04/06/2025
🥰
🌿“Freedom within limits” လို့ခေါ်တဲ့ “စည်းဘောင်အတွင်းမှလွတ်လပ်ခွင့်”ဟာ ဆရာများနှင့်မိဘများအတွက် Nurturing မှာအလွန်အရေးကြီးတဲ့အချက်တချက်ဆိုကို Dr. Maria Montessori က သူ့ရဲ့ Montessori Education မှာ ပြဌာန်းရေးဆွဲထားပါတယ်။ ဆရာများ၊ မိဘများအနေနဲ့လည်း အဲ့ဒီအချက်ကို ဟန်ချက်ညီညီနဲ့ ကလေးတွေပြုစုပျိုးထောင်ရာမှာ လက်တွေ့အသုံးပြုရမယ့်အချက်ဖြစ်ပါတယ်…
🌿 “Freedom Within Limits” ဆိုတာကတော့
ကလေးတွေရဲ့ စူးစမ်းလိုမှု၊ အရာရာသိလိုမှုတွေကို လွတ်လပ်စွာပြောပြခွင့်၊ ဖော်ပြခွင့်ပေးပြီး သူတို့လေးတွေကို ကြိုက်ရာရွေးချယ်ခွင့်ပေးထားကိုဆိုလိုတာပါ။
🌻ဒီနေရာမှာတော့ ကလေးရဲ့အသက်အရွယ်နဲ့သင့်တော်ရာ၊ ကလေးကို အန္တရာယ်ပေးထိခိုက်စေမယ့်အရာမဖြစ်အောင် အုပ်ထိန်းသူ၊ မိဘတွေက ဘေးက အကြံဥာဏ်တော့ပေးနေရမှာပါ။
ဥပမာ- သူတို့ကစားမယ့်နေရာဟာ အန္တရာယ်ကင်းတဲ့ ကစားကွင်း (သို့) ခြံဝန်း၊ အိမ်ဝန်းဖြစ်ရမယ်။ ( လမ်းမပေါ်ကစားရင် အန္တရာယ်ရှိတယ်…ဆိုတာ ရှင်းပြပေးရမယ်။ အိမ်ထဲမှာကစားရင်လည်း လျှပ်စစ်မီးတို့၊ မီးခြစ်တို့နဲ့ကစားရင် အသက်အန္တရာယ်ရှိတယ်ဆိုတာ သင်ကြားပေးရမယ်။)
ဒါပေမယ့် ရေနဲ့မကစားနဲ့နော်၊ အအေးမိမယ်။ မြေကြီးတွေ သဲတွေနဲ့ကစားရင် ညစ်ပတ်လိမ့်မယ်ဆိုတဲ့ နေရာတကာချုပ်ချယ်တားမြစ်တာမျိုးကိုတော့ အုပ်ထိန်းသူတို့ သတိထားရှောင်ကြဉ်ရမှာပါ။
❤️“Rights You Deserve” ကလေးတွေနဲ့ထိုက်တန်တဲ့၊ ရသင့်တဲ့အခွင့်အရေးများ
ကလေးတွေ အုပ်ထိန်းသူများအနေနဲ့ သူတို့အသက်အရွယ်အလိုက် ဖြည့်ဆည်းပေးရမယ့် အဝတ်အစား၊ အသုံးဆောင်၊ ကစားစရာ ဝယ်ပေးခြင်း၊ မိဘ budget နဲ့သင့်တော်မယ့် ကျောင်းထားပေးခြင်း၊ ကစားချိန်သတ်မှတ်ပေးခြင်း၊ …စတာတွေက မိဘအုပ်ထိန်းသူတွေက ဖြည့်ဆည်းပေးရမယ့် ကလေးတွေရသင့်တဲ့အခွင့်အရေးတွေဖြစ်ပါတယ်။
❤️“Rights That Cannot Be Granted” မိဘအုပ်ထိန်းသူတွေ ကန့်သတ်ရမယ့်၊ မ ပေးသင့်တဲ့အခွင့်အရေးတွေကတော့
🥰ကလေးအသက်အရွယ်နဲ့ မသင့်တော်တဲ့ ဝတ်စားဆင်ယင်မှုမျိုး၊ ကလေးက လိုချင်တယ် ပူဆာတိုင်း ဝယ်ပေးတဲ့အကျင့်၊ ဖုန်းနဲ့ အင်တာနက်ကိုအချိန် မသတ်မှတ်ဘဲ သုံးခွင့်ပြုထားခြင်း စသည်တို့ဘဲဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူများအနေနဲ့ကလည်း ဘာလို့အဲ့ဒါကို ကန့်သတ်ထားရတယ်ဆိုတာ ကလေးတွေနားလည်အောင် အကျိုးသင့်အကြောင်းသင့်လည်း စိတ်ရှည်ရှည်နဲ့ ပြောပြထားဖို့လိုပါတယ်။
🙇♀️အထက်ဖော်ပြပါအချက်တွေက ဘာလို့ Nurturing နဲ့ parenting မှာအရေးပါသလဲဆိုတော့
🍀မိဘအုပ်ထိန်းသူက ထိန်းချုပ်လွန်းရင် ကလေးရဲ့စိတ်ထဲ သူဟာလွတ်လပ်မှုမရှိဘူး၊ အရမ်းတင်းကျပ်တဲ့စည်းကမ်းတွေအောက် ကြီးပြင်းရတယ်၊ ဆိုတဲ့ အတွေးတွေနဲ့ ကြောက်တတ်တဲ့စိတ် ၊ လူတောမတိုးတဲ့စိတ် ဖြစ်လာတတ်တယ်။
🍀ကလေးကိုစည်းဘောင်မထားဘဲ အရမ်းလွတ်လပ်ခွင့်ပေးပြန်ရင်လည်း ဘာလုပ်ရမှန်းမသိ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေပျောက်သွားတတ်တယ်။
🌈အဲ့ဒါကြောင့် သူတို့အတွက် boundaries တွေလုပ်ပေးပြီး ဘာတွေတော့လုပ်ခွင့်ပေးတယ်၊ ဘာတွေကမရဘူးနော်ဆိုတဲ့ အချက်လေးတွေကို အသ်ပေးပြီး အလေ့အကျင့်ပြုပေးခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ် …ရှင်
Thae Mu Mu Kyi
Heart- Bridge Nurturing
Mater in Education ( fellow)
Photo credit- Pinterest
23/09/2024
30/11/2023
31/10/2023