MCTA Chan Thar Myanmar Private School

MCTA Chan Thar Myanmar Private School

Share

This is Chan Thar Private School's Page

17/01/2026

Grade - 11 ကျောင်းသားများ၏ Benedict's solution ဖြင့် သကြားပါဝင်မှုကိုစမ်းသပ်နေခြင်း

12/01/2026

Grade 3 သင်္ချာဘာသာရပ်မှ သင်ခန်းစာများကို လက်တွေ့အသုံးချခြင်းများနှင့် ဆက်စပ်ပြ၍ သင်ကြားပို့ချပေးခြင်း

06/01/2026

Grade - 3 ကျောင်းသားများ၏ သိပ္ပံသင်ခန်းစာမှာ လေညွှန်တံကို ပုံဖော်လုပ်ဆောင်ပြီး အလင်းနှင့် အရိပ်ကို လက်တွေ့ပြုလုပ်ခြင်း

03/01/2026

Grade -10 ကျောင်းသား ကျောင်းသူများ၏

-ဒြပ်နှောတွင် ပါဝင်သော ပါဝင်ဖက်များကို သင့်တော်သောခွဲထုတ်ခြင်းနည်းဖြင့် ဆားဖြစ်ပေါ်လာပုံကို ခွဲထုတ်စမ်းသပ်ခြင်း

အရောင်ရင့်ရှိသောအသီးအရွက်များကို indicators အဖြစ် အသုံးပြုနိုင်ကြောင်း acid, base, distilled water များထဲတွင် ထည့်၍ လက်တွေ့စမ်းသပ်ခြင်း/ အရောင်ရှိသောပစ္စည်းများထဲတွင် ပါဝင်သောရောင်ခြယ် ပစ္စည်းအရေအတွက်ကို သိရှိစေရန် paper chromatography သုံးပြီး လက်တွေ့စမ်းသပ်ခြင်း

01/01/2026

Grade - 4 ကျောင်းသားလေးများ၏ သိပ္ပံဘာသာရပ်မှ သတ္တဝါများကို အုပ်စုခွဲခြားခြင်းနှင့် ဒြပ်ဝတ္ထုများ၏ ဒြပ်ထုများကို တိုင်းတာခြင်း ကိုလက်တွေ့များနှင့် ပေါင်းစပ်လေ့လာသင်ယူနေတာ ဖြစ်ပါတယ်။

30/12/2025

Grade - 6 ကျောင်းသားများ၏ ဆား၏ပျော်ဝင်မှု ပမဏကြာချိန်ကိုလက်တွေ့ပြုလုပ်ခြင်း
ကြက်သွန်နီ၊ချင်းနှင့်အာလူးများကို သဲမြေဖြင့် လက်တွေ့စိုက်ပျိုးခြင်း

19/09/2025

မန္တလေးမြို့ ချမ်းသာကိုယ်ပိုင် အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လိုပါက လက်ထောက်ဆရာ/ဆရာမ ရာထူးနေရာများအတွက် ဝန်ထမ်းများအလိုရှိပါသည်။

လက်ထောက်ဆရာ/ဆရာမများ လုပ်ဆောင်ရမည့် တာဝန်များ

📌 ကလေးများ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် မိဘများနှင့်တကွ ပူးပေါင်းလက်တွဲလုပ်ဆောင်နိုင်ရမည်။
📌 မိမိနှင့် သက်ဆိုင်သော အတန်းရှိ ကလေးများအတွက် နေ့စဉ်ပြုလုပ်ရမည့် အစီအစဉ်များကို ကူညီရမည်။
📌 မိမိနှင့် သက်ဆိုင်သော အတန်းအသုံးပြုသော အခန်းသည် သန့်ရှင်းသပ်ရပ်ပြီး ကလေးများ လုံခြုံမှုကို လုပ်ဆောင်ရမည် ။
📌 လိုအပ်သော သင်ထောက်ကူးပစ္စည်းများကို ကူညီလုပ်ဆောင်ပေးရမည် ။
📌 မိမိနှင့် သက်ဆိုင်သော အတန်းရှိ ကျောင်းသာများ၏ အကဲဖြတ်မှတ်တမ်းများ (Report Cards) ထိန်းသိမ်းပေးရမည်။
📌 လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ထိရောက်၍ အပြုသဘောဆောင်သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရမည်။
📌 လိုအပ်သည့်အလျောက် အခြားသောအလုပ်တာဝန်များကို လုပ်ဆောင်ပေးနိုင်သူ ဖြစ်ရမည်။
လျှောက်ထားရန် လိုအပ်ချက်များ
✅ ဘွဲ့ရပြီးသူ
✅ ဆရာ/မအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူ
✅ စိတ်အားထက်သန်စွာနှင့် အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ချင်စိတ်ရှိသူ
✅ အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်သူ
✅ အသက် ၃၅ နှစ်အောက်ဖြစ်ရမည်
✅ အတွေ့အကြုံမရှိသူလည်းလျှောက်ထားနိုင်သည်။

အထက်ပါ အချက်များနှင့် ကိုက်ညီပါက အောက်ဖော်ပြပါ mail ကို လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ email ၏ subject နေရာတွင် assistant teacher ဟုထည့်ရေးပေးပါ။
Email - [email protected]
လိပ်စာ - 53*37 လမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်။
ဖုန်းနံပါတ် - 09969265258

18/09/2025

Grade5 ကျောင်းသား/သူများ၏ သိပ္ပံဘာသာရပ်မှ
- သွေးလှည့်ပတ်ခြင်းနှင့် အညစ်အကြေးစွန့်ထုတ်ခြင်း
- အပင်များ ရေကို သယ်ယူခြင်းအကြောင်းကို ဆိုးဆေးရေများအသုံးပြု၍လက်တွေ့လုပ်ဆောင်သင်ယူနေကြသောပုံရိပ်လေးများ မျှဝေလိုက်ပါသည်။

17/09/2025

Grade5 ကျောင်းသား/သူများ၏ သိပ္ပံဘာသာရပ်မှ
- ဒြပ်ဝတ္ထုများကို ရောနှောခြင်း
- ပျော်ရည်များ အကြောင်းကို လက်တွေ့လေ့လာခြင်း

27/05/2025

ချမ်းသာကိုယ်ပိုင်အထက်တန်းကျောင်းမှ
2025 - 26 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီ
Our Programmes
📌မြန်မာသင်ရိုး
📌 မြန်မာသင်ရိုး နှင့် နိုင်ငံတကာသင်ရိုး

ဒီကျောင်းကို ဘာကြောင့်ရွေးချယ်သင့်တာလဲ။

✴️ လက်တွေ့လုပ်ဆောင်သင်ပြမှုနည်းစနစ်များ
✴️သင်ခန်းစာများကို အဖွဲ့လိုက် လက်တွေ့ဖော်ဆောင် လေ့လာသင်ကြားနိုင်ခြင်း
✴️အင်္ဂလိပ်စာကို ပိုမိုကောင်းမွန်စွာ အသံထွက်တတ်ရန် နှင့် ချောမွေ့စွာ ဖတ်တတ်ရန် phonic ကို ထပ်ဆောင်းသင်ယူနိုင်မှု။
✴️ ထပ်ဆောင်း အင်္ဂလိပ်စာ ( Starter to PET English level ) များကို ကလေး၏ အင်္ဂလိပ်စာ level အလိုက် သင်ယူပေးနိုင်မှု။
✴️ စိတ်ဝင်စားဖွယ်ကျွမ်းကျင်မှုဆိုင်ရာ Club များတွင်ပါဝင်လေ့လာသင်ယူနိုင်မှု။ ( Interest Club )
✴️ ကွန်ပျူတာ သင်ခန်းစာများသင်ယူနိုင်မှု။
✴️ အတန်းတွင်း စာအုပ်စင်များထားပြီး ကလေးများ၏စာဖတ်ခြင်းကို မြှင့်တင်ပေးခြင်း။
✴️ အတန်းတိုင်းတွင် ထူးချွန်သော ကလေးများ နှစ်စဉ် ပညာသင်ဆုချီးမြှင့်ခြင်း

School Facilities

✳️Aircon အချိန်ပြည့်ဖွင့်ပေးထားသောစာသင်ခန်းများ
✳️သင်ခန်းစာများအတွက် လိုအပ်သော လက်တွေ့များနှင့် ပေါင်းစပ်သင်ကြားခြင်း
✳️စာကြည့်တိုက်၊ သိပ္ပံလက်တွေ့ခန်း၊ စုဝေးခန်းမ ၊ အကခန်းမ၊ ဘတ်စကက်ဘောကွင်း၊ ဘောလုံးကွင်း၊ ရေကူးကန် တို့ဖြင့် ပြည့်စုံသော ကျောင်းပရဝုဏ်
✳️ ကျယ်ဝန်း လုံခြုံမှုရှိခြင်း

26/09/2024

Grade -12 ကျောင်းသားများ၏ Physics ဘာသာရပ်မှ centripetal force ကို လက်တွေ့လေ့လာမှုတချို့၏ မှတ်တမ်းvideoလေး ဖြစ်ပါတယ်။

16/06/2024

အလုပ်ခေါ်စာ❗️
📣📣ချမ်းသာကိုယ်ပိုင်အထက်တန်းကျောင်းတွင် အလုပ်လုပ်ရန် သင်ကြားရေးဆရာ/မ နေရာများ အတွက် ခေါ်ယူနေပါပြီ📣

Job Description
📌 အလယ်တန်း နှင့် မူလတန်း များကို သင်ကြားနိုင်ရန်
📌 ကလေးများ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် မိဘများနှင့်တကွ ပူးပေါင်းလက်တွဲလုပ်ဆောင်နိုင်ရန်
📌 သင်ကြားရေးနည်းစနစ်များနှင့် ပညာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို တတ်သိနားလည်ထားရန်
📌 ကြီးကြပ်သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ထိရောက်၍ အပြုသဘောဆောင်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်

လျှောက်ထားရန် လိုအပ်ချက်များ
✅ အရည်အချင်းပြည့်မှီသော ဘွဲ့ရရှိထားသူ (သို့) M.A or B.A , M.Sc , M.Res or B.Scဖြင့် ဘွဲ့ရရှိထားသူ
✅ သက်ဆိုင်ရာနယ်ပယ်တွင် သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူ
✅ သင်ရိုးသစ်ဖြင့် သင်ကြားနိုင်သူ၊ ကျောင်းသားအခြေပြုသင်ကြားရေးစနစ်တွင် အတွေ့အကြုံရှိသူ
✅ ကွန်ပျူတာနည်းပညာများကို အသုံးပြု၍ သင်ထောက်ကူများပြင်ဆင်နိုင်သူ

အထက်ပါ အချက်များနှင့် ကိုက်ညီပါက အောက်ဖော်ပြပါ mail ကို လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။⬇️

Email - [email protected]

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


At The Corner Of 53rd Street And 37th Street
Mandalay