Lin Thit Education Centre

Lin Thit Education Centre Open Daily
from 9.00 am to 6.00pm Language, professions, education, institute, carrier, job

Hello
22/06/2025

Hello

 #မကွေး မြို့ကြီးတွင်Tea Shop/ Beer Shop ဆိုင်ခွဲ ဖွင့်လိုသော .. #ရွှေမန္တလေး မှ လုပ်ငန်းရှင်ကြီးများ ရှိခဲ့ လျှင်....မက...
07/10/2024

#မကွေး မြို့ကြီးတွင်

Tea Shop/ Beer Shop ဆိုင်ခွဲ ဖွင့်လိုသော ..
#ရွှေမန္တလေး မှ လုပ်ငန်းရှင်ကြီးများ ရှိခဲ့ လျှင်....

မကွေးမြို့ မိန်းအကျဆုံး စီးပွားရေး အချက်ချာကျဆုံး လမ်းမကြီး 2 ခုကြား...

#လမ်းမတင် * ၂မိန်းထောင့်

၆၅*၄၀ ပေ

ပါမစ်/ဂရန် မူရင်း အစုံ သက်တမ်းကျန်

နေရာကောင်း / ရပ်ကွက်သန့်

လက်တင် ဆိုင်ဖွင့်လို့ရ

Decoration အပြင် အဆင် လုပ်ပြီး

လက်ရှိ Cafe ဆိုင် လည်ပတ်‌ နေပြီး / Customer များလဲ ရရှိနေသော နေရာလေး

သိန်း 6000 အလျော့အတင်း ဖြင့်

ရောင်းချလိုပါသည်

စိတ်ဝင်စားပါက ... 09 699 303 701 (အကျိုးဆောင်) သို့ ဆက်သွယ်‌ ပေးပါ ခင်မျာ

20/06/2024

💐💎​ကျောက်ဝယ်တဲ့အခါ.............
နှင့် ​ကျောက်သမားစည်း..

ကိုယ်ရောင်းတဲ့ ပစ္စည်း မဟုတ်တဲ့ တခြားသူ​ရောင်းတဲ့
ပစ္စည်းရဲ့ ပုံ​တွေ ပြပြီး​​တော့​​မေးတာ​လေး​တွေက ......
(1)အဲဒါ​လေးတန်လား?
(1)သူ့ပစ္စည်း​လေး​​ရော အ​ရောင်/အရည် ကောင်းလား?
အမ ပစ္စည်းက​ရော ဒါနဲ့အတူတူပဲလား...😔
(3) သူ့ပစ္စည်းက အဲဒီ​စျေးဆိုတန်လား ?
(4)ဒီ ပတ္တမြား​လေး က သိန်းတရာ​ပြောတယ် အဲဒါတန်လား?
(5)ဒီပစ္စည်း​လေး ​​စျေးဖြတ်​ပေးပါလား ?ဘယ်​လောက်တန်လဲ?
(6) ဒီ​ကျောက်က ဘာ​ကျောက်လဲ သိရင်​ဖြေ​ပေးပါလား စတဲ့စတဲ့ ​မေးခွန်း​မျိုး​တွေ​မေးလာတဲ့အခါ အ​ဖြေက........​မေးခွန်း နံပါတ် (1)က​နေ (5)အထိတွက်က ဒီလိုပါ။

💎ကိုယ်ရောင်းတဲ့ ပစ္စည်းမဟုတ်တဲ့အတွက် အခြားသူရဲ့ ပစ္စည်းကို တန်ဖိုးမဖြတ် ပါ။(မဖြတ်တတ်ဘူးလို့မ​ပြောပါဘူး​နော် ပုံပြလာတဲ့ သူများ ပစ္စည်းကို လက်လွတ်စပယ် တန်ဖိုး မဖြတ်တာပါ။ ​)
(ကျောက်ပညာဆိုတာ ​လေ့လာသင်ယူ​နေဆဲမို့ ​လေ့လာမဆုံးပါဘူး။ ကိုယ်တိုင်​ကျောက်ဝယ်ရင်​တော့ ​ရောင်းသူကို ​စျေး​ပေးတာ၊တန်ဖိုး သတ်မှတ် ညှိနှိုင်းတာလုပ်ပါမယ်ရှင့်)

💎ကျောက်သမားစည်း(သို့မဟုတ်)ကျင့်ဝတ် ethic လို့​ခေါ်တဲ့ ​စောင့်စည်းလိုက်နာရမယ့် ယဥ်​ကျေးမှုဆိုတာလည်းရှိပြီးသားပါ။
ကျောက်သမား တစ်​ယောက်အ​နေနဲ့ ကိုယ့်ပစ္စည်းမဟုတ်တဲ့ အခြားကုန်သည်တစ်​ယောက် ရောင်းတဲ့ ​ကျောက်နဲ့​စျေးကို တစ်​ယောက်​ယောက်က ပုံပြပြီး ဒီ​ကျောက်တန်လား၊ဒါ​လေး​စျေးဖြတ်​ပေးပါလား၊ဒါဘာ​ကျောက် လဲစတဲ့ အ​ပေါ်က ​ပြောထားတဲ့ ​မေးခွန်း​တွေ​မေးခံရတဲ့အခါ ​ကျောက်သမား​တွေမှာလည်း အချင်းချင်းအ​ပေါ် ထားရှိမယ့်စည်းတစ်ခု ၊​စောင့်ထိန်းရမယ့် ethic ဆိုတာရှိပါတယ်။
💐ကိုယ့်ပစ္စည်းမဟုတ်တဲ့ သူများပစ္စည်းကို​​တော့ စျေးနည်းတယ်၊များတယ်။မ​ကောင်းဘူး၊မလှဘူး ​ဝေဖန်တဲ့သူ နည်းပါတယ်။(ethic ရှိတဲ့သူ​တွေက စည်း​စောင့်ကြပါတယ်) ကျွန်မအ​နေနဲ့​တော့ ကိုယ်​ရောင်းတဲ့ ပစ္စည်းမဟုတ်လို့ ​စျေးမဖြတ်တတ်ပါဘူးလို့ပဲ​ဖြေမှာပါ။သူများပစ္စည်းမ​ကောင်းဘူးလို့​တော့ မ​​ဖြေပါဘူး။သူနဲ့အမျိုးအစား တူတဲ့ ကိုယ်​ရောင်းတဲ့ကျောက် အမျိုးအစား အ​ရောင် အရည် quality နဲ့​စျေးတန်းအ​ကြောင်းကိုပဲ သူ့ကိုရှင်းပြ​ပေးပါမယ်။ဝယ်သူအ​နေနဲ့ အကြမ်းပျဥ်းသိပြီမို့ အခြားသူ​ရောင်းတဲ့​ကျောက်နဲ့ ပတ်သက်တာကို​တော့ အဲဒီ ကျောက်ပိုင်ရှင်ကို ​​သေချာ​မေးပါ။သူ့ပစ္စည်း အတွက် ဝယ်သူအ​နေနဲ့ ​ကျောက်ပိုင်ရှင်ကို ​သိချင်တာ အကုန်​​မေးပါ။ ဝယ်မယ့်သူအ​နေနဲ့ ​ကျောက်ပိုင်ရှင်/ကုန်သည်ပြောတဲ့​စျေး quality ကိုလက်ခံတယ် ၊ကြိုက်တယ်ဆိုရင် သူ့ဆီဝယ်ပါ။ ​ကျောက်ကုန်သည်ချင်း အတူတူ​တွေကို ကုန်သည်တစ်​ယောက်ဆီကကျောက်ပုံ ပြပြီး သူမဟုတ်တဲ့ တခြား​ကျောက်ကုန်သည်ကိုစျေးဖြတ်ခိုင်းတာတို့၊တန်လား ​မတန်လား မေးတာတို့ ၊အဲဒါ​လေး လှလားတို့ ​မေးခြင်း​တွေဟာ ကိုယ်တိုင်က လူ့ကျင့်ဝတ် စည်းကမ်း နားမလည်သလို၊​သူများပစ္စည်း ပုံပြပြီး အ​မေးခံရတဲ့ ​ကျောက်ကုန်သည်ကိုပါ မ​လေးစားရာ ​ရောက်ပါတယ်​နော်(အားကိုးလို့၊ယုံကြည်လို့၊သိတဲ့သူမို့ ​မေးကြည့်တာပါ တို့ဘာတို့ လာမ​ပြောနဲ့​နော်။လူဆိုတာ သူ့​နေရာနဲ့သူ Ethic & Respect ဆိုတာရှိပါတယ်)ကြားထဲက ငထွား လျှာရှည်ပြီး ခါးမနာပါ​စေနဲ့ရှင့်။
💎(ဒီ​နေရာမှာ တစ်ခု ​ပြောချင်တာက အ​ရောင်းအဝယ် အတွက် ကိုယ့်ကို လာ​ရောင်းတဲ့​ကျောက်ကို ဝယ်မယ့်သူ အ​နေနဲ့ ​စျေးပြန်​ပေးတာ၊​စျေးဖြတ်တာက တစ်မျိုးပါ​နော်။ဒါမျိုးကျ ကိုယ်​​က ကျောက်ကိုကြိုက်လို့ ​ပြောတဲ့​စျေးကို ဆစ်တယ်၊စျေး​ပေးတယ်၊ ​ရောင်းသူ ဝယ်သူ ​စျေးညှိတယ် ဆိုတဲ့ဖြစ်စဥ်က တစ်မျိုးမို့​ပြောရတာပါ)စျေးဖြတ်တာ/​စျေး​ပေးတာက တစ်မျိုးပါ။
​နောက်တစ်မျိုးက ပုံ​လေး​တွေပြပြီး အမဆီမယ် ဒီလို​ကျောက်​လေးရှိလား၊ဒါမျိုး​လေးရချင်ပါတယ် ဆိုတာကကျ ကိုယ့်ကို ချစ်လို့ ခင်လို့ ကိုယ့်ဆီက အား​ပေးချင်လို့​မေးတာ မျိုးက တစ်မျိုးပါ လို့ ​ပြောပါရ​စေရှင့်။

💎အဓိကက ​​ကျောက်အ​ရောင်းအဝယ်မှာ ရောင်းသူအ​နေနဲ့ ကိုယ့်ပစ္စည်းရဲ့ အမျိုးအစား၊ quality နဲ့ ​​စျေးတန်းကို မှန်စွာ​ရောင်းဖို့ ၊ရိုးသားဖို့ လိုသလို ဝယ်သူအ​နေနဲ့လည်း ကိုယ်ဝယ်တဲ့ ပစ္စည်းအ​ပေါ် expectation အများကြီး​တော့ထားလို့မရပါဘူးရှင့်။(ဥပမာ တစ်ရာ တန် ပစ္စည်း ဝယ်ပြီး တစ်​သောင်းတန် quality နဲ့​တော့ ယှဥ်လို့မရတာမျိုးကိုဆိုလိုပါတယ်)

💎ဒါ​ကြောင့် ဝယ်ယူမယ့်သူအ​နေနဲ့ ​ကျောက်ပိုင်ရှင် သို့မဟုတ် သူ့ရဲ့ page ကို အရင်​​လေ့လာကြည့်ပါ။ကိုယ်တိုင်က ယုံကြည်တယ် ။သူ့ပစ္စည်း quality နဲ့ ​စျေးကို လက်ခံနိုင်တယ်၊​ကျေနပ်တယ် ဆိုရင် သူနဲ့သာ အပြီး ဖြတ်ပါ​နော်။ အခြား​ကျောက်ကုန်သည်တစ်​ယောက်ဖြစ်တဲ့ ငထွားလိုကြားလူ​တွေကို ခါးမနာ​စေနဲ့​ပေါ့ရှင့်။ ကြားလူက ကိုယ့်ပစ္စည်းအ​ကြောင်း သိလိုသမျှရှင်းပြနိုင်​ပေမယ့် သူတစ်ပါး ပစ္စည်းကို ကျ ethic အရ ပြန်မ​ဖြေရင်လည်း မ​ဖြေတဲ့သူက ရိုင်းတယ်ထင်မယ်။​မ​ဖြေချင်လို့ Ethic အရ မ​ပြောတတ်ပါဘူးလို့ ဝေ့ဝိုက်ပြီး ​ဖြေပြန်​တော့လည်း တမျိုးထင်ခံရမယ်။ ကဲ အဲ​တော့ ​အကြံ​ပေးချင်တာက ကိုယ်ပစ္စည်းကြည့်တဲ့​နေရာမှာပဲသိချင်တာအကုန် ​မေးပါ၊စဥ်းစားပါ၊ဆုံးဖြတ်ပါလို့ အကြံပြုပါရ​စေ။

💐​မေးခွန်း နံပါတ်(6) ဒီပုံ​လေး ကြည့်​ပေးပါ။ဘာ​ကျောက်လဲ သိရင်​ဖြေ​ပေးပါ ဆိုတဲ့​မေးခွန်းအတွက်က
​ကျောက်မျက်အမျိုးအစား အမှန်နဲ့ သဘာဝလား၊မီးရိုက်လား၊ချက်​ကျောက်လား တိကျတဲ့အ​ဖြေ သိဖို့အတွက်က​တော့ ​ကျောက်စစ်​ပေးတဲ့ စမ်းသပ်ခန်း gem lab ကို သွား​ရောက် စစ်​ဆေးခြင်းကသာ အ​ကောင်းဆုံး​သော အ​ဖြေပါ။လွယ်ကူတဲ့ ​ကျောက်ဖြစ်ပါ​စေ ဓါတ်ပုံကြည့်ပြီး မဆုံးဖြတ်နိုင်ပါဘူးရှင့်။ ကျွန်မကိုယ်တိုင် ​ကျောက်​တွေ ဝယ်တဲ့အခါလည်း ​ကျောက်ထုတ် အားလုံးကို gem lab မှာစစ်​ဆေးပြီး သဘာဝ​ကျောက်​တွေဖြစ်မှ ​ရောင်းသူ ဝယ်သူ အဆင်​ပြေပြီးပြီဆိုမှဝယ်ပါတယ်။ တင်ထားတဲ့ပုံက သက်​သေပါ။
💐ဒါ​လေးက​တော့ ​ကျောက်သမားဘဝ တစ်ခါတစ်ခါ ကြုံရတဲ့ အခက်အခဲ​လေး​တွေရှိလို့ ​အကျဥ်းချုပ် အားဖြင့် ရေးသားတင်ပြရခြင်းဖြစ်ပါတယ်ရှင့်။
Zin Maw
Zin Maw Diamond,Gems & Jewellery
(2/4/2023)
Sunday
12.1 a.m

07/04/2024
💐Gem Stone Color Stone Crazy ဖြစ်တဲ့ သူတွေအတွက် ပေါ့ပေါ့ ပါးပါးနဲ့ ဂေါ်မယ့် အထည်လေးတွေပါရှင့်📷Photo Credit ပါရှင်တချို့ ...
17/02/2024

💐Gem Stone Color Stone Crazy ဖြစ်တဲ့ သူတွေအတွက် ပေါ့ပေါ့ ပါးပါးနဲ့ ဂေါ်မယ့် အထည်လေးတွေပါရှင့်

📷Photo Credit ပါရှင်

တချို့ ပံုလေူတွေ ကျောက်ရှိတာမို့ Order ခတ်ပေးပါမယ်ရှင့်

Zin Maw Diamond,Gems & Jewellery
#76လမ်း9လမ်းနဲ့10လမ်းကြား

  BMA Diploma သင်တန်းတက်ရောက်နိုင်ပြီ # အဲဒီသင်တန်းကဘယ်အချိန်မှာဖွင့်လှစ်ပေးမှာပါလဲ၊သင်တန်းအမည်အပြည့်အစုံသိချင်ပါတယ်Opti...
22/01/2021

BMA Diploma သင်တန်းတက်ရောက်နိုင်ပြီ

# အဲဒီသင်တန်းကဘယ်အချိန်မှာဖွင့်လှစ်ပေးမှာပါလဲ၊သင်တန်းအမည်အပြည့်အစုံသိချင်ပါတယ်
Optimum Institute မှသင်ကြားပေးမဲ့ OnLine BMA Diploma သင်တန်းကို(၂၀၂၁)ခုနှစ်၊ဖေဖေါ်ဝါရီလ (၇)နေ့ တွင်စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်၊သင်တန်းအမည်အပြည့်အစုံကတော့ Single Subject Diploma in Business Management & Administration ဖြစ်ပြီးအင်္ဂလန်နိုင်ငံမှဂုဏ်သိက္ခာ ကြီးမားသော ပညာရေးအဖွဲ့အစည်းကြီး တစ်ခု ဖြစ်သည့် ICM(Institute of Commercial Management ) မှတိုက်ရိုက်ပေးအပ်ချီးမြှင့်မည့် အသိအမှတ်ပြု ဒီပလိုမာသင်တန်းတစ်ခုဖြစ်ပြီး Optimum Institute ရှိ၀ါရင့်ဆရာကြီးများမှစာတွေ့လက်တွေ့ပေါင်းစပ်မှု များဖြင့် အထိရောက်ဆုံးသင်ကြားပို့ချပေးသွား မည်ဖြစ်ပါသည်။

# ICM ဆိုတာဘယ်လိုအဆင့်အတန်းရှိတဲ့အဖွဲ့အစည်းပါလဲမိခင်နိုင်ငံကရောအသိအမှတ်ပြုထားပါလား
ICM(Institute of Commercial Management) ဆိုသည်မှာအင်္ဂလန်နိုင်ငံတွင်(1979) ခုနှစ်က စတင်ထူထောင်ထားသော Charity Organization တစ်ခုဖြစ်ပြီးနိုင်ငံပေါင်း(132)နိုင်ငံတွင် Optimum Institute ကဲ့သို့အသိအမှတ်ပြုစင်တာပေါင်း(263) ခုရှိပြီးယခုအချိန်အထိ ICM Graduate(2) သန်းကျော်မွေးထုတ်ပေးခဲ့သောထိပ်တန်းပညာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါသည်၊ထို့အပြင်အင်္ဂလန်နိုင်ငံမှပညာရေးအရည်အသွေးအကဲဲဖြတ်မှုဌာနကြီးဖြစ်သည့် Ofquals(The office of qualifications, examination and regulation) ရဲ့အကဲဖြတ်အသိအမှတ်ပြုခြင်းကို ICM ၏ဘာသာရပ်အချို့အတွက်ခံယူထားပြီးဖြစ်သော အရည်အသွေးပြည့်မှီသည့်အဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။
ICM ပါတ်သက်ပြီးအသေးစိတ်သိရှိလိုပါက အင်တာနက်လိပ်စာ www.icm.education သို့ဝင်ရောက် ကြည့်ရှှုနိုင်ပါတယ်

# အခု BMA Diploma သင်တန်းမှာဘာခေါင်းစဉ်တွေသင်ကြားပေးမှာပါလဲ
ယခုဖွင့်လှစ်ပေးမဲ့ ဒီပလိုမာသင်တန်းမှာ
• The Management Framework to Business Administration
• Characteristic Features of Organizations
• The Structure of Business Enterprises
• Functions within Organizations
o The Production Function
o The Purchasing Function
o The Research and Development Function
o The Marketing Function
o Personnel Department
• The Administrative Officer’s Role
• Office Administration
• Other Responsibilities of the Administrative Officer
စတဲ့ခေါင်းစဉ်များနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်
# အခုဒီပလိုမာသင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ
ယခုဖွင့်လှစ်မယ့် ဒီပလိုမာသင်တန်းအား
- အခုဖွင့်လှစ်ပေးမဲ့ OnLine BMA သင်တန်းကို SME လုပ်ငန်းရှင်များ၊
- မိသားစုပိုင်စီးပွားရေးလုပ်ငန်းများကိုသမရိုးကျလုပ်ကိုင်နေသောလည်းပြောင်းလဲလာသောခေတ်စနစ် နဲ့အညီစနစ်တကျဖွဲ့စည်းအုပ်ချူပ်စီမံခန့်ခွဲလိုသူများ၊
- လုပ်ငန်းအဖွဲ့အစည်းအသီးသီးမှာအုပ်ချူပ်မှုတာဝန်ယူထားရသောမန်နေဂျာနှင့်ကြီးကြပ်သူများ၊
- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ(Start Up Business)ထူထောင်လိုသူများ
- စီးပွားရေးမေဂျာအထူးပြုကျောင်းသားကျောင်းသူများ(နေ့တက်(သို့မဟုတ်)အဝေးသင်)
- ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင်တက်ရောက်နေသောနောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများနှင့်
- စီမံခန့်ခွဲမှုကိုစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်မှာဖြစ်ပါတယ်
-
# အဲဒီအတန်းကိုမည်သည့်ဆရာမှဦးဆောင်သင်ကြားပေးမှာပါလဲ
ယခုဖွင့်လှစ်ပေးမည့် BMA Diploma သင်တန်းအားစာသင်ကြားမှုအတွေ့အကြုံနှစ်ပေါင်းများစွာရှိကြပြီး စီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့များနှင့်နို်င်ငံတကာစီမံခန့်ခွဲမှုဆိုင်ရာအသိအမှတ်ပြုလက်မှတ်များစွာရှိကြသော စီမံခန့်ခွဲမှုပညာရှင်ဆရာကြီးများမှဦးစီးသင်ကြားပေးမှာဖြစ်ပါတယ်
# သင်တန်းကာလနဲ့သင်ကြားမည့်အချိန်လေးသိပါရစေ
သင်တန်းကာလကတော့စုစုပေါင်း(၄)လကာမြင့်မှာဖြစ်ပြီးသင်ကြားချိန်ကတော့အပါတ်စဉ်တနင်္ဂနွေနေ့ နေ့လည်(၁)နာရီမှ(၄)နာရီအထိဖြစ်ပါတယ်
# သင်ကြားပေးမဲ့နည်းစနစ်ကိုလည်းသိချင်ပါတယ်
အခုဖွင့်လှစ်ပေးမဲ့ OnLine BMA သင်တန်းကို OnLine စနစ်ဖြင့် Zoom Application အသုံးပြုပြီး Interactive Teaching System ကိုအသုံးပြုပြီးထိထိရောက်ရောက်သင်ကြားပေးမှာဖြစ်ပါတယ်
# သင်တန်းတက်မည့်သူတစ်ယောက်အနေနဲ့ဘာတွေလိုအပ်ပါမည်လဲ
သင်တန်းသားများအနေဖြင့် OnLine မှ Zoom Application အသုံးပြုနိုင်ရန် Desktop Computer(သို့) Laptop Computer (သို့) Tablet (သို့)Smart Phone တစ်လုံးနှင့် Internet Connection ရှိရန်လိုအပ်ပြီး Zoom Application အား Download လုပ်ထားရန်လိုအပ်မှာဖြစ်ပါတယ်။
အဲဒီအပြင် email Account တစ်ခုနှင့် Facebook Account တစ်ခုရှိရန်လိုအပ်ပြီး Registration Process နှင့် သက်ဆိုင်ရာ Assignment များကို OnLine မှတင်သွင်းပေးရမှာဖြစ်ပါတယ်။
# သင်တန်းမှဘာတွေထောက်ပံ့ပေးမှာပါလဲ
သင်တန်းသားတစ်ဦးချင်းစီအတွက်သင်ကြားပေးမဲ့ရက်အလိုက် Lecture Powerpoint ဖိုင်များ၊ Lecture Audio ဖိုင်များ email ဖြင့်ပို့ပေးသွားမည်ဖြစ်ပြီးသင်တန်းပြီးဆုံးပါက Completion Certificate နှင့်အင်္ဂလန်နိုင်ငံမှစာမေးပွဲကိုဖြေဆိုအောင်မြင်ပါကဒီပလိုမာလက်မှတ်ကိုပါပံ့ပိုးပေးအပ်သွားမှာဖြစ်ပါတယ်
#သင်တန်းကဘယ်နေ့စတင်မှာပါလဲ
အခုဖွင့်လှစ်ပေးမဲ့သင်တန်းက(၂၀၂၁)ခုနှစ်၊ဖေဖေါ်ဝါရီလ(၇)ရက်နေ့မှာစတင်မှာဖြစ်ပြိး အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း(၄)လတိတိဆက်တိုက်တက်ရောက်ရမှာဖြစ်ပါတယ်
# သင်တန်းအတွက်အထွေထွေကုန်ကျစရိတ်ဘယ်လောက်ရှိမှာပါလဲ
ယခုဖွင့်လှစ်ပေးမဲ့ဒီပလိုမာသင်တန်းအတွက် သင်တန်းကြေး၊စာအုပ်စာတမ်းကြေး၊အင်္ဂလန်သို့ပေးသွင်းရမည့် ဝင်ကြေးနှင့်စာမေးပွဲကြေး များပေးသွင်းရမည်ဖြစ်ပါသည်။
သင်တန်းကြေးအနေဖြင့်ကိုဗစ်မတိုင်ခင်ကာလနှင့်Face to Face သင်တန်းများတွင်ကျပ်(၃)သိန်းခွဲကျသင့်မည် ဖြစ်သော်လည်း ကိုဗစ်ကာလ OnLine ဖြင့်သင်ကြားသည့်အထူးအခြေအနေအတွက်ကျပ်(၁)သိန်းခွဲသာ ကျသင့်မည်ဖြစ်ပါသည်။
စာအုပ်စာတမ်းကြေးမှာပင်မရည်ညွန်းစာအုပ်အတွက်စာအုပ်ဖိုးကျပ်(၁၀၀၀၀) ကျသင့်မည်ဖြစ်ပါသည်။
အင်္ဂလန်သို့ပေးသွင်းရမည့်ဝင်ကြေးနှင့်စာမေးပွဲကြေးမှာ ပေးသွင်းရမည့်အချိန်ကာတွင် US$110 အားကာလပေါက်စျေးအတိုင်းပေးသွင်းပေးရမည်ဖြစ်ပါသည်။

သင်တန်းအပ်မယ်ဆိုရင်ဖြင့်
Ph 09406077551 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်

👩‍💻Online Project Management Diploma သင်တန်း👩‍🎓👨‍🎓သင်တန်းအမည်အပြည့်အစုံကတော့ Single Subject Diploma in Project Mangement...
11/01/2021

👩‍💻Online Project Management Diploma သင်တန်း

👩‍🎓👨‍🎓သင်တန်းအမည်အပြည့်အစုံကတော့ Single Subject Diploma in Project Mangement ဖြစ်ပြီးအင်္ဂလန်နိုင်ငံမှဂုဏ်သိက္ခာကြီးမားသောပညာရေးအဖွဲ့အစည်းကြီး တစ်ခု ဖြစ်သည့် ICM(Institute of Commercial Management ) မှတိုက်ရိုက်ပေးအပ်ချီးမြှင့်မည့် အသိအမှတ်ပြု ဒီပလိုမာသင်တန်းတစ်ခုဖြစ်ပြီး Optimum Institute ရှိ၀ါရင့်ဆရာကြီးများမှစာတွေ့လက်တွေ့ပေါင်းစပ်မှု များဖြင့် အထိရောက်ဆုံးသင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

🎓www.icm.education သို့ဝင်ရောက်​လေ့လာကြည့်ရှနိုင်ပါတယ်။

🎓သင်ကြားပေးမည့်ဘာသာရပ်များ
• Projects in Contemporary Organizations
• Strategic Management and Project Selection
• The Project Manager
• Project Organization
• Project Planning
• Conflict and Negotiation
• Budgeting and Cost Estimation
• Scheduling and Resource Allocation
• Monitoring and Information Systems
• Project Control
• Project Auditing
• Project Termination

👩‍🎓👨‍🎓- စီမံကိန်းကြီးများတွင်တာဝန်ထမ်းဆောင်နေသူများ(ထမ်းဆောင်မည့်သူများ)
- ဆောက်လုပ်ရေးနှင့် Infrastructure Development လုပ်ငန်းများတွင်တာဝန်ယူနေသူများ
- စီမံကိန်းအင်ဂျင်နီယာများနှင့်စီမံကိန်းကြီးကြပ်ရေးမှူးများ
- ပမာဏများပြားသောလုပ်ငန်းကြီးများဆောင်ရွက်မည့်လုပ်ငန်းရှင်များမန်နေဂျာများ
- အိုင်တီနှင့်နည်းပညာဆိုင်ရာဘွဲ့ရထားပြီးအလုပ်ဝင်ရောက်မည့်သူများ
- အိုင်တီနှင့်နည်းပညာအထူးပြုတက္ကသိုလ်တက်ရောက်နေသူများတက်​ရောက်သင့်တဲ့သင်တန်းဖြစ်ပါတယ်။

🎓စာသင်ကြားမှုအတွေ့အကြုံနှစ်ပေါင်းများစွာရှိကြပြီး စီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့များနှင့်နိုင်ငံတကာစီမံခန့်ခွဲမှုဆိုင်ရာအသိအမှတ်ပြုလက်မှတ်များစွာရှိကြသော စီမံခန့်ခွဲမှုပညာရှင်ဆရာကြီးများ၊ နှစ်ပေါင်းများစွာ IT Project များကိုကြီးကြပ်လာသောပညာရှင်များ၊ နေပြည်တော်အာဆီယံဘောလုံးကွင်းတည်ဆောက်ရေးစီမံကိန်းတစ်ခုတွင် Backend Project Supervisor အဖြစ်ဆောင်ရွက်ခဲ့သောပညာရှင်များနှင့် ထိုင်းနိုင်ငံသုဝဏ္ဍဘုံမိလေဆိပ်စီမံကိန်းကြီးတွင် Industrial Expert အဖြစ်တာဝန်ယူခဲ့သောပညာရှင်များပူးပေါင်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။

🎓သင်တန်းကာလ(၅)လ
အပါတ်စဉ်စနေနေ့ ညနေ(၄)နာရီခွဲ မှ(၇)နာရီအထိဖြစ်ပါတယ်
16.1. 2021 ​နေ့တွင် သင်တန်းစမှာဖြစ်ပါတယ်။

🎓သင်ကြားပေးမဲ့နည်းစနစ်
Zoom Application ဖြင့်
Interactive Teaching System ကိုအသုံးပြုပြီးထိထိရောက်ရောက်သင်ကြားပေးမှာဖြစ်ပါတယ်

🎓သင်ကြားပေးမဲ့ရက်အလိုက် Lecture Powerpoint ဖိုင်များ၊ Lecture Audio ဖိုင်များ email ဖြင့်ပို့ပေးသွားမည်ဖြစ်ပြီးသင်တန်းပြီးဆုံးပါက Completion Certificate ​ပေးအပ်ပါမည်။

👩‍💻👨‍💻 သင်တန်းကြေး၊စာအုပ်စာတမ်းကြေး၊အင်္ဂလန်သို့ပေးသွင်းရမည့် ဝင်ကြေးနှင့်စာမေးပွဲကြေး များပေးသွင်းရမည်ဖြစ်ပါသည်။
သင်တန်းကြေးအနေဖြင့်ကိုဗစ်မတိုင်ခင်ကာလနှင့်Face to Face သင်တန်းများတွင်ကျပ်(၃)သိန်းခွဲကျသင့်မည် ဖြစ်သော်လည်း ကိုဗစ်ကာလ Online ဖြင့်သင်ကြားသည့်အထူးအခြေအနေအတွက်ကျပ်(၁)သိန်းခွဲသာ ကျသင့်မည်ဖြစ်ပါသည်။
စာအုပ်စာတမ်းကြေးမှာပင်မရည်ညွန်းစာအုပ်အတွက်စာအုပ်ဖိုးကျပ်(၁၀၀၀၀ ) ကျသင့်မည်ဖြစ်ပါသည်။
အင်္ဂလန်သို့ပေးသွင်းရမည့်ဝင်ကြေးနှင့်စာမေးပွဲကြေးမှာ ပေးသွင်းရမည့်အချိန်ကာတွင် US$110 ကာလ​ပေါက်​စျေးဖြင့်ပေး​ချေရန်။🌻🌻

သင်တန်းအပ်ရန်အတွက်
Lin Thit Education Centre
0943104017 or cb မှာဆက်သွယ်နိုင်ပါတယ်။

Motivation ဆို​သောအရာ...ကိုယ်တိုင်​ရော အခြားသူ​​တွေကိုပါ   ဘယ်လိုလုပ်ကြမလဲ(22-10-2013) တုန်းက Post လေးကိုပြန်လည်မျှဝေခြင...
27/12/2020

Motivation ဆို​သောအရာ...
ကိုယ်တိုင်​ရော အခြားသူ​​တွေကိုပါ ဘယ်လိုလုပ်ကြမလဲ

(22-10-2013) တုန်းက Post လေးကိုပြန်လည်မျှဝေခြင်းပါ

အရင်အပါတ်ကဌာနဆိုင်ရာတစ်ခုကတော်တော်ရင်းနှီးတဲ့အရာရှိကြီးတစ်ဦးရဲ့ဖိတ်ကြားချက်အရသူ့ဌာနမှာရှိတဲ့အရာရှိအဆင့်ဝန်ထမ်းများအားလုံးကို
ဒီကနေ့ခေတ်မှာအရေးပါလာပြီဖြစ်တဲ့လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုHuman Resource Management ဆိုင်ရာ Workshop လေးတစ်ခုနေ့တဝက်စာလောက်လုပ်ပေးဖြစ်ခဲ့ပါတယ်

(ကျွန်တော့်ကိုလည်းအများကအိုင်တီဆရာပဲ၊အိုင်တီနဲ့ပါတ်သက်တာပဲနားလည်တဲ့သူတစ်ယောက်လို့သတ်မှတ်ထားကြပေမဲ့နှစ်ပေါင်းများစွာဝန်ထမ်းတွေအုပ်ချုပ်တာဝန်ခဲ့လာတာကရတဲ့အတွေ့အကြုံတွေ၊သင်ယူလေ့လာထားတဲ့ MBA Programme အပါအဝင် Management Studies တွေ၊စီမံခန့်ခွဲမှုမှာတဖက်ကမ်းခတ်ပြီးတကယ်လည်းလက်တွေ့ကျကျကျင့်သုံးနိုင်တဲ့၊ကျင့်သုံးနေတဲ့ကြားဆရာ၊သင်ဆရာ၊မြင်ဆရာများဆီကလက်ဆင့်ကမ်းရလိုက်တဲ့အမွေတွေကြောင့်Management ပညာရှင်စစ်စစ်ကြီးတယောက်မဟုတ်ပေမဲ့ကျွန်တော့်ကိုလေးစားတန်ဖိုးထားပြီးအခုလိုအကူအညီတောင်းခဲ့တဲ့အဲဒီအရာရှိကြီးကိုရော၊ကျွန်တော့်ရဲ့ဆွေးနွေးမှုတွေမှာစိတ်ပါဝင်စားစွာတလေးတစားတက်ရောက်ပါဝင်ကြတဲ့ဌာနကအရာရှိအလတ်၊အငယ်များကိုရောစိတ်မပျက်အောင်၊ဆွေးနွေးအကြံပြုနိုင်ခဲ့ပါတယ်)

အချိန်ကလည်းအကန့်အသတ်ရှိသော Human Resource Management ရဲ့အရေးကြီးလုပ်ငန်းတွေဖြစ်တဲ့Human Resource Planning,Performance Management ,Employee Remuneration and Benefits Administration တို Employee Relation စတဲ့အကြောင်းအရာတွေကိုတစ်ခုချင်းစီအလိုက်အသေးစိတ်မပြောပြ၊မရှင်းပြနိုင်ခဲ့ပေမဲ့ဝန်ထမ်းတွေလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့ Motivation အကြောင်းကိုတော့အကျယ်တဝင့်ရှင်းပြဆွေးနွေးဖြစ်ခဲ့ပြီးတက်ရောက်လာသူတော်တော်များများကလည်းခိုင်ခိုင်မာမာရှိနေပြီးဖြစ်တဲ့ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ၊စည်းမျဥ်းစည်းကမ်းတွေ၊တာဝန်ခွဲဝေထားမှုတွေအရ HR Management နဲ့ဆိုင်သမျှအားလုံးတိုက်ရိုက်ကြီးသူတို့လုပ်ငန်းခွင်မှာ၊သူတို့တာဝန်ခံထားရတဲ့အရာထမ်းအမှုထမ်းတွေပေါ်မှာယုံကြည်ချက်ရှိရှိဦးဆောင်နိုင်ဖို့ Motivation နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပဲပိုစိတ်ပါဝင်စားကြပြီးလက်တွေ့အကောင်အထည်ဖေါ်ဖို့အတွက်ရောလက်ရှိရင်ဆိုင်ကြုံတွေ့နေကြရတဲ့အခက်အခဲတွေကိုရောပါဝင်ဆွေးနွေးကြပါတယ်

ဘာပဲဖြစ်ဖြစ်တိုးတက်ပြောင်းလဲလာတဲ့ဌာနဆိုင်ရာများရဲ့လုပ်ငန်းဆောင်ရွက်မှု၊အုပ်ချုပ်မှုပုံစံပြောင်းလဲလာတာကြောင့်အရင်ကအခုလိုမျိုး Seminar တွေ၊ Workshop တွေမှာကိုယ့်ထက်ရာထူး၊အဆင့်ကြီးမြင့်တဲ့သူတစ်ယောက်ယောက်ရှိနေရင်မေးခွန်းထမေးဖို့တောင်တော်တော်ခက်ခဲကြပေမဲ့ဒီပွဲမှာတော့သာမန်အရာရှိငယ်အဆင့်တွေလည်းတက်တက်ကြွကြွနဲ့အပြုသဘောဆောင်စွာမေးမြန်းဆွေးနွေးသွားကြတာကိုအားရဖွယ်ရာတွေ့ခဲ့ရပါတယ်...

ကျွန်တော်လည်းအပေါ်မှာပြောခဲ့သလိုဆိုင်းသံဗုံသံကြားရင်ထ ' က' ချင်နေတဲ့သူဆိုတော့အခုလိုမေးမြန်းဆွေးနွေးမှုတွေများလာတော့ဘာပြောကောင်းမလဲ၊
ထမင်းစားချိုန်တော်ကျော်သွားပြီးမနဲအဆုံးသတ်လိုက်ရတယ်ပေါ့ဗျာ...

Motivation ဆိုတာလုပ်ငန်းခွင်တွေမှာဝန်ထမ်းတွေတက်တက်ကြွကြွပါဝင်အလုပ်လုပ်ချင်လာအောင်လှုံ့ဆော်ပေးတဲ့အကြောင်းရင်းခံတွေပဲဖြစ်ပြီး
သူ့တို့ရဲ့စိတ်ထဲမှာကို ဒီအလုပ်ကိုလုပ်နေရတာ၊ဒီအလုပ်ကိုလုပ်ရရင်ထမင်းမစား၊ဟင်းမစားပျော်ရွင်စွာနဲ့လုပ်နိုင်အောင်ဖန်တီးပေးတဲ့စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှု Intrinsic Motivation နဲ့ သူတို့အတွက်ခံစားခွင့်၊ရပိုင့်ခွင့်တစ်ခုခုဒါမှမဟုတ်အပြစ်ပေးအရေးယူမှုတွေရှောင်နိုင်အောင်အလုပ်လုပ်ဖို့လှုံ့ဆော်ပေးတဲ့ Extrinsic Motivation ဆိုပြီး(၂)မျိုး(၂)စားတွေ့နိုင်မှာဖြစ်ပြီးဝန်ထမ်းများရဲ့မတူညီတဲ့အခြေအနေ၊ခံစားချက်၊ရပိုင်ခွင့်တွေပေါ်မှာအခြေခံပြီးစည်းချက်ကျကျထိန်းညှိလှုံ့ဆော်ပေးသွားဖို့လိုပါတယ်

ကျွန်တော်ရေးခဲ့ဘူးတဲ့ Post တစ်ခုမှာပါတဲ့အတိုင်း

၁) တစ်ချို့ကတော့လုပ်ခလစာခံစားခွင့်အတွက်
၂) တစ်ချိ့ကတော့ရာထူးတာဝန်အတွက်
၃)တစ်ချို့ကတော့လုပ်ရတဲ့လုပ်ငန်းအမျိုးအစားအတွက်
၄)တစ်ချို့ကတောဝါသနာပါတဲ့အလုပ်ဖြစ်တဲ့အတွက်
၅) တစ်ချို့ကတော့လုပ်ငန်းဦးဆောင်သူကိုလေးစားလို့/အားကိုးလို့
၆) တစ်ချို့ကတော့ကိုယ်အတွက်မျှော်မှန်းနိုင်တာတွေရှိလို့
၇) တစ်ချို့ကတော့ပါတ်ဝန်းကျင်( Environment) ကောင်းတဲ့အတွက်
၈) တစ်ချို့ကတော့လုပ်ဖေါ်ကိုင်ဖက်တွေသံယော်ဇဉ်ကြီးတဲံ့အတွက်
၉) တစ်ချို့ကတော့အလုပ်နဲ့ပါတ်သက်တဲ့စိမ်ခေါ်မှု Challenge ရှိနေတဲ့အတွက်
၁၀) တစ်ချို့ကတော့စိတ်ခံစားမှုတစ်ခုခုအတွက်
၁၁) တစ်ချို့ကတော့ကိုယ်လုပ်ချင်တာလေးတွေလုပ်နေရတဲ့အတွက်

စသည်ဖြင့်ရည်ရွယ်ချက်၊အခြေအနေ၊ခံစားချက်တွေအမျိုးမျိုးရှိနေကြတာဖြစ်တဲ့အတွက်အချိုကြိုက်သူကိုအစပ်သွားကျွေးလို့မရသလိုအငန်ကြိုက်သူကိုဆား
မပါတဲ့ဟင်းမြည်းခိုင်းတာမျိုးမလုပ်မိဖို့တော့သက်ဆိုင်ရာဝန်ထမ်းတွေကိုအနီးကပ်တာဝန်ခံထားရသူတွေနဲ့အထက်အဆင့်တာဝန်ရှိသူတွေကသေသေချာချာလေ့လာပြင်ဆင်နားလည်အောင်လုပ်ထားကြရမှာပဲဖြစ်ပါတယ်

ကမ္ဘာကျော်စီမံခန့်ခွဲမှုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ Abraham Maslow ရဲ့Hierarchy of Needs ထဲမှာပါတဲ့အတိုင်းလူတွေ၊ဝန်ထမ်းတွေအသက်ရှင်
ရပ်တည်နေကြတဲ့အခါ၊နေခြင်ကြတဲ့အခါ

၁) အခြေခံစားဝတ်နေရေးလိုအပ်ချက်တွေပြည့်စုံဖို့
၂) မိမိတို့ဝင်ရောက်လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်မှာအလုပ်မြဲဖို့၊လုံခြုံစိတ်ချရဖို့
၃) အများနည်းတူဝတ်နိုင်စားနိုင်၊သွားနိုင်လာနိုင်၊ခေတ်မှီအသုံးအဆောင်တွေကိုင်နိုင်ဖို့
၄) အများကကိုယ့်ကိုအထင်ကြီး၊လေးစား၊တန်ဖိုးထားနိုင်စေဖို့

စတဲ့အချက်တွေကလည်း Motivation ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ Factors တွေဖြစ်ပါတယ်၊ ဌာနဆိုင်ရာများအနေနဲ့တောကြီးလေးတဲ့စည်းမျဉ်းစည်းကမ်းဖေါက်ဖျက်မှုမျိုးတွေမဖြစ်ရင် Job Security ရတာမို့တခြားအချက်လေးတွေ၊ကိုယ်တာဝန်ယူနိုင်တဲ့၊တာဝန်ခံနိုင်တဲ့အချက်လေးတွေပေါ်မှာပဲအခြေခံပြီး
Motivate လုပ်ဖို့အဲဒီအရာရှိငယ်များကိုဆွေးနွေးအကြံပြုခဲ့မိပါသေးတယ်

ဝန်ထမ်းတွေအလုပ်လုပ်ကြတယ်ဆိုတဲ့အခါမှာ

၁) သူတို့ဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းရှိနေမှု၊ခိုင်မာမှု
၂) သူတို့လုပ်နေတဲ့အလုပ်တွေအတွက်အထက်တာဝန်ရှိသူတွေရဲ့အသိအမှတ်ပြုခံရမှု
၃) သူတို့လုပ်နေရတဲ့အလုပ်တွေဟာများပြားသော်လည်းစိတ်ဝင်စားမှု
ရှိနေခြင်း၊စိတ်ပါတဲ့အလုပ်ကိုလုပ်နေရခြင်း
၄) လုပ်သလောက်ထိုက်သင့်တဲ့အကျိုးခံစားခွင့်ရှိနေခြင်း
၅) အလုပ်လုပ်နေရတဲ့လုပ်ငန်းခွင်အခြေအနေ၊ပါတ်ဝန်းကျင်ကကောင်းနေခြင်း
၆) သူတို့လုပ်မဲ့အလုပ်တွေအတွက်တာဝန်ဆိုတာအပြင်လုပ်ပိုင်ခွင့်ပါရရှိခြင်း၊လုပ်ပိုင်ခွင့်ပေးထားခြင်း

စတဲ့အချက်များကလည်းအရေးကြီးပြီးအဲဒီအချက်တွေကိုလွှမ်းခြုံစဉ်းစားနိုင်မှဝန်ထမ်းတွေကိုကောင်းကောင်း Motivate လုပ်နိုင်မှာဖြစ်ပြီးကိုယ့်လုပ်ငန်းရဲ့
Image နဲ့ Productivity တွေပိုပြီးကောင်းလာတက်လာမှာဖြစ်ပါတယ်...

ကျွန်တော်နဲ့ညီအကိုလိုဖြစ်နေတဲ့့တပည့်လေးတစ်ယောက်ရဲ့လုပ်ငန်းမှာဆိုရင်လည်းအပေါ်မှာပြောခဲ့တဲ့အချက်တွေအားနည်းနေတာကြောင့်တစ်ချို့ဝန်ထမ်းတွေလုပ်ခ၊လစာတွေများပေမဲ့လုပ်ငန်းခွင်ပျော်ပိုက်မှု၊စိတ်ချမ်းသာမှု Job Satisfaction တွေတဖြည်းဖြည်းပပျောက်သွားပြီးလူကောင်းတွေတစ်ယောက်ပြီးတစ်ယောက်အလုပ်ပြောင်းတဲ့သူကပြောင်း၊ထွက်တဲ့သူကထွက်၊တချို့ကလည်းလစာပိုကောင်းတဲ့နေရာတွေကိုပြောင်းလိုပြောင်းနဲ့(သူငယ်ချင်းတယောက်ရဲ့ကုမ္ပဏီမှာဆိုရင်လခ US1000လောက်ပေးထားတဲ့ မန်နေဂျာအဆင့်ဝန်ထမ်းကို 3000 လောက်နဲ့နိုင်ငံခြားဖက်စပ်တစ်ခုကခေါ်သွားတော့သူလည်းအဲဒီဝန်ထမ်းလေးကိုအရမ်းအားကိုးတယ်၊အဲဒီဝန်ထမ်းလေးကလည်းဒီအလုပ်မှာအရမ်းပျော်အရမ်းအဆင်ပြေပေမဲ့မတတ်နိုင်တော့ဘူးပေါ့)
တော်တော်လေးအခြေအနေပျက်သွားပြီး လုပ်ငန်းရဲ့ Total Productivity တွေ BreakDown ဖြစ်လာမှတာဝန်ရှိသူတွေကဘယ်လိုဖြစ်တာလည်း၊လုပ်ကြပါအုံး၊ဝန်ထမ်းတွေကိုပြန်ကြည့်ကြလေ၊တို့ကအလုပ်များနေလို့လှည့်မကြည့်နိုင်တာ၊မန်နေဂျာတာဝန်ပေးထားတဲ့သူတွေကဒါတွေလုပ်ရမှာမဟုတ်ဘူးလားစသဖြင့်ဖြစ်လာပေမဲ့တော်တော်လေးယိမ်းယိုင်သွားခဲ့တယ်ဆိုတဲ့အကြောင်းစိတ်ပျက်စွာနဲ့လာပြီးရင်ဖွင့်တာကိုလည်းတတ်နိုင်သလောက်နှစ်သိမ့်ပေးလိုက်ရပါသေးတယ်..(သူကတော့သူဌေးရဲ့လက်စွဲပုံးဖြစ်တာကြောင့်အရင်ထဲကခံစားခွင့်များပါတယ်)

နိဂုံးချူပ်ရရင် ဌာနဆိုင်ရာနဲ့အရပ်ဖက်လုပ်ငန်းတွေမှာဝန်ထမ်းတွေအပေါ်စီမံခန့်ခွဲတဲ့ပုံစံ၊အလေ့အကျင့်မတူတာတွေရှိပေမဲ့ဝန်ထမ်းတွေအလုပ်လုပ်ချင်စိတ်ရှိလာအောင်ဘာနည်းနဲ့ပဲဖြစ်ဖြစ် Motivate လုပ်ပေးဖို့မဖြစ်မနေကိုလိုအပ်တယ်ဆိုတဲ့အကြောင်း...

(လုပ်ပိုင်ခွင့်သတ်သတ်မှတ်မှတ်မရှိသော်လည်းနေ့စဉ်ဝန်ထမ်းပြသာနာများနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အဖွဲ့အစည်းအသီးသီးမှတာဝန်ခံ(တာဝန်ပဲခံနေရသော)
အလယ်အလတ်အဆင့်မန်နေဂျာများအတွက်ဝန်ထမ်းများရဲ့ စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတပိုင်တနိုင် Motivate လုပ်နိုင်ပါစေကြောင်းရည်ရွယ်ရင်း..........
Photo Credit:Internt
Writer : Sayar U Nyein Oo

စီးပွား​ရေး ပဲဖြစ်ဖြစ် လူမှု​ရေးမှာဖြစ်ဖြစ် အလွှာ​ပေါင်းစုံ လူတန်းစား အသီးသီး သိရှိ နားလည် လိုက်နာ ကျင့်သုံး ရမည့်အရာမို...
27/12/2020

စီးပွား​ရေး ပဲဖြစ်ဖြစ် လူမှု​ရေးမှာဖြစ်ဖြစ် အလွှာ​ပေါင်းစုံ လူတန်းစား အသီးသီး သိရှိ နားလည် လိုက်နာ ကျင့်သုံး ရမည့်အရာမို့ ဖတ်ကြည့်​စေချင်ပါတယ်​။

(အဲတိကက်)လေး ရှိစေချင်

ကျွန်တော်တို့တွေနေ့စဉ်သွားလာလှုပ်ရှားကြတဲ့အခါနေရာအသီးသီးအလွှာအသီးသီးကလူကြီး၊လူလတ်၊လူငယ်မျိုးစုံ၊အဆင့်အတန်းမျိုးစုံနဲ့ထိတွေ့ဆက်ဆံကြရတယ်အများအားဖြင့်ဆက်ဆံရေးပိုင်းအဆင်မပြေတာ၊စကားပြောအဆင်မပြေတာတွေ၊နေထိုင်ပြောဆိုလုပ်ကိုင်မှုအဆင်မပြေတာတွေတွေ့ရရင်ခံပြင်းဒေါသထွက်ပြီး ကိုယ့်စိတ်ကိုမနည်းမျိုသိပ်ထားခဲ့ကြရတာများပါတယ်…..

ဥပမာအားဖြင့်ရန်ကုန်မြို့တွင်းသွားလာနေတဲ့ဘတ်စကားတွေပေါ်ကယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေ၊တက္ကစီဆရာတစ်ချို့နဲ့ဆက်ဆံပြောဆိုရတာတော်တော်အဆင်မပြေလို့အနီးပါတ်ဝန်းကျင်ကိုပြောမိတဲ့အခါအများစုကတော့အဲဒီလူတွေကပညာမတတ်လို့၊သူတို့နဲ့ပြိုင်ပြီးဖြစ်ရင်လည်းကိုယ်ပဲနစ်နာမှာမို့လို့ကျွန်တော်တို့ ကျွန်မတို့လည်းတတ်နိုင်သလောက်အောင့်အီးသီးခံရတာပါပဲဆိုပြီးပြောလေ့ရှိတယ်အထူးသဖြင့်ကားအရမ်းကျပ်တဲ့မီးပွိုင့်တွေမှာဘတ်စကားတွေ၊တက္ကစီတွေအတင်းကျော်တက်၊အခြားယာဉ်ကြောမှနေရာယူကြရင်ဒီကောင်တွေအဆင့်ကိုမရှိဘူး၊နားမလည်ဘူး၊ဖက်ဖြစ်နေရင်လည်းကိုယ်ပဲနာမှာလို့ညည်းတွားတတ်ကြပေမဲ့တခါတလေဘယ်လောက်အရေးကြီး(သေရေးရှင်ရေးလား၊တမင်လူကြည့်အောင်လုပ်တာလားတော့မသိပါ)မီးကြီးတွေဖွင့်၊ဟွန်းတွေတီးလက်ညှိးတချောင်းထောင်ပြီးနေရာဖယ်ပေးတဲ့ကားကိုကျေးဇူးတင်လက်ကလေးတောင်ထောင်မပြသွားတဲ့နောက်ဆုံးပေါ်ကားကြီးတွေနဲ့ပညာတတ်(ဂုဏ်သရေမရှိ)တွေလည်းမြင်နေရပါတယ်

(အထူးအရေးကြီးပုဂ္ဂိုလ်တွေ၊သေရေးရှင်ရေးတွေဆိုရင်တော့ဘယ်သူမှဘာမှပြောမှာမဟုတ်ပေမဲ့သက်သက်ကြီးသာမန်ကားစီးနိုင်တဲ့သူအချင်းချင်းတွေကြတော့…..)အဲဒီလိုပဲတစ်ချို့လုပ်ငန်းဌာနတွေနဲ့ထိတွေ့ရတဲ့အခါမှာလည်းပညာတတ်တဲ့(ဘွဲ့ရတဲ့)တာဝန်ရှိသူတစ်ချို့ရဲ့အပေါ်စီးဆန်တဲ့ပြောဆိုပြုမူခြင်းမျိုးတွေတွေ့နေကြရတော့ ယဉ်ကျေးမှုရှိခြင်းဆိုတာပညာတတ်တာမတတ်တာထက်တစ်ဦးတစ်ယောက်ခြင်းဆီရဲ့ခံယူချက်စိတ်နေသဘောထားနဲ့ပဲဆိုင်တယ်လို့ယူဆမိတယ်ပြန်စဉ်းစားမိတဲ့အခါတခါတလေအရေးပေါ်ကိစ္စပေါ်လာလို့တက္ကစီဌားသွားဖြစ်ရင် ကျွန်တော်ကားပေါ်မတက်ခင်သူ့ဘာသာဆေးလိပ်သောက်ကွမ်းစားလာပေမဲ့ခရီးသည်(ကျွန်တော်တို့)ကားပေါ်တက်ပြီးပြီဆိုတာနဲ့ဆေးလိပ်မီးသတ်ပြီးတော့ကွမ်းထွေးထုတ်ပစ်တဲ့(ဆေးလိပ်သောက်ကွမ်းစားနဲ့ဆိုရင်ကားပေါ်မှာပါတဲ့ခရိးသည်အနှောက်အယှက်ဖြစ်မှာစိုးလို့)မပြောပေမဲ့အလိုက်တသိနဲ့ယဉ်ကျေးမှုရှိတဲ့ကားဆရာတွေကြုံဖူးသလို(သူတို့ပညာဘယ်လောက်တတ်သလဲတော့မသိပါ)
ကားပေါ်မှာပါတဲ့ခရီးသည်အရေးတကြီးဖုန်းပြောနေမှန်း၊ဆက်သွယ်မှုမကောင်းလို့ အော်ပြီးပြောနေမှန်းသိပေမဲ့လည်းနဂိုဖွင့်လက်စသံသေးသံညောင်သီချင်းတွေကိုဟန်မပျက်ဖွင့်ပြီးလိုက်အော်ဆိုနေတဲ့ဘွဲ့ရပညာတတ်လို့ခန့်မှန်းနိုင်တဲ့ကိုယ်ပိုင်ယာဉ်မောင်း(အထည်ကြီးပျက်လို့ထင်ရတဲ့)တွေလည်းမကြာခဏတွေ့ရတယ်
ပညာရပ်ဆိုင်ရာဟောပြောပွဲတွေမှာလည်းဟောပြောသူနဲ့ပရိတ်သတ်စိတ်ဝင်တစားရှိနေတာကိုလုံးဝဂရုမစိုက်ပဲကိုယ့်သဘောကိုယ်ဆောင်၊အပြင်မကြာခဏထွက်၊ လူကြားထဲနားထောင်လို့မသင့်တဲ့ Ring Tone ( ဥပမာ-မကိုင်ရင် XX ပြသာနာတက်သွားမယ်နော်ဆိုတာမျိုး) အသံကြီးတွေကိုအကျယ်ကြီးထားပြီး(အခမ်းအနားတွေမှာဆိုရင် Vibrate ဒါမှမဟုတ် Light & Silence လုပ်ထားရကောင်းမှန်းမသိ) ချက်ချင်းလူကြားထဲမှာအော်ပြီးပြန်ပြောတာ၊ ဟောပြောတဲ့ဆရာရဲ့ဂုဏ်သိက္ခာကိုမထောက်ပဲထင်ရာစွပ်မေး၊ထင်ရာစွပ်ပြောတာ၊ကိုယ်တော်ကြောင်းတတ်ကြောင်းတွေကိုမေးခွန်းမေးချင်ထာထက်ကြွားဝါပြီးပြောနေတာတွေကပညာတတ်လို့ခေါ်တဲ့လူ့အသိုင်းအဝိုင်းတွေမှာမကြားချင်မမြင်ချင်မှအဆုံးပါပဲ၊ဒါကြောင့်ဆရာကြီးတစ်ဦးကသူပြောတဲ့အခမ်းအနားတွေဆိုရင်
မေးချင်တာကိုပဲစကား(၂)ခွန်း(၃)ခွန်းနဲ့မေးပါ၊တခြားဆွေးနွေးချင်တာ တတ်ကြောင်းပြချင်တာတွေဆိုရင်ခဏနားတဲ့အချိန်( Break Time )လိုဟာမျိုးမှာသီးသန့်လာပြောပါဆိုပြီးအစီအစဉ်မစခင်ကြိုပြီးမေတ္တာရပ်ခံထားလေ့ရှိတာကိုတွေ့ရတယ်

အဖွဲ့အစည်းတစ်ချို့မှာဆိုရင်လည်းရာထူးတာဝန်ပိုမြင့်တဲ့သူတွေကတခြားကိုယ့်ထက်အဆင့်တာဝန်နိမ့်တဲ့သူတွေတလေးတစားပြောဆိုတင်ပြနေတာတွေကိုသေချာနားမထောင်ပဲစကားဖြတ်ပြောတာ၊ သူများပြောတာအချိန်ပေးနားမထောင်ချင်ပဲသူပြောတာကိုပဲမှန်မှန်မှားမှားသူများကိုနားထောက်စေချင်တာမျိုးလည်းတွေ့ရတယ်ဌာနကြီးတစ်ခုမှာဆိုရင်အလယ်အလတ်အဆင့်ကမှန်ကန်တဲ့တင်ပြမှုတစ်ချို့နဲ့ပြင်ဆင်ဖို့ပြောတာကိုအထက်လူကခင်ဗျားဘာမှလာမပြောနဲ့ခင်ဗျားထက်တတ်လို့သိလို့ကျူပ်ဒီနေရာကိုရောက်နေတာ၊ပြောချင်လမ်းဘေးမှာသွားပြောဆိုတာမျိုးသူ့ရာထူးအဆင့်ဂုဏ်သိက္ခာနဲ့မလိုက်တဲ့ပြောဆိုသုံးနုန်းမှုမျိုးတွေလုပ်သွားတာမျိုးလည်းသိခဲ့ရဘူးတယ်(အခုတော့အဲဒီဆရာကြီးလည်းတကယ်ကိုလမ်းဘေးရောက်သွားပါပြီ-သူ့အကျိုးပေးအတိုင်းပေါ့)

ဟိုတလောကဌာနတစ်ခုရဲ့စီမံခန့်ခွဲမူနဲ့ဆိုင်တဲ့ဌာနတွင်းအစည်းအဝေးတစ်ခုမှာMaster ဘွဲ့ရပြီးအလယ်အလတ်အဆင့်ပုဂ္ဂိုလ်တစ်ဦးကကျွန်တော်ဒါတွေအကုန်သင်ပြီးပြီ၊ Master တောင်ရထားတာဒါတွေကပြောရရင် သာမှန် Diploma အဆင့်တောင်မရှိဘူးဆိုပြီးတော့ လူကြားထဲအားမနာလျှာမကျိုး(သူရတဲ့ Master ဘွဲ့ကလည်းတကယ်ဆိုရင်ဘုရားစူးလွတ်ပါ)ပြောလာတော့ကျန်တဲ့သူထက်အသက်ရာထူးကြီးတဲ့သူတွေက(တာဝန်အရရာထူးငယ်ပေမဲ့လုပ်ပိုင်ခွင့်ရှိနေလို့ကျန်တဲ့သူတွေလည်းမျက်နှာလွဲနေကြရတယ်လို့ထင်ပါတယ်)ဘာဆက်ပြောပြီးဘာဆက်လုပ်ရမှန်းမသိ၊သူတို့ကိုယ်သူတို့လည်းတော်တော်အဆင့်နိမ့်သွားလားဆိုတာမျိုးခံစားမှုတွေဖြစ်ပြီးတော်တော်စိတ်ပျက်ကြတယ်လို့ပြန်ကြားရပါတယ်……

အခုကျွန်တော်တို့ရဲ Social Community ဖြစ်တဲ့ Facebook မှာလည်းတွေ့လာရတာကတယောက်နဲ့တယောက်ပုဂ္ဂိုလ်ရေးကိစ္စအကြောင်းပြုပြီးကျန်တဲ့ FB Member တွေစိတ်ပျက်စေမဲ့ရေးသားမှုတွေ၊ Post တွေ၊ ယုံကြည်ချက်ခံယူချက်တွေအမျိုးမျိုးရှိနိုင်ပေမဲ့တဖက်စောင်းနင်းပုတ်ခတ်ပြောဆိုနေတာမျိုးတွေတွေ့လာရတော့တစ်ခါတလေကိုယ့်ကိုယ်ကိုတောင် အဲဒီ Network ကြီးထဲကနေထွက်သွားချင်တဲ့အထိစိတ်ပျက်ခဲ့ဘူးတယ်(ကိုယ့်ကိုတိုက်ရိုက်ပြောဆိုရေးသားတာမဟုတ်ပေမဲ့သက်ဆိုင်သူတွေအတွက်စဉ်းစားကြည့်ရင်းမှန်မှန်မှားမှား Etiquette လေးနဲ့ပြောဆိုရေးသားစေချင်လို့ပါ)

ရာထူးတာဝန်ငွေကြေးလက်အောက်ငယ်သားတွေဘယ်လောက်ပြည့်စုံပြည့်စုံ၊တချိန်ချိန်မှာတော့အားလုံးကိုစွန့်လွှတ်(ကိုယ်ကစွန့်လွှတ်တာမဟုတ်လဲသူများကကိုယ့်ကိုစွန့်ပစ်ခြင်း)ကြရမှာပါပဲ ၊နောက်ဆုံးကြရင်အကုန်လုံးအတူတူပဲမို့ Etiquette လေးထားပြိးပြောဆို၊ ဆက်ဆံကြရင်ပိုကောင်းမှာပဲလို့စဉ်းစားမိတယ်…

Etiquette လို့ပြောရင် လူတွေကိုယဉ်ကျေးသောသတ္တဝါတွေအဖြစ်ဖန်တီးပေမဲ့လက်နက်ကောင်းတစ်ခုဖြစ်ပြီးလူမှုဆက်ဆံရေးကိစ္စတွေ၊အစည်းအဝေးနဲ့အခမ်းအနားတွေ၊ Facebook အပါအဝင် On Line Community တွေ၊ တယ်လီဖုန်းပြောဆိုတဲ့အခါတွေ၊ အစားအသောက်စားတဲ့အခါတွေ၊အများသုံးသန့်စင်ခန်းတွေအသုံးပြုတဲ့အခါတွေ၊အများနဲ့ခရီးသွားရတဲ့အခါတွေ၊ အလုပ်လုပ်တဲ့အခါမှာဝန်ထမ်းအချင်းချင်းဆက်ဆံပြောဆိုတဲ့အခါပဲဖြစ်ဖြစ်၊
စီးပွားရေးလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ Etiquette လေးနဲ့ဆိုရင်လောကကြီးကသာယာပြီးလူသားအားလုံးစိတ်ချမ်းမြေ့ပျော်ရွင်ကြမှာပါ…..

အလွှာအားလုံး Etiquette ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆန္ဒပြုရင်း
Photo Credit:Internet (အဲတိကက်)လေး ရှိစေချင်

Photo Credit:Internet
Credit : Writer Sayar U Nyein Oo

Address

76st, Between 9th &10th Street
Mandalay
100101

Opening Hours

Monday 09:00 - 18:00

Telephone

+95943104017

Website

Alerts

Be the first to know and let us send you an email when Lin Thit Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category