အလွယ်တကူ ဘွဲ့ရရေးစနစ်ဖြစ်နေသည့်
အဝေးသင်ပညာရေးစနစ်ကို စတင်ပြု ပြင်တော့မည်
ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
(7 Days Daily သတင်းစာမှ ကူးယူဖော်ပြသည်)
မြန်မာနိုင်ငံ၏ အဝေးသင်ပညာရေးသည် အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်နေပြီး ထိထိရောက်ရောက်ပညာပေးနိုင်
သည့် အဝေးသင်ပညာရေးစနစ်အဖြစ် စတင်ပြုပြင်မည်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါသည်။
''နှစ်ပေါင်းများစွာ ကျွန်မတို့နိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ် ဆိုတာ အလွယ်တကူဘွဲ့ရရေး စနစ်လို ဖြစ်ခဲ့ပါတယ်။
တော်တော်များများကနေပြီးတော့ အဝေးသင်ပညာရေးစနစ် ကနေ ဘွဲ့ယူတာကို ကျွန်မအပြစ်ဆိုတာ မဟုတ်ပါဘူး။
ဒီလို ဘွဲ့လေးတစ်ခုရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆင့်တစ်ခု ကျော်လွှားသွားနိုင်ပြီဆိုတာဟာ ကျွန်မတို့ နိုင်ငံသူ၊
နိုင်ငံသားတွေ ပညာကို တန်ဖိုးထားမှုကို ပြတာပါပဲ။
ဒါပေမဲ့ အဝေးသင်ပညာရေးစနစ်ဟာ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့ စနစ်မဖြစ်ခဲ့ပါဘူး’’
ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့ပါသည်။
ထို့ကြောင့်အဝေးသင်ပညာရေးစနစ်ကို ထိထိရောက်ရောက် ပညာပေးနိုင်သည့် စနစ်အဖြစ် ကြိုးစားဆောင်ရွက်နေပြီဟု ၎င်းက အသိပေးပြောကြားသည်။
‘‘လက်ရှိ ကျွန်မတို့နိုင်ငံရဲ့ ကလေးတွေဟာ မူလတန်း၊
အလယ်တန်း၊ အထက်တန်းမှာ ပြည့်ပြည့်ဝဝမသင်ခဲ့ရတဲ့အခါ၊ အဆင့်မြင့်ရောက်တဲ့အခါ ဘယ်လိုလုပ်အဆင်ပြေ
အောင်လုပ်မလဲဆိုတာ ကျွန်မတို့နိုင်ငံအတွက်အကြီးမားဆုံး စိန်ခေါ်မှုပါပဲ’’
ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
နှစ်ပေါင်းများစွာ မူလတန်း မှ အထက်တန်းအထိ ပညာရေး စနစ်အားနည်းခြင်းကြောင့် တက္ကသိုလ်အဆင့်ရောက်မှ
အဆင့်မြှင့်ပေးရခြင်းသည် အခက်အခဲများစွာရှိပြီး မကောင်းခဲ့သည့် အခြေခံကို ကျော်လွှားကာ ကောင်းသည့် နိဂုံး
ရောက်အောင် ပညာရေးဝန်ကြီးဌာန၊ ဆရာ၊ ဆရာမ၊
ကျောင်းသား၊ ကျောင်းသူများက ဝိုင်းဝန်းကြိုးပမ်းပေးရန်
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါသည်။
အခြားနိုင်ငံများ၏ အတွေ့အကြုံကို နမူနာယူပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် ပညာရေးပြု ပြင် ပြောင်းလဲရမည်ဟု ၎င်းကအကြံပြုသည်။
ထို့ပြင် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနေသည့်တိုင် ရှိသည့်ငွေကို မှန်မှန်ကန်ကန် အကောင်းဆုံးဖြစ်အောင်
သုံးစွဲရန်အရေးကြီးသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြော ကြားသည်။
ဆရာ၊ ဆရာမအရည်အသွေးမြှင့်တင်ရေးသည် အရေးကြီးဆုံးဖြစ်ပြီး လက်ရှိ ဆရာ၊ ဆရာမအများစုသည် ကိုယ်တိုင် က အားနည်းသည့် ပညာရေးစနစ် မှ ပေါက်ဖွားလာ၍ ၎င်းတို့ကို အရည်အသွေးမြှင့်မှသာ အရည် အသွေးရှိသည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်နိုင်မည်
ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။
‘‘ဆရာ၊ ဆရာမတွေဆိုတာလည်း ကိုယ်တိုင်က အားနည်းတဲ့ ပညာရေးစနစ်က ပေါက်ဖွားလာခဲ့ကြတာများပါတယ်။ ဒါပေမဲ့လည်း နောက်မကျသေးပါဘူး။ ကိုယ့်ရဲ့အရည်အချင် တွေကို မြှင့်တင်နိုင်ခွင့်က တစ်ချိန်လုံးရှိနေပါ တယ်။ ဆရာ၊ ဆရာမတွေဟာ အများအားဖြင့် ကိုယ့်ရဲ့မိသားစုတာဝန်တွေနဲ့ ဖြစ်နေပြီဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေလို
အချိန်ပြည့် ပညာရေးကို အာရုံမစိုက်နိုင်ပါဘူး။ ဒါပေမဲ့
ကျွန်မတို့ နိုင်ငံရဲ့လိုအပ်ချက်အရ တတ်နိုင်သလောက်တော့ ကိုယ့်ရဲ့အရည်အချင်းမြှင့်တင်ရေးအတွက် ဆရာ၊ ဆရာမ
တွေကို ကြိုးစားစေချင်ပါတယ်’’ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့ပါသည်။
လက်ရှိနိုင်ငံ့ဝန်ထမ်းများသည်တာဝန်ထမ်းဆောင်နေရသည့် အဆင့်တွင် ပြီးပြည့်စုံမှုရှိ၊ မရှိ မိမိကိုယ်ကိုယ် အမြဲသုံးသပ် နေရန် အရေးကြီးသည်ဟုလည်း ၎င်းက ဆိုသည်။
သုတေသနကို အားပေးရမည်
သုတေသနလုပ်ငန်းများကို အားပေးရန် အစိုးရ၏ပညာရေး မူဝါဒတွင် ထည့်သွင်းထားပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ သည် နိုင်ငံအတွက် အသုံးဝင်မည့် သုတေသနများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်း များ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပံ့ပိုးပါဝင်နိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က အသိပေးပြော ကြားသည်။
‘‘သုတေသနလုပ်တယ်ဆို တဲ့အဓိပ္ပာယ်က အသစ်အဆန်း လမ်းတွေဖွင့်ပေးဖို့ဖြစ်ပါတယ်။ သုတေသနဆိုတာ အဆုံး
မဟုတ်ပါဘူး။ နောက်အသစ်အဆန်းတွေအတွက် အစ
ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ သုတေသနကိုလျစ်လျူရှုခဲ့တဲ့
အခါကျတော့ ကျွန်မတို့ပြည်သူ၊ ပြည်သားတွေရဲ့ မွေးရာပါ တီထွင်ဉာဏ်တွေက တုံးသွားပါတယ်။
ဒါကြောင့် သုတေသနကို ဦးစားပေးချင်တယ်’’
ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုခဲ့ပါသည်။
သင်ယူလိုစိတ်ကို မူလတန်းက စတင်ပျိုးထောင်ရမည်
ကျောင်းသား၊ ကျောင်းသူ များ၏သင်ယူလိုစိတ်၊ ရှုံးနိမ့်မှုကို ကြောက်ခြင်းထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာခြင်းတို့ ကို ဆရာ၊ ဆရာမများက မူလတန်းကစတင်ကာ တက္ကသိုလ် ရောက်သည်အထိပျိုးထောင်ပေးရမည်ဖြစ်ပြီးထိုသို့ပျိုးထောင် ပေးရာတွင် စာမေးပွဲစနစ်ကြောင့် အမှတ်အနည်း၊ အများ
ပြိုင်ဆိုင်သည့် အလေ့အကျင့်ကိုပါပပျောက်အောင်ပြုလုပ်ပေး ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
ထည်သွင်းပြောကြားခဲ့သည်။
‘‘နှစ်ပေါင်းများစွာ စာမေးပွဲစနစ်ကြောင့် သူများထက် အမှတ် နည်းရင်ကိုယ်ကရှုံးတယ်။ သူကနိုင်တယ်ဆိုပြီးဖြစ်ကြတယ်။ ဘေးက လူကိုပဲ ကြည့်ပြီးတော့ သူ ဒီလိုဖြစ်ရင် ကိုယ်လည်း ဒီလိုဖြစ်ရမယ်။ သူ ဒီလောက်ရရင် ကိုယ်လည်း ဒီလောက်ရရမယ်ဆိုတဲ့ စိတ်တွေကိုအားမပေးပါနဲ့။ တစ်ယောက်နဲ့
တစ်ယောက် မနာလိုတဲ့စိတ်တွေကိုလည်း အားပေးရာ
ရောက်ပါတယ်။ ဒါကလည်း လူ့ အသိုင်းအဝိုင်းတစ်ခု
အတွက် အားနည်းချက်တစ်ခုပါပဲ’’ဟု ၎င်းက ဆိုသည်။
Department of Mathematics, MUDE
student service and information center
02/07/2020
Welcome
Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
80th Street, Between 34th And 35th Streets
Mandalay
05024
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |