Sakura Japanese Language Class
ဂျပန်ဘာသာစကားသင်တန်း/ Language School / Tokutei (အထူးသဖြင့် Kaigo) အလုပ်အကိုင်များချိတ်ဆက်ပေးခြင်း
21/02/2026
လာမည့်နွေရာသီကနေစမည့် သားသားမီးမီးတို့အတွက် ဂျပန်စာ အတန်းလေးများ ရှာနေတယ်ဆိုရင် Sakura မှာ စုံစမ်းလို့ရပါတယ်။
******************************************
သင်တန်းလေး အပ်မယ်ဆိုရင် ကြိုတင်သိထားရမည့်အချက်လေးတွေရှိပါတယ်ရှင်။
🍎 ဘာသာစကားတစ်ခုကို ၃-၄ လ နဲ့ တတ်အောင်သင်လို့မရသလို ၃ လလောက် သင် ၉ လလောက် မထိတွေ့ဘဲ ရပ်ထားရင် ကလေးဆိုတာ မေ့သွားမှာပါ။
🍎 နွေရာသီမှာ တစ်ပတ် ၃ -၄ ရက်သင်ပြီး ကျောင်းဖွင့်ချိန် တစ်ပတ် ၂ ရက်လောက် အနည်းဆုံး စဉ်ဆက်မပြတ် သင်ယူနိုင်ပါမှ ဘာသာစကားက ကလေးတွေ စိတ်ထဲ စွဲမြဲသွားနိုင်ပါမယ်။
🍎 ကလေးတန်းဖြစ်လို့ အတန်းထဲမှာ vocabulary, grammar အစ စကားပြောတာ၊ စာရေးတာအဆုံး တခါတည်းရအောင်သင်ပေးပေမဲ့ အိမ်မှာ တစ်ရက် နာရီဝက်လောက် သင်ထားတာလေးတွေ ပြန်လေ့လာချိန်ပေးမှ သင်ယူမှုက ပိုထိရောက်တာဖြစ်ပါတယ်။
🍎 ဘာသာစကားသင်ယူရတာ မခက်ပါဘူး။ စနစ်တကျလေး လိုက်လုပ်ဖို့ပဲလိုတာပါ။ အသက် ၉ နှစ်အရွယ်ခန့်ကစပြီး အထက်ဖော်ပြပါ အချက်များကို နားလည်းလက်ခံနိုင်တဲ့ သားသားမီးမီးလေးတွေ Sakura မှာ သင်တန်းစုံစမ်းလို့ရပါတယ်ရှင်။
🍎 အသေးစိတ်သိရှိလိုပါက ၀၉၉၆၀၇၅၇၀၀၄/ ၀၉၉၅၁၀၈၃၇၆၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
#ဂျပန်စာကလေးတန်းခွဲ
#ကလေးတန်းခွဲ
#ဂျပန်စာ
မိနစံလေးတို့အတွက် N3 ပြင်ပသင်တန်းသစ်လေး ကို ဖွင့်လှစ်လိုက်ပါပြီရှင့်.... 🇯🇵
💥သင်တန်းစမည့်ရက် - 23.2.2026
💥နေ့ရက် - Mon, Tue, Wed,Thurs
💥အချိန် - 2:00 PM ~ 4:00 PM
💥သင်တန်းကြေး - 320,000 ကျပ်
(စာအုပ်ဖိုး နှင့် uniform အပြီးအစီး)
💥သင်တန်းကာလ - 5 months
✅ UFL First Batch ဝါရင့် ဆရာ၊ဆရာမများကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် သင်ကြားရေးပိုင်းအတွက် စိတ်ချရပါတယ်ရှင့် 🫶🏻
✅ သင်ကြားရေးပိုင်းမှာ စိတ်ချရသလို ဂျပန်အစိုးရအသိအမှတ်ပြု ကျောင်းများနှင့် ချိတ်ဆက်ထားသည့်အတွက် Language School ဖြင့် ကျောင်းသွားတက်ချင်သူများ COE မှာလည်း စိတ်ချရပါတယ်ရှင့် 👩🏼🎓
✅ Tokutei ဖြင့်တိုက်ရိုက် အလုပ်ခေါ်စာများကိုလည်း အင်တာဗျူးထည့်သွင်းပေးနေပါတယ်ရှင့်..... 💁🏼♀️
✅ 2026 October Intake အတွက် N5 အောင်လက်မှတ်ရှိထားရုံနဲ့ Language School လျှောက်ထားလို့ ရနေပါပြီနော် 😻
✅ GED လက်မှတ်ဖြင့်လည်းပဲ 2026 October Intake အတွက် COE စိတ်ချရသော language school များကို လျှောက်ထားပေးနေပါပြီရှင်..🙆🏼♀️
🎋🎋 သင်တန်းလေးဆိုလည်း လူပြည့်မြန်သောကြောင့် သင်တန်းအပ်မည်ဆိုပါက Page Messenger, ဖုန်း, Viber တို့မှ တဆင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 😘😘
ရုံးလိပ်စာ - No.106, တိုက် C, Delta Plaza, ရွှေဂုံတိုင်လမ်း၊ ဗန်ဒါပင်မှတ်တိုင်၊ ဗဟန်းမြို့နယ်။
☎️ Phone - 09951083765
08/02/2026
JLPT (July စာမေးပွဲ) အမီ ဖေဖေါ်ဝါရီလစမည့် N5, N4, N3 Zoom Classများ
************************************************
ဂျပန်စာကို ၂၀၂၆ ခုနှစ် ဂျူလိုင်မှာ JLPT လည်း အောင်ချင်တယ်၊ စကားပြောပါ တခါတည်း ထည့်သွင်း သင်ကြားပေးပြီး Japanese Four Skills သင် ချင်တယ်ဆိုရင် Teacher Zarchi နှင့် Teacher Hnin သင်ကြားမည့် Sakura ရဲ့ တန်းခွဲလေးတွေ Join လိုက်ပါနော်။
🍎 မြန်မာမှာ ရှားရှားပါးပါး ဂျပန်စာကို Four Skills သင်တဲ့ သင်တန်းပါ။ မိမိကသာ တနေ့စာတနေ့လိုက်လုပ်ဖို့ တာဝန်ယူပေးပါ ကျောင်းသားသေသေချာချာနားလည်အောင် သင်ပေးဖို့၊ စာမေးပွဲအောင်ဖို့နဲ့ level တစ်ခုပြီးတာနဲ့ ရှိသင့်တဲ့ စကားပြောစွမ်းရည်၊ နားထောင်စွမ်းရည်၊ စာဖတ်ခြင်းစွမ်းရည်၊ အရေးစွမ်းရည်ရဖို့ ကျမတို့ဘက်က တာဝန်ယူပါတယ်။
🍎 N3 Goi အတွက် လွယ်ကူအောင် Mimikaraoboeru စာအုပ်ကို သင်တန်းရဲ့ မူပိုင် ဘာသာပြန် စာအုပ်ပေးသင်မှာ ဖြစ်သလို၊ Grammar ကိုလည်း အစုံဆုံးဖြစ်သော Mimikaraoboeru ကိုင်ပေးမှာ ဖြစ်ပြီး Kanji ဆိုလည်း လုံလောက်အောင် ၂ အုပ်ကိုင်ပေးမည့် N3 သင်တန်းလေးနော်။
🍎 N5 နှင့် N4 တန်းခွဲလေးတွေက four skills လေ့ကျင့်ပေးတဲ့ တန်းခွဲလေးတွေဖြစ်လို့ သင်တန်းပြီးတာနဲ့ level အလိုက်ရှိသင့်တဲ့ စကားပြောစွမ်းရည်ပါ ရရှိစေမှာဖြစ်ပါတယ်။
✅ Sakura ဂျပန်စာသင်တန်းဟာဆိုရင် 2025 December JLPT မှာ N4 level vocabulary, grammar and reading အမှတ်ပြည့်၊ 2024 ခုနှစ် ဂျူလိုင် JLPT စာမေးပွဲမှာ N5 level အမှတ်ပြည့်၊ စသင်ကတည်းက N3 level reading and listening အမှတ်ပြည့် ကျောင်းသားများကို စဉ်ဆက် မပြတ် မွေးထုတ် ပေးနိုင်ခဲ့တဲ့ သင်တန်းဖြစ်ပါတယ်။
✅ တချို့က လူများပြီးမထိရောက်မှာ စိုးကြတယ်။လူဦးရေ ၁၀ ဦးပဲ ကန့်သတ်ထားလို့ မထိရောက်မှာလည်း ပူစရာမလိုပါဘူး။
✅ နှစ်စဉ် N5 အောင်ချက် ၈၀% ခန့်ရှိပြီး၊ N3 အောင်ချက် ၈၅% နှင့် N3 စဖွင့်ကတည်းက reading နှင့် listening အမှတ်ပြည့် နှစ်စဉ်ထွက်တဲ့ သင်တန်းလေးဖြစ်တာမို့ သင်ကြားမည့်သင်ရိုးလေးနဲ့ ပတ်သက်ပြီးလည်း စိတ်ပူစရာ မလိုပါဘူးနော်။
✅ အများစုကြောက်တတ်တဲ့ reading နဲ့ listening ကိုလည်း တခါတည်း ထည့်သွင်း လေ့ကျင့်ပေးအုံးမှာပါ။
✅ မေးခွန်းဟောင်းကလည်း လေ့ကျင့်ပေးအုံးမှာနော်။
✅မိမိကသာ တစ်နေ့စာတစ်နေ့ သေချာလိုက်လုပ်ပါ။ ဘာသာစကား ကျွမ်းကျင်လာအောင် သင်ပြပေးဖို့ ကျမတို့က တာဝန်ယူပါတယ်။
Sakura Japanese Language Class
09951083765/09960757004
📢 2026 October Intake
N5 အောင်မြင်ထားသူများအတွက် Class 1 ကျောင်းခေါ်စာအသစ် 👩🏼🎓✨
👉🏻 ဂျပန်ကိုလည်း အမြန်ဆုံးသွားချင်တယ် 👈🏻
📢 Language School ကိုလည်း 1နှစ်နဲ့ 6လ ပဲ တက်ရမှာဆိုတော့ အမြန်ဆုံးလျှောက်ထားလိုက်တော့နော်။
💁🏼♀️ Class 1 ကျောင်းလည်း ဖြစ်တဲ့အတွက် COE စိတ်ချရတယ်နော် 👩🏼🎓✨
✅ ဘာတွေလိုအပ်လဲ ?
1.စနစ်ဟောင်းဆယ်တန်းအောင် (သို့) စနစ်သစ်
၁၂ တန်းအောင် ၊ GED အောင်တွေလည်း ရ
တယ်နော်။
2.N5 အောင်လက်မှတ် ( JLPT, STBJ,
Nat-Test,......)
ကဲ.....အထက်ပါအချက်လေးတွေ စုံပြီဆိုရင်တော့ လာရောက်လျှောက်ထားလို့ရပြီနော်။
️2026 October Intake လျှောက်ထားချင်သူများ ...
◻️Register လုပ်ထားချင်သူများ...
◻️အသေးစိတ်သိချင်သူများ ...
👉🏼Page Messenger
👉🏼ဖုန်း/viber တို့မှလည်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့် ....🫶🏼
guageCentre
01/02/2026
ဒီအတန်းလေးတွေ အပ်လို့ရပါသေးတယ်
Sakura ရဲ့ kids’ Japanese Class က ကလေးတွေ てくださいgrammar လေ့ကျင့်နေကြတာပါ။ ဂျပန်စာရဲ့ အရေးကြီးတဲ့ form တစ်ခုဖြစ်တဲ့ てーform ပြောင်းနည်းကို သားသားတို့ ကြေကြေညက်ညက် ပြောင်းတတ်သွားပါပြီ။
30/01/2026
ဒီနေ့ကတော့ တပည့်တွေကြောင့် ပီတိတွေ တဝကြီးစားရတဲ့နေပါပဲ။
ဂျပန်စာလေ့လာတဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ရတတ်ပါတယ်။
အများစုကတော့ ဂျပန်တော့သွားချင်တယ် ဂျပန်စာကိုတော့ စိတ်နှစ်ပြီး သေချာလေး ဇွဲလုံ့လဝီရိယရှိရှိလေ့လာဖို့ထက် certificate ရဖို့လောက်ပဲ အာရုံစိုက်ကြပါတယ်။ certificate က အရေးမကြီးဘူးလို့ မဆိုလိုချင်ပါဘူး။ certificate အရေးကြီးသလို အဲ့ဒီ certificate နဲ့ သက်ဆိုင်တဲ့ စကားပြောစွမ်းရည်လည်းရှိဖို့လိုပါတယ်။ ကျမတို့ ဂျပန်စာသင်တာ စကားပြောနိုင်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို မမေ့ဖို့လိုပါတယ်။
တချို့ဆို ကျမတို့ သင်တန်းရဲ့ သင်ရိုးက အတန်းထဲမှာ စကားပြောလေ့ကျင့်ရတဲ့ သင်ရိုးမို့ မကြိုက်ပါဘူး။ exercise က ကွက်လပ်ဖြည့်တာလောက်ကပဲ သူတို့အတွက် လွယ်ပါတယ်ဆိုပြီး လွယ်တာလေးပဲ တက်ပါရစေဆိုပြီး သင်တန်းကြေး အဆုံးခံတဲ့ သူတွေတောင် တွေ့ဖူးပါတယ်။
ဒီနေရာမှာ မိမိတို့ သင်ယူနေတာက လူနဲ့လူချင်း ဆက်သွယ်ပြောဆိုဖို့အတွက်သုံးဖို့ ဘာသာစကားကို သင်ယူနေကြတာဖြစ်ပြီး certificate ရရုံနဲ့ မလုံလောက်ဘဲ အခုလို အတန်းထဲမှာ စကားပြောပါလေ့ကျင့်ပေးလိုက်တာတောင် တကယ်လက်တွေ့ အပြည့်အဝ အဆင်ပြေနိုင်ဖို့ အများကြီးရုန်းကန်ကြရအုံးမည့်အခြေအနေရှိနေပါသေးတယ်။ ဒီလို ဘောင်အတွင်းကနေ အတန်းထဲစကားပြောကျင့်ရတာတောင် ခက်ခဲလို့ မလုပ်နိုင်ဘူးဆိုပြီး မကြိုးစားချင်ရင် ဂျပန်မှာ ဘယ်လိုရပ်တည်ကြမလဲ ။
ကြိုတွေးစေချင်ပါတယ်။
တချို့ကပြောသေးတယ် Language School တက်မှာမို့ ဘာသာစကားက ဒီမှာ N5/N4 အဖြစ်လောက် certificate ရရုံသင် ဟိုရောက်မှ သေချာလုပ်ပါ့မယ်တဲ့။ အိမ်က ပိုက်ဆံ ပုတ်ထဲထည့်ရလောက်အောင်များနေလို့ အလုပ်လုပ်ဖို့ မလိုသူတွေဆိုရင်တော့ အဲ့လို လုပ်လို့ ရတာမှန်ကောင်းမှန်ပါလိမ့်မယ်။ အဲ့လိုမဟုတ်ရင်တော့ မြန်မာမှာ ဂျပန်စာကောင်းကောင်းမလုပ်ဘဲ ဂျပန်သွားပြီး ကျောင်းတက်ရင်း အလုပ်လုပ်ရလို့ အချိန်မအားတာနဲ့ N3 တောင် အနိုင်နိုင် ဖြေဖို့ မနည်းကြိုးစားနေရသူတွေ ဒုနဲ့ဒေးဆိုတာ၊ N2 ဖြေဖို့ အိပ်မက်တောင် မမက်နိုင်ဘဲ ကောလိပ်ဆက်တက်ဖို့ စိတ်ပူနေရတဲ့ သူတွေ အများကြီးဆိုတာ သိထားဖို့လိုပါတယ်။
အလားတူပဲ အလုပ်နဲ့သွားပြီး ဘာသာစကားမရ၊ အလုပ်ထဲမှာ အဆင်မပြေနေကြတဲ့သူတွေကော မိမိရဲ့ ဘာသာစကား အားနည်းချက်က လုပ်ငန်းခွင်အဆင်ပြေမှုကို ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။
ဘယ်လူမျိုးမှ လူကောင်းတွေကြီးပဲ ရှိနေတာ မဟုတ်တာတော့ မှန်ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံနိုင်ခြင်းမရှိတာကလည်း တစိဦးနဲ့တစ်ဦး အဆင်မပြေမှု ဖြစ်စေတဲ့ အဓိကအချက်ပါ။
ဘာသာစကားအပြင် နိုင်ငံမတူတဲ့သူတို့မို့ ယဉ်ကျေးမှုနဲ့ လူမှုရေးစံနှုန်းကွဲပြားမှုတွေ အများကြီးရှိနေတာမို့ ကျမတို့သင်တန်းဆိုရင် စာအပြင် ဂျပန်တွေရဲ့ လူမှုရေးစံနှုန်းနဲ့ တန်ဖိုးထားမှုလေးတွေပါ သင်ပေးပါတယ်။ ဘယ်လောက်သင်သင် ဆရာက こんばんは ဆ်ုရင်တောင် ပြန်မနှုတ်ဆက်တဲ့သူတွေ၊ ဘယ်အခန်းရောက်နေပြီလဲမေးရင် မဖြေဘဲ နှုတ်ပိတ်နေသူတွေ၊ ကျေးဇူးတင်ပါတယ် ပြောဖို့ ရှက်နေသူတွေ၊ အပြန်အလှန်လေးစားသမှုနဲ့ အတန်းပျက်တာလေး ပုံမှန်အကြောင်းကြားဖို့တောင် စည်းကမ်းတကျမလုပ်ချင်သူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒီလို အပြုအမူတွေနဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင် လူမှုဆက်ဆံရေး ဘယ်လို အဆင်ပြေမလဲ မတွေးတတ်ပါ။
အကြောင်းကြောင်းကြောင့် အဆင်မပြေကြတဲ့အခါ ဂျပန်လို အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံမှာရောက်နေတာတောင် ဘဝက အပြည့်အဝပျော်ဖို့ မကောင်းဘူးဆိုပြီး လူငယ်အချို့ ပြောဆိုနေကြတာ မဆန်းဘူးလို့ထင်ပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားကို မကြိုးစားဘဲနဲ့တော့ အဖုအထစ်တွေကရှိနေမှာပါပဲ။
ဒီလိုပြောလို့ မကြိုးစားသူတွေကြီးပဲတော့ မဟုတ်ပါဘူး။ တန်းခွဲတစ်ခုမှာ ၂-၃ ယောက်လောက် ဆရာ့စကားကို သေချာနားထောင် လိုက်လုပ်ကြသူတွေရှိပါတယ်။ ဒီလိုကလေးတွေ ဂျပန်ရောက်သွားတဲ့အခါ အဆင်မပြေဘူးဆိုတာ မကြားရသလောက်ပါပဲ။ အစစအရာရာ အဆင်ပြေကြတယ် ဆရာက ဘာလို့ သူတို့ကို ကြိုးစားဖို့ ပြောလဲ ပိုသိလာကြတဲ့အခါ ကြုံတိုင်း ကျေးဇူးတင်ကြောင်းလာပြောကြတယ်။
ဒီလိုကလေးတွေထဲကမှ ဒီနေ့ N2 စာမေးပွဲအောင်ပြီး ဂျပန်မှာ Language School တစ်နှစ်ပဲ တက်ရပြီး ကောလိပ်တက်ခွင့်ရသလို လုပ်ငန်းခွင်မှာ အဆင်ပြေနေတဲ့ သားလေး Minkant အကြောင်း သူပို့ထားတဲ့ မက်ဆေ့ကနေ ပညာယူစေချင်လို့ပါ။ သူက Sakura မှာ N5/N4/N3 level ၃ခုကို တစ်နှစ်နဲ့ အပြတ်ကြိုးစားသင်ယူပြီး စာမေးပွဲပါဖြေပြီး ဂျပန်ကို language school သွားတက်တဲ့ကလေးပါ။
30/01/2026
Sakura က ဒီနှစ်အတွက် အမြင့်ဆုံးအမှတ် ရရှိသူက ၁၆၈ မှတ်ပါ။
အများစုသော ကလေးတွေ အမှတ်ကောင်းလို့ ပိုဝမ်းသာရပါတယ်။
အခုလို အမှတ်ကောင်းဖို့ဆိုတာ ဆရာတော်လို့မဟုတ်ပါဘူး။ အရေးကြီးဆုံးဖြစ်တဲ့ ကျောင်းသားတွေ ကြိုးစားလို့ပါ။ ဆရာကတော့ အားလုံးကို အတူတူပေးတာပါပဲ။
Congratulations 🥳 ပါ။
30/01/2026
လတ်တလောတော့ Sakuraက N4 level, vocabulary, Grammar နဲ့ reading အမှတ်ပြည့်ပါပါတယ်။
သမီးအေးပြည့်စုံ congratulations ပါ 🍎🍎🍎
JLPT စာမေးပွဲမှာ N4 ကတော့ အခုထိ ကျတယ် လာပြောတဲ့ကလေး မရှိသေးပေမဲ့ N3 ကတော့ ၂ယောက်ကျပါတယ်။
ကျတဲ့ကလေး ၂ယောက်လုံး ဂျပန်ရောက်နေတဲ့ ကလေး ၂ယောက်ပါ။ ဂျပန်ရောက်တဲ့အခါ အလုပ်၊ ကျောင်းတွေနဲ့ အချိန်ရှားပါးတတ်တာ သဘာဝပဲမို့ ပုံမှန်အားဖြင့် စာအလွန်ကြိုးစားတဲ့ကလေးတောင် ကျတဲ့အထဲ ပါတတ်ပါတယ်။ ဒါကြောင့် မြန်မာမှာကတည်းက အချိန်တွေရှိနေချိန် စာလုပ်သွားပါလို့ အားလုံးလို တိုက်တွန်းရတာဖြစ်ပါတယ်။
အားလုံး မိမိရည်မှန်းချက်ပန်းတိုင် အမြန်ဆုံးရောက်ရှိပါစေနော် 🍎🍎🍎
29/01/2026
JLPT (July စာမေးပွဲ) အမီ ဖေဖေါ်ဝါရီလစမည့် N5, N4, N3 Zoom Classများ
************************************************
ဂျပန်စာကို ၂၀၂၆ ခုနှစ် ဂျူလိုင်မှာ JLPT လည်း အောင်ချင်တယ်၊ စကားပြောပါ တခါတည်း ထည့်သွင်း သင်ကြားပေးပြီး Japanese Four Skills သင် ချင်တယ်ဆိုရင် Teacher Zarchi နှင့် Teacher Hnin သင်ကြားမည့် Sakura ရဲ့ တန်းခွဲလေးတွေ Join လိုက်ပါနော်။
🍎 မြန်မာမှာ ရှားရှားပါးပါး ဂျပန်စာကို Four Skills သင်တဲ့ သင်တန်းပါ။ မိမိကသာ တနေ့စာတနေ့လိုက်လုပ်ဖို့ တာဝန်ယူပေးပါ ကျောင်းသားသေသေချာချာနားလည်အောင် သင်ပေးဖို့၊ စာမေးပွဲအောင်ဖို့နဲ့ level တစ်ခုပြီးတာနဲ့ ရှိသင့်တဲ့ စကားပြောစွမ်းရည်၊ နားထောင်စွမ်းရည်၊ စာဖတ်ခြင်းစွမ်းရည်၊ အရေးစွမ်းရည်ရဖို့ ကျမတို့ဘက်က တာဝန်ယူပါတယ်။
🍎 N3 Goi အတွက် လွယ်ကူအောင် Mimikaraoboeru စာအုပ်ကို သင်တန်းရဲ့ မူပိုင် ဘာသာပြန် စာအုပ်ပေးသင်မှာ ဖြစ်သလို၊ Grammar ကိုလည်း အစုံဆုံးဖြစ်သော Mimikaraoboeru ကိုင်ပေးမှာ ဖြစ်ပြီး Kanji ဆိုလည်း လုံလောက်အောင် ၂ အုပ်ကိုင်ပေးမည့် N3 သင်တန်းလေးနော်။
🍎 N5 နှင့် N4 တန်းခွဲလေးတွေက four skills လေ့ကျင့်ပေးတဲ့ တန်းခွဲလေးတွေဖြစ်လို့ သင်တန်းပြီးတာနဲ့ level အလိုက်ရှိသင့်တဲ့ စကားပြောစွမ်းရည်ပါ ရရှိစေမှာဖြစ်ပါတယ်။
✅ Sakura ဂျပန်စာသင်တန်းဟာဆိုရင် 2025 December JLPT မှာ N4 level vocabulary, grammar and reading အမှတ်ပြည့်၊ 2024 ခုနှစ် ဂျူလိုင် JLPT စာမေးပွဲမှာ N5 level အမှတ်ပြည့်၊ စသင်ကတည်းက N3 level reading and listening အမှတ်ပြည့် ကျောင်းသားများကို စဉ်ဆက် မပြတ် မွေးထုတ် ပေးနိုင်ခဲ့တဲ့ သင်တန်းဖြစ်ပါတယ်။
ဇန်နဝါရီ ၃၀ က N4 level မှာ vocabulary, Grammar and Reading အမှတ်ပြည့်ရတဲ့ကလေးနှင့် N4-168 မှတ်ရတဲ့ကလေးရဲ့ certificate လေးကို ကြည့်ရှုနိုင်ဖို့ထည့်ပေးထားပါတယ်။
✅ တချို့က လူများပြီးမထိရောက်မှာ စိုးကြတယ်။လူဦးရေ ၁၀ ဦးပဲ ကန့်သတ်ထားလို့ မထိရောက်မှာလည်း ပူစရာမလိုပါဘူး။
✅ နှစ်စဉ် N5 အောင်ချက် ၈၀% ခန့်ရှိပြီး၊ N3 အောင်ချက် ၈၅% နှင့် N3 စဖွင့်ကတည်းက reading နှင့် listening အမှတ်ပြည့် နှစ်စဉ်ထွက်တဲ့ သင်တန်းလေးဖြစ်တာမို့ သင်ကြားမည့်သင်ရိုးလေးနဲ့ ပတ်သက်ပြီးလည်း စိတ်ပူစရာ မလိုပါဘူးနော်။
✅ အများစုကြောက်တတ်တဲ့ reading နဲ့ listening ကိုလည်း တခါတည်း ထည့်သွင်းလေ့ကျင့်ပေးအုံးမှာပါ။
✅ မေးခွန်းဟောင်းကလည်း လေ့ကျင့်ပေးအုံးမှာနော်။
✅မိမိကသာ တစ်နေ့စာတစ်နေ့ သေချာလိုက်လုပ်ပါ။ ဘာသာစကား ကျွမ်းကျင်လာအောင် သင်ပြပေးဖို့ ကျမတို့က တာဝန်ယူပါတယ်။
Sakura Japanese Language Class
09951083765/09960757004
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
77st, Between 27&28
Mandalay