“Search and Find under the sea” Critical Thinking Activities #မြောက်ပြင်မူကြို #မြောက်ပြင်ကိုယ်ပိုင်ကျောင်း
KCC International Preschool Mandalay
Welcome to KCC International Preschool Mandalay
"Your children are our children"
"Together,We build"
Happy Birthday သားလေး Thomson 🎂❤️
"Happy 3rd Birthday to one of our brightest little stars! 🌟 It has been a joy watching you grow, learn, and play every day at school. May your year be filled with wonder, laughter, and endless discovery! 🎂📚"
10/04/2026
💦 မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယလေးမှာ မိသားစုများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ KCC International Preschool မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 💦
ကျောင်းသား၊ ကျောင်းသူလေးများနဲ့ မိသားစုများအားလုံး သင်္ကြန်ပွဲတော်ကို ပျော်ရွှင်အေးချမ်းစွာ ဆင်နွှဲနိုင်ရန်အတွက် ကျောင်းပိတ်ရက်ကို အောက်ပါအတိုင်း သတ်မှတ်ထားကြောင်း မေတ္တာဖြင့် အသိပေးအပ်ပါတယ်ရှင်။
🗓️ ကျောင်းပိတ်မည့်ရက် - ၁၁.၄.၂၀၂၆ မှ ၁၉.၄.၂၀၂၆ ရက်နေ့အထိ
🗓️ ပြန်လည်ဖွင့်လှစ်မည့်ရက် - ၂၀.၄.၂၀၂၆ ရက်နေ့ (ကျောင်းချိန် ပုံမှန်အတိုင်း ပြန်လည်စတင်ပါမည်)
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ကူး အခါသမယလေးဖြစ်ပါစေ။ 🙏
01/03/2026
နေပူမရှောင်၊ မိုးရွာမရှောင် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အခြေခံအကျဆုံးသော စားနပ်ရိက္ခာများကို ပင်ပန်းကြီးစွာ စိုက်ပျိုးထုတ်လုပ်ပေးနေကြတဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံးကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အတွက် KCC International Preschool မိသားစုမှ အထူးပင် ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။ 🙏
တောင်သူဦးကြီးများအားလုံး ရာသီဥတုအခြေအနေ ကောင်းမွန်ပြီး သီးနှံအထွက်နှုန်းများ တိုးပွားကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ✨
ထို့အတူ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် ၂.၃.၂၀၂၆ ရက်နေ့ KCC International Preschool ကျောင်းတစ်ရက်ပိတ်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်။
28/02/2026
🚀 ကလေးရဲ့ စွမ်းရည်ကို တစ်ဆင့်မြှင့်တင်မယ့် ၂ လခွဲတာ KCC Summer Class
သားသားမီးမီးတို့ရဲ့ နွေရာသီအားလပ်ရက်ကို အကျိုးအရှိဆုံး ဖြစ်စေဖို့ KCC International Preschool မှာ အတန်းသစ်တွေ စဖွင့်ပါပြီနော်...
✅ English 4 Skills | Singapore Maths | Olympic Maths | YLE စတဲ့ အတန်းများကို
✅ (၁)တန်းလျှင် (၂ လခွဲအပြတ်) - ၁၅၀,၀၀၀ ကျပ်နဲ့
✅ တနင်္လာမှ ကြာသပတေး (တစ်ပတ် ၄ရက်)သင်ယူနိုင်ပါပြီ။
သားသားမီးမီးလေးတွေရဲ့ နွေရာသီကို ဗဟုသုတအသစ်တွေ၊ သူငယ်ချင်းအသစ်တွေနဲ့အတူ KCC မှာ ဖြတ်သန်းဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်
အတန်းတစ်တန်းချင်းစီမှာ လူဦးရေ ကန့်သတ်ထားတာမို့ အခုပဲ ဆက်သွယ် စာရင်းပေးသွင်းလိုက်ပါ!
📍 ကျောင်းလိပ်စာ: ၈၇ လမ်း၊ ၁၂ လမ်း-၁၄ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
📞 ဖုန်းနံပါတ်: 09-402662727။
#မြောက်ပြင်မူကြို #နွေရာသီသင်တန်း
27/02/2026
ကလေးကို ကျောင်းပို့ထားတဲ့အချိန်မှာ မိဘတစ်ယောက်အနေနဲ့ စိတ်အေးအေးထားနိုင်ဖို့ ဘယ်လောက် အရေးကြီးလဲ?
သားသားမီးမီးတို့ ကျောင်းမှာ ဘာတွေစားလဲ? ဆရာမတွေကော ဂရုစိုက်ရဲ့လား? ကလေးကော ပျော်ရဲ့လား?
ဒါတွေဟာ မိဘတိုင်း ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတွေပါ။ KCC Pre School ကို တည်ထောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က မိဘတွေ အလုပ်ခွင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ စိတ်အေးလက်အေး နေနိုင်စေဖို့ ဖြစ်ပါတယ်။ KCC မှာ အပ်နှံထားတဲ့ မိဘတွေဆီက ကြားရတဲ့ အားရစရာ စကားလုံးတွေကတော့ "ကလေးက ကျောင်းကပြန်လာရင် အရမ်းတက်ကြွနေတယ်" ၊ "ကလေးက အရင်ကထက် ပိုပြီး လိမ္မာလာတယ်" ဆိုတာတွေပါပဲ။
KCC ရဲ့ ကျောင်းမှာ တက်ရတဲ့ သားသားမီးမီးတွေအတွက်ဆို KCC International PreSchool က ကျောင်းအပ်ခစျေးနှုန်းထက် ပိုတဲ့ တန်ဖိုးရှိတဲ့ ဘက်စုံပညာရေးကို ပေးစွမ်းနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။
ဒါကြောင့်လည်း ဒီ February လမှာ ၂၀% Discountကို စီစဥ်ပေးလိုက်တာဟာ သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် စိတ်ချယုံကြည်ရတဲ့ KCC မှာ ကျောင်းတက်ဖို့ ဦးစားပေးချင်တဲ့ မိဘတွေအတွက် တံခါးဖွင့်ပေးလိုက်တာဖြစ်ပါတယ်...။
⚠️ ဒါပေမဲ့ အခုလအတွက် Promotion နဲ့ ရရှိမယ့် ကျောင်းသားဦးရေ လက်ခံမယ့် နေရာဟာ (၅) နေရာသာ ကျန်ပါတော့တယ်။
ဒါကြောင့် ကိုယ့်ကလေးရဲ့ ပထမဆုံး စာသင်ခန်းပတ်ဝန်းကျင်ဟာ ပျော်စရာတွေ၊ သင်ယူမှုတွေနဲ့ ပြည့်နှက်နေစေဖို့ KCC မှာ အခုပဲ စာရင်းပေးသွင်းဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်
📲 09 40266 2727
🏡 87A လမ်း၊ 12-14 လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
26/02/2026
KCC International Preschool တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများအတွက် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်အပ်ပါသည်။
Address: 87A, between 12 & 14, Aung Myae Thar San, Mandalay
Office Hours: 8:00 AM to 5:00 PM
Nursery Teachers
Lead Teacher (1 post)
Curriculum အတိုင်း Lesson Plan များ ရေးဆွဲခြင်းနှင့် သင်ကြားရေးကို ဦးဆောင်ပေးခြင်း
ကလေးများ၏ သင်ယူမှုတိုးတက်မှု (Student Progress) ကို မှတ်တမ်းတင်ပြီး မိဘများနှင့် တွေ့ဆုံပြောဆိုခြင်း
Assistant Teacher များအား လုပ်ငန်းခွင်အတွင်း လိုအပ်သည်များကို ညွှန်ကြားပြသပေးခြင်း
Assistant Teacher (2 post)
Lead Teacher ၏ သင်ကြားရေးနှင့် Classroom Activities များတွင် အနီးကပ် ကူညီပေးခြင်း
ကလေးများ၏ Safety & Wellbeing (အန္တရာယ်ကင်းရှင်းရေး) ကို အမြဲမပြတ် စောင့်ကြည့်ပေးခြင်း
သင်ကြားရေးပစ္စည်းများ (Teaching Materials) ကြိုတင်ပြင်ဆင်ပေးခြင်း
လိုအပ်သောအရည်အချင်းများ
ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည် ။
သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး (၃) နှစ် ရှိရမည်။
English to English ပြောဆိုနိုင်သူ ဖြစ်ရမည်။
ကလေးငယ်များ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး နွေးထွေးစွာ ဂရုစိုက်ပေးနိုင်သူ ဖြစ်ရမည်။
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို ကျောင်းလိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ၊ Ph no. 0943034084, 094026662727 Viber မှဖြစ်စေ အောက်ပါ link မှ တဆင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSce8sFAWQTWS6iGX22JaAUj0M5d3qdKIHMzHqxOXxoAVA-pxw/viewform?usp=header
သားသားမီးမီးတို့နှင်အတူ သူဌေးကျွန်းလေ့လာရေးခရီးထွက် 😍
🌟 စာသင်ခန်းပြင်ပက ကမ္ဘာငယ်လေးဆီသို့- လေ့လာရေးခရီး၏ အကျိုးကျေးဇူးများ 🌟
ဖေဖေမေမေတို့အနေနဲ့ ကလေးတစ်ယောက်ရဲ့ သင်ယူမှုဟာ စာအုပ်ထဲမှာတင် မကန့်သတ်ထားသင့်ပါဘူး။ KCC က စီစဉ်တဲ့ "သူဌေးကျွန်း" ခရီးစဉ်ဟာ ကလေးတွေအတွက် အောက်ပါ ထူးခြားတဲ့ အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်မှာပါ -
၁။ "ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်သိ" လက်တွေ့ကမ္ဘာ (Real-World Experience)
၂။ ပေါင်းသင်းဆက်ဆံရေး အခြေခံကောင်းများ (Social Intelligence)
သူငယ်ချင်းတွေနဲ့အတူ တန်းစီတာ၊ ကစားစရာတွေကို အလှည့်ကျစောင့်ဆိုင်းတာ၊ အတူတူ သီချင်းဆိုတာတွေကနေတစ်ဆင့် "မျှဝေတတ်ခြင်း" နဲ့ "အများနဲ့ နေတတ်ခြင်း" ဆိုတဲ့ လူမှုရေးအသိတွေကို ငယ်စဉ်ကတည်းက အလိုအလျောက် တတ်မြောက်သွားစေပါတယ်။
၃။ သဘာဝတရားကပေးတဲ့ စိတ်ခွန်အား (Nature Therapy)
သဘာဝအလှအပနဲ့ သစ်ပင်ရိပ်တွေအောက်မှာ ဆော့ကစားရတာက ကလေးတွေရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး၊ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်တဲ့ "နူးညံ့တဲ့နှလုံးသား" ပိုင်ရှင်လေးတွေ ဖြစ်လာစေပါတယ်။
၄။ ရဲရင့်ပြတ်သားတဲ့ ကိုယ်ရည်ကိုယ်သွေး (Building Confidence)
မိဘတွေရဲ့ အရိပ်အောက်ကနေ ခဏတာခွဲထွက်ပြီး ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့အတူ အပြင်လောကကို ရင်ဆိုင်ရတာက ကလေးကို ပိုပြီး "ရဲရင့်လာစေပါတယ်"။ ဒါဟာ နောင်တစ်ချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းပါပဲ။
၅။ မမေ့နိုင်တဲ့ ကလေးဘဝ အမှတ်တရများ (Lasting Memories)
ငယ်စဉ်က ပျော်ခဲ့ရတဲ့ လေ့လာရေးခရီးစဉ်လေးတွေဟာ ကလေးတွေရဲ့ဘဝမှာ တစ်သက်လုံး အမှတ်ရနေမယ့် ပျော်ရွှင်စရာ ပုံပြင်လေးတွေ ဖြစ်လာမှာပါ။ ပျော်ရွှင်နေတဲ့ကလေးဟာ သင်ယူမှုမှာလည်း အမြဲတမ်း ထူးချွန်တတ်ကြပါတယ်။
"ယနေ့ လေ့လာရေးခရီးစဉ်က ပေးလိုက်တဲ့ အတွေ့အကြုံဟာ မနက်ဖြန်အတွက် အကောင်းဆုံးသော ပညာရေး ရင်းနှီးမြှုပ်နှံမှုပါပဲ။"
#မြောက်ပြင်မူကြို
22/02/2026
၃ နှစ်မှ ၆ နှစ်အရွယ် ဘေဘီလေးတို့ရဲ့ ဖေဖေမေမေတွေဖတ်ဖို့ 📖📍
Digital ခေတ်ကြီးမှာ ကလေးတွေကို ဖုန်းတစ်လုံးနဲ့ ငြိမ်နေအောင် ထားလိုက်တာဟာ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တဖြည်းဖြည်း သတ်နေတာနဲ့ တူပါတယ်။
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ဒီအရွယ်မှာ အပြင်းထန်ဆုံး ဖွံ့ဖြိုးတာဖြစ်လို့ ဒီအချိန်မှာ ပေးလိုက်တဲ့ အခြေခံဟာ တစ်ဘဝလုံးအတွက် အဆုံးအဖြတ် ဖြစ်သွားတတ်ပါတယ်။
KCC Pre School မှာတော့ သားသားမီးမီးလေးတွေအတွက် 'ဘာ' (What) သင်ရမလဲဆိုတာထက် 'ဘယ်လို' (How) စဉ်းစားရမလဲဆိုတာကို အသားပေးထားပါတယ်။
✅ Play-Based Learningဖြစ်တဲ့ ကစားရင်းနဲ့ သင်ယူတဲ့စနစ်နဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။
ကလေးက ပျော်နေမှ ဦးနှောက်က သင်ခန်းစာတွေကို ပိုမှတ်မိတာပါ။
✅ Safe & Hygiene Environmentဖြစ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးကင်းလုံခြုံတဲ့ ကျောင်းဝန်းအပြင် တစ်ထပ်ဆောင် စာသင်ခန်းတွေနဲ့သင်ကြားပေးတာဖြစ်ပါတယ်
✅ Certified Educators တွေဖြစ်တဲ့ ကလေးစိတ်ပညာကို နားလည်ပြီး စိတ်ရှည်သည်းခံတတ်တဲ့ ဆရာ/ဆရာမများနဲ့ သင်ကြားပေးပါတယ်
ဒါ့အပြင် အခု ဖေဖော်ဝါရီလအတွင်းမှာ လာရောက်အပ်နှံမယ်ဆိုရင် ပုံမှန် ၁၅၀,၀၀၀ ကျပ် မဟုတ်ဘဲ ၁၂၀,၀၀၀ ကျပ် 📌(၂၀% Discount) နဲ့ KCC မှာ ဖေဖေမေမေတို့ရဲ့ ဘေဘီလေးတွေကို အပ်နှံလို့ရမယ့် အစီအစဥ်လည်းရှိနေပါတယ်နော်🤍
မိဘများအနေနဲ့ ဒီလို Discount မျိုးကို စောင့်နေခဲ့ဆိုရင်တော့ အခုက KCC မှာ အပ်နှံဖို့ အကောင်းဆုံးအချိန်ပါပဲ။
ကျောင်းသားဦးရေ အကန့်အသတ်ရှိတာကြောင့် အချိန်မနှောင်းခင် ဆုံးဖြတ်ချက် ချမှတ်ပြီး သားသားမီးမီးတို့ အနာဂတ် ပညာရေးအတွက် KCC International Pre School ကို ရွေးချယ်ဖို့ တိုက်တွန်းပါရစေနော်...
📲 09 40266 2727
🏡 87A လမ်း၊ 12-14 လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
09/02/2026
သင့်ကလေးရဲ့ အနာဂတ်အုတ်မြစ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကို ၂၀% သက်သာခွင့်နဲ့ စတင်လိုက်ပါ‼️
မိဘတစ်ယောက်အနေနဲ့ သင့်ကလေးအတွက် အကောင်းဆုံးတွေကိုပဲ ပေးချင်တာ သဘာဝပါ။ ဒါပေမဲ့ အနာဂတ်မှာ သူတို့လေးတွေ တကယ်အောင်မြင်ဖို့၊ တကယ်ပျော်ရွှင်ဖို့ဆိုတာ စာတွေ့ထက် ပိုခိုင်မာတဲ့ လက်တွေ့အုတ်မြစ် တစ်ခု လိုအပ်ပါတယ်။
အသက် 👶(၃) နှစ်ကနေ 👧(၆) နှစ်အရွယ်ဆိုတာ ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရှိန်အဟုန် အမြင့်ဆုံးအချိန်ပါ။ ဒီအချိန်မှာ သင်ပေးလိုက်တဲ့ အလေ့အကျင့်၊ သင်ပေးလိုက်တဲ့ ပတ်ဝန်းကျင်ကပဲ သူ့ရဲ့ တစ်ဘဝလုံးစာ ယုံကြည်မှု (Confidence) နဲ့ စဉ်းစားတွေးခေါ်ပုံ (Mindset) ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
𝐊𝐂𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 က ဒီအရေးကြီးလှတဲ့ တာဝန်ကို မိဘတွေနဲ့အတူ လက်တွဲလုပ်ဆောင်ပေးဖို့ အသင့်ရှိနေပါတယ်။
🥰 ဘာကြောင့် KCC မှာ ဘေဘီလေးတွေရဲ့ ပညာရေးကို အပ်နှံသင့်တာလဲ?
KCCရဲ့ သင်ကြားမှုပုံစံက စာသင်ခန်းထဲမှာတင် ကလေးတွေကို ပိတ်လှောင်ထားတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ ပင်ကိုယ်အရည်အချင်းတွေ ထွက်ပေါ်လာအောင် ဒီလိုအချက်တွေနဲ့ ပြုစုပျိုးထောင်ပေးပါတယ်။
၁။ ၂၁ ရာစုရဲ့ လိုအပ်ချက် Skills များ
KCC ရဲ့ သင်ရိုးညွှန်းတမ်းဟာ ကလေးတွေကို စက်ရုပ်လို အလွတ်ကျက်တာမျိုး မဟုတ်ဘဲ Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်မှု) နဲ့ Problem Solving (ပြဿနာဖြေရှင်းနိုင်စွမ်း) တွေ ရှိလာအောင် Play-based Learning စနစ်နဲ့ လေ့ကျင့်ပေးပါတယ်။
၂။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပျော်ရွှင်မှု
ကလေးတစ်ယောက်ဟာ ကျောင်းသွားရတာကို ပျော်နေမှ၊ ဆရာ/ဆရာမတွေကို ယုံကြည်မှသာ သင်ယူမှုက အထိရောက်ဆုံး ဖြစ်ပါတယ်။ KCC က ဆရာ/ဆရာမတိုင်းဟာ ကလေးစိတ်ပညာကို နားလည်ပြီး မိခင်စိတ်ဓာတ်နဲ့ နွေးထွေးစွာ ဂရုစိုက်ပေးတာကြောင့် ဖေဖေမေမေတို့ရဲ့ ကလေးဟာ ဒုတိယအိမ်ကို ရောက်နေသလို ခံစားရမှာပါ။
၃။ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်
KCC ကျောင်းခန်းတွေမှာ Facilities တွေပြည့်စုံရုံတင်မကဘဲနဲ့ Building ကလည်း သဘာဝဘေးအန္တရယ်များအတွက် လုံခြုံသလို ပတ်ဝန်းကျင်ကလည်း သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်တာကြောင့် ဘေဘီလေးတို့အတွက် အမှန်တကယ် Save ဖြစ်တဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။
ဒီလို အချက်တွေနဲ့ ပြည့်စုံတဲ့ KCC မှာ သားသားမီးမီးတွေကို စိတ်ချယုံကြည်စွာ အပ်နှံချင်တဲ့ ဖေဖေမေမေတို့အတွက် သတင်းကောင်းလေးအဖြစ် February Promotion အစီအစဥ်လေးရှိနေပါတယ်။
အခု ဖေဖော်ဝါရီလ (𝟏𝟓)ရက်နေ့ကစတင်ပြီး ဖေဖေမေမေတို့ ကလေးရဲ့ အစောပိုင်းပညာရေးခြေလှမ်းကို အားပေးကူညီဖို့အတွက် KCC ရဲ့
✅ ပုံမှန်သင်တန်းကြေး 𝟏𝟓𝟎,𝟎𝟎𝟎 ကျပ်ကို
✅ 𝟐𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 (𝟏𝟐𝟎,𝟎𝟎𝟎ကျပ်တည်းဖြင့်) အပ်နှံနိုင်မယ့် အထူးအခွင့်အရေးရှိလို့ ဘေဘီလေးတွေကို စတင်အပ်နှံထားလို့ ရပြီဖြစ်ပါတယ်နော်
Promotionနဲ့ လက်ခံမယ့် ကျောင်းသားဦးရေ အကန့်အသတ်ရှိလို့ ဒီနေ့ပဲ သင့်ကလေးရဲ့ အနာဂတ်ကို KCC နဲ့ စနစ်တကျ စတင်လိုက်ပါ📌
အနာဂတ်ရဲ့ အကောင်းဆုံး မျိုးဆက်သစ်တွေ ဖြစ်လာဖို့ KCC မှာပျိုးထောင်စို့။
📲 09 40266 2727
🏡 87A လမ်း၊ 12-14 လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
သားသားပကတိခမ်းနား ဖေဖေရဲ့ ရင်တွင်းစကားသံလေးပါ 🥰
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
87th (A) Street, Between 12th And 14th Street, Aung Myay Thar Zan Tsp.
Mandalay
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:15 |
| Friday | 08:00 - 17:00 |