Smile Kids

Smile Kids 91St Bet 28x29, Near Chan Thar Ra Pagoda Chan Aye Thar San ,Mandalay

20/12/2025

ဒီဇင်ဘာလအတွင်း ကျောင်းဖွင့်ပိတ်ရက်များအားကြေညာခြင်း။

၁၉-၁၂-၂၀၂၅ (ကရင်နှစ်သစ်ကူးနေ့)
၂၀-၁၂-၂၀၂၅(စနေနေ့)နှင့်
၂၁-၁၂-၂၀၂၅(တနင်္ဂနွေနေ့)
(ကျောင်းပိတ်ရက် ၃ ရက်)။

🔻၂၂/၂၃/၂၄ ကျောင်းဖွင့်ရက်။(Examဖြေဖို့သတ်မှတ်ရက်)🔻

၂၅-၁၂-၂၀၂၅(ခရစ္စမတ်နေ့)၊
၂၆-၁၂-၂၀၂၅(အစားထိုးပိတ်ရက်)
၂၇-၁၂-၂၀၂၅ရက်(စနေနေ့) နှင့်
၂၈-၁၂-၂၀၂၅ရက်(တနင်္ဂနွေနေ့)
(ကျောင်းပိတ်ရက် ၄ ရက်)။

🔻၂၉/၃ဝ/၃၁ ကျောင်းဖွင့်ရက်။

ဝ၁-ဝ၁-၂ဝ၂၆(နိုင်ငံတကာနှစ်သစ်ကူးနေ့)
ဝ၂-ဝ၁-၂ဝ၂၆(အစားထိုးပိတ်ရက်)
ဝ၃-ဝ၁-၂ဝ၂၆(စနေနေ့)
ဝ၄-ဝ၁-၂၀၂၆(တနင်္ဂနွေနေ့)
(ကျောင်းပိတ်ရက် ၄ရက်)

20/12/2025

👩‍🏫👩‍🏫🧑‍🏫🧑‍🏫👩‍🏫

မူကြိုဆရာ/ ဆရာမအတော်များများဟာ ဘာကြောင့်ကလေးတွေကို အသံမာမာနဲ့ သူတို့လေးတွေကို ပြောမိတတ်ကြသလဲလို့ ဖေဖေမေမေတို့ထင်ပါသလဲရှင့် ။ ညီမအခုပြောမဲ့ အချက်တွေထဲမှာ မူကြိုဆရာ/ဆရာမအတော်များများကို အထင်မှားနေကြတဲ့ ဖေဖေမေမေတို့ ဖတ်ရှုပေးပါရှင့် 🥰

နံပါတ်"တစ်"အချက်: : အနေနဲ့ကတော့ ကလေးတွေကိုနေ့တိုင်း အမြဲဆူပူအော်နေတယ် ဆိုတဲ့အချက်ပါ❤

" ညီမလေးတို့ မူကြိုဆရာ/ဆရာမတွေဟာ မတူညီတဲ့ နေရာပတ်ဝန်းကျင်ကနေလာကြတဲ့ သားသားမီးမီးတို့ကို မတူညီတဲ့ ပုံစံမျိုးစံနဲ့ ထိန်းကျောင်းပေးရပါတယ် ။ ဒါဆို လိမ်မာတဲ့ကလေးကိုကျမဆူဘဲ ပြောမရတဲ့ကလေးကျ ဖိနင်းဆူနေတာမျိုးလား ဆိုတော့ လုံးဝမဟုတ်ပါရှင့် ။ စရိုက်မျိုးစုံကိုထိန်းညှိပေး နိုင်ဖို့ကျ အမြဲအော်ပြောနေဖို့ရော လိုလို့လားလို့ မေမေတို့အနေနဲ့ မေးခွန်းထုတ်မိပါလိမ့်မယ်ရှင့် ။ ဒီမေးခွန်းကို ညီမအနေနဲ့ ဖြေရမယ်ဆို မေမေတို့ယုံကြည်လို​့ လာအပ်ထားတဲ့ သားသားမီးမီးတို့ကို တီချယ်တို့က ဒုတိယမိဘသဖွယ် ပြုစုစောင့်ရှောက်တဲ့အခါ မဖြစ်သင့်တာ မပြောသင့်တာ မလုပ်သင့်တာ တွေကို လုပ်မိမှာစိုးလို့ အတန်တန်မှာနေ ချော့မော့ပြောနေတဲ့ ကြားကနေ လုပ်မိလိုက်တဲ့အခါမျိုးဆို ကရုဏာဒေါသနဲ့လေသံမာပြီး ပြောမိတဲ့အခါအသံဟာမထင်မှတ်ဘဲကျယ်သွား တတ်ကြပါတယ်ရှင့် ။ ဥပမာ. ကလေးနှစ်ယောက်အပြန်လှန်ဆော့နေရာကနေ တစ်ဖက်ကလေးကို ထိခိုက်ဒဏ်ရာ ရအောင် မထင်မှတ်ဘဲ လုပ်မိသွားတယ်ဆိုရင် သေချာတယ် ညီမတို့တီချယ်တွေ ခေါင်းကြီးရတဲ့နေ့ပါဘဲ ။ဒါဆို နှစ်ဖက်မိဘကို အကြောင်းကြား တောင်းပန်သင့်တာတောင်းပန်ပြီး ပြေလည်ဖြေရှင်းပေးရပါတယ်။ ညီမတို့ရဲ့ ပေါ့ဆမှုကြောင့်လည်း ပါသလို အချို့ကလေးတွေ ဆိုတာ တစ်ခါပြောလည်း မမှတ်မိ နှစ်ခါလည်းမမှတ်မိအသည်းမာတဲ့အမျိုးအစားထဲပါနေပြီး အခုချော့ပြော အခုပြန်လုပ်တတ်ကျတဲ့ အမျိုးအစားလေးတွေပါရှင့် ကလေးသဘာဝအရလည်းဖြစ်တာကိုးရှင့် ။ ဒါဆို ညီမတို့တီချယ်တွေ အနေနဲ့ ဒီကလေးတွေကို ဒီနေ့ ချော့ပြော ဆူပြီးရင် နောက်နေ့ရော မဆူရ မပြောရ တော့ဘူးလားရှင့် ။ မရပါဘူးနော် လုံးဝမရပါဘူးဖေဖေမေမေတို့ရေ ဒီနေ့ဆူပြီး နောက်နေ့မမြင်ချင်ယောင်ဆောင်နေလိုက်မယ်ဆိုရင် အာ့ကလေးတွေ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်ကြည့် ထိခိုက်နစ်နာသူဟာ ကလေးတွေပြီးရင် ဖေဖေမေမေတို့ပါဘဲရှင့်။ ဒါကြောင့် ညီမတို့တီချယ်တွေဟာ နေ့စဥ်နဲ့အမျှ တစ်ယောက်မကတဲ့သားသားမီးမီးတို့ကို ချော့တလှည့် ဆူတလှည့်နဲ့ အသံကဘာကြောင့် ကျယ်ကျယ်သွားရတာလဲ ဘာကြောင့် ပြောရသလဲ ဘယ်သူလေးတွေအတွက်ပြောပေးနေရသလဲဆိုတာ နားလည်ပေးမယ်လို့ထင်မိပါတယ်ရှင့် 🥰

နံပါတ်" နှစ် " .အချက်အနေနဲ့ကတော့ ကျောင်းမှာ ထမင်းမကုန်လာဘူးဆိုတဲ့အချက်ပါ ။ နောက်ပြီး ကလေးကို ထမင်းမကုန် ကုန်အောင် အတင်းစားခိုင်းတယ်ဆိုတဲ့အချက်ပါရှင့် 🥰🥰

ညီမတို့ဟာ တစ်ခါတစ်လေ ကလေးတွေထမင်းကျွေးရတဲ့အခါ စိတ်ဓာတ်ပါကျရပါတယ်ရှင့် ။ ဘာလို့လဲဆိုရင် ဖေဖေမေမေတို့ဟာ ညီမတို့ရဲ့ တောင်းဆိုချက်ကို လုံးဝလက်မခံပေးကြလို့ပါရှင့် ။ ကိုယ့်သားသမီး စားလို့ကုန်နိုင်လောက်တဲ့ပမာဏသာ ထည့်ပေးဖို့တောင်းဆိုရင် အတင်းဖိထည့်ပေးလိုက်ကြပါတယ် ။ ကလေးကမကုန်လာရင် ဘာလို့မကုန်လာရတာလဲဆိုပြီး ညီမတို့တီချယ်တွေက မကျွေးဘူးလားလို့ စိတ်ဆိုးတတ်ကြပါတယ် ။ ဒါဟာ ကလေးတွေရဲ့ အပြစ်မဟုတ်သလို တီချယ်လေးတွေ အပြစ်လည်းမဟုတ်ပါဘူးနော် ။ ကလေးကို စားကုန်စေဖို့ ကျွေးရင်းနဲ့ကနေ မကုန်လို့ပြန်ပိုလာတာမို့လို့ နားလည်ပေးကြပါရှင့် ။ မကုန်ကုန်အောင်ကျွေးတယ်ဆိုတဲ့ပြဿနာအစကဒီမှာပါရှင့် ကလေးတစ်ယောက်ရဲ့ စားနိုင်ယုံလောက်နဲ့မညီမျှတဲ့ ထမင်းအများကြီး ထည့်ပေးလိုက်တာကတော့ တကယ်အဆင်မပြေတာပါရှင့် ။ တောင်းဆိုလို့မရတဲ့အဆုံးပါလာတဲ့ထမင်းဟင်းလေးကို ညီမတို့လည်းတတ်နိုင်သလောက် သားရေ သမီးရေ ဖေဖေမေမေတို့က အားရှိအောင် စားစေချင်လို့ပါနော်ဆိုပြီး ချော့မော့ကျွေးယုံကလွှဲလို့ ဘာမှမတတ်နိုင်ပါဘူးနော် ။ ဆရာမတွေကအတင်းထိုးထည့်ကျွေးနေကြတယ်ဆိုတဲ့အချက်ကတော့လေ တီချယ်တိုင်းတော့မဟုတ်လို့ နားလည်ပေးပါရှင့်။ ဒါကြောင့် ကလေးကို ညီမတို့အတင်းဖိအားပေးကျွေးရတာမျိုးလည်း တကယ်အဆင်မပြေလို့ကလေးထမင်းဗူးလေးထဲ ထမင်းလေးတွေ ပြန်ပိုလာရင်ဒီလိုလည်းဖြစ်နိုင်တာဘဲဆိုတဲ့အတွေးလေးနဲ့ ဖေဖေမေမေတို့ ဖြည့်တွေးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင့် ။🥰

နံပါတ် "သုံး" အချက်အနေနဲ့ကတော့ ကလေးတွေမအိပ်ချင်တာကို အတင်းဖိအားပေးပြီး ဆူပူအိပ်ခိုင်းတယ်ဆိုတဲ့အချက်ပါ 🥰

ကလေးတွေကို သိပ်ရတဲ့အခါ တစ်ယောက်တည်းသိပ်ရတာမဟုတ်ပါ ။ အများကြီးကို တစ်နေရာတည်း တစ်ချိန်တည်း တစ်ယောက်ချင်းစီ လိုက်ချော့သိပ်ဖို့ကလည်း တကယ်မလွယ်ကူလှပါဘူးရှင့် ။ ဒါကြောင့် အိပ်ချိန်ဆို ပုံပြင်ပြောပြီး သိပ်ပေးတာကတစ်မျိုး လေသံမာမာနဲ့ဆူရ ပြောရ သိပ်ရတာကတစ်မျိုး တစ်လှည့်စီကျင့်သုံးရပါတယ်ရှင့် ။ဘာလို့ဆူတာလဲ ဆူဖို့လိုသလားဆို ဟုတ်ကဲ့လိုပါတယ်ရှင့် ။ အာ့လိုချော့ပြောပြီးသိပ်မရတဲ့အမျိုးအစားထဲမှာ လက်သွက်တဲ့ကလေးတစ်ယောက်သာပါကြည့် အိပ်နေတဲ့ကလေးတွေကို တို့တာ ဆွဲစိတ်တာ အသံကျယ်ကြီးတစ်ယောက်တည်း တစ်ခုခုလုပ်နေတာမျိုးဆို တခြားအိပ်တဲ့ကလေးတွေအတွက် တကယ်အဆင်မပြေလို့ ညီမတို့က ထိုကလေးကို ဆူတလှည့်ချော့တလှည့် မအိပ်ချင်ရင် တခြား Activity တစ်ခုခုလုပ်ခိုင်းရပါတယ်နော် ။ မအိပ်တာထက်စာရင်တော့ ဖေဖေမေမေတို့ရော တီချယ်တို့ရော အိပ်တာကိုပိုပြီးနှစ်သက်သဘောကျတာပေါ့နော် ။ ဒါကြောင့်ကလေးအများကြီးကို တစ်ပြိုင်တည်းသိပ်ရတဲ့အခါ ဘာကြောင့် ဒီဆရာ/ဆရာမအသံကဒီလိုကြောင့် ကျယ်နေရတာပါလားဆိုတာလေး ဖြည့်တွေးပေးပါရှင့် 🥰

စာကအရမ်းရှည်သွားပေမဲ့ ဖတ်ရှုပေးတဲ့အတွက် တီချယ်တို့စိတ်သဘောလေးတွေ နားလည်သဘောပေါက်မယ်ဆိုရင် တကယ်ကျေးဇူးတင်မိမှာပါရှင့်🥰

အခုတော့ကျောင်းပိတ်ရက်လေးမှာ ဖေဖေမေမေတို့ရဲ့ သား/ သမီးလေးတွေကိုဖေဖေမေမေတို့ထိန်းရသလို တီချယ်တို့လည်း ဘယ်လိုဘယ်ပုံထိန်းနေရသလဲဆိုတာလေးပါ ကွက်ကွက်နဲ့ကွင်းကွင်း မြင်မိပါလိမ့်ရှင့် 🥰😁

06/12/2025

☘️☘️မိဘတိုင်းသိသင့်တဲ့အမှန်တရားကိုသိဖို့အလင်းပြလိုက်ပါတယ်ရှင့်

☘️အုတ်မြစ်ခိုင်ဖို့
☘️အုတ်မြစ်ခိုင်အောင်ဘယ်လိုလုပ်ကြမလဲ
❤️၁။မူလတန်းအခြေခံကောင်းအောင်မိဘဘက်ကပံ့ပိုးပေးရမည်။အုတ်မြစ်ခိုင်မှ အခြေခိုင်မှမို့ မူလတန်းပညာရေးကိုမပေါ့ဆသင့်ပါ။
❤️မူလတန်းအရွယ်ဆိုတာ
📌အခြေခံစဉ်းစားတက်ဖို
📌ဘာသာစကားဖွံဖြိုးမှု
📌လူမှုဆက်ဆံရေးနဲ့ကိုယ်ပိုင်ယုံကြည်မှု စတာတွေဖွံ့ဖြိိုးတဲ့အရွယ်ဖြစ်ပါတယ်ရှင့်
📌မူလတန်းမှာအခြေခံပါလာတဲ့ကလေးက
📌သင်ယူမှုမြန်ဆန်တယ်
📌ယုံကြည်မှုရှိလာတယ်
📌ပြဿနာတွေကိုရဲရဲဝံ့ဝံ့ဖြေရှင်းနိုင်တယ်
📌ဆရာ/ဆရာမကိုတစ်ခုခုဆိုရဲရဲတင်ပြရဲတယ်
☘️မူလတန်းအခြေခံမပါတဲ့ကလေးကတော့
📌သင်ယူမှုမှာခက်ခဲတယ်
📌အားငယ်တွန့်ဆုတ်နေတက်တယ်
📌ပြဿနာတစ်ခုခုဆိုရှောင်တိမ်းလိုစိတ်ရှိပြီးဆရာ/ဆရာမကိုတစ်ခုခုဆို မပြောရဲဘူး၊မမေးရဲဘူး
✅တက္ကသိုလ်ရောက်လာတဲ့အချိန်ကျတော့အရည်အချင်းတွေကွာခြားသွားပြီးအဲဒီအခါမှာတော့လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေဖြစ်လာတော့တယ်
📌ငယ်တုန်းကခြေခိုင်ခဲ့တဲ့ကလေးတွေကသူတို့ရဲ့ပညာရေးမှာဆိုင်တဲ့ရွေးချယ်မှုတွေကိုကောင်းကောင်းမှန်မှန်ရွေးချယ်နိုင်တယ်၊လူမှုဆက်ဆံရေးကောင်းတယ်၊အလုပ်အကိုင်အခွင့်အလမ်းတွေပိုကောင်းတယ်၊ဘဝမှာအောင်မြင်မှုတွေပိုရနိုင်တယ်
✍️✅အဲဒီတော့အုတ်မြစ်မခိုင်ခဲ့ရင်အလွယ်တကူပျက်စီးနိုင်တာမို့ မိဘတို့ မူလတန်းအရွယ်မှာ ကလေးကိုအခြေခံပါအောင်သင်နိုင်တဲ့ လူနည်းနည်းနဲ့ထိရောက်အောင်သင်ပေးတဲ့Smile Kids ကိုရွေးချယ်ထားကြပါစို့🙏🏻🙏🏻🙏🏻
✍️✍️မူလတန်းအရွယ်ကတကယ်ကိုအရေးပါကြောင်းရေးသားလိုက်ပါတယ်ရှင့်👍

မူကြိုမှာ ဘာတွေသင်တာလဲ ????ဝလုံးဆွဲတာ သင်တာလား????ကကြီး ခခွေး ရေးတာ သင်တာလား???ဒီမေးခွန်းကို မိဘတော်တော်များများမူကြိုအပ...
30/11/2025

မူကြိုမှာ ဘာတွေသင်တာလဲ ????
ဝလုံးဆွဲတာ သင်တာလား????
ကကြီး ခခွေး ရေးတာ သင်တာလား???

ဒီမေးခွန်းကို မိဘတော်တော်များများ
မူကြိုအပ်တဲ့အခါ မေးဖူးကြမှာပါ 💬💬

ဒီ post ကို အဆုံးထိ ဖတ်ပြီးရင်တော့ မူကြိုမှာ
ဘာတွေသင်လည်း သိသွားပါမယ်ရှင့်💁🏻‍♀️💁🏻‍♀️💁🏻‍♀️

ကလေးငယ်တွေရဲ့ ဦးနှောက်မှတ်ဉာဏ်🧠ဟာ မွေးစကနေ ငါးနှစ်အတွင်းမှာ ၉၀% လောက် ဖွံ့ဖြိုးပါတယ်

၅ နှစ်ကျော်သွားရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုက ၁၀% လောက်ပဲ ရှိပါတော့တယ်

မူကြို ကလေးအရွယ်တွေဖြစ်တဲ့
၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံး 🌻အချိန်ဖြစ်တဲ့အတွက် သင်ယူမှု နည်းလမ်းစနစ် မှန်ကန်ဖို့က အရေးကြီးပါတယ်

၃ နှစ်အရွယ် ကလေးများရဲ့ လက်ချောင်းကြွက်သားများ၊ အရိုးများဟာ ပြည့်စုံကောင်းမွန်အောင် သန်မာတဲ့ အဆင့်ထိ မရောက်ရှ်ိသေးပါဘူး

ဒါကြောင့် မို့လို့ ၃ နှစ်အရွယ် ကလေးတွေကို မူကြိုသင်ကြားတဲ့ အခါမှာ စာအရေးအသား(၀လုံး၊ ကကြီး၊ခခွေးစသဖြင့်) ကို စတင်ရေးသား၍ သင်ကြားခြင်းမျိုး မပြုလုပ်ရပါဘူး ❌❌

စာမရေးခင်မှာ ကလေးတွေရဲ့ လက်ချောင်းကြွက်သားတွေ သန်မာအောင်
&Craft တွေ ပြုလုပ်ပေးတာမျိုး🎨🖌️
ကလေးတွေကို သင်ခန်းမသင်ကြားခင်မှာ အဲ့ဒီ့သင်ခန်းစာနဲ့ ပတ်သက်တဲ့
&movement 🎹🎤🎧🎵တွေပြုလုပ်ပေးခြင်းဖြင့်လည်း ကလေးတွေတက်ကြွပျော်ရွှင်အောင် ဆောင်ရွက်ပေးရပါတယ် 💁🏻‍♀️

📖 တွေလုပ်ပေးခြင်းဖြင့် ကလေးတွေရဲ့ စိတ်ဝင်စားမှု ရရှိအောင် ဆောင်ရွက်ပေးရပါတယ်

ဒါဆိုရင် မူကြိုစာတွေချည်းသင်နေယုံနဲ့ ပြီးပြီလားဆိုတောာ့ မဟုတ်သေးပါဘူး
မူကြိုအရွယ် ကလေးငယ်တွေအတွက်
နယ်ပယ်ငါးရပ်လုံးဖွံ့ဖြိုးအောင်
#ကစားချိန်
#ထမင်းစားချိန်
#အဆာပြေစားချိန်
#အိပ်ချိန်
#စာဖတ်ချိန်

စသဖြင့် အမျိုးမျိုးသော သင်ခန်းစာတွေကို အမျိုးမျိုးသော သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးရပါတယ်
ကဲ ဒါဆိုရင်တော့ မူကြိုမှာဘာတွေသင်လဲ ဆိုတာသိရှိသွားလောက်ပါပြီနော်💓💓💓

(မူရင်းရေးသားသူအား credit ပေးပါသည်)

30/11/2025

#ကလေးတစ်ယောက်ဘဝအောင်မြင်ဖို့ ဗေဒင်ယတြာတွေတွက်ဖို့မလိုဘူး မူကြိုကစပြီးပညာရေးမှာ
ရင်းနှီးမြုပ်နှံပေးရင်ရပြီ

“Step into joy ,Step into learning—Smile Kids”
30/11/2025

“Step into joy ,Step into learning—Smile Kids”

29/11/2025
Dinosaur Kingdom သွားရောက်လည်ပတ်မည့်အကြောင်းမင်္ဂလာပါ Smile Kids မိဘများအားလုံးကိုဒီအပတ်သောကြာနေ့(၂၈.၁၁.၂၀၂၅)မှာ Dinosau...
23/11/2025

Dinosaur Kingdom
သွားရောက်လည်ပတ်မည့်အကြောင်း
မင်္ဂလာပါ Smile Kids မိဘများအားလုံးကို
ဒီအပတ်သောကြာနေ့(၂၈.၁၁.၂၀၂၅)မှာ Dinosaur Kingdom သွားရောက်လည်ပတ်သွားမည့်သတင်းလေးကိုမျှဝေပေးချင်ပါတယ်ရှင့်📣📣
Dinosaur Kingdom သည်Very realistic.Big dinosaur စိတ်ဝင်စားဖွယ်အရာတွေအများကြီးပါတဲ့နေရာဖြစ်ပါသည်။ကျွန်မတို့စာအုပ်ထဲမှာဘဲတွေ့မြင်ဖူးတဲ့dinosaur တွေကိုလက်တွေ့မြင်နိုင်မည့်အခွင့်အလမ်းကြီးဖြစ်ပါတယ်။
ဤခရီးကိုသွားခြင်းက ကျွန်မတို့ကို
📌အသိပညာအသစ်တွေသင်ယူစေပြီး
📌သူငယ်ချင်းတွေနဲ့ပူပေါင်းဆောင်ရွက်တဲ့အတွေ့အကြုံကိုရရှိစေနိုင်မယ်
📌ပျော်ရွှင်ဖွယ်အမှတ်တရများလည်းဖန်တီးပေးနိုင်မယ်
❤️❤️ဒီExcursionလေးကလေ့လာစရာ၊သင်ယူစရာ၊ပျော်စရာများစွာထည့်သွင်းပေးမည့်ခရီးလေးဖြစ်မယ်လို့ယုံကြည်ထားပါတယ်။
ကျေးဇူးတင်ပါတယ်။
Tr Hlaing

🌍 ကမ္ဘာကလေးများနေ့ ဖြစ်ပေါ်လာပုံကမ္ဘာကလေးများနေ့ (Universal Children’s Day) ကိုUN (ကုလသမဂ္ဂ) က ကလေးတို့အခွင့်အရေး၊ ကလေးက...
20/11/2025

🌍 ကမ္ဘာကလေးများနေ့ ဖြစ်ပေါ်လာပုံ

ကမ္ဘာကလေးများနေ့ (Universal Children’s Day) ကို
UN (ကုလသမဂ္ဂ) က ကလေးတို့အခွင့်အရေး၊ ကလေးကာကွယ်စောင့်ရှောက်မှု၊
ကလေးတွေလွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်ရေး
အရေးကြီးကြောင်းကို ပြသရန် ၁၉၅၄ ခုနှစ် တွင် စတင် ကြေညာထားတာပါ။

UN က ‌နိုင်ငံတိုင်းကို
“ကလေးတွေကိုချစ်ခင်ကာကွယ်ပြီး သူတို့အနာဂတ်အတွက်အတူတကွ လုပ်ကြစို့”
ဆိုတဲ့စိတ်ဓာတ်နဲ့ ကျင်းပကြဖို့ စတင်ခဲ့တယ်

🎯 ရည်ရွယ်ချက်

ကမ္ဘာကလေးများနေ့ရဲ့ အဓိကရည်ရွယ်ချက်တွေက—

1. ကလေးတို့အခွင့်အရေးကို လေးစားစေဖို့

2. ကလေးတွေကို အန္တရာယ်ကင်းအောင် ကာကွယ်စောင့်ရှောက်ဖို့

3. သင်ကြားပညာ၊ ကျန်းမာရေး၊ အစားအစာ၊ ချစ်ခင်မှုတွေ ရရှိစေဖို့

4. ကလေးတိုင်းဟာ တန်ဖိုးရှိပြီး ဂုဏ်သိက္ခာရှိသူဆိုတာ အသိပေးဖို့

5. နိုင်ငံတွေအကြား ကလေးအတွက် ပူးပေါင်းလုပ်ဆောင်ရေး တိုးမြှင့်ဖို့

နောက်UN ကကြေညာထားတဲ့ကမ္ဘာကလေးများနေ့နေ့ရက်ကတော့ ၁၁ လပိုင်း ၂၀ ရက် (November 20)ဖြစ်ပါတယ်။

ပြီးတော့ကလေးအခွင့်အရေးပါစာချုပ် (CRC) ကို ၁၉၈၉ ခုနှစ်မှာ အတည်ပြုခဲ့သည့်။

နှင့် ကလေးအခွင့်အရေးကြေငြာစာတမ်း (1959) တင်သွင်းခဲ့တဲ့နေ့ဖြစ်လည်းဖြစ်တာကြောင့် တစ်ကမ္ဘာလုံးမှ အရေးကြီးဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

၄င်းကလေးအခွင့်ရေးကြေငြာစာတမ်း
က အောက်ပါအချက်အောက်ပါအချက် (၄)ချက်

1. ရှင်သန်ခွင့် (Survival)
ကလေးတိုင်းကလေးတိိုင်း အသက်ရှင်သန်နိုင်ဖို့ လုံလောက်သောအစားစာစားသုံးပြီး ကျန်းမာရမယ်။လုံခြုံသောပတ်ဝန်းကျင်နဲ့ယုံကြည်မှုအပြည့်ရှိသောကလေးတွေဖြစ်ဖို့

2. ဖွံ့ဖြိုးခွင့် (Development)
ကလေးသဘာဝကစားခြင်းဖြင့်သင်ယူစေရန်
စိတ်ပိုင်းဆိုင်ရာကျန်းမာမှု
ကလေးတိုင်းပညာရေးတန်းတူအခွင့်ရေးရရန်

3. ကာကွယ်စောင့်ရှောက်ခွင့် (Protection)
အကြမ်းဖက်ခိုင်းစေမှုမရှိစေရန်
တန်းတူညီအခွင့်ရေးနှင့်မိမိကိုယ်ကိုတန်ဖိုးထားတတ်စေရန်(မထိရများကိုနားလည်စေရန်)

4. ပါဝင်ခွင့် (Participation)ဖြစ်တယ်။
ကလေးသိလိုသောမေးခွန်းအတွက်မေးနိုင့်ရှိစေရန်
အသက်အရွယ်အလိုက်ကလေး၏ဆုံးဖြတ်နိုင်စွမ်းနှင့်ကလေး၏စိတ်သဘောထားကိုအလေးနက်ထားစေရန်

ဒီအချက်(၄)ချက်ကို၁၉၈၉ နိုင်ဝင်ဘာ၂၀ရက်နေ့မှာတော့UNကအတည့်ခဲ့တယ်။
၁၉၉၀မှာတောနိုင်ငံကြီးအသီးသီးကနေလက်မှတ်ရေးထိုးအတည်ပြုလာခဲ့ကြပြီးတစ်ကမ္ဘာလုံးကိုအသိပေးလာခဲ့တယ်။

ကမ္ဘာကြီးလှပကျန်းမာပြီး ကမ္ဘာ့အနာဂတ်လှပခမ်းနားဖို့သည် ။

Address

91St Bet 28x29, Near Chan Thar Ra Pagoda, Chan Aye Thar San
Mandalay

Telephone

+959962090405

Website

Alerts

Be the first to know and let us send you an email when Smile Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category