ShweLa Thar

ShweLa Thar Preschool & Education Center

သားသားလေး မြတ်သုတဟိဏ်း6နှစ်ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေကျန်းမာပျော်ရွင်စွာ မိဘအားကိုးရသော ပညာတက် သားအလိမ္မာဖြစ်ပါစေ ချ...
25/05/2024

သားသားလေး မြတ်သုတဟိဏ်း6နှစ်
ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေ
ကျန်းမာပျော်ရွင်စွာ မိဘအားကိုး
ရသော ပညာတက် သားအလိမ္မာ
ဖြစ်ပါစေ

ချစ်သောဆရာမများနှင့် သူငယ်ချင်းများမှ ဆုတောင်းပေးလျှက်ပါရှင့်
ShweLa Thar Preschool & Education
24.5.24

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာလူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဟူသမျှ ပြည့်၀ကြပါစေရှင့်ရေ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ

လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များအားလုံး

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး

လိုအင်ဟူသမျှ ပြည့်၀ကြပါစေရှင့်

ရေလိုအေး၊ ပန်းလိုမွှေးပြီးထာ၀ရလန်းဆန်းကြပါစေလို့

Shwela Thar Preschool & Education မှ

ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏🙏🙏

မဂ်လာပါ​​ဖေဖေ​မေ​မေ​တို့ရေ-ကျောင်း၀င်​ကြေး မေလကုန်ထိ Free  ပါရှင့် Shwela Thar Preschool Education မှာဆိုရင် အသက်၂နှစ်မှ...
18/04/2024

မဂ်လာပါ​​ဖေဖေ​မေ​မေ​တို့ရေ

-ကျောင်း၀င်​ကြေး မေလကုန်ထိ Free ပါရှင့်
Shwela Thar Preschool Education မှာဆိုရင် အသက်၂နှစ်မှ Grade 8ထိ က​လေးများအတွက်​ ဘက်စုံအ​ခြေခံဖွံ့ဖြိုးမှုကို မြှင့်တင်​ပေးမည့် သင်ကြား​ပေးမှာဖြစ်ပါတယ်။

-က​လေးတစ်ဦးနှင့်တစ်ဦး သင်ယူမှုပုံစံအမျိုးမျိုးရှိ​သည့်အတွက် သင်ယူရန်​နေရာများတွင် သင်ယူခွင့်ရရှိနိုင်ရန် ဖန်တီး​ပေးဖို့လိုအပ်ပါတယ်။

-သားသားမီးမီးတို့အ​နေဖြင့် လစဥ် မိမိတို့ရဲ့ က​လေးဖွံ့ဖြိုးတိုးတက်မှုကို ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် ၊မိဘများနှင့် ၁လ ၁ကြိမ် ​တွေ့ဆုံ​ဆွေး​နွေးမှုများ ပြုလုပ်​ပေးသွားမှာ ဖြစ်ပါတယ်။

မိမိက​လေး၏ အ​ကောင်းဆုံးသင်ယူမှုနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိဖို့အတွက် ShweLa Thar Preschool Education သို့ အချိန်မ​ရွေး လာ​ရောက်​လေ့လာ ​ဆွေး​နွေးနိုင်ပါတယ်ရှင့်။

❤️လစ​ဥ်​ကျောင်းအပ်လက်ခံ​နေပါပြီရှင့်။❤️

အ​သေးစိတ် စုံစမ်း​မေးမြန်းဖို့အတွက်Page messages လေးကို admin များက သ်ိချင်တာ​တွေကို ​ဖြေကြား​ပေးမှာဖြစ်ပါတယ်ရှင့်။

🏠ကျောင်းလိပ်စာ
မမ28တိုက်40အခန်း3
45လမ်း118C*119ကြား
ချမ်းမြသာစည်
☎️ 09- 2110482 , 09- 954000433

17/04/2024

Shwela Thar preschool education
(22.4.24 တနလ်ာနေ့) ကျောင်းပြန်ဖွင့်မည်။

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး အချိန်အခါတွင် မြန်မာပြည်သူပြည်သားအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း ...
17/04/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊

မြန်မာ့နှစ်သစ်ကူး အချိန်အခါတွင်

မြန်မာပြည်သူပြည်သားအားလုံး

ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း

Shwela Thar Preschool Education မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

သားသားလေး မင်းသန့်  5နှစ်ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေကျန်းမာပျော်ရွင်စွာ မိဘအားကိုးရသော ပညာတက် သားအလိမ္မာကြီးဖြစ်ပါစေ ...
04/04/2024

သားသားလေး မင်းသန့် 5နှစ်ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေ
ကျန်းမာပျော်ရွင်စွာ မိဘအားကိုး
ရသော ပညာတက် သားအလိမ္မာကြီး
ဖြစ်ပါစေ

ချစ်သောဆရာမများနှင့် သူငယ်ချင်းများမှ ဆုတောင်းပေးလျှက်ပါရှင့်
ShweLa Thar Preschool & Education
4.4.24

သမီးလေး ချမ်းနေခြည်ကို 5နှစ်ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေကျန်းမာပျော်ရွင်စွာ မိဘအားကိုးရသော ပညာတက် သမီးအလိမ္မာကြီးဖြစ်ပ...
01/04/2024

သမီးလေး ချမ်းနေခြည်ကို 5နှစ်ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေ
ကျန်းမာပျော်ရွင်စွာ မိဘအားကိုး
ရသော ပညာတက် သမီးအလိမ္မာကြီး
ဖြစ်ပါစေ

ချစ်သောဆရာမများနှင့် သူငယ်ချင်းများမှ ဆုတောင်းပေးလျှက်ပါရှင့်
ShweLa Thar Preschool & Education
1.4.24

မွေးနေ့မှာပျော်ရွှင်ပါစေ Grace , Chitchit ကျန်းမာပျော်ရွင်စွာပြီး မိဘအားကိုးရသော ပညာတက် သမီးအလိမ္မာလေးဖြစ်ပါစေ ချစ်သောဆရ...
20/03/2024

မွေးနေ့မှာပျော်ရွှင်ပါစေ Grace , Chitchit

ကျန်းမာပျော်ရွင်စွာပြီး မိဘအားကိုး
ရသော ပညာတက် သမီးအလိမ္မာလေး
ဖြစ်ပါစေ

ချစ်သောဆရာမများနှင့် သူငယ်ချင်းများမှ ဆုတောင်းပေးလျှက်ပါရှင့်
ShweLa Thar Preschool & Education
18.3.24
19.3.24

မေမေတို့ရေမူကြိုကျောင်းတွေမှာ သားသားကသူ့မုန့်မစားရဘူးတို့ထမင်းမကျွေးဘူးတို့ ဆရာမကရိုက်တယ်တို့သူ့ကိုမကစားခိုင်းဘူးတို့ ကျ...
09/03/2024

မေမေတို့ရေမူကြိုကျောင်းတွေမှာ

သားသားကသူ့မုန့်မစားရဘူးတို့

ထမင်းမကျွေးဘူးတို့

ဆရာမကရိုက်တယ်တို့

သူ့ကိုမကစားခိုင်းဘူးတို့

ကျောင်းကဘာစာမှမသင်ဘူးတို့

အိမ်ပြန်ရောက်တဲ့အခါမိဘက

ကျောင်းအခြေအနေ ကလေးကိုမေးတဲ့အခါ

အဲ့လိုမဟုတ်တာကိုအဟုတ်ဖြေတတ်ကြပါတယ်

အဲ့ဒါ Theory of Mind လို့ခေါ်တဲ့ အခြားသူတစ်ဦးရဲ့

တွေးခေါ်မှု ခံစားမှုတွေကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိလာတာပါ

အသက်၃နှစ်လောက်မှ စတင်ဖွံ့ဖြိုးတတ်လာပါတယ်

ဖွံ့ဖြိုးလာတဲ့နောက်မှာ စိတ်ကူးယဉ်နဲ့လက်တွေ့ဘဝကြား

မိမိကိုယ်ကိုကာကွယ်ဖို့ အခြားသူရဲ့တွေးခေါ်ပုံကို စတင်

နားလည်လာတဲ့သဘောပါ

ဖွံ့ဖြိုးကြီးထွားမှုပုံမှန်ဖြစ်လာတဲ့အခါ လိမ်ညာခြင်းဆိုတာ

Theory of Mind ရဲ့ ပထမဆုံး လက္ခဏာများထဲက

တစ်ခုဖြစ်ပါတယ် ရှုမြင်သုံးသပ်နိုင်စွမ်းတိုးတက်လာတာနဲ့

အခြားသူယုံကြည်နိုင်မယ့်လိမ်ညာမှုမျိုးလုပ်တတ်ကြပါတယ်

လိမ်ညာပြောဆိုနိုင်စွမ်းရှိလာတာနဲ့ ကျွမ်းကျင်မှုအသစ်

စမ်းသပ်ချင်လာကြပြီး မေတ္တာနဲ့ ဂရုစိုက်မှု မိဘဆီကပိုလိုချင်တဲ့အခါ

လိမ်ညာတတ်ပါတယ်

လိမ်ညာတယ်ဆိုတာကို ကလေးတွေကတော့နားမလည်ပါဘူး

လိမ်ညာတာနဲ့ အမှန်တရား ခြားနားချက်ကိုလဲ သဘောမပေါက်သေးပါဘူး

၃နှစ်နောက်ပိုင်းကလေးတွေ လိမ်ညာမှု ပိုခေတ်မှီလာပြီး

မိမိကိုယ်ကို လေးစားမှုအားကောင်းလာကာ

ပြစ်ဒဏ်ပေးခြင်းကို ရှောင်ရှားဖို့ အာရုံစိုက်တဲ့သဘောပါ

တစ်ခုခုမိဘစိတ်ထဲဘဝမကျရင်

ကျောင်းကို အခြေအနေတိုက်ရိုက်မေးပါ

ကလေးပြောစကားအတိုင်း

အမှန်မတွေးဖို့ မိဘတွေကို မှာစေချင်တာပါ

မေတ္တာဖြင့်

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲77th Union Day of Myanmar 2024၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထ...
12/02/2024

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

77th Union Day of Myanmar 2024

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား
Shwela Thar Preschool & Education မှ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

Shwela Thar Preschool & Education အသက်(၂နှစ်မှ၅နှစ်) ကလေးများအား လစဥ်ကျောင်းအပ်လက်ခံပေးနေပါသည်။ကျောင်းစာသင်ခန်းများတွင် ...
01/02/2024

Shwela Thar Preschool & Education
အသက်(၂နှစ်မှ၅နှစ်) ကလေးများအား လစဥ်ကျောင်းအပ်လက်ခံပေးနေပါသည်။

ကျောင်းစာသင်ခန်းများတွင် လုံခြုံစိတ်ချမှု ၊ သက်တောင့်သက်သာရှိမှု၊ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်စေရန် , Aircoon, ခြင်လုံးဇကား ထားရှိပေးခြင်း။
မီးပျက်လျှင် ကလေးများ အတွက် မပူရအောင် အခန်းတိုင် ပန်ကာ များ တပ်ထားပေးခြင်း။
ရုံးချိန်ဖေဖေမေမေတို့အတွက် အချိန်ပို ရှိပါတယ် ရှင့်။

Address

44×45ကြား117D
Mandalay

Telephone

+959954000433

Website

Alerts

Be the first to know and let us send you an email when ShweLa Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ShweLa Thar:

Shortcuts

Share

Category