယ်

I really truly and glad that I tried this kind of program and I am looking forward to new programs too!✨
Plus, thank you so much Ma Mee for everything throughout the course!" တဲ့

Thank you so much.. ညီမလေး.



07/10/2021

"When I think about innovation,
the word that comes to mind for me is ." _ Microsoft CEO

Satya Nadella (Microsoft CEO) ပြောပြတဲ့
Empathy အကြောင်း ..

"When I think about innovation,
the word that comes to mind for me is empathy

because if you think about the source of innovation
it's all about being able to meet the unmet and
articulated needs our cusomers and
in order for us to be able to do that sucessfully
you need to have empathy.

To me empathy is you go to work and
switch on the button called emapthy.

It's more about being able to let life teach you
how to become more empathetic, how to listen beyond even the words
form your customers and partners and then innovate.

That to me is what drives innovaion."

Original Interview - https://youtu.be/nq8rEeJ4Tak


06/10/2021

🌱🌱 Empathy ကိုနားလည်သွားတဲ့အခါ 🌱🌱
" Empathy is the medicine the world needs." တဲ့

ဒီစကားလေးကို ပြောပြလာတဲ့သူကတော့
🤎 မကဉ္ဇမင်း 🤎 ဖြစ်ပါတယ်။

သူမဟာ ဆိုရင် Empathy Floor က စီစဉ်ပေးတဲ့
လေ့ကျင့်မှုတွေကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ယူခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Empathy Floor ဆိုတာ ဘာလဲ ??🤔🤔
Empathy Floor ဟာ ဆယ်ကျော်သက်ကလေးတွေနဲ့ လူငယ်တွေ စနစ်တကျ Empathy လေ့ကျင့် သင်ယူနိုင်ဖို့ ဝန်ဆောင်မှုပေး‌နေတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသော ရပ်ဝန်းကလေးဖြစ်ပါတယ် .. 🌻🌻

Empathy Floor မှာဆိုရင်
လူငယ်တွေ နဲ့ ဆယ်ကျော်သက်အရွယ်က‌လေးငယ်တွေကို -
🌱 စာနာနားလည်နိုင်စွမ်း ဆိုတဲ့ အရာဟာဘာလဲ ?
🌱 ‌‌စာနာနားလည်နိုင်စွမ်း ကို ဘယ်လို လေ့ကျင့်တည်ဆောက်ရမလဲ ?
🌱 စာနာနားလည်နိုင်စွမ်းကို လေ့ကျင့်သင်ယူရင်း ဘယ်လိုစွမ်းရည်တွေ ထပ်တိုးပိုင်ဆိုင်နိုင်မလဲ?
ဆိုတာ‌‌တွေကို စနစ်တကျ ဆွေးနွေး ပြောပြ ကူညီ လေ့ကျင့်ပေးပါတယ်

Empathy Floor ရဲ့ ရည်ရွယ်ချက်ကတော့ -
🤗🤗 တဦးနဲ့ တဦး စာနာနားလည်ပေးတတ်ဖို့
🤗🤗 ဝေမျှခံစားကြည့်တတ်ဖို့တွေ အပြင်
🤗🤗 အပြန်အလှန် ရိုင်းပင်းကူညီတတ်ပြီး
🤗🤗 အသင်း အဖွဲ့လိုက် စုပေါင်းလုပ်ကိုင်တတ်လာစေဖို့
🤗🤗 လူတဦးချင်းစီတိုင်းမှာရှိတဲ့ ပင်ကိုယ်စွမ်းဆောင်ရည်တွေတိုးတက်လာအောင် မြှင့်တင်ပေးနိုင်ဖို့ နဲ့
🤗🤗 လူ့အဖွဲ့ အစည်းအတွင်း "စာနာစိတ်" တွေ အမြစ်တွယ်ရှင်သန်လာစေဖို့တွေပဲ ဖြစ်ပါတယ်

အခုဆိုရင် ..
ဆယ်ကျော်သက် ကလေးနဲ့ လူငယ်‌တွေဟာ
Empathy Floor မှာ လေ့ကျင့် သင်ယူခဲ့ရတဲ့ အလေ့အကျင့်တွေကို မိသားစုအတွင်းမှာရော လုပ်ငန်းခွင် နဲ့
လူမှုပတ်ဝန်းကျင်မှာပါ အသုံးချပြီး အဆင်ပြေစွာ ဖြတ်သန်း‌နေနိုင်ကြပြီဖြစ်ပါတယ် 😀😀

Empathy Floor က စီစဉ်ထားတဲ့ Training တွေ Service တွေ အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ +959 789 896 389 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် 🌻🌻


04/10/2021

လူတိုင်းမှာ ရှိသင့်တဲ့ Empathy ဆိုတဲ့ အလေ့အကျင့်လေးကို ကူညီလေ့ကျင့်ပေးနေတဲ့ " Empathy Floor "

Empathy Floor ဆိုတာ ဘာလဲ ??🤔🤔
Empathy Floor ဟာ ဆယ်ကျော်သက်ကလေးတွေနဲ့ လူငယ်တွေ စနစ်တကျ Empathy လေ့ကျင့် သင်ယူနိုင်ဖို့ ဝန်ဆောင်မှုပေး‌နေတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသော ရပ်ဝန်းကလေးဖြစ်ပါတယ် .. 🌻🌻

Empathy Floor မှာဆိုရင်
လူငယ်တွေ နဲ့ ဆယ်ကျော်သက်အရွယ်က‌လေးငယ်တွေကို -
🌱 စာနာနားလည်နိုင်စွမ်း ဆိုတဲ့ အရာဟာဘာလဲ ?
🌱 ‌‌စာနာနားလည်နိုင်စွမ်း ကို ဘယ်လို လေ့ကျင့်တည်ဆောက်ရမလဲ ?
🌱 စာနာနားလည်နိုင်စွမ်းကို လေ့ကျင့်သင်ယူရင်း ဘယ်လိုစွမ်းရည်တွေ ထပ်တိုးပိုင်ဆိုင်နိုင်မလဲ?
ဆိုတာ‌‌တွေကို စနစ်တကျ ဆွေးနွေး ပြောပြ ကူညီ လေ့ကျင့်ပေးပါတယ်

Empathy Floor ရဲ့ ရည်ရွယ်ချက်ကတော့ -
🤗🤗 တဦးနဲ့ တဦး စာနာနားလည်ပေးတတ်ဖို့
🤗🤗 ဝေမျှခံစားကြည့်တတ်ဖို့တွေ အပြင်
🤗🤗 အပြန်အလှန် ရိုင်းပင်းကူညီတတ်ပြီး
🤗🤗 အသင်း အဖွဲ့လိုက် စုပေါင်းလုပ်ကိုင်တတ်လာစေဖို့
🤗🤗 လူတဦးချင်းစီတိုင်းမှာရှိတဲ့ ပင်ကိုယ်စွမ်းဆောင်ရည်တွေတိုးတက်လာအောင် မြှင့်တင်ပေးနိုင်ဖို့ နဲ့
🤗🤗 လူ့အဖွဲ့ အစည်းအတွင်း "စာနာစိတ်" တွေ အမြစ်တွယ်ရှင်သန်လာစေဖို့တွေပဲ ဖြစ်ပါတယ်

အခုဆိုရင် ..
ဆယ်ကျော်သက် ကလေးနဲ့ လူငယ်‌တွေဟာ
Empathy Floor မှာ လေ့ကျင့် သင်ယူခဲ့ရတဲ့ အလေ့အကျင့်တွေကို မိသားစုအတွင်းမှာရော လုပ်ငန်းခွင် နဲ့
လူမှုပတ်ဝန်းကျင်မှာပါ အသုံးချပြီး အဆင်ပြေစွာ ဖြတ်သန်း‌နေနိုင်ကြပြီဖြစ်ပါတယ် 😀😀

Empathy Floor က စီစဉ်ထားတဲ့ Training တွေ Service တွေ အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ +959 789 896 389 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် 🌻🌻

29/08/2021

စီးပွားရေးမှာ သိပ်အရေးကြီးတယ်။ 🤗🤗

ကိုယ်ချင်းစာမှုက စီးပွားရေးလုပ်ငန်းမှာ သိပ်အရေးကြီးတယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အကောင်းမြင်ဝါဒဖြင့် ပြဿနာဝိုင်းဝန်းဖြေရှင်းနိုင်ရေး - အပိုင်း(၄)

★ နောက်တစ်ခု အရေးကြီးတာ Empathy အရေးကြီးတယ် growth mindset ထဲမှာ။ #ကိုယ်ချင်းစာတတ်တယ်ဆိုတာက ကိုယ့်ရဲ့အားနည်းချက်ရယ် သူများရဲ့အားနည်းချက်ရယ်၊ ကိုယ့်ရဲ့အားသာချက် သူများရဲ့အားသာချက် အဲဒီဟာကို ကိုယ်ချင်းစာတတ်တာ။ သူများရဲ့ပြဿနာ အဲဒီဟာကို ကိုယ်ချင်းစာတတ်တာ။

★ အားလုံးသိပြီးသားပါ အခုလောလောဆယ် Microsoft ရဲ့ CEO အိန္ဒိယနိုင်ငံသားပါ Satya Nadella ဆိုတာ ၂၀၁၄ခုနှစ်ကနေ Microsoft CEO ဖြစ်လာတာ ခြောက်နှစ်ရှိပါပြီ။ အိန္ဒိယနိုင်ငံမှာ ကွန်ပျူတာနဲ့ဘွဲ့ရပြီးမှ အမေရိကားကို Master လုပ်ဖို့အတွက် ထွက်သွားတဲ့ ပုဂ္ဂိုလ်ပါ။

★ နောက်ပြီးတော့ သူ့နိုင်ငံမှာလည်း စာအရမ်းတော်တဲ့ ပုဂ္ဂိုလ်ထဲမှာ မပါဘူး။ သူ့ရဲ့ biography ကို ကြည့်မယ်ဆိုရင် သူအဖေ့ကတောင်မှ ကျောင်းကနေပြီးတော့ရတဲ့ အစီရင်ခံစာပေါ့နော် ဆရာဆရာမတွေရဲ့ report ကြည့်ပြီးတော့ အံ့သြတယ်တဲ့။ ဒီလောက်တောင် ညံ့ရသလား။

★ ဒါပေမဲ့ သူ့အဖေက သူ့ကိုပြောတဲ့နေရာမှာ ဆဲလားဆိုလား မလုပ်ဘူး၊ ဘာလို့တုန်းဆို သူ့အဖေက စာတတ်တဲ့ပုဂ္ဂိုလ် ဆဲလားဆိုလား အဲဒါမျိုးတွေ မလုပ်ဘူး။ အဲဒါမျိုးလုပ်မယ့်အစား သူ့အဖေက သူ့ကို Empathy ကိုယ်ချင်းစာတဲ့စိတ်ပေးတယ်။

★ ကိုယ်စိတ်ဝင်စားတာ ရှာပြီးတော့ လုပ်‌ပေါ့တဲ့။ အဲဒါနဲ့ နောက်ဆုံးကျတော့ ကွန်ပျူတာ စိတ်ဝင်စားတယ်ဆိုတာ သူ့ဟာသူ သိသွားတယ်။ ကွန်ပျူတာစိတ်ဝင်စားတယ်ဆိုပေမဲ့ သူ အိန္ဒိယနိုင်ငံမှာ ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ engineering နဲ့ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်တဲ့ IIT ကျောင်းတွေ အဲဒီကျောင်းတွေ သူအမှတ်မမှီဘူးတဲ့ မတက်ခဲ့ရဘူး။ အင်ဂျင်နီယာဘွဲ့ရရုံလေးပဲ ရသွားတယ်။

★ သူ့ကို Psychology professor ကြီးတစ်ယောက် သွားပြီးတော့ အင်တာဗျူးလုပ်တာ သူ့ biography ထဲမှာလည်း ရေးထားပါတယ်။ Microsoft ကို ဘာဖြစ်လို့ ဒီလောက်တိုးတက်အောင် လုပ်နိုင်တုန်း။ Microsoft CEO က နှစ်ပေါင်း သုံးဆယ်ကျော်ထဲမှာ သုံးယောက်ပဲရှိခဲ့တာ သူပါမှ သုံးယောက်။ နံပါတ်တစ်က Bill Gate ပေ့ါ။

★ Bill Gate ဆင်းသွားပြီးနောက်ပိုင်းမှာ သူတို့ပြောတာက ကုမ္ပဏီက ဆက်ပြီးတော့ မကြီးထွားဘူး တန့်နေတယ်ပေါ့။ တန့်နေတယ်ဆိုပေမဲ့ သူ့ကုမ္ပဏီတန်ဖိုးက ဘီလီယံ သုံးရာကျော်ပါတယ်၊ သုံးရာခြောက်ဆယ်လောက် ရှိပါတယ်။

★ ဒါပေမဲ့ ဒီအိန္ဒိယနိုင်ငံသား Satya Nadella CEO ဖြစ်လာတဲ့ ခြောက်နှစ်အတွင်းမှာ Microsoft ရဲ့ တန်ဖိုးက ဘီလီယံပေါင်း သုံးရာခြောက်ဆယ်ကနေပြီးတော့ အခု ဘီလီယံပေါင်းခြောက်ရာ‌ကျော်သွားပြီ၊ ခြောက်ရာလေးဆယ်လောက်လား ဖြစ်သွားပြီ၊ နှစ်ဆ တက်သွားတယ်၊ ခြောက်နှစ်အတွင်းမှာ။

★ ဘာဖြစ်လို့ ဒီလောက်တက်တာတုန်း၊ ဘာဖြစ်လို့ ဒီလောက်အထိ အောင်မြင်သွားတုန်းဆို သူ့ရဲ့အတွေးအခေါ်ကို သူပြောပြတာ Empathy is good for business. ကိုယ်ချင်းစာမှုက စီးပွားရေးလုပ်ငန်းမှာ သိပ်အရေးကြီးပါတယ်။

★ ဒီအကြောင်း ကရုဏာအကြောင်းဟောတဲ့နေရာမှာ နေရာတိုင်းမှာ ဟောပြီးပါပြီ။ ဒါပေမဲ့ သူ့ကို တစ်ခါမှ မကိုးကားဖူးဘူး။ တခြားသူတွေကိုပဲ ကိုးကားဖူးတယ်။ ဒီနေ့ကျတော့ သူ့ကို ကိုးကားချင်တာ ကိုယ်ချင်းစာ တရားထားတာ အားနည်းချက် မဟုတ်ဘူး။ ကိုယ်ချင်းစာတရားရှိတဲ့အခါကျမှ အရာရာမှာ အောင်မြင်တယ်၊ အားကောင်းတယ်ဆိုတာ သက်သေပြတဲ့အထဲမှာ သူတစ်ယောက်ပါပါတယ်။

★ ပထမဆုံး သူက မွေးကတည်းက ကိုယ်ချင်းစာစိတ် Empathy ရှိလာတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး။ သူ့ရဲ့ပထမဆုံးသား ဒုက္ခိတဖြစ်နေတာ။ အဲဒီဒုက္ခိတဖြစ်တဲ့ဟာကို သူက စိတ်တွေညစ်ပြီး သူ့ကိုယ်သူ ပြန်ပြီးတော့ အပြစ်တင်တာပေါ့နော် complain လုပ်တယ်။

★ “ငါ့ကျမှ ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ။ Why this is happening to me.” ဆိုတော့ သူက self-focused လုပ်တယ် self-centered လုပ်တယ်။ ငါ ဗဟိုပြုပြီးလုပ်တယ်၊ သူ့ရဲ့အတွေးက ငါ ဗဟိုပြုပြီးလုပ်တယ်။ “ဘာဖြစ်လို့ ဒီလိုဖြစ်တုန်း” ငါဗဟိုပြု သူ တွေးတာ။

★ ဒါပေမဲ့ တစ်နေ့ကျတော့တဲ့ သူက ဘာမြင်တုန်း၊ သူ့ရဲ့မိန်းမက သူတို့ရဲ့သားလေးကို ဟို psychologist ဆီ ခေါ်သွားလိုက်၊ နောက်ပြီးတော့ ဟို psychotherapy ဆီခေါ်သွားလိုက်၊ ဟို ဆရာဝန်ဆီ ခေါ်သွားလိုက်၊ speech therapy ဆီခေါ်သွားလိုက် အမျိုးမျိုးလုပ်နေတာ။ အဲဒါကြည့်ပြီးတော့ သူ ကိုယ်ချင်းစာတဲ့စိတ် ပေါ်လာတယ်။

★ အမှန်ကတော့ ငါ့မှာ ဘာမှမဖြစ်ဘူး၊ ဖြစ်တာ ငါ့သား။ ဒါကြောင့် ငါ့သားမှာ ဖြစ်တယ်ဆို‌တော့ ငါ့သားဘဝအနေအထား ဒီထက်ပိုပြီးတော့ အဆင်ပြေအောင် ဖခင်ကောင်းတစ်ယောက်အနေနဲ့ လုပ်ဖို့ ငါ ဒါပဲရှိတာ။ သူ့ကိုယ်သူ focus လုပ်တာကနေ သူ့သားကို focus လုပ်တဲ့ mindset ရသွားတယ်။

★ အဲဒီအချိန်မှာ Empathy ဝင်သွားတာ။ ကိုယ်ချင်းစာတဲ့စိတ်ဖြစ်သွားတာ။ အဲဒီအတိုင်းပါပဲ CEO ဖြစ်လာတဲ့အခါမှာလည်းပဲ သူ ဘာလုပ်တုန်းဆို ဒို့ရဲ့ customer တွေက ဘာလိုတုန်း။ ဘာနဲ့ ပတ်သက်ပြီးတော့ အလိုမပြည့်တာတွေရှိတုန်းဆိုတော့ သူ့တို့ရဲ့ feeling, customer တွေရဲ့ emotion ကိုလိုက်ပြီးတော့ တွေးတယ်။

★ Feedback တွေယူတယ်၊ feedback တွေကြားတဲ့အခါမှာ သူတို့ရဲ့ customer တွေရဲ့ စိတ်ထဲမှာရှိတဲ့ emotion ကို သွားပြီးတော့ connect လုပ်တယ်ပေါ့၊ connection ယူတယ်။ Connection ယူတဲ့အခါကျတော့ staff အင်ဂျင်နီယာပေါင်း သောင်းကိုးထောင်လောက်ရှိတယ် Microsoft မှာ၊ အကြံဉာဏ်တွေ အမျိုးမျိုးရှိပါတယ်။

★ အဲဒီလို အကြံဉာဏ်အမျိုးမျိုးရှိတဲ့နေရာမှာ တော်တဲ့လူတွေချည်း ရှိတဲ့နေရာမှာ အဲဒီလူတွေကို ဦးဆောင်နိုင်‌အောင် direction တစ်ခုတည်းကိုသွားအောင် သူဘယ်လိုလုပ်တုန်းဆို - Empathy ပဲ၊ Growth mindset နဲ့ Empathy နှစ်ခုကို သူပေါင်းလိုက်တာ။

★ ဘယ်လိုပေါင်းတုန်း ပထမဆုံး Microsoft က အောင်မြင်တဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် self-confident ဖြစ်ပြီးတော့ self-esteemed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာဖြစ်တတ်တဲ့ သူများကို bully လုပ်တာတို့၊ bully မလုပ်တာတောင်မှ သူများကို အထင်သေးတာတို့ အဲဒီစိတ်မျိုးတွေ ဖြစ်တယ်တဲ့။ Over confident တွေဖြစ်တယ်။

★ အဲဒါကြောင့် သူပြောတာက သူကပြန်ပြီးတော့ mindset ပြောင်းတာ from know-it-all to learn-it-all အကုန်လုံးကိုသိတယ်ဆိုတဲ့ mindset ကနေပြီးတော့ ဒို့က Microsoft အကုန်လုံးလုပ်တတ်တယ် အကုန်လုံးလုပ်နိုင်တယ်ဆိုတဲ့ mindset, အဲဒီ mindset ကနေပြီးတော့ ဘယ်ကိုပြောင်းတာတုန်းဆိုတော့ learn-it-all က ရှိသမျှ အကုန်လုံးလေ့လာမယ်တဲ့။

★ အကုန်လုံးမသိသေးဘူး အကုန်လုံးလေ့လာမယ်။ အလုပ်လုပ်ရင်းနဲ့လေ့လာမယ် learning on the job ဆိုတဲ့အတိုင်းပေါ့။ တကယ့်ထိပ်တန်းကုမ္ပဏီတွေက ဘာပြောတာတုန်းဆို learning on the job က ၇၀-ရာခိုင်နှုန်းရှိတယ် 70% ရှိတယ်။

★ ကိုယ့်ကျောင်းမှာ ဘယ်လောက်ပဲသင်ခဲ့သင်ခဲ့ ဘာဘွဲ့တွေပဲရရ Ph.D ပဲရခဲ့ရခဲ့ ဘာပဲရရ အများဆုံးပဲက ၂၀-ရာခိုင်နှုန်း ၃၀-ရာခိုင်နှုန်း ကိုယ်က ဒီလောက်ပဲပါလာတယ်။ ကျန်တဲ့ဟာကတော့ learning on the job အလုပ်လုပ်ရင်းနဲ့လေ့လာသွားတာ သင်ယူတဲ့ဟာတွေချည်းပဲပေါ့။

★ အဲဒီ mindset ကို သူက ပြန်ပြီးတော့ အားပေးတယ်။ အားပေးတဲ့အခါကျတော့ ဘယ်နေရာမှာ လာပြီးတော့ အကျိုးပြုတုန်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့နေရာမှာ ငါ့ဟာမှန်တယ်၊ သူ့အကြံဉာဏ်က မှားတယ်ဆိုတဲ့ အမြင်မျိုးတွေ သူက ချက်ချင်းမပေါ်တော့ဘူး။

★ အဲဒီလိုဖြစ်မယ့်အစား “သူ့ဆီက ငါ ဘာသင်ယူဖို့ ရှိလဲမသိဘူး။ ငါ့ဆီကနေ ငါ ဘာများ မျှဝေဖို့ ရှိလဲ မသိဘူး” ဆိုပြီးတော့ contribute လုပ်ချင်တဲ့ဟာ၊ အဲဒီဟာ ပြန်ပြီးတော့ အားကောင်းလာတယ်။ ခြောက်နှစ်အတွင်းမှာ ဘီလီယံပေါင်း သုံးရာကျော်ကနေ ခြောက်ရာကျော်တောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်။

★ ဆိုလိုတာက နေ့တိုင်းနေ့တိုင်း လူသောင်းနဲ့ချီတယ်ဆိုတော့ ဘုန်းဘုန်းတို့ team တစ်ခုတစ်ခုဆို လူလေးငါးဆယ်ယောက် ရှိမှာပေါ့၊ team တွေ team တွေ လုပ်ကြတယ်လေ။ အဲဒီ team တွေ team တွေ လုပ်တဲ့နေရာမှာ ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်က မန်နေဂျာလုပ်တဲ့ ပုဂ္ဂိုလ်က တခြားလူတွေကို ပြောခွင့်မပေးဘူး။

★ ပြောရင်လည်းပဲ အလေးမထားဘူးဆိုရင် အဲဒီကုမ္ပဏီက ကြီးထွားဖို့ မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အလုပ်လုပ်နေတဲ့ ဦးနှောက်တွေ ဘရိတ်အုပ်လိုက်တာကိုး။ ဒါကြောင့်မို့လို့ ဘုန်းဘုန်းတို့က Prof.Carol Dweck ရဲ့ Growth Mindset ကို အားပေးရမယ်။

★ ဒီ Growth mindset ကတော့ ဒို့က ကျောင်းသားသမဂ္ဂဆိုပေမဲ့ ဒို့က အကုန်လုံးမသိသေးဘူး လေ့လာဖို့အတွက် ဒီလာတာ၊ ဆရာမသမဂ္ဂဆိုပေမဲ့ ဒို့က ဆရာဆိုပေမဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အကုန်လုံးမသိသေးဘူး၊ ဒီဟာဆက်လက်ပြီးတော့ လေ့လာတာ။

★ မဟာဌာနမှူးတွေ အုပ်ချုပ်ရေးပုဂ္ဂိုလ်တွေ သူတို့လည်းပဲ ဒီစိတ်ဓါတ်ထားရမယ်။ ဝန်ကြီးဌာန ညွှန်ချုပ်တွေ၊ ဝန်ကြီးတွေအထိ၊ သမ္မတအထိ ဘုန်းဘုန်းတို့ ဒီစိတ်ဓါတ်တွေထားရမှာ Growth mindset.

★ အမှန်ကတော့ growth mindset က ဗုဒ္ဓဘာသာထဲမှာလေ သောတာပန်တွေရဲ့ သကဒါဂမ်ရယ် အနာဂမ်ရယ် ဒီအရိယာသုံးပါး သူက သိက္ခပုဂ္ဂိုလ်တဲ့၊ “သိက္ခ” ဆိုတာ training တဲ့။ အရိယာဖြစ်ပြီးပြီ အရိယာဖြစ်ပေမဲ့ သူတို့က training ထဲမှာ ရှိနေသေးတဲ့ပုဂ္ဂိုလ်တဲ့။ ဆိုလိုတာက သူတို့မှာ growth mindset ရှိတယ်လို့ ပြောတာ။ ဗုဒ္ဓတရားတော်ထဲမှာ အဲဒီလို growth mindset ရှိတယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၁၁.၁၂.၂၀၂၀) ပညာရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသော online ဓမ္မသဘင်တွင် ဟောကြားတော်မူခဲ့သော “အကောင်းမြင်ဝါဒဖြင့် ပြဿနာဝိုင်းဝန်းဖြေရှင်းနိုင်ရေး - To Be Positive and Be Part of Solution” တရားတော်မှ ရေးသားပူဇော်ပါသည်။

#တရားတော်နားကြာရန်

https://www.facebook.com/OxfordSayardawDrDhammasami/videos/1036828950156140

https://youtu.be/AhlJuuDJLLo

Photos from Empathy Floor's post 15/07/2021

Covid-19 Virus ကူးစက်ခံရနိုင်တဲ့ သူတစ်ယောက်မှာ
သူ့ကိုမှီခိုနေရတဲ့ .. လူမမယ်
ကလေးငယ်တွေရှိနေနိုင်ပါတယ်။

Covid-19 Virus ကူးစက်ခံရနိုင်တဲ့ သူတစ်ယောက်မှာ
သူ့ကိုမှီခိုနေရတဲ့ .. သက်ကြီးရွယ်အို
အဖိုးအဖွားတွေ ရှိနေနိုင်ပါတယ်။

Covid-19 Virus ကူးစက်ခံရနိုင်တဲ့ သူတစ်ယောက်မှာ
သူ့ကိုမှီခိုနေရတဲ့ .. မိသားစု
အသိုက်အမြုံတစ်ခုရှိနေနိုင်ပါတယ်။

‌ဒါကြောင့် ..
မိမိရဲ့ ကျန်းမာရေးကို မိမိကိုယ်တိုင်ကာကွယ်ရင်း
သူတစ်ပါးရဲ့ မိသားစု အသိုက်အမြုံကလေးတွေပါ
အကာအကွယ်ပေးကြရအောင်နော်။ 🤗🤗

-19

21/06/2021

အ​မေရိကန်နိုင်ငံအစိုးရရဲ့ ဦးစား​​ပေးအစီအစဥ်တခုဖြစ်တဲ့ " က​လေးများ​၏လူမှုဆက်ဆံ​​ရေးနှင့်
အ​တွေး​အ​ခေါ်တိုးတက်​​ရေး "
လေ့လာစမ်းသပ်မှုအရ ​...

က​လေး​​တွေကို
"ကိုယ်ချင်းစာနိုင်စွမ်း Empathy"
သင်ကြား​​ပေးတဲ့ အစီအစဥ်​တွေမှာ
၁ ​ဒေါ်လာနှုန်း မြှုပ်နှံလိုက်တိုင်း
အခွန်​​ငွေ ၂.၅ ​ဒေါ်လာကနေ ၁၀ ​ဒေါ်လာအထိ
သုံးစွဲမှု အချိုးကျလျှော့ချ​​​ပေးနိုင်တယ်လို့ ​​
လေ့​လာတွေ့ရှိရပါတယ်။

အ​ကြောင်းအရင်းက​တော့
လူငယ်​တွေကို
" ကိုယ်ချင်းစာနိုင်စွမ်း Empathy"
အ​ကြောင်းသင်ကြား​ပေးတဲ့အခါ ​..

မိမိ​ဒေါသကို ထိန်းချုပ်တတ်​အောင်​
လေ့ကျင့်​ပေးတာမျိုးတွေပါဝင်တဲ့အတွက်

(၁) များပြားလာတဲ့ သက်ငယ်ရာဇ၀တ်မှု​တွေကို ​လျှော့ချနိုင်သလို၊ သက်ငယ်ရာဇ၀တ်မှုအတွက် ​အသုံးပြုရတဲ့ ထောင်တွင်းကုန်ကျစရိတ်တွေကို ​လျှော့​​ပေးနိုင်လို့ပဲဖြစ်ပါတယ်။

(၂) အချို့​သော ရာဇ၀တ်မှုကြိုတင်ကာကွယ်​ရေးအစီအစဥ်​တွေရဲ့ ​လေ့​လာမှူအရ မိမိဒေါသ​ကိုထိန်းချုပ်ခြင်းနဲ့
ကိုယ်ချင်းစာနိုင်စွမ်း ရှိခြင်းတို့ဟာ အစိုးရအာဏာပိုင်​တွေအတွက် မလိုအပ်တဲ့ကုန်ကျစရိတ်​တွေကို ​လျှော့ချ​ပေးနိုင်​ကြောင်း ​​တွေ့ရှိခဲ့ပါတယ်။

ဒါ​ပေမဲ့ ..
Empathy လေ့ကျင့်သင်ကြားမှုတွေကို အ​လေးမ​ပေးဘူးဆိုရင်​တော့ ..

(၁) သက်ငယ်ရာဇ၀တ်မှူ ပိုမိုများပြားလာပြီး ​​ထောင်တွင်းကုန်ကျစရိတ် တိုးလာခြင်း
(၂) လူငယ်​တွေရဲ့ စိတ်ကျန်းမာ​ရေးနှင့် အခြားကျန်းမာ​ရေးချို့​တဲ့မှု​တွေအတွက် အသုံးပြုရတဲ့ ကုန်ကျစရိတ်များပြားလာခြင်း နဲ့
(၃) အိမ်​ထောင်ကွဲ​​တွေအတွက် အသုံးပြုရတဲ့ လူမှုဖူလုံ​ရေးရံပုံ​ငွေ ပိုမိုလိုအပ်လာခြင်း တို့ဖြစ်ပေါ်လာနိုင်ပါတယ်။

ယခုအခါမှာ​တော့ နိုင်ငံတကာမှာ
က​လေးများ ရဲ့ " ကိုယ်ချင်းစာနိုင်စွမ်း Empathy "
တိုးတက်ဖို့အတွက် သင်ကြား​ပေးတဲ့အစီအစဥ်​တွေကို .. လူမှု​ရေးရန်ပုံ​ငွေ​အများအပြားအသုံးပြုဖို့နဲ့
ရာဇ၀တ်မှုတိုးပွားလာခြင်းများကနေ ကာကွယ်​ပေးနိုင်တဲ့ ​ဆေးစွမ်းတလက်အ​နေနှင့် မှတ်ယူကြ​နေပါပြီ။

Empathy Education (Oxfam) မှ ထုတ်နှုတ်၍
ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။




Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


69th Street
Mandalay
05041