Tr. Htet Pre School

Tr. Htet Pre School Htet Pre School

မဂ်လာပါရှင့် 🙏🙏🙏Htet Pre School လေးကို တည်ထောင်အုပ်ချုပ်တဲ့ Tr.Htet Htet ဟာ  ဆရာမ life ကို အသက် ၁၇ နှစ်အရွယ် ၂၀၁၂ နှစ် က...
05/05/2026

မဂ်လာပါရှင့် 🙏🙏🙏
Htet Pre School လေးကို တည်ထောင်အုပ်ချုပ်တဲ့ Tr.Htet Htet ဟာ ဆရာမ life ကို အသက် ၁၇ နှစ်အရွယ် ၂၀၁၂ နှစ် ကနေ စတင်ခဲ့ပါတယ်ရှင့် ။
Pre School ကျောင်းများမှာ ကလေး အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှု နည်းပညာများကို စာတွေ့ လက်တွေ့ အတွေ့အကြုံပေါင်းများစွာဖြင့် မူကြိုဆရာမ ဘဝကို ဖြတ်သန်းခဲ့ပါတယ်ရှင့် ။
ကျောင်းသားအများကြီးကိုလည်း ပြုစုပျိုးထောင်ခဲ့ဖူးသူ တစ်ယောက်ပါရှင့် ။
မေမေ ၊ ဖေဖေတို့ရဲ့ ရတနာလေးကို ယုံကြည် စိတ်ချစွာဖြင့် အပ်နှံနိုင်ပါတယ်ရှင့် ။
အသက် ၃ နှစ်မှ စတင် လက်ခံပါတယ်ရှင့် ။

09 259000331 or 09 798592501
မှာလည်း အသေးစိတ် မေးမြန်စုံစမ်း အပ်နှံနိုင်ပါတယ်ရှင့် ။

17/10/2024

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေကြောင်း "Tr.Htet Pre School " မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့် ။

.Htet Pre School

13/10/2024

Tr.Htet Pre - School မှ မိဘ ၊ ဆရာကန်တော့ပွဲ ဖိတ်ကြားခြင်း

၁၅ ၊ ၁၀ ၊၂၄ ( အဂါင်္နေ့) တွင် မိဘ ၊ ဆရာ ကန်တော့ပွဲ ကျင်းပ ပြုလုပ်ပါမည်ရှင့် ။

သားသား၊ မီးမီးတို့အား မြန်မာ့ ရိုးရာဓလေ့ထုံးစံများကို သိရှိနားလည်ပြီး အစဥ်အလာဓလေ့ထုံးစံများကို ထိန်းသိမ်းတတ်စေလိုသော ရည်ရည်ချက်ဖြင့် မိဘ ၊ ဆရာကန်တော့ပွဲ အခမ်းအနားလေး ကျင်းပပြုလုပ်ပါမည်ရှင့် ။

" လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာ စရိယ မိနဲ့ဖ " ဟူသော ဆိုရိုးစကားလေးအတိုင်း လက်ဦးဆရာများ ဖြစ်ကြသော ကျေးဇူးရှင် မိဘများလည်း ပွဲလေးကို မပျက်မကွက်တက်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ရှင့် ။

သာယာသော သီတင်းကျွတ် အချိန်အခါသမယလေး ဖြစ်ပါစေရှင့် ။

ကျောင်းသား ၊ ကျောင်းသူ အဟောင်းများလည်း တက်ရောက်နိုင်ပါသည်ရှင့် ။

​သားသား ၊ မီးမီးတို့အား မြန်မာဝတ်စုံလေးများ ဝတ်ဆင်ပေးပါရန် ။

ကျေးဇူးတင်ပါတယ်ရှင့် ။

Happy Teacher's Dayသင်​ဆရာ ၊ မြင်​ဆရာ ၊ ကြားဆရာများ အားလုံးအား ဂါရဝပြု အ​လေးထားလျက်​ 🙏🙏🙏Tr. Htet Htet ဆိုတဲ့ နာမည်​တစ်​...
05/10/2024

Happy Teacher's Day

သင်​ဆရာ ၊ မြင်​ဆရာ ၊ ကြားဆရာများ အားလုံးအား ဂါရဝပြု အ​လေးထားလျက်​ 🙏🙏🙏

Tr. Htet Htet ဆိုတဲ့ နာမည်​တစ်​လုံးနဲ့ ရပ်​တည်​နိုင်​​အောင်​ လက်​တွဲ​ခေါ်​ပေးခဲ့ကြတဲ့ ​ကျောင်းအုပ်​ဆရာမကြီးများ ၊ လက်​တွဲ လုပ်​​ဆောင်​ခဲ့ကြ​သော ဆရာမများ သင်​ဆရာ ၊ မြင်​ဆရာ ၊ ကြားဆရာများ အားလုံးအား ဂါရပြုပါတယ်​ရှင့်​ 🙏🙏🙏

Tr.Htet Pre School မှာ က​လေး​တွေအ​ပေါ် ​မေတ္တာ ၊ ​စေတနာ အပြည့်​ဖြင့်​ က​လေး​တွေရဲ့ အနာဂတ်​ကို ပုံ​ဖော်​​ပေး​နေတဲ့ တီချယ်​​တွေကိုလည်း ​ကျောင်းမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​ရှင့်​ 😍😍😍

21/07/2024

လေးစားရပါသောမိဘများရှင့်

ဝါတွင်းသုံးလ ကျောင်းပိတ်ရက်မှာ ဥပုသ်နေ့နှင့်
တနဂ်နွေနေ့ ဖြစ်ကြောင်း လေးစားစွာဖြင့်အကြောင်းကြားအပ်ပါသည်ရှင့် ။

ကျေးဇူးတင်ပါတယ်ရှင့် ။

Happy Birthday Tr Htet Htet 💙🎂🎉💝
23/04/2024

Happy Birthday Tr Htet Htet 💙🎂🎉💝

နှစ်သစ်မှာ ဘေးဘယာဝေးကွာပြီး အေးချမ်းသာယာကြပါစေ ။ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ။ စီးပွားဥစ္စာမျာ...
12/04/2024

နှစ်သစ်မှာ ဘေးဘယာဝေးကွာပြီး အေးချမ်းသာယာကြပါစေ ။ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ။ စီးပွားဥစ္စာများလည်း တိုးပွားကြပါစေကြာင်း
"Tr.Htet Pre School & Education Center "
မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့် ။

ပျော်ရွှင်စရာ နှစ်သစ်အချိန်အခါလေး
ဖြစ်ပါစေရှင့် 🙏🙏🙏 ။

လေးစားရပါသော မိဘများရှင့်မနက်ဖြန် သောကြာနေ့တွင် မူကြိုမှ သားသား ၊ မီးမီးတို့၏ " November Report & Activities &  Workshee...
30/11/2023

လေးစားရပါသော မိဘများရှင့်

မနက်ဖြန် သောကြာနေ့တွင် မူကြိုမှ
သားသား ၊ မီးမီးတို့၏
" November Report & Activities & Worksheets " များကို ထည့်ပေးပါ့မည်ရှင့် ။

"Activities Papers " များ ပြန်ထည့်ပေးရန် မလိုအပ်ပါရှင့် ။

သားသား ၊ မီးမီး တို့ တစ်ယောက်ချင်းစီ၏ အရည်အချင်း တိုးတက်မှု မှတ်တမ်း စာရွက်ထည့်ပေးထားပါတယ်ရှင့် ။

စာရွက်ပေါ်တွင် မိဘ လက်မှတ်ရေးထိုးပြီး "Messenger " or " Telegram " တွင် ပြန်လည် ပို့ပေးပါရန် လေးစားစွာဖြင့် အကြောင်းကြား အပ်ပါသည် ။

ကလေးအကြောင်း တိုင်ပင်ဆွေးနွေးလိုပါက မနက် ကျောင်းပို့ချိန် ( သို့မဟုတ်) ညနေ ကျောင်းဆင်းချိန်များတွင် သက်ဆိုင်ရာ ဆရာမများနှင့် ဆွေးနွေးနိုင်ပါသည်ရှင့် ။

ယုံကြည်ပေးမှု အားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့် 🙏🙏🙏

"သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)"သားသား ၊ မီးမီးများနှင့် လူကြီး ၊ မိဘ ၊ ဆရာသမားများ အားလုံး စိတ်၏ချမ်းသာခြင်းကို...
29/10/2023

"သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)"

သားသား ၊ မီးမီးများနှင့် လူကြီး ၊ မိဘ ၊ ဆရာသမားများ အားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်လည်း ပြည့်စုံကြပါစေ ။ စီးပွားလာဘ်လာဘများလည်း တိုးပွားကြပါစေရှင့် 🙏🙏🙏

ပျော်စရာ သီတင်းကျွတ် အခါသမယလေးဖြစ်ပါစေကြောင်း " Tr. Htet Pre School " မိသားစုမှ ဆုတောင်း မေတ္တာများ ပို့သအပ်ပါတယ်ရှင့် 🙏

#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာအခါတော်နေ့
.Htet Pre School

Address

Mandalay

Telephone

+959259000331

Website

Alerts

Be the first to know and let us send you an email when Tr. Htet Pre School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tr. Htet Pre School:

Shortcuts

Share

Category