22/07/2026
ဒီနေ့လုပ်နိုင်တဲ့အရာတွေကို နောက်ရက်မရွှေ့ပါနဲ့
ဒီနေ့တော့ စားလိုက်တော့မယ် မနက်ဖြန်မှ လမ်းပိုလျှောက်တော့မယ်
ဒီနေ့ အပြင်ဆိုင်မှာ ပဲဆိုတော့ healthy ဖြစ်တာ မရွေးတော့ဘူး နောက်ရက်မှပဲ အိမ်ကပြင်ဆင်ခဲ့မယ်
မနက်ဖြန် ရုံးပိတ်ရက်မှ လမ်းလျှောက်တော့မယ်
ဒီနေ့တော့ အေးဆေးနားလိုက်မယ် ။
နောက်တစ်ပတ်ကစပီး ပိုကောင်းတဲ့ အလေ့အကျင့်တွေ ပ်ိုကောင်းတဲ့ အစားသောက်မှုပုံစံတွေ နဲ့ စမယ်လို့ တွေးလိုက်တာနဲ့ လက်ရှိအခြေနေတွေကို လွှတ်ချလိုက်တာဟာ တော်တော်ဆိုးပါတယ် ။
ဥပမာ ကျွန်တော့လိုပေါ့ ဒီရက်ပိုင်း ပို့စ်တင်တာတွေ ခပ်ကျဲကျဲဖြစ်နေတာ knowledge video တွေရိုက်မယ်
movement video တွေရိုက်တင်မယ်ဆိုပီး
Script ရေးနေပီး ပြည့်စုံအောင် လုပ်မယ်တွေးရင်းနဲ့
လုပ်နေကျအရာတွေကို ပြစ်ချထားသလိုဖြစ်နေတယ်။
ပြည့်စုံဖို့မလိုပါဘူး စည်းကမ်းကောင်းတွေရှိဖို့နဲ့
consistency ရှိဖို့ပဲ လိုပါတယ် ။
ဒီနေ့လုပ်နိုင်တဲ့အရာတွေကို ဒီနေ့ပဲစလိုက်ပါ ။