13/11/2020
ယခုပညာသင်နှစ် ကျောင်းတွေပြန်ဖွင့်ဖို့နဲ့ စာမေးပွဲတွေကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ အခြေခံပညာဦးစီးဌာနပြော
--------------------------------
ရန်ကုန်၊ နိုဝင်ဘာလ ၁၃
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ မြင့်တက်လျက်ရှိနေသည့်အတွက် ယခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် သင်ယူတတ်မြောက်ခြင်းစာမေးပွဲများကျင်းပရန် မဖြစ်နိုင်တော့ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။
“ကူးစက်မှုကလည်းလျော့မလာသေးတဲ့အတွက်ကြောင့် ဆရာတို့က ကျောင်းဖွင့်ဖို့ကိစ္စ တော်တော်မလွယ်မယ့် အနေအထားတော့ရှိတာပေါ့၊ ဒါပေမယ့် တခြားနိုင်ငံတွေဘယ်လိုလုပ်နေမလဲ ကိုယ်တွေလဲ အဲ့လိုလုပ်နိုင်မလား သုံးသပ်ရမှာပေါ့၊ ကိုဗစ်က အခြေအနေကောင်းလာပြီဆိုရင်တောင်မှ ကျောင်းတွေမှာ ပထမအရင်ဖွင့်တုန်းကလို ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ရမှာတွေအများကြီးရှိတယ်၊ ဒါပေမယ့် ဒါတွေက ဆရာတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်” လို့ ဒေါက်တာတင်မောင်ဝင်းကဆိုပါတယ်။
ထိုပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူမှုအပြည့်အဝမရရှိထားသည့်အတွက်ကြောင့် စာမေးပွဲများ ကျင်းပနိုင်မည်မဟုတ်ကြောင်း ၄င်းကသုံးသပ်ပြောကြားထားပါတယ်။
“အခုဆိုရင် နောက်သုံးလလောက်ဆို တစ်နှစ်ပြည့်ပြီ သင်ခန်းစာနဲ့ပတ်သက်ပြီး ဘာမှသင်ယူမှုမရှိတဲ့ကလေးက အတန်း ၈ တန်းလောက်ရှိတယ်Grade-10, Grade-11 လောက်က တစ်လကျော်ကျော်လောက် တချို့ကျောင်းတွေကတော့ဖွင့်တယ် ရက်ပိုင်းလေးဖွင့်ပြီး ပြန်ပိတ်သွားရတဲ့ကျောင်းတွေလည်းရှိတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်အဆင်ပြေတဲ့သူတွေကတော့ သင်ယူနေကြတာပေါ့ ဒါပေမယ့် လာမည့် မတ်လမှာ စာမေးပွဲစစ်ခြင်း၊ မစစ်ခြင်းဆိုတာကတော့ ဆရာတို့အမြင်ကတော့မဖြစ်နိုင်ဘူး” လို့ ၄င်းက ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/50920.html
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ မြင့်တက်လျက်ရှိနေသည့်အတွက် ယခုပညာသင်နှစ်မှာ အခြေခံပညာကျ...