𝗛𝗮𝗻𝗮𝗯𝗶 - 𝗬𝗼𝘂𝗿 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲𝘀 𝗦𝗽𝗮𝗰𝗲

  • Home
  • Myanmar
  • Mandalay
  • 𝗛𝗮𝗻𝗮𝗯𝗶 - 𝗬𝗼𝘂𝗿 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲𝘀 𝗦𝗽𝗮𝗰𝗲

𝗛𝗮𝗻𝗮𝗯𝗶 - 𝗬𝗼𝘂𝗿 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲𝘀 𝗦𝗽𝗮𝗰𝗲 Follow Your Dreams! Japanese and Korean Language Academy 🇯🇵🇰🇷

မင်္ဂလာပါ။ Japan စာ N5,N4 Level အတွက် Free Batch အပ်နှံထားတဲ့ Zoom Class ညတန်းနှစ်ခုအတွက် အသိပေးကြေညာစာအသစ်ဖြစ်ပါတယ်။ Fe...
14/02/2024

မင်္ဂလာပါ။ Japan စာ N5,N4 Level အတွက် Free Batch အပ်နှံထားတဲ့ Zoom Class ညတန်းနှစ်ခုအတွက် အသိပေးကြေညာစာအသစ်ဖြစ်ပါတယ်။

February (5) ရက်နေ့ကအတန်းအားလုံးစတင်ခဲ့ပြီး ပိတ်ရက်တွေနှုတ်ရင် စာသင်ရက် (7) ရက်တိတိပြီးစီးခဲ့ပါပြီ။ ဒါပေမယ့် ကျောင်းသားများရဲ့အတန်းတက်မှန်ကန်မှုနှုန်းကို အခုထက်ပိုမိုတိကျစေဖို့အတွက် ဒီနေ့ကစလို့ လာမယ့် 23.2.2024 Friday အတန်းညအထိ စုစုပေါင်း ရက်သတ္တပတ်အကျော် (8) ရက်တိတိ Attendance စစ်ဆေးပါမယ်။

📌 ကျောင်းသားများအနေနဲ့ အခုကစလို့ (၈) ရက်အတွင်း အတန်းချိန် (၁) ပတ် မပြည့်မီခဲ့ရင် စာသင်တဲ့ Group Chat ထဲက အပြီး ထုတ်ပယ်သွားပါမယ်။

📌 စိစစ်ကျန်ခဲ့တဲ့ အတန်းတက်မှန်ကန်ပြီး စာလိုက်လုပ်နေတဲ့ကျောင်းသားတွေကိုတော့ သင်တန်းကဖွင့်လှစ်ထားတဲ့ N5 Video Class Channel ထဲကိုပါ အခမဲ့ထည့်သွင်းပေးပါမယ်။

ချယ့်မှာ တခြားအတန်းတွေရှိတဲ့အပြင် ကိုယ်တိုင်ကလည်း အရမ်းအရေးကြီးတဲ့စာမေးပွဲတစ်ခုကို ပြင်ဆင်နေရပါတယ်။ ဒီကြားထဲ Video Class ဖွင့်ပေးဖို့နဲ့ Korea စာသင်ကြားသူတွေအတွက် Level တန်း Free Batch တွေပါပြင်ဆင်နေရ‌တာကြောင့် ပြောရရင် တစ်ပတ်မှာ ၅ ရက်၊ တစ်ရက်ကိုအနည်းဆုံး ၁ နာရီနှုန်းနဲ့ ၅ လတိတိ တမင်အချိန်ပေးပြီး Zoom Class သင်ပေးဖို့ဆုံးဖြတ်ထားတာမှာ ထပ်တူကြိုးစားပေးမယ့်၊ ‌စည်းကမ်းရှိရှိလိုက်လုပ်မယ့်ကျောင်းသားတွေပဲထားချင်လို့ပါ။ Free Batch တွေပေမယ့် Record ပြန်ကြည့်ခွင့်ပေးသလို မီးပျက်ရင်တောင် Wifi တစ်လုံးတပ်ပြီး ကိုယ့်စရိတ်နဲ့ကိုယ် သင်ပေးတာပါ။ အဲ့တာကြောင့် ခုထိအတန်းတက် စာလိုက်လုပ်ပေးနေတဲ့ကျောင်းသားတွေကိုအရမ်းကျေးဇူးတင်ပါတယ်၊ ကိုယ်သင်တဲ့စာကိုတလေးတစားလိုက်လုပ်၊ ကိုယ့်ပြောစကားနားထောင်ပေးတာနဲ့တင် အမောပြေတယ်ဆိုတာ သင်ကြားသူလုပ်ဖူးမှသိပါလိမ့်မယ် အဲ့တာတကယ်ပါ။🩵

ဒါ့ကြောင့် စေတနာတွေ အဖိတ်အစင်မရှိစေဖို့ အတန်းတိုင်းကို တိတိကျကျစစ်ဆေးသွားမယ့်အကြောင်း ထုတ်ပြန်လိုက်ပါတယ်။

သေရင်လည်း ကိုယ်ပဲသေရမယ်ရှင်ရင်လည်း ကိုယ်ပဲရှင်ရမယ်သေခြင်း၊ရှင်ခြင်းကစလို့ အရာရာဟာ ကိုယ်မှမလုပ်ရင် ဘယ်သူမှလာမလုပ်ပေးပါဘူး...
11/02/2024

သေရင်လည်း ကိုယ်ပဲသေရမယ်
ရှင်ရင်လည်း ကိုယ်ပဲရှင်ရမယ်
သေခြင်း၊ရှင်ခြင်းကစလို့ အရာရာဟာ
ကိုယ်မှမလုပ်ရင် ဘယ်သူမှလာမလုပ်ပေးပါဘူး
မသေရဲသေးဘူးဆိုရင် သွားလို့ရသ၍တော့
ဆက်သွားနေကြရအောင်ပါ

🩵.

어휘 လေး နှစ်လုံး မှတ်ရအောင် ~ သူဌေးနဲ့ကပ်စေးနှဲ အတူတူရှိတာ ချစ်သူတွေကြားဆိုကိစ္စမရှိပေမယ့် သူငယ်ချင်းတွေကြားဆိုရင်တော့ ထသ...
01/02/2024

어휘 လေး နှစ်လုံး မှတ်ရအောင် ~ သူဌေးနဲ့ကပ်စေးနှဲ အတူတူရှိတာ ချစ်သူတွေကြားဆိုကိစ္စမရှိပေမယ့် သူငယ်ချင်းတွေကြားဆိုရင်တော့ ထသတ်ကြလိမ့်မယ်နော် 😁🫰

부자 (သူဌေး)
구두쇠 (ကပ်စေးနည်း)

Self-Study လုပ်ရတာအသားမကျတဲ့ Japanese ကျောင်းသားများအတွက် ပြောထားတဲ့အတိုင်း Free Class လေး ပြန်ခေါ်ပေးပါပြီ 🤍🍀- အတန်းကို...
31/01/2024

Self-Study လုပ်ရတာအသားမကျတဲ့ Japanese ကျောင်းသားများအတွက် ပြောထားတဲ့အတိုင်း Free Class လေး ပြန်ခေါ်ပေးပါပြီ 🤍🍀

- အတန်းကိုဂရုတစိုက်လိုက်တက်ဖို့လိုပြီး တစ်တန်းမှာ လူ 10 ယောက်လောက်တော့ရှိပါမယ်။ By One ကျောင်းသားများလို တစ်ဦးတည်း Focus မလုပ်ပေးနိုင်ပေမယ့် Lecture အပေါ် ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အမှတ်ပြည့်ထွက်နိုင်မှာပါ။ Video Record လည်းရနိုင်ပါတယ်။

- အချိန်တွေတိုက်နေလို့ Founder Teachel သင်ပေးနိုင်မှာတော့မဟုတ်ပါဘူး ဒါပေမယ့် N5, N4 Exam တွေမှာ အမှတ်ကောင်းခဲ့တဲ့ N2 Level ဆရာမအသစ်တစ်ယောက်ထပ်ထည့်ပြီးပဲ အတန်းတွေပေးကိုင်ထားပါတယ်။ အတွေ့အကြုံရှိပြီးသား Guide ကိုပဲ စစ်ဆေးခန့်ထားတာပါ။

- ကျောင်းသားဘက်က N5 ဆို N5၊ N4 ဆို N4 သက်ဆိုင်ရာဖတ်စာအုပ်တွေပဲဝယ်ပါ။ ✅ Zoom ရှိရမယ်။
✅ Telegram Account ရှိရပါမယ်။

‼️ စာရင်းပေးသွင်းမယ်ဆိုရင် Page Messenger မှာ (2) ရက်အတွင်းလျှောက်ပေးပါ။ အဆုံးထိတက်ပေးမှရမှာမို့ သေချာစဉ်းစားပြီးမှလာလျှောက်ပေးနော်။ သင်တန်းဘက်က ဒီ့အတွက်အသေးစိတ်ကစ အဆင်ပြေအောင် စီစဉ်ပေးထားတာမို့ ရလဒ်ကောင်းတွေထွက်လာဖို့ အတူတူကြိုးစားမယ့် ကျောင်းသားတွေပဲ ဖြစ်စေချင်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးပဲတင်ပါတယ်ရှင်။ 🤍

မင်္ဂလာပါရှင်... February (5) ရက်နေ့စမယ့် N5, N4 အတန်းတွေအတွက် ကျောင်းသားအချို့ကို စာပို့လို့မရတာကြောင့် Telegram Accoun...
30/01/2024

မင်္ဂလာပါရှင်... February (5) ရက်နေ့စမယ့် N5, N4 အတန်းတွေအတွက် ကျောင်းသားအချို့ကို စာပို့လို့မရတာကြောင့် Telegram Account လေးတွေကိုဆက်သွယ်နိုင်ဖို့ရာအတွက် Page Messenger မှာ နာမည်၊ ဖုန်းနံပတ်လေးလာပေးပြီး အတန်းခုံယူပေးဖို့အသိပေးအပ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ် 🩵🍀

Japan ဘာသာစကားနဲ့ လက်ချောင်းလေးတွေကျက်ရတာက အရမ်းလွယ်ပြီး ရိုးရှင်းပါတယ်။(1) ゆび - လက်ချောင်း 🍀(2) おや (親) ဆိုတာ မိနစံသိတဲ့...
29/01/2024

Japan ဘာသာစကားနဲ့ လက်ချောင်းလေးတွေကျက်ရတာက အရမ်းလွယ်ပြီး ရိုးရှင်းပါတယ်။

(1) ゆび - လက်ချောင်း 🍀

(2) おや (親) ဆိုတာ မိနစံသိတဲ့အတိုင်း "မိဘ" မဟုတ်လား၊ တစ်ခုခုရေတွက်တာဖြစ်စေ ဘယ်နေရာမှာမဆို လက်မလေးကအရင်စထွက်လာတတ်တာမို့ လက်ချောင်းတွေထဲမှာ လက်မလေးကို မိဘနေရာပေးပြီး おやゆび (親指) လို့ခေါ်ပါမယ်။

(3) ひと (人) ဆိုတာ လူ၊ さす (差す) ဆိုတာ ညွှန်ပြသည်၊ ဒီတော့ လူတွေ၊ပစ္စည်းတွေကိုညွှန်တဲ့နေရာမှာအသုံးများတဲ့ လက်ညိုးလေးကို လွယ်ကူရိုးရှင်းစွာ ひとさしゆび (人差し指) လို့ခေါ်ပါမယ်။

(4) なか (中) ဆိုတာ အထဲမှာ,အလယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်တဲ့အတွက် လက်ချောင်း‌တွေရဲ့ခလည်ချောင်းက なかゆび (中指) ပေါ့။

(5) လက်သူကြွယ်လေးကတော့ ဆေးလက်ပါ၊ ချယ် ကြားဖူးတာကတော့ အရင်ကတည်းက ဂျပန်မှာဆေးတွေဘာတွေတိုက်တဲ့အခါ၊ ဆေးလူးတဲ့အခါ အဲ့လိုအခါတွေဆို လက်သူကြွယ်မှာသုတ်လိမ်းပြီးအသုံးပြုရင် အစွမ်းထက်ပါတယ်တဲ့၊ ဒါ့ကြောင့် くすり (薬) ဆိုတဲ့ ဆေးနဲ့ပေါင်းပြီး ဆေးလက်ချောင်းလေးလို့ခေါ်ပါမယ်။
くすりゆび (薬指) လက်သူကြွယ်

(6) လက်သန်းလေးကတော့အငယ်ဆုံးဖြစ်တဲ့အတွက် သေးငယ်တဲ့ ちいさい (小さい) က こ အသံထွက်လေးရယ်ပေါင်းပြီး ရိုးရှင်းစွာ こゆび (小指) ပါရှင်။

မသိသေးတဲ့လူတွေလည်း ဒီလိုလေးမှတ်ရင် တော်ရုံနဲ့မေ့မှာမဟုတ်ပါဘူး ဒီနေ့အတွက် အခေါ်အဝေါ်လေးအနည်းငယ်ကျက်ကြည့်လိုက်ပါဦး 🩵


28/01/2024

Ex ခမျာ သူ့ကိုယ်သူ ငါ့ကိုစိတ်ဒုက္ခအပေးနိုင်ခဲ့ဆုံးလူလို့ထင်နေတာ သူ Mira-san ကိုမမှီသေးပါဘူး

မင်္ဂလာပါရှင့် 🩵 February (5) ရက်နေ့မှာစတင်မယ့် Japan စာအတန်းသစ်တွေအပြင် By One အတန်းချိန်တွေထိ လာရောက်စုံစမ်းပေးတဲ့ ကျေ...
27/01/2024

မင်္ဂလာပါရှင့် 🩵 February (5) ရက်နေ့မှာစတင်မယ့် Japan စာအတန်းသစ်တွေအပြင် By One အတန်းချိန်တွေထိ လာရောက်စုံစမ်းပေးတဲ့ ကျောင်းသားအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ အတန်း 2 ခုလုံးကျောင်းသားဦးရေမ‌ပြည့်သေးတာကြောင့် လာမယ့် July JLPT စာမေးပွဲကြီးမှာ အောင်ပွဲအသစ်ဆင်ဖို့စတင်မယ့် ကျောင်းသားအသစ်တွေရှိရင်လည်း နွေးထွေးစွာကြိုဆိုနေပါတယ်ရှင်။ Korea စာအတန်းတွေဖွင့်ဖို့ပြောတာကြောင့် အစကမစီစဉ်ထားတော့ပေမယ့်လည်း ညကျရင် အတန်းလေးတွေကြေညာပေးပါမယ်နော်။

အတန်းအားလုံးကို N2 Level အတွေ့အကြုံရှိပြီးသား Teachel ကိုယ်တိုင်သင်ကြားမှာဖြစ်ပါတယ်။
အတန်းချိန်နှစ်ချိန်မှာ မိမိအားလပ်တဲ့အချိန်တစ်ခုကိုရွေးချယ်ရပါမယ်ရှင့်။ ဖတ်စာအုပ်ဖိုးတွေမပါသေးတာမို့ ဖတ်စာအုပ်ပါယူမယ့်ကျောင်းသားတွေက စအပ်ကတည်းကယူမယ်ပြောပေးပါ
ကျောင်းသားအတွက်လိုအပ်တဲ့သင်ရိုးတွေနဲ့ Kanji အရေးကျင့်စာအုပ်၊ ခဲတံဘူး အစုံအလင်ဝယ်ပို့ပေးပါမယ်။‼️

🌐 Japanese Basic + N5 Level Complete (Zoom Class)

Start Date : February 5 , 2024
Time : 6 PM - 7:30 PM
Date : Monday to Friday
Fees : 100,000 Ks (For 4-5 months)

🌐 Japanese N4 Level Complete (Zoom Class)

Start Date : February 5 , 2024
Time : 6 PM - 7:30 PM
8 PM - 9:30 PM
Date : Monday to Friday
Fees : 120,000 Ks (For 4-5 months)

သင်တန်းအပ်ရန် နောက်ဆုံးလက်ခံကာလ
- February 3, 2024

သင်တန်းအားလုံးစတင်မည့်ရက်
- February 5, 2024

သင်တန်းအပ်ဆက်သွယ်ရန်နှင့် သိလိုရာမေးမြန်းမှုများအတွက် Page Messenger (or) Phone
097-978-15056
097-626-68925

မှန်တာ၊မှားတာထက် အတွေ့အကြုံကိုမျှဝေရမယ်ဆို စာမေးပွဲမှာ Listening အမှတ်မနည်းချင်ရင် (မေးခွန်းဟောင်း) ကို ကိုင်ကို ကိုင်ရပ...
25/01/2024

မှန်တာ၊မှားတာထက် အတွေ့အကြုံကိုမျှဝေရမယ်ဆို စာမေးပွဲမှာ Listening အမှတ်မနည်းချင်ရင် (မေးခွန်းဟောင်း) ကို ကိုင်ကို ကိုင်ရပါတယ်။ Listening အရမ်းတိုးတက်ချင်တယ်၊ Speaking တစ်မျိုးလုံးပိုင်ချင်တယ်ဆိုတဲ့ရည်ရွက်ချက်ဘောင်အကြီးကြီးတွေမထားသေးဘဲ ကျွန်တော်/ကျွန်မတို့က စာမေးပွဲမှာ Listening အမှတ်ကောင်းရုံပဲဆိုရင်တော့ ဘာ Podcast ၊ ဘာ YouTube Video မှမကြည့်ချင်ဘူးဆိုလည်း လုံးဝ OK ပါ ဒါပေမယ့် မေးခွန်းဟောင်းတော့ အီစိမ့်နေအောင် နားထောင်ပေးရပါတယ်။ ‼️ (ဒီပိုစ့်ဟာ မိနစံတို့အတွက်ဖြစ်ပြီး ယော်ရောဘွန်းတို့လည်းအကြံညဏ်လိုချင်ရင် ဝင်ဖတ်နိုင်ပါတယ်။)

ဘယ်နည်းလမ်းပဲသုံးပါစေ ကြိုးစားအားထုတ်မှုကတော့ အနည်းနဲ့အများ လိုအပ်နေတာပဲဖြစ်ပြီး ကိုယ်လိုချင်တဲ့ Target ပေါ်လိုက်ပြီး အလျှော့အတင်းလုပ် အသုံးချပါ။ Hanabi ရဲ့ဂျပန်စာအိုးနင်းခွက်နင်းသမိုင်းကြောင်းကို ဥပမာပေးပြောပြရင် ပိုအားတက်သွားမှာပါ။ ငယ်ငယ်ကတည်းက Korea စာပဲစိတ်ဝင်စား၊စိတ်အားထက်သန်သူ‌ဖြစ်ပေမယ့် အခွင့်အရေးအသစ်တွေကြောင့် Japan စာကိုပါသင်ယူခွင့်ရခဲ့ပါတယ်၊ ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် Japan ဇာတ်ကား၊ Japan သီချင်း ဘာတစ်ပုဒ်မှမကြည့်ခဲ့ မသိခဲ့တဲ့အပြင် Arigatou တောင် ကောင်းကောင်းမသိခဲ့ပါဘူး။ (မြန်မာပြည်က ကိုရီးယားကားတွေပဲခေတ်စားခဲ့တာဆိုတော့‌လေ)

Korea စာစိတ်ဝင်စားသူမို့ ဒီဘာသာမှာ စကားပြောရော အကြားရော ဘယ်အချိန်နေနေအားရစရာကောင်းခဲ့ပေမယ့် Japan စာကျအရမ်းကြိုးစားယူရတယ်။ အဓိကအဆင်ပြေစေခဲ့တာကတော့ ကိုယ့်ရဲ့ဘာသာစကားသင်ကြားရေးဝါသနာလို့ထင်ပါတယ်၊ ဒါကြောင့်ပဲ 1 နှစ်ကျော်ကြာအပြီး အခုတော့ Japan စကားပြောကို ကောင်းကောင်းနားရည်ဝသလို ကိုယ်တိုင်လည်း Club တွေထဲ အဆင်ချောစွာ ဝင်ရောက်ပြောနိုင်နေပါပြီ။ 💛

ပြောချင်တာက တစ်ခုခုဆို ဂျပန်စာနဲ့ပတ်သက်ရင် ဘာမှမှမသိခဲ့တာဆိုပြီးပဲ အကြောင်းပြချက်ရှာတဲ့ Hanabi တောင် N2 အထိ Listening အမှတ်မနည်းခဲ့တာ မေးခွန်းဟောင်းကြောင့်ပါ။ (အနည်းဆုံးရခဲ့တာ N3 မှာ 51 marks ပါရှင်)

တခြားမပြောလိုပေမယ့် စာမေးပွဲအတွက်ဆိုရင်တော့ YouTube မှာ တစ်ပုဒ်ကို မိနစ် (၃၀) (၄၀) လောက်ရှိတဲ့ Listening Old Question တွေကို တစ်ရက်တစ်စုံဖြေကြည့်ခြင်းဟာ အများကြီး (အများကြီး) ကိုအထောက်အကူဖြစ်စေမှာ ရဲရဲကြီးအာမခံပါတယ်။ Hanabi တုန်းကတော့ တစ်ရက်ကိုတစ်ပုဒ်စီ (၁) ပတ်လောက်ပဲလေ့ကျင့်ကြည့်ရုံနဲ့ (28) ပုဒ်မှာ (27) ပုဒ်လောက်ထိမှန်လာပါတယ်၊ ဖြေကြည့်နေရင်း ကိုယ့်အမှတ်တွေကအနည်းအများပြေးနေပြီး Listening အပေါ်လုံးဝကြောက်စိတ်ရှိတော့မှာမဟုတ်ပါဘူး။

တခြားဘာမှမလုပ်ချင်ဘူးဆိုရင်တောင် OQ ကိုတော့ဖြေကြည့်ပါ၊ လေ့ကျင့်ကြည့်ပါ၊ မလုပ်ကြည့်ရသေးဘဲ Result ထွက်လာမှ စိတ်မညစ်ပါနဲ့၊ နားမလည်လို့ နားမထောင်၊ နားမထောင်လို့ နားမလည်နဲ့ သံသရာလည်မခံပါနဲ့နော်၊ အချိန် 1 ပတ်လောက်ပဲ သေချာလုပ်ပေးကြည့်ရင် စိတ်ကျေနပ်လောက်တဲ့ result ရလာမယ်လို့ အကြံပေးပါရစေ ။

ဘာသာစကားလေ့လာနေတဲ့ ကျောင်းသားအားလုံးရဲ့အကျိုးကိုသာ မျှော်ကိုးရင်း 🩵

"ခုမှစသင်မှာမို့လို့ ဂျပန်စာက Kanji တွေအရမ်းခက်တာလားဟင်""Korea စာသင်ရင် အသတ်သံတွေကအရမ်းရှုပ်တာပဲဆို အဆင်ပြေပါ့မလား"စသဖြင...
24/01/2024

"ခုမှစသင်မှာမို့လို့ ဂျပန်စာက Kanji တွေအရမ်းခက်တာလားဟင်"

"Korea စာသင်ရင် အသတ်သံတွေကအရမ်းရှုပ်တာပဲဆို အဆင်ပြေပါ့မလား"

စသဖြင့်တွေးပူနေတဲ့ မိနစံတို့ ယော်ရောဘွန်းတို့ ဘာမှမစိုးရိမ်ပါနဲ့ မျက်စိမှိတ်ပြီးသာသင်လိုက်ပါ ဘာတွေလိုလဲဆို ကံ၊ညဏ်၊ဝီစကီပဲလိုတယ် 👌

မြန်မာစကားတတ်ရင် မြန်မာမှာအလုပ်ကောင်းကောင်းလုပ်လို့ရသလို Japan စကားတတ်ရင် Japan မှာပါအလုပ်လုပ်ကိုင်လို့ရပါတယ်။ ပညာတော်သင...
23/01/2024

မြန်မာစကားတတ်ရင် မြန်မာမှာအလုပ်ကောင်းကောင်းလုပ်လို့ရသလို Japan စကားတတ်ရင် Japan မှာပါအလုပ်လုပ်ကိုင်လို့ရပါတယ်။ ပညာတော်သင်သွားချင်တာလား ? လစာကောင်းကောင်းနဲ့အလုပ်ကြိုးစားချင်တာလား ? စတဲ့ အခွင့်အလမ်းကောင်းတွေကို တိုးချဲ့ရှာဖွေနိုင်ဖို့အတွက်ဆိုရင် သင့်ရဲ့ဘာသာစကားကျွမ်းကျင်တတ်မြောက်နိုင်စွမ်းကို ကန့်သတ်မထားဖို့လိုအပ်ပါတယ်‼️

Japan ဘာသာစကားကို တစ်ခါမှမထိတွေ့ဖူးသေးတဲ့ကျောင်းသားအသစ်တစ်ယောက်ဆိုရင်လည်း စိတ်မပူပါနဲ့၊ ကြောက်စိတ်မွေးစရာမလိုပါဘူးရှင့်။ နိုင်ငံခြားသားစာသင်သားတွေအတွက် ခက်ခဲနိုင်တဲ့ ဒီလိုဘာသာခြားသင်ခန်းစာတွေကို အဆင်ပြေပြေနဲ့ လွယ်ကူတတ်မြောက်သွားနိုင်ဖို့အတွက်ရည်ရွယ်ပြီး အတွေ့အကြုံရှိပြီးသား N2 Level စာသင်ပြဆရာမတွေကိုယ်တိုင် ကျောင်းသားတစ်ယောက်ချင်းစီကို အနီးကပ်ကြည့်ရှုသင်ကြားပေးသွားမယ့်အပြင် JLPT စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အမှတ်အကောင်းဆုံးရတဲ့ကျောင်းသားအတွက် 1 မှတ်ကို 1000 နဲ့မြှောက်ပြီး ဆုကြေးငွေချီးမြှင့်ပေးသွားဦးမှာပါ။🎉

ကျောင်းသားကိုပစ်မထားဘဲ တစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေထောက်ပြရင်း တဖြေးဖြေးချင်းဆွဲခေါ်ပေးသွားမှာမို့ ခရီးစဖို့အားခဲထားတဲ့လူတွေရှိရင် February လမှာစတင်ဖွင့်လှစ်မယ့် Japan ဘာသာစကားသင်တန်းအသစ်တွေဆီ အချိန်မှီလာရောက်ပူးပေါင်းနိုင်ပါတယ်။

‼️ အတန်းတစ်တန်းကို (၂) ချိန်ခွဲပေးထားဟာ မိမိအားလပ်တဲ့ကိုယ်ပိုင်အချိန်လေး တစ်ချိန်ရွေးပြီး အပ်နှံလို့ရအောင်ပါရှင့်။ By One အတန်းတွေကိုတော့ Page Messenger ကဖြစ်စေ ဖုန်းနဲ့ဆက်သွယ်ပြီးဖြစ်စေ စုံစမ်းနိုင်ပါတယ်။ ဖတ်စာအုပ်ဖိုးတွေမပါသေးတာမို့ ဖတ်စာအုပ်ပါယူမယ့်ကျောင်းသားတွေက စအပ်ကတည်းကယူမယ်ပြောပေးပါ ကျောင်းသားအတွက်လိုအပ်တဲ့သင်ရိုးတွေနဲ့ Kanji အရေးကျင့်စာအုပ်၊ ခဲတံဘူး အစုံအလင် သင်တန်းကပို့ပေးပါတယ်။‼️

🌐 Japanese Basic + N5 Level Complete (Zoom Class)

Start Date : February 5 , 2024
Time : 6 PM - 7:30 PM
8 PM - 9:30 PM
Date : Monday to Friday
Fees : 100,000 Ks (For 4-5 months)

🌐 Japanese N4 Level Complete (Zoom Class)

Start Date : February 5 , 2024
Time : 6 PM - 7:30 PM
8 PM - 9:30 PM
Date : Monday to Friday
Fees : 120,000 Ks (For 4-5 months)

သင်တန်းအပ်ရန် နောက်ဆုံးလက်ခံကာလ
- February 3, 2024

သင်တန်းအားလုံးစတင်မည့်ရက်
- February 5, 2024

သင်တန်းအပ်ဆက်သွယ်ရန်နှင့် သိလိုရာမေးမြန်းမှုများအတွက် Page Messenger (or) Phone
097-978-15056
097-626-68925


23/01/2024

မိနစံတို့အတွက် ဝမ်းသာလို့မှမပြီးသေးဘူး 여러분 တို့အတွက်လည်း ဒီနှစ် Topik က (၂) ကြိမ်ကျင်းပမယ့်အပြင် Mandalay မှာပါ campus ရှိတော့မယ်တဲ့နော် စာတွေအများကြီးကျက်ထားကြတော့ရှင်
열심히 공부하즈아ㅏ!!! 🩵

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝗛𝗮𝗻𝗮𝗯𝗶 - 𝗬𝗼𝘂𝗿 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲𝘀 𝗦𝗽𝗮𝗰𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share