Maths Hub

Maths Hub

Share

How to teach Singapore Maths,Cambridge Maths,Pearson Maths,Olympiad Maths

06/02/2025
Photos from Maths Hub's post 05/02/2025

Telling the Time မှာ Grade2ကလေးအများစုအခက်တွေ့စေတာdigital clock ရေးနည်းလေးပါ။Tr တို့မေမေတို့မှ များများလေ့ကျင့်‌ပေးနိုင်ရန် worksheets လေးများတင်ပေးလိုက်ပါသည်။

Photos from Maths Hub's post 06/05/2024

Multiplication table မသင်ခင် အရင်ဆုံးသင်ပေးထားသင့်တဲ့Skip Counting လေးတွေတင်ပေးလိုက်ပါပြီရှင့်။
နွေရာသီ အားလပ်ရက်မှာ အိမ်မှာပဲလေ့ကျင့်ပေးချင်တဲ့ဖေဖေမေမေတို့အတွက်အလွန်အသုံးဝင်စေမှာပါ။ 1-100 countingလုပ်တတ်ပြီးမှ သင်ပေးစေချင်ပါတယ် ရှင့်။အသက်အားဖြင့် 6-7-8 နှစ်ဝန်းကျင်ကလေးများ အတွက် အဆင်ပြေစေမှာပါရှင့်❤❤
Activities worksheetsလေးများပါတဲ့အတွက် ကလေးအများနဲ့သင်မယ့်တီချယ်များအတွက်လည်း အလွန်အသုံးဝင်စေမှာပါ။

06/02/2024

Maths သင်ရိုးတွေက ဘာတွေ ကွာတာလဲ?

ဒီနေ့မှာတော့ သားငယ်၊ သမီးငယ်တွေကို သင်္ချာစွမ်းရည်တွေတိုးတက်စေဖို့အတွက် လေ့ကျင့်သင်ကြားပေးလိုကြတဲ့ မိဘတွေနဲ့ Maths သင်ကြားရေးနယ်ပယ်က ဆရာ၊ ဆရာမတွေ သိရှိမေးမြန်းလိုကြတဲ့ Singapore Math, Cambridge Math နဲ့ Olympiad Math တို့ရဲ့ ကွာခြားမှုတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်ရိုးတွေကို အကြမ်းဖျင်းခွဲခြားလိုက်မယ်ဆိုရင် Academic Math နဲ့ Competition Math လို့ တွေ့ရမှာဖြစ်ပါတယ်။

Singapore Maths နဲ့ Cambridge Maths ကတော့ Academic Maths သင်ရိုးတွေ ဖြစ်ပြီး Olympiad Maths ကတော့ စွမ်းရည်ပြိုင်ပွဲအတွက်ရည်ရွယ်တဲ့ Competition Math ဖြစ်ပါတယ်။

Singapore Maths

- စင်ကာပူနိုင်ငံရဲ့ Government School မှာ ပြဋ္ဌာန်းသင်ကြားတဲ့ သင်ရိုးကို အခြေတည်ထားတာ ဖြစ်ပါတယ်။
- Primary Level နဲ့ Secondary Level ဆိုပြီး ရှိပြီးတော့ မြန်မာနိုင်ငံရဲ့ Government School တွေကိုတက်ထားတဲ့ ကလေးတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။

- Concrete-Pictorial-Abstract (CPA) Approach နဲ့ လေ့ကျင့်သင်ကြားပေးတာဖြစ်ပြီး Problem-Solving Skills တွေကို ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။

- လက်တွေ့ဆန်ဆန် ဖြေရှင်းလေ့ကျင့်မှုတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ သင်္ချာပညာရပ်ဆိုင်ရာ အသိပညာရပ်များကို တွေးခေါ်ဖြေရှင်းနိုင်စွမ်းတွေ တိုးပွားလာစေနိုင်ပါတယ်။

- International Mathematics Assessments တွေမှာ ကောင်းမွန်တဲ့ Results တွေ မြင်တွေ့ရတာကြောင့် Singapore Math ကို Private School, International School တွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာဖြစ်ပါတယ်။

- အတွက်အချက်စွမ်းရည်သာမက တွေးခေါ်နိုင်တဲ့ စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်တာကြောင့် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသင့်တဲ့ သင်ရိုးတစ်ခုလည်း ဖြစ်ပါတယ်။

Cambridge Maths

- Cambridge University ကနေ စီစဉ်ထားတဲ့ International Assessment Curriculum တွေထဲက တစ်ခု ဖြစ်ပါတယ်။
- ဒီသင်ရိုးမှာဆိုရင် Primary Level ကနေစပြီး Advanced Level အထိ ကလေးတွေကို အသက်အရွယ်အလိုက် သင်္ချာပညာရပ်ဆိုင်ရာ စွမ်းရည်တွေ၊ အယူအဆတွေကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်စေဖို့ စီစဉ်ရေးဆွဲထားပါတယ်။
- လတ်တလော International School အများစုမှာ အသုံးပြုသင်ကြားနေတဲ့ သင်ရိုးတစ်ခုဖြစ်ပြီး
- Primary Stage၊ Lower Secondary Stage၊ Upper Secondary Stage နဲ့ Advanced Level (A Level) ဆိုပြီးတော့ အဆင့် (၄) ဆင့်ရှိပါတယ်။
- ဒီသင်ရိုးနဲ့သင်ကြားပြီးတဲ့အခါ ကလေးတွေရဲ့ Level အလိုက်တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ပေးတဲ့ IGCSE, Cambridge International AS & A Level Mathematics တို့လို International Mathematics Assessment Exam တွေကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

- သင်္ချာစွမ်းရည်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိမှတ်ပြု Certificate တွေရယူလိုတဲ့သူတွေအနေနဲ့ ဒီသင်ရိုးကို လေ့လာသင်ယူသင့်ပါတယ်။

28/01/2024


27/03/2023

Only genius can solve this problem.

Photos from Maths Hub's post 23/03/2023

Englishသင်နေတဲ့Teacherတွေအတွက်အလွန်အသုံးဝင်တဲ့စာအုပ်လေးတွေပါ လိုအပ်ရင်comment မန့်ခဲ့ပါ
telegramကနေ free ပို့ပေးပါ့မယ်

Photos from Maths Hub's post 10/03/2023




လွတ်လပ်စွာယူသုံးနိုင်ပါတယ်

Photos from Maths Hub's post 26/10/2022

Area and perimeterတွေရှာဖို့ သာမန် ပုစ္ဆာလေးတွေပြီးသွားရင် Brain Challenging ဖြစ်စေမယ့် Singaporeသင်ရိုးအခြေခံ Composite figuresများကိုပြုလုပ်ပေးထားပါသည်

Photos from Maths Hub's post 09/09/2021

*ကျောင်းသင်ရိုးညွှန်းတမ်းတွေကိုကျယ်ကျယ်ပြန့်လေ့လာချင်
ပါသလား?
*ဘယ်လိုစာအုပ်တွေကပိုပြီးထိရောက်ပါသလဲ?
*Onlineပေါ်မှာမဟုတ်ဘဲ e-bookအနေနဲ့အပိုင်သိမ်းထားချင်တယ်ဆိုရင်တော့

Mathematics,Chemistry, Physics Biology,
English,Ecology,Geology,History,Political Science, Law အစရှိတဲ့စာအုပ်များကိုတစ်နေရာတည်းမှာ တွေ့နိုင်တဲ့လအကောင်းဆုံး website လေးကို ဝင်လေ့လာသင့်ပါတယ်နော်

https://www.pdfdrive.com/

09/09/2021

7 Zoom Meeting Tips Every User Should Know!💻✨

ဒီနေ့ဖော်ပြပေးမယ့်အကြောင်းကတော့ အိမ်ကနေကျောင်းတက်၊ရုံးတက်သူတွေ နောက်ပိုင်း video conferencing များသုံးလာရတဲ့အတွက် Zoom အသုံးပြုတဲ့အခါအဆင်အပြေဆုံးဖြစ်ဖို့အတွက် tips (၇) ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

1️⃣ပထမဆုံး tip ကတော့ shortcut key လေးတစ်ခုပါ။ Zoom meeting တစ်ခုမှာ လူအရမ်းများပြီး ရုတ်တရက်background noise (နောက်ခံဆူညံသံ) များကအနှောင့်အယှက် ဖြစ်နေပါက ‘Alt+M’ နှိပ်လိုက်ပြီး meeting ထဲမှparticipant အကုန်လုံးကို ချက်ချင်း mute (အသံပိတ်) နိုင်ပါတယ်။ Participants window ထဲမှာ ‘Mute All’ ခလုတ်ရှိပေမယ့် အဲ့ဒီ window ကိုမဖွင့်ထားတဲ့အခါ ‘Alt+M’ shortcut key ကိုနှိပ်ပြီးသုံးနိုင်ပါတယ်။ Mac user များကတော့‘Command+Ctrl+M’ နှိပ်ပေးရမှာဖြစ်ပါတယ်။

2️⃣ဒုတိယ tip အနေနဲ့ကတော့ Zoom အသုံးပြုသူအများစု screen share တဲ့အခါ အာရုံနောက်စေတဲ့ floating menu လေးကိုဖျောက်နည်းပါ။ Browser မှာ tab တွေဖွင့်ထားပြီး tab တစ်ခုကိုနှိပ်ချင်ပေမယ့် ‘Stop Share’ အနီရောင်ခလုတ်ကို မှားနှိပ်မိသွားတတ်ကြပါတယ်။ လုပ်ရမှာကတော့ floating menu ထဲက ‘More’ ကိုနှိပ်ပြီး သူ့အောက်ကကျလာတဲ့အထဲက ‘Hide Floating Meeting Controls’ ကိုရွေးပေးရမှာဖြစ်ပါတယ်။ Shortcut key ကတော့‘Ctrl+Alt+Shift+H’ ဖြစ်ပြီး ပြန်ပေါ်လာစေချင်ရင် ‘Esc’ ခလုတ်ကိုနှိပ်လိုက်ရုံပါဘဲ။

3️⃣တတိယ tip လေးကတော့ Zoom meeting ထဲဝင်တဲ့အခါ video ကို ပိတ်ပြီးသားနဲ့ဝင်အောင်လုပ်နည်းလေးပါ။ ဒါအတွက် desktop app ထဲဝင်ပြီး gear icon နဲ့တူတဲ့ setting ထဲဝင်ရပါမယ်။ ပေါ်လာမယ့် window ထဲက ‘Video’ အောက်မှာ ‘Turn off my video when joining meeting’ ကိုရွေးထားပေးရမှာဖြစ်ပါတယ်။

4️⃣စတုတ္ထ tip တော့ Virtual Background နဲ့ပတ်သတ်တဲ့ tip လေးပါ။တခါတလေအပြင်ရောက်နေရင်းကနေ Zoom meeting တက်ရတဲ့အခါဖြစ်စေ၊အိမ်ရဲ့အနည်းငယ်ရှုတ်ပွနေတဲ့နေရာကနေ meeting တက်ရတဲ့အခါဖြစ်စေ ကိုယ့်အနောက်ပတ်ဝန်းကျင်ကိုဖျောက်ထားဖို့ အရမ်းအသုံးဝင်တဲ့ feature လေးဖြစ်ပါတယ်။ပေးထားပြီးသား default virtual background များအပြင် ကိုယ်ပိုင် virtual background များကိုလည်း ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။

5️⃣Tip ၅ခုမြောက် အနေနဲ့ Zoom meeting များကို အချိန်ဇယားဆွဲတဲ့အခါ ပိုအဆင်ပြေအောင်ပြုလုပ်နည်းပါ။ Google Calendar အသုံးပြုသည့်အခါ calendar အတွက် add on (သို့) extensions များကို download လုပ်ပြီး အသုံးပြုကြသင့်ပါတယ်။ Google Chrome မှာ Zoom Scheduler extension ကို install လုပ်ပြီး pin ထားပါက icon လေးပေါ်နေမှာဖြစ်ပါတယ်။ Extension icon လေးကိုနှိပ်ပြီး Zoom meeting များကိုတန်းပြီး schedule, join နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် Google Calendar မှာ schedule ဆွဲတဲ့အခါ ‘Make it a Zoom Meeting’ ကိုနှိပ်ပြီး Zoom Meeting တစ်ခုကိုတန်းပြီးဖန်တီးနိုင်ပါတယ်။

6️⃣Tip No.6 ကတော့ Tip No. 2 တုန်းကပြောခဲ့တဲ့ floating menu မှာပါတဲ့ ‘New Share’ နဲ့ ‘Pause Share’ ကိုစနစ်တကျသုံးနည်းများပါ။ဥပမာ-ကိုယ်ကအရင်ဆုံး browser ကို screen share ထားရာကနေ Word document တစ်ခုကို share လိုပါက ‘New Share’ ကိုရွေးလိုက်ရုံပါဘဲ။ကျလာမယ့် window ကို meeting ထဲကလူတွေ မမြင်ရပါဘူး။’Pause Share’ ကိုခုနကလိုမျိုး screen share တာကို pause လုပ်ပြီး share ချင်တဲ့ဟာကိုရွေးပြီးမှ resume နိုင်ပေမယ့်နောက်ထပ်အသုံးဝင်တဲ့နည်းလမ်းကတော့ presentation လုပ်နေရင်း အချက်အလက်တစ်ခုရှာဖွေချင်ရင် share နေတာကို pause ပြီးတခြားလူများအတွက် screen မပြောင်းသွားဘဲ လိုအပ်တဲ့အချက်အလက်ကိုရှာဖွေနိုင်ခြင်းဘဲဖြစ်ပါတယ်။

7️⃣နောက်ဆုံး tip ကလည်း floating menu က သိပ်အသုံးမများကြတဲ့ ‘Annotate’ အကြောင်းပါ။ ‘Annotate’ ကိုရွေးလိုက်တဲ့အခါ option တွေအများကြီးပေါ်လာတဲ့အထဲကမှ ‘Spotlight’ ဆိုတဲ့ option က cursor ရှိနေတဲ့နေရာကိုspotlight လေးနဲ့ပြပေးမှာ ဖြစ်ပါတယ်။
Mouse cursor ကိုလိုက်ကြည့်ကြဖို့ အခက်အခဲရှိပါက အရမ်းအသုံးဝင်ပါတယ်။ပုံဆွဲခြင်း၊စာရိုက်ခြင်းကဲသို့သောfeature များကိုလည်း ဒီ ‘Annotate’ option အောက်မှာတွေ့နိုင်ပြီး လိုအပ်သလိုအသုံးပြုနိုင်ကြပါတယ်။

Source: https://youtu.be/UNxhkq9jjVo

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay