Burmese Forex Knowledge Club

Burmese Forex Knowledge Club

Share

Forex ပညာပေး

24/12/2021

Trading ဆိုတာ လွယ်တယ်လို့မတွေးမိစေဖို့ 🤣

28/11/2021

Forex မှာ ရင်းနှီးမြှုပ်နှံခြင်း
Forex ကို အကြောင်းအမျိုးမျိုးကြောင့် ဝင်လာကြတဲ့ beginner investor များကို ပြောပြချင်တာပါ။ Forex မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ထဲက သိထားသင့်တာကတော့ တခြားစီးပွားရေးတွေလိုပါပဲ။ အရှုံးရှိသလိုအမြတ်လဲ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် သေချာစဉ်းစားပါ၊ လေ့လာပါ၊ စုံစမ်းပါ။ တစ်ကယ် လုပ်နိုင်ပြီး သဘောကျတယ်ဆိုမှ လုပ်ကြပါ လို့အကြံပေးချင်တာပါ။ ဒီစာကိုဖတ်နေရင်းနဲ့ သိချင်တာရှိရင်လဲ ကျွန်တော့ကို လာမေးလို့ရပါတယ်။
ပြီးတော့ Forex မှာ ဘယ်လို ‌စလေ့လာရမလဲ မေးကြပါတယ်။ အဓိက ကတော့ ရင်းနှီးမြှုပ်နှံမဲ့သူတွေပြောပြမှာပါ။ သင့်မှာ ရင်းနှီးမြှုပ်နှံမဲ့ ငွေပမာဏ အလုံအလောက်ရှိပြီးဆိုရင် Forex ဆိုတာ ဘာလဲ သိဖို့အတွက် Basic သင်တန်းတွေ ရှိတယ်။ Basic သင်တန်း တက်ပြီးပြီးဆိုရင် သင်က Forex ဆိုတာကို အနည်းအကျဉ်းသိပြီး Metatrader 4 ဆိုတဲ့ software မှာ Buy (or) Sell လုပ်တတ်နေတဲ့ သူတစ်ယောက် ဖြစ်နေပါပြီး။ အဲ့တာနဲ့ မလုံလောက်သေးပါဘူး။ Advance Class တွေကို ဆက်ပြီး တက်သင့်ပါတယ်။ အဲ့တာဆိုရင် သင်က Forex ကို 50%လောက်ထိ နားလည်နေပါပြီး။ အဲ့တာနဲ့လဲ မလုံလောက်သေးပါဘူး။ Metatrader 4 ဆိုတဲ့ software မှာ Demo နဲ့ လေ့ကျင့် သင့်ပါသေးတယ်။ လေ့ကျင့်နေစဉ် အတွင်းမှာလဲ Risk and Reward တွေကို ကောင်းကောင်းစီမံဖို့ရယ်၊ မိမိရဲ့ စိတ်ပိုင်း ဆိုင်ရာ emotional တွေကို ထိန်းချုပ်နိုင်ဖို့ပါ တစ်ခါထဲ လေ့ကျင့်သင့်ပါတယ်။ အဲ့တာတွေ ပိုင်နိုင်ပြီးဆို ရင် သင်ဟာ Forex မှာ Trade လုပ်နိုင်တဲ့ လူတစ်ယောက်ဖြစ်နေပါပြီး။ အဓိကကတော့
1. Money management
2. Mindset (emotional)
3. Method ဆိုတာ ရှိဖို့လိုအပ်ပါတယ်။
Forex ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုအမြဲ တင်သွားပေးမှာမို့ ဆက်လက် စောင့်မျှော်ကြပါဦး။
Forex နဲ့ ပတ်သက်ပြီး account management ကို စိတ်ဝင်စား၍ဖြစ်စေ၊ သင်တန်းကို စနစ်တကျလေ့လာချင်၍ဖြစ်စေ၊ Forex နဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးချင်၍ဖြစ်စေ၊ Forex မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူများကို ဖြစ်နိုင်ခြေ ပျက်နိုင်ခြေ သဘောတရားများအကြောင်း ရှင်းပြပေးမှာ ဖြစ်တဲ့အတွက် လာရောက်မေးမြန်းနိုင်ပါတယ်။
Viber - 09757596544

14/09/2021

တစ်ရက်တာ ဒီလောက်နဲ့လဲ စိတ်ကျေနပ်သင့်ပါတယ်။
$126

Forex Market ကိုစိတ်ဝင်စားလို့ Trade ချင်ပါက Massenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
09757596544

09/09/2021

မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းလာချိန်၊
မြန်မာ့ရွှေဈေးများတက်လာချိန်၊
ဒေါ်လာဈေးများ 1ဒေါ်လာကို 1700ကျော်ထိ မြင့်တက်လာတဲ့ အချိန် ရွှေကိုပဲ ဝယ်စုရမလား ဝယ်ပြီးရင်လဲ ဈေးပြန်ကျမလား စသည်ဖြင့် ဝေခွဲမရဖြစ်နေတဲ့ သူတွေ ရှိလာပါတယ်။
➡️ တစ်ချို့သူတွေကလဲ ဝင်ငွေမရှိလို့ စီးပွားရေးလုပ်ချင်နေကြပြန်တယ်။
➡️ ခေတ်ကာလ မကောင်းတာကြောင့် စီးပွားရေးလုပ်ရင်လဲ ဆုံးရှုံးမှာကြောက်နေကြပြန်တယ်။
➡️ အဲ့ဒီလို အတွေးမျိုးတွေကိုခေါင်းထဲက ထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခါပြုလုပ်ပြီး လစဉ်ဝင်ငွေရနေမဲ့ အလုပ်မျိုးလုပ်သင့်ပါတယ်။
➡️ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် ဆိုင်ခန်းခ၊ ဝန်ထမ်းခ၊ တခြားအထွေထွေစရိတ်တွေ မကုန်တော့ပါဘူး။
➡️ နောက်တစ်ခုက လူကြီးမင်းအနေနဲ့ အိမ်မှာနေပြီး ဝင်ငွေရှာလို့ရနိုင်ပါတယ်။
➡️ အကျိုးအမြတ်ကတော့ သင့်ရဲ့ ရင်းနှီးငွေပေါ်မူတည်ပြီး အနည်း၊ အများ ကွာခြားသွားပါလိမ့်မယ်။ သင့်ရဲ့ ပိုက်ဆံကို ဘဏ်တိုးထက်များအောင် ရနိုင်သော စီးပွားရေးဖြစ်တာကြောင့် လစဉ်ဝင်ငွေတစ်ခုအဖြစ် ရချင်ပါက Forex Market ဆိုတဲ့ စီးပွားရေး ကိုလုပ်ကြည့်သင့်ပါတယ်။
➡️ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ချင်၍ဖြစ်စေ၊ အလုပ်အကြောင်းအသေးစိတ်သိလို၍ဖြစ်စေ၊ chat box (or) 09757596544တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Viber- 09757596544

Business Advisor

08/09/2021

Forex မှာ ဆုံးရှုံးနိုင်ခြေက ဘာတွေရှိလဲ?

ကျေးဇူးပြု၍ အမြဲသတိရပေးနေရမှာကတော့ Forex အရောင်းအဝယ်လုပ်တာက အလွန့်အလွန်ကို ဆုံးရှုံးနိုင်ခြေ အန္တရာယ်ရှိတဲ့ အလုပ်တစ်ခုဖြစ်တယ်ဆိုတာကိုပါပဲ။ ငွေကြေးအရောင်းအဝယ်လုပ်တဲ့နေရာမှာ အဆုံးရှုံးခံနိုင်တဲ့ ပမာဏကိုသာ ရင်းနှီး အရောင်းအဝယ်လုပ်သင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထပ်ပြောရအုံးမယ် ဆိုရင် ရှုံးမှာကိုတော့ ကြောက်နေဖို့မလိုအပ်ပါဘူး။ အရောင်းအဝယ်ကုန်သည် တစ်ယောက်အနေနဲ့ ရှုံးတာ ရှိသလို မြတ်တာလဲ ရှိမှာပါပဲ။ ရှုံးတဲ့ ပမာဏထက်မြတ်တဲ့ ပမာဏများဖို့သာဖြစ်သင့်ပါတယ်။ ဆုံးရှုံးနိုင်ခြေတွေကိုတတ်နိုင်သမျှလျော့ချနိုင်ပြီး မြတ်တဲ့ အကြိမ်အရေအတွက်ကို တတ်နိုင်သမျှ များလာအောင် လုပ်ဆောင်နိုင်မှသာ ကျွမ်းကျင်တဲ့ ပရောဖက်ရှင်နယ် တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ နောက်ပိုင်း လာမဲ့ သင်ခန်းစာပို့ချချက်တွေမှာ ဆုံးရှုံးနိုင်ခြေတွေကိုဘယ်လို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်မလဲ ဆိုတာကို ထပ်မံ ပြောပြပေးသွားမှာဖြစ်ပါတယ်။
🚫 Copy ယူခြင်း ခွင့်မပြု🚫
လွတ်လပ်စွာ share ပေးလို့ရပါတယ်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

နောက်လဲ အမြဲတင်ပေးနေမှာဖြစ်တဲ့ အတွက် Page ကို Like လုပ်ထားပေးကြပါခင်ဗျာ။

06/09/2021

(1) ဘာကြောင့် Forex အရောင်းအဝယ်ကုန်သည် တစ်ယောက်ဖြစ်လာတာလဲ?
(2) Forex အရောင်းအဝယ်လုပ်ပြီး ဝင်ငွေ ဘယ်လောက်ထိ ရှာနိုင်မလဲ?

(1) Forex အရောင်းအဝယ်ကုန်သည် ဖြစ်လာရတဲ့ အကြောင်းအမျိုးမျိုး ရှိတဲ့ အထဲကမှ အချက်တစ်ချို့ကိုအောက်မှာ ရှင်းပြထားပါတယ်။

1. သင့်ရဲ့ ကနဦး ဝင်ငွေနဲ့ ယှဉ်ရင် လုံးဝပမာဏ ပိုများတဲ့ အမြတ်ငွေကို ပြန်လည်ရရှိနိုင်ပါတယ်။

2. ငွေကြေးပမာဏ အများကြီး ရင်းနှီးစရာမလိုအပ်ပါ။ ပြောရမယ်ဆိုရင် တစ်ဒေါ်လာတည်းနဲ့တောင် စတင်ရောင်းဝယ်နိုင်ပါတယ်။

3. ငွေကြေးရောင်းဝယ်ရေး ဘဏ္ဍာရေးနဲ့ ပက်သတ်တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေလဲ အများကြီး ရမှာ ဖြစ်ပါတယ်။

4. အခြား အပြင်စီးပွားရေးလုပ်ငန်းတွေလဲ လုပ်နိုင်ပြီး သင့်ဆန္ဒရှိသလို ကြိုက်ရာလုပ်နိုင်ပါတယ်။ သင်လုပ်ချင်တဲ့ အချိန်မှ လုပ်လို့ရပြီး သင့်အချိန်ကို သင်ကိုယ်တိုင် စီမံခန့်ခွဲနိုင်မှာပဲ ဖြစ်ပါတယ်။

(2) Forex မှာ အရောင်းအဝယ်လုပ်ရင် ရလာနိုင်တဲ့ ဝင်ငွေက အမှန်တကယ်ပြောရရင် လက်တွေ့မှာ ဘယ်လောက်အထိရနိုင်မလဲ?
လစဉ်လတိုင်း မိမိရင်းနှီးဝင်ငွေရဲ့ နှစ်ဆ၊ သုံးဆပြန်ရမယ်လို့ ဝက်ဆိုဒ်တော်တော်များများမှာ ပြောထားတာကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်း လက်တွေ့မှာ ပရော်ဖက်ရှင်နယ် အရောင်းအဝယ်ကုန်သည်တစ်ယောက် အနေနဲ့ တစ်လပြန်ရှာနိုင်တဲ့ အမြတ်ငွေကတော့ ရင်းနှီးငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြားပဲ ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသင့်တော်ဆုံး၊ အဖြစ်သင့်ဆုံးနဲ့ အဖြစ်နိုင်ဆုံးပြန်ရနိုင်တဲ့ အမြတ်ငွေကတော့ ရင်းနှီးငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်း ကြားလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ငွေကြေးအရောင်းအဝယ်လုပ်တဲ့ အလုပ်သည် အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေလိုပါပဲ။ သင့်အနေနဲ့ မျှော်မှန်းထားတဲ့ ပမာဏထက် ပိုမို အမြတ်ရရှိနိုင်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒေါ်လာ 50 လောက် အရင်းအနှီးပမာဏနဲ့လည်း ချမ်းသာသွားနိုင်ခြေ ရှိတာကတော့ အလိမ်အညာမဟုတ်ဘဲ တကယ်ဖြစ်နိုင်ခြေရှိတဲ့ အရာပဲ ဖြစ်ပါတယ်။
🚫 Copy ယူခြင်း ခွင့်မပြု🚫
လွတ်လပ်စွာ share ပေးလို့ရပါတယ်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

နောက်လဲ အမြဲတင်ပေးနေမှာဖြစ်တဲ့ အတွက် Page ကို Like လုပ်ထားပေးကြပါခင်ဗျာ။

06/09/2021

Forex ဆိုတာဘာလဲ မေးနေတဲ့ သူများအတွက် ရည်ရွယ်ပါသည်။
What is Forex?
"Forex, FX ဆိုတာကတော့ (နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခြင်း) ကို အတိုကောက်ခေါ်တာဖြစ်ပြီး မတူညီတဲ့ နိုင်ငံတွေက မတူညီတဲ့ငွေ ကြေးတွေကို လဲလှယ်ရောင်းဝယ်ခြင်းပဲဖြစ်ပါတယ်။ Forex အရောင်းအဝယ်လုပ်ငန်းက ကမ္ဘာပေါ်မှာ အကြီးဆုံး ငွေ ကြေးအရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ငွေကြေးရောင်းဝယ်လဲလှယ်တဲ့ လုပ်ငန်းသည် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အပြန်အလှန် အကူအညီ အထောက်အပံ့ ပေးနေတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ Forex အရောင်းအဝယ်ဈေးကွက်ထဲမှာ လုပ်ကိုင်နေသူတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ရောင်းဝယ်နေကြပါတယ်။
တချို့က အမြတ်ရဖို့ရောင်းဝယ်နေကြတာဖြစ်ပြီး၊ တစ်ချို့က သူတို့အနေနဲ့ အရှုံးကိုကာမိအောင် နိုင်ငံခြားငွေ ဝယ်ယူစုဆောင်းထားကြဝာဖြစ်ပြီး၊ တချို့တွေကတော့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခတွေကိုပေးချေဖို့အတွက် အသုံးလိုလို့ ရိုးရိုးပုံမှန် လဲလှယ်ရောင်းဝယ်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ နိုင်ငံခြားငွေ ကြေး အရောင်းအဝယ်ဈေးကွက်မှာ အဓိကပါဝင်ဆောင်ရွက်နေတဲ့သူတွေကတော့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေပဲဖြစ်ပါတယ်။
ဘဏ်အချင်းချင်းလဲလှယ်ရောင်းဝယ်ရာမှာ ငွေလဲနှုန်းတွေကို သတ်မှတ်ဖော်ပြထားတဲ့ နှုန်းထားအတိုင်း လဲလှယ်ကြပါတယ်။
နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်တဲ့ ဈေးကွက်ထဲမှာ ကူးသန်းရောင်းဝယ်ရေး ဘဏ်ကြီးတွေ၊ အစိုးရဗဟိုဘဏ်ကြီးတွေနဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ အပြင် ငွေကြေးဈေးကစားတဲ့ နေရာမှာ ကျွမ်းကျင်တဲ့ အဆုံးရှုံးခံနိုင်ပြီး အမြတ်များများ လိုချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကလဲ ဝင်ရောက် ရောင်းဝယ်လုပ်ကိုင်နေကြပါတယ်။
ထိုအထဲမှာမှ တချို့ကတော့ လက်လီ အရောင်းအဝယ်လုပ်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ လက်လီအရောင်းအဝယ်လုပ်တဲ့ သူတွေကတော့ တစ်နိုင်တစ်ပိုင်၊ တစ်ဦးတစ်ယောက်ချင်း အနေနဲ့ပဲ အမြတ်ငွေ ရရှိဖို့အတွက် ရည်ရွယ်ချက်နဲ့ နေ့စဉ်/အပတ်စဉ်အရောင်းအဝယ်လုပ်နေကြတဲ့ သူတွေလဲ ရှိပါတယ်။ ထိုအထဲမှ တစ်ချို့ကတော့ ငွေကြေးဈေးနှုန်းတွေ ရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရွေ့လျားမှုအပြောင်းအလဲ တွေကို ခန့်မှန်းတဲ့ နေရာမှာ နိုင်ငံရေး၊ စီးပွားရေးသတင်းတွေ စီးပွားရေးအချက်အလက်ထုတ်ပြန်ချက်တွေနဲ့ ဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက် ပြောဆိုချက်တွေကိုပါ ထည့်သွင်းသုံးသပ်ကြပါတယ်။ အချို့ကတော့ ကမ္ဘာ့ ဘဏ္ဍာရေးအခြေအနေတွေ အပြောင်းအလဲ တွေပေါ်မှာ အာရုံမထားပဲ နည်းစနစ်အချက်ပြတွေကိုသာ အားထားကြပါတယ်။ ဒီငွေကြေးအရောင်းအဝယ်ဆိုင်ရာ သင်ခန်းစာ ပို့ချချက်တွေကို ဖတ်ရှု့လေ့လာပြီး နောက်မှာလဲ သင်သည်လည်း Forex ကုန်သည်တစ်ယောက်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
Forex ဈေးကွက်က ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဈေးကွက် တစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမယ့် သူတွေအနေနဲ့ ငွေကြေးတွေက်ုသွားရောက်ရောင်းဝယ်ရမယ့် ပြစရာနေရာတောင် အပြင်မှာ တစ်ကယ် မရှိပါဘူး။
Forex အရောင်းအဝယ် ကုန်သည်တွေ အနေနဲ့ ငွေကြေးဆိုင်ရာ ဌာနအမျိုးမျိုးက သတ်မှတ်လိုက်တဲ့ငွေကြေးအမျိုးအစားအမျိုးမျိုးရဲ့ ဈေးနှုန်း ဖော်ပြချက်တွေကိုသိရှိဖို့ အတွက် အင်တာနက်ပေါ်ကနေပဲ သတင်းရယူ သိရှိနိုင်ပါတယ်။ လန်ဒန်၊ နယူးယောက်၊ တိုကျို၊ ဩစတေးလျနှင့် ဆွစ်ဇာလန်တို့လို ကမ္ဘာအနှံ့မှာ ငွေကြေးဌာနများနှင့် ဘဏ်များရှိကြပြီး ထိုဘဏ်များ၊ ငွေကြေးဆိုင်ရာဌာနများသည် အရောင်းအဝယ်ကုန်သည်အမျိုးမျိုးတို့အတွက် အဓိကမှီခိုအားထားရာ နေရာများပင်ဖြစ်ပါသည်။
ထိုဘဏ်များအချင်းချင်းငွေကြေးလဲလှယ်ရောင်းဝယ်သည့် ဈေးကွက်ထဲသို့သင့်အနေနဲ့ ဝင်ရောက်ရောင်းဝယ်ချင်ပါက ကြားကနေ ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ပေးမည့်ကြားခံ Forex အကျိုးဆောင်ပွဲစား တစ်ယောက်လိုအပ်ပါသည်။ ဤသင်ခန်းစာများသည် Forex အခြေခံများနှင့် ငွေကြေးတွေက်ုဘယ်လို အရောင်းအဝယ် လုပ်ရမယ်ဆိုတာကို သင့်အနေနဲ့ သိရှိသွားအောင် လွယ်ကူရိုးရှင်းစွာနှင့် သင့်ကိုရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဤရှင်းလင်းချက်များကိုဖတ်ရှု လေ့လာခြင်းအားဖြင့် အောင်မြင်တဲ့ Forex အရောင်းအဝယ် ကုန်သည် တစ်ယောက် ဖြစ်လာဖို့ အတွက် ပထမဆုံးခြေလှမ်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
🚫 Copy ယူခြင်း ခွင့်မပြု🚫
လွတ်လပ်စွာ share ပေးလို့ရပါတယ်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

➡️Forex ကုန်သည်ဖြစ်လာရတဲ့ အကြောင်းအရင်း👇

https://www.facebook.com/108855114859181/posts/109179984826694/

➡️Forex မှာဆုံးရှုံးနိုင်ခြေက ဘာတွေလဲ?

https://www.facebook.com/108855114859181/posts/110993307978695/

နောက်ထပ်လဲ အမြဲ တင်ပေးနေမှာ ဖြစ်တဲ့ အတွက် page ကို like လုပ်ပေးထားကြပါခင်ဗျာ။

➡️👉 Telegram education link 👇
https://t.me/bfkforex2000

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay