Teacher-Huang 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗖𝗹𝗮𝘀𝘀

Teacher-Huang 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗖𝗹𝗮𝘀𝘀 Video များကို စိတ်ကြိုက်လေ့လာနိုင်ပါသည်။
(1)

📚တရုတ်ပြည်မှာ ပညာသင်ဆုနဲ့ပိုက်ဆံမကုန်ပဲ ကျောင်းတက်ချင်ရင် ကျွန်မတို့ ချုံချင့်တက္ကသိုလ်ကို ရွေးလို့ရပါတယ်နော်၊ စာခက်ဖိအာ...
30/04/2026

📚တရုတ်ပြည်မှာ ပညာသင်ဆုနဲ့ပိုက်ဆံမကုန်ပဲ ကျောင်းတက်ချင်ရင် ကျွန်မတို့ ချုံချင့်တက္ကသိုလ်ကို ရွေးလို့ရပါတယ်နော်၊ စာခက်ဖိအားများတာကလွဲရင် အကုန်ကောင်းပါတယ်။ (တရုတ်985ကျောင်းတိုင်းက ထိပ်တန်းအလွှာမှာရှိလို့ ဖိအားများတာပုံမှန်ပါပဲ🥲卷王တွေချည်းစုနေတာ ထိပ်ဆုံးအလွှာကကျောင်းတွေဆိုတော့)
✅ချုံချင့်မြို့ကြီးပေါ်မှာကျောင်းတက်ရမှာပါ။

🎓ဒီနှစ်ဆို ကျွန်မလျှောက်ခဲ့သလို full scholarship လည်းပြန်လျှောက်လို့ရပါပြီ။ fullရတဲ့သူက တစ်လကို ၁၅၀၀အသုံးစရိတ်ရမယ့်အပြင် ကျောင်းစရိတ်၊နေစရိတ်၊ဆေးဝါးစရိတ်လည်း ရမှာပါ။🩷
၁၅၀၀က မြန်မာငွေ ဆယ်သိန်းဝန်းကျင်ပါ…

*သူနဲ့နိုင်ငံတော်အဆင့်စကော်လာအမျိုးစား ၂၅၀၀တွေနဲ့ ကွာတာက နိုင်ငံအဆင့်ဆိုတဲ့တိုင်း ဖိအားက ၂ဆလောက်များပါမယ်။ ဘာသာတိုင်း၈၀အောက် မရောက်ရတာနဲ့တင် တော်တော်stressပိပါတယ် 🥹ကျောင်းscholarဆိုရင်တော့ ဒါမျိုးမဖြစ်ပါဘူး အောင်ရင်ကို နောက်နှစ်ရပါတယ်🤭

ချုံချင့်တက္ကသိုလ်CQUမှကြိုဆိုပါတယ်ရှင့်❤️

Chinese / English Taught ရွေးလို့ရပါတယ်။
ရွေးလို့ရမယ့်မေဂျာlistsလိုချင်ရင် ဆက်သွယ်လိုက်ပါ။
Admission feesက 600လို့တွေ့ပါတယ်ရှင့်🥰

https://study.cqu.edu.cn/info/1390/2859.htm

📍ချုံချင့်က အခုတရုတ်မှာပါမက ကမ္ဘာမှာပါ တဟုန်ထိုးတိုးတက်လာတဲ့မြို့ဖြစ်ပါတယ်။ မြို့ဆိုပေမယ့် ပေကျင်းတို့ ရှန်ဟိုင်းတို့လိုပဲ ဘယ်ပြည်နယ်၊ ဘယ်ခရိုင်ရဲ့အောက်မှာမှ မရှိပဲ တစ်မြို့တည်းစနစ်နဲ့ ရပ်တည်ပါတယ်။ မြို့ကြီးဖြစ်ပေမယ့် တစ်လ၁၅၀၀က တော်တော်လောက်ပါတယ်နော် ❤️❤️❤️
အချက်ချာကျလို့ ဘယ်မြို့ကိုပဲသွားသွား ရထားခဏပဲစီးရုံနဲ့ရောက်ပါတယ်။

🥘ချုံချင့်ဟော့ပေါ့ဆိုတာလည်း ကမ္ဘာကျော်နော်🤭

🌤️ရာသီဥတုက ပူတဲ့အချိန်အတော်ပူပြီး(မန်းလေးသူလက်မြောက်အရှုံးပေး) အေးရင်လည်း အသဲထဲထိခိုက်အောင်အေးပါတယ်။ အပူအအေးဒီဂရီအတက်ကျအရမ်းမြန်ပါတယ်…

📌ချုံချင့်မြို့မှာ မြန်မာသံရုံးလည်းရှိတဲ့အတွက် ဘာတခုမှစိတ်ပူစရာမလိုတာလည်း အားသာချက်ပါပဲ နိုင်ငံခြားမှာနေတော့ ဒါကထည့်စဉ်းစားရပါမယ်။

နောက်ဆုံးအနေနဲ့ကတော့ HSKပါပဲ။ တော်တော်များများမေဂျာတိုင်းက HSK4နဲ့အထက်ဆိုရပါတယ်။ ကျွန်မတက်တဲ့TCSOL ကတော့ တရုတ်စာအထူးပြုတဲ့အပိုင်းမို့ HSK5နဲ့အထက်မှပဲ full scholar ရဖို့ ငြိမ်ပါမယ်။

Page က တီချယ်တရုတ်မှာ ကျောင်းစတက်တည်းက မသုံးဖြစ်တာကြာပါပြီရှင့် အချက်က စာတွေသေချာလိုက်လုပ်နေလို့နဲ့ အတန်းချိန်တွေမအားလို...
25/03/2025

Page က တီချယ်တရုတ်မှာ ကျောင်းစတက်တည်းက မသုံးဖြစ်တာကြာပါပြီရှင့် အချက်က စာတွေသေချာလိုက်လုပ်နေလို့နဲ့ အတန်းချိန်တွေမအားလို့ပါ message တွေလည်း ဝင်မကြည့်ဖြစ်လို့ပါရှင့်။ personal accမှာ ဝင်တာတွေတော့ ဖြေပေးဖြစ်ပါတယ်။❤️
အခုတစ်ခေါက်ပြောချင်တာက တရုတ်မှာ bachelor လာတက်မယ်ဆို 985ကျောင်းပဲ သေချာရွေးတက်ပါလို့ master ဆက်တက်ချင်လို့ ကျောင်းရှာရင် 985ကျောင်းသားတွေဆို အခွင့်ရေးက ဘာနဲ့မှမတူပါဘူး သူ့အဆင့်နဲ့သူခွဲပြီး ဦးစားပေးစဉ်းစားပါတယ်။
985 ➡️ 211 ➡️ another ဒီလိုပါ ❤️
တက္ကသိုလ်စတက်ဖို့စဉ်းစားရင်လည်း ဒီလိုစဉ်းစားပါ
ဒီနှစ်တီချယ်တက်တဲ့ချုံချင့်တက္ကသိုလ်က president Full scholarship မခေါ်ဖြစ်ပါဘူး CSC နဲ့ CIS နှစ်မျိုးပဲ လျှောက်လို့ရပါမယ်နော် 🫶

၈လပိုင်း Basic+HSK 1 အတန်းသစ် Video class အပ်နှံနိုင်ပါပြီရှင့် 💫🎉တစ်ပတ် video 4ပုဒ် တင်ပေးပါမည်။အိမ်စာထပ်ရပါမယ်ရှင့် အိ...
30/07/2024

၈လပိုင်း Basic+HSK 1 အတန်းသစ်
Video class အပ်နှံနိုင်ပါပြီရှင့် 💫🎉

တစ်ပတ် video 4ပုဒ် တင်ပေးပါမည်။
အိမ်စာထပ်ရပါမယ်ရှင့် အိမ်စာစစ်ပေးသည်။
သင်တန်းကာလ ကြာချိန် ၁လခွဲ
သင်တန်းကြေး ၆သောင်းကျပ်ပါရှင့်။

၈လပိုင်း ၅ရက်နေ့ အတန်းစပါမယ်ရှင့် ❤️

သင်ကြားပေးမည့်ဆရာမ-
Teacher Huang 👩‍🏫
•HSK-6 passed ✅
•HSKK advanced ✅
•B.Sc (Biochemistry)
•高中毕业🧑‍🎓
•重庆大学(汉语国际教育)
•Dip in Teaching Pedagogy ✅

26/07/2024

လိမ္မာတဲ့သားသမီးတိုင်းရဲ့ နောက်ကွယ်မှာ တည်ငြိမ်ပြီး နားလည်အောင် ဖြောင့်မတ်အောင် သွန်သင်ဆုံးမတတ်တဲ့ မိဘရှိတယ်။ သားသမီးတိုင်းရဲ့ Heroက မိဘပါ🥰❤️ သဘောကျလို့ ဘာသာပြန်ပေးထားပါတယ်။

22/07/2024

တရုတ်ပြည်ကို scholarship စကောလာရှစ် နဲ့ လာချင်တဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် အကူညီဖြစ်စေမယ့် videoလေး လုပ်ပေးထားပါတယ်နော်။🥰

သိချင်တာရှိသေးရင် comment တွင် မေးမြန်းနိုင်ပါတယ်❤️

မင်္ဂလာသတင်းနဲ့အတူ ဆရာမ ပြန်လာပါပြီနော်🥰တရုတ်ပြည် ချုံချင့်မြို့ကြီးမှာ ကျောင်းစရိတ်၊ နေစရိတ်၊ ဆေးဝါးစရိတ်၊ အသုံးစရိတ်တစ...
17/07/2024

မင်္ဂလာသတင်းနဲ့အတူ ဆရာမ ပြန်လာပါပြီနော်🥰

တရုတ်ပြည် ချုံချင့်မြို့ကြီးမှာ ကျောင်းစရိတ်၊ နေစရိတ်၊ ဆေးဝါးစရိတ်၊ အသုံးစရိတ်တစ်လယွမ် ၁၅၀၀ အပါအဝင် Full scholarship နဲ့ bachelor 4နှစ် တက်ခွင့်ရပါတယ်တဲ့😭❤️

မေဂျာက Teaching Chinese နဲ့ပါရှင့် 🥰

ကျောင်းသွားတက်မယ် ဆုံးဖြတ်ပြီးနောက် ကျောင်းကိုရွေးတယ်၊ မြို့ကိုရွေးတယ်၊ မေဂျာရွေးတယ်၊ scholars ရွေးတယ်၊ စိတ်ကြိုက်ရွေးပြီးနောက်ဆုံးမှာ Beijing က BNU ရယ် chongqing က CQU ရယ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ❤️

သင်တန်းတွေနားထားရတာ ဒီအတွက်ပြင်ဆင်နေတာကြောင့်ပါ 😍🎉

Congratulation to me 🌹🍀

02/06/2024

သဲ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားရင် သဲနဲ့တူတာရှာဦးမှာလား 😂

01/06/2024

ပါဝင်လို့ရပါတယ်နော် 💗
ကျွန်မက နေ့စဉ် စာကြောင်းလေးတွေ လေ့ကျင့်ပေးမှာပါ လိုက်ပြောကြည့်ပြီး လေ့ကျင့်နိုင်ပါတယ်💕
လူအရမ်းအများကြီးလည်း မခေါ်ပါဘူးနော် 🥰

01/06/2024

ကျွန်မတစ်ခုလောက် အကြံပေးပါရစေရှင့်
တရုတ်စာကို စပြီး လေ့လာတာနဲ့ တရုတ်အသံနဲ့ပဲ လေ့လာပါ ဗမာအသံထွက် ချရေးပြီးလေ့လာတာ လုံးဝအမှားပါနော်။
ဒါဆို တရုတ်အသံနဲ့ ထွက်တတ်အောင် ဘယ်လိုလုပ်ရမလဲဆိုရင် pinyin မဖြစ်မနေ လေ့လာပါ
ပြီးပြီးရောလည်းမလေ့လာပါနဲ့ တကယ်အသံထွက်ပီသတဲ့ တရုတ်ဆရာ၊ဆရာမတွေဆီမှာ တပည့်ခံပါနော် မဟုတ်ရင် ပိုက်ဆံလည်းကုန် အသံလည်းမမှန် တတ်လည်းမတတ် ဖြစ်ကုန်လိမ့်မယ်။
နောက်တစ်ခုက ကျွန်မရဲ့videoတွေမှာ တောင်းဆိုလို့ ဗမာအသံထွက် ထည့်ရေးပေးပါတယ် ဒါပေမယ့် နားထောင်ရင်းနဲ့သာ လိုက်လေ့ကျင့်ပါ ချမှတ်ရင် ကျွန်မအသံထွက်နဲ့ နီးစပ်တာကို လိုက်မှတ်ပေးပါရှင့်။
အတတ်နိုင်ဆုံးကတော့ pinyinနဲ့ပဲ လိုက်သင်ပါ 💗

01/06/2024

Edit - လူပြည့်ပါပြီရှင့်

အလုပ်ခေါ်စာ 📢
တရုတ်ကျောင်းဆရာမ အလိုရှိပါတယ်ရှင့်

Class teacher (M/F)

-HSK 5 အထက်ဖြေပြီးသူလက်မှတ်ရှိရပါမယ်
-လုပ်သက်ပေါ် ကြည့်ပြီး လစာညှိနှိုင်းနိုင်ပါတယ်
-တရုတ်စကား ပြေပြစ်စွာ ပြောနိုင်ရပါမယ်။
-အလုပ်ချိန်(၈)နာရီ တစ်ပတ်(၅)ရက်
-၃၂လမ်းကျောင်းနဲ့ လမ်း၆၀ကျောင်းကို အသွားအပြန်သွားနိုင်ရပါမယ်ရှင့်။
(အဆောင်နေတဲ့သူဆို အဆင်မပြေကြောင်း ထည့်ပေးတာပါ) 💕

Assistant teacher (F)

-HSK 3 / 4 ဖြေပြီးလက်မှတ်ရှိထားသူဖြစ်ရပါမယ်။
-လုပ်သက်ပေါ်မူတည်ပြီး လစာညှိနှိုင်းနိုင်ပါတယ်။
-အလုပ်ချိန်(၈)နာရီ တစ်ပတ်(၅)ရက်
-၃၂လမ်းကျောင်းနဲ့ လမ်း၆၀ကျောင်းကို အသွားအပြန်သွားနိုင်ရပါမယ်ရှင့်

ကျွန်မကိုယ်တိုင် လုပ်ကိုင်နေတဲ့ international school က ခေါ်စာပါ 100% စိတ်ချနိုင်ပါတယ်။ ပိုင်ရှင်တိုက်ရိုက်ခေါ်စာပါ။
တရုတ်လူမျိုးဖြစ်လျှင် ပိုဦးစားပေးမည်။


30/05/2024

စားသောက်ဆိုင်/ အင်္ကျီဆိုင်/ ခရီးသွား/ ဟိုတယ်/ ဆံပင်ဆိုင် တင်ထားပေးပါတယ် နောက်ထပ်ဘာလေးတွေ ထပ်တင်ပေးရမလဲရှင့် 💕

Address

Mandalay

Telephone

+959776693789

Website

Alerts

Be the first to know and let us send you an email when Teacher-Huang 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗖𝗹𝗮𝘀𝘀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teacher-Huang 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗖𝗹𝗮𝘀𝘀:

Shortcuts

Share

Category