Shwe Pyi Hein

Shwe Pyi Hein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Pyi Hein, Education, Mandalay.

G 12စနှစ်သစ်မေးခွန်းပုံသစ်အရ တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS 1(ဘိုင်အိုတွဲ)ယူကျောင်းသားများအနေဖြင့် ဓာတု၊ရူပ၊ဇီဝ သုံးဘာ...
09/06/2023

G 12စနှစ်သစ်မေးခွန်းပုံသစ်အရ တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS 1(ဘိုင်အိုတွဲ)ယူကျောင်းသားများအနေဖြင့် ဓာတု၊ရူပ၊ဇီဝ သုံးဘာသာအမှတ်ပေါင်း (220) (A )အဆင့်ရမှ သတ်မှတ်တက္ကသိုလ်တက်ရောက်ခွင့်ရကြပြီး သုံးဘာသာအမှတ်ပေါင်း(200)နှင့်(219)ကြားက လိုအပ်ချက်အရ ဝင်ခွင့် ဖြေဆိုကြရမည်။ ကျန်(199အမှတ် Cအဆင့်)အောင်မြင့်သူများ က မေဂျာ တက္ကသိုလ်များ ကိုတက်ခွင့်ရကြမည်။တစ်ဘာသာ ကျရှုံးပါ က ပြီးဆုံးခြင်းလက်မှတ်ပေးအပ်မည် ဖြစ်ပြီး မအောင်မခြင်းဖြေခွင့်လည်းရှိကြောင်း သိထားပါသည်။ STEAM 2 (Ecoတွဲ)ယူကျောင်းသားများအနေဖြင့်လည်း သတ်မှတ်တက္ကသိုလ် တက်ရောက်ခွင့်ကို ဓာတု၊ရူပ၊ဘောဂ ၊အမှတ်ပေါင်း (A)အဆင့် က တက်၊ (B)အဆင့်က ဝင်ခွင့်ဖြေ၊ (C)အဆင့် ကမေဂျာ တက္ကသိုလ်တက် ၊တစ်ဘာသာကျသူ က ပြီးဆုံးခြင်းယူ ။ STEAM 3 (ဝိဇ္ဇာတွဲရိုးရိုး) ပထဝီဝင်၊ သမိုင်း၊ဘောဂ ယူကျောင်းသားများ ကလဲ (A)အဆင့် သတ်မှတ်တက္ကသိုလ်တက်၊ (B)အဆင့်က ဝင်ခွင့်ဖြေ၊(C)အဆင့် က မေဂျာ တက္ကသိုလ်များ ကိုတက်ကြရမည်ဟုသိထားပါသည်

crd #

စနစ်သစ် Grade 11 MathImplicit Differentiation
23/04/2022

စနစ်သစ် Grade 11 Math
Implicit Differentiation

KG+12 Grade 11 MathematicsChapter -1
23/04/2022

KG+12 Grade 11 Mathematics
Chapter -1

29/10/2021

"တပည့် (လေး) မျိုး"

၁။ ဆရာဖြစ်သူရဲ့အတင်း
အဖျင်းကို အရသာခံပြောတတ်တဲ့
အရှက်မဲ့ကျေးဇူးမသိတတ်သော
#တင်းပည့်။

၂။ အတတ်ပညာလေး
မတောက်တစ်ခေါက်စုံလာတော့
ဆရာကိုယှဉ်ပြိုင်အံတု အာပြန်တတ်သော
နေရာယူဖို့ကြိုးစားတတ်သော
#တုပည့်။

၃။ အရာရာမှာ အလိုက်သိ
တာဝန်ကျေပြီးပရိယတ္တိ
စာပေကိုသာ အလေးထား
ဆည်းပူးသင်ယူသဖြင့်
ဆရာဖြစ်သူ၏ချီးမြှောက်ပသမှု
ခံယူရေသာ
#သပည့်။

၄။ အနေအထိုင်ပိရိ
ပညာလည်းကြိုးစား
ကျောင်းလည်းမြဲ ဆရာသမား၏
ကွယ်ရာမှာကော
ရှေ့မှာပါ စိတ်ချရသဖြင့်
အမြဲတသတမ်းတနေရမည့်
#တပည့်။

ဤတပည့် လေး မျိုးထဲမှာ
(၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ
ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့်
"သက်ရှည်လို့ဘုန်းမကြီး ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။

နံပါတ် (၃)( ၄) တပည့်မျိုးတွေဖြစ်အောင်
အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ
နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

Credit ~ အရှင်ဣန္ဒာသိရီ-မန္တလေး

05/10/2021

ဆရာများနေ့ ကို ဂုဏ်ပြုလျှက်
=====================

မြေဖြူတချောင်း ကိုင်ရုံနဲ့
သေသူအလောင်းကိုတောင် ရှင်စေနိုင်တဲ့ ဆရာ

စိတ်ဓါတ်ကျိုးကြေ
ညှိုးခွေနေသူ
သိမ်ငယ်နေသူ
သေနေသူကို
နာလံလည်းထူ အလံလည်း ထူစေနိုင်တဲ့ဆရာ

အတွေးအခေါ် ချေးညှော်တက်နေသူကို
တလက်လက် ထွန်းပြောင်အောင်
စွမ်းဆာင်နိုင်တဲ့ ဆရာ

ပညာမျက်စိ မြင်မရှိ၍
အသိတရား အယူမှားသူတွေကို
အဖြူလား အမဲလား
ကွဲပြားသွားအောင်
ဘွားကနဲလင်းစေ အလင်းရောင်ဝေတဲ့ ဆရာ

အကျင့်သရုပ်ပျက် ဖုတ်သဘက်ကို
ကုပ်ဇက်ချိုး ပစ်နိုင်တဲ့ ဆရာ

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကါ
သင့်ရာပို့အပ် ဆရာမြတ်၏
ဝတ်မပျက်သော်လည်း အဝတ်ခက်သော ဆရာ

အသိအလိမ္မာ တတ်ပညာနှင့်
သိက္ခာတွေရှိသော်လည်း ရိက္ခာမရှိသော ဆရာ

ထိုဆရာ ဤဆရာ
အနှီဆရာတို့၏ ကျေးဇူး ဂုဏ်အထူးကို
ရှိခိုးပန်သ ကန်တော့ရသည်
ဘဝဆက်တိုင်း ဆရာဖြစ်စေသောဝ်

ဆရာတင်မိုး
.

ကလေးတွေကို လက်ဆောင်မဲလေးတွေဖောက်ပေးတုန်းက 🎊🎉🎉ကလေးတွေကိုလွမ်းလို့ပြန်တင်သည် 🥰
13/08/2021

ကလေးတွေကို လက်ဆောင်မဲလေးတွေဖောက်ပေးတုန်းက 🎊🎉🎉
ကလေးတွေကိုလွမ်းလို့ပြန်တင်သည် 🥰

29/10/2020
မသန့်ဖူးဇင် (တက္ကသိုလ်ဝင်တန်း) ထူးချွန်ထက်မြက်သောကျောင်းသူဖြစ်ပါစေ. တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင်လည်း ဂုဏ်ထူးများစွာဖြင့်...
29/10/2020

မသန့်ဖူးဇင် (တက္ကသိုလ်ဝင်တန်း) ထူးချွန်ထက်မြက်သောကျောင်းသူဖြစ်ပါစေ. တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင်လည်း ဂုဏ်ထူးများစွာဖြင့်အောင်မြင်ပြီးအမှတ်များများရပါစေ။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category