29/08/2021
အထိမခံ ရွှေပန်းကန် လုပ်ခဲ့သော နေ့ရက်များပေါ့ :3
Come along and enjoy our activities!
29/08/2021
အထိမခံ ရွှေပန်းကန် လုပ်ခဲ့သော နေ့ရက်များပေါ့ :3
21/08/2021
👉Architecture Portfolio For University👈
ဟုတ်ပါတယ် ၊ အခုပြောမှာကတော့ International Universities တွေမှာ Architecture Major ကိုကျောင်းသွားတက်ဖို့စိတ်ကူးနေတဲ့ သူတွေအတွက် Architecture Portfolio ဖန်တီးနည်းလေးတွေကို ရှင်းပြပေးသွားမှာပါ။
ပုံလေးတွေဆက်ကြည့်ပေးနော် 🤗
အောက်ဆုံးပုံမှာ အသေးစိတ်လေ့လာလို့ရအောင် YouTube Video Links တွေစုပေးထားတာမို့ နောက်ဆုံးပုံထိသွားကြည့်ဖို့မမေ့နဲ့နော် 💌
13/08/2021
Maths , D ထိသောနေ့ရက်များ :3
09/08/2021
အခုတော့ deadline ကိုမရှိတော့ဘူး🥴
07/08/2021
ဘယ်လိုပဲဖြစ်ဖြစ် အချိန်ပေးပြီးလှူကြပါ ( ပျင်းနေရင်လည်း ဒီlink တွေထဲက တစ်ခုခု ဝင်ကြည့်ကြ )
1 - နားထောင်ရင်းလှူ
https://www.facebook.com/nrrhtgyinhlu2021/
2 -Kyi Pay Par 3.0
https://www.facebook.com/KyiPayPar3.0/
3- Science Nuts
https://www.facebook.com/Science-Nuts-106634094988420/
4 - Click 2 Donate
https://www.facebook.com/click2donatemm/
5- အချိန်ခဏပေးပါ
https://www.facebook.com/DonateWithYourTime2021/
6 - Spring Minutes
https://www.facebook.com/springminutes/
7- Play 4 mm
https://www.facebook.com/Play4mm-100371552286968/
8 - Phat Yin Hlu ( ဖတ်ရင်းလှူ)
https://www.facebook.com/Phat-Yinn-Hlu-108655721397616/
9- လှူကြမယ်
https://www.facebook.com/hlukyaml/
10 - Civil Disobedience Campaign -Myanmar Engineer
https://www.facebook.com/cdcmyanmarengineers/
11 - Youth Sports Media
https://www.facebook.com/Youths-Sports-Media-106429491193756/
12 - Mr Preverts (18+ warning)
https://www.facebook.com/Youths-Sports-Media-106429491193756/
13 - Exo-L Donation
https://www.facebook.com/EXO-L-Donation-106626111674153/
14 -Purple Wings For BTS 2
https://www.facebook.com/purplewingsII2013/
07/08/2021
အခုတော့ ကျောင်းတောင်မပြီးသေးဘူး ruler ကတော့ပျောက်နေပြီ :):):)
05/08/2021
Hello everyone 🤗
Page ကနေ Content အသစ်တွေလည်း မတင်တာကြာပြီဆိုတော့ အားလုံး ပင်ပန်းနေတဲ့ကာလ မှာ ပေါ့ပေါ့ပါးပါးလေး ဖတ်နိုင်အောင် အသစ် တစ်ပုဒ်ကို ရေးထားပါတယ်။ အရင်လို formal ဆန်တဲ့ အရေးအသားမျိုးမဟုတ်ဘဲ အရွှန်းဖောက်ပြီးရေးထားတာတွေ ပါတဲ့အတွက် Architecture facts ပဲဖတ်ချင်တဲ့သူတွေအတွက် အနှောက်အယှက်ဖြစ်သွားရင် နားလည်ပေးဖို့ ကြိုပြီးမေတ္တာရပ်ခံချင်ပါတယ်ရှင်။
နောက်ဆုံးမှာ အရမ်းအရေးကြီးတဲ့ post ❗️ပါတာမို့လို့ အဆုံးထိရောက်အောင် ဖတ်ပေးပါဦးနော်။
ကဲ ဒီတစ်ခေါက် သစ်တောထဲကအိမ်လေးတစ်အိမ်ဆီကို အလည်ခေါ်သွားမလို့ လိုက်မယ်မလား ( ရတယ်ရတယ် ရည်စားမရှိလည်းလိုက်လို့ရတယ် 🌚)စတာနော် ဆက်ဖတ်ပါဦး 😅။
04/08/2021
🍀 ကျွန်တော်တို့ 2020 Dec လလောက်ကတည်းက post တွေ articles တွေမရေးဖြစ်တာကြာပြီမို့ ဒီနောက်ပိုင်း ကိုယ်တွေလေ့လာဖြစ်တာလေးတွေ ပြန်မျှဝေပေးဖို့ရှိပါတယ်
ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေ အရ ကျွန်တော်တို့လို CDM Students လေးအတွက်လည်း အနာဂတ်ပျောက် လမ်းပျောက်ဖြစ်နေကြတာမို့ Architecture နဲ့ပက်သက်တာလေးတွေ ၊ဗဟုသုတရစရာလေးတွေ ဖတ်ပြီး လမ်းပျောက်နေတဲ့ စိတ်လေးတွေကို ဖြေလျော့နိုင်ဖို့ ရည်ရွယ်ပါတယ်။
🍀လောလောဆယ် အလှူအတန်းတွေအတွက်ကလည်း Website တွေနဲ့ အချိန်ပေးပြီး လှူလို့ရတဲ့ နေရာတွေလည်းအများကြီးရှိတာမို့
ပြန်လှူတန်းပေးတဲ့ Website တွေကတစ်ဆင့် ဇာတ်ကားတွေကြည့်လိုက် ၊သီချင်းလေးတွေနားထောင်လိုက် ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆောင်းပါးလေးတွေဖတ်လိုက်နဲ့ အချိန်ပေးလှူဖို့တိုက်တွန်းချင်ပါတယ်။
🍀ပြီးတော့ ကျွန်တော်တို့ Page ကတင်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆောင်းပါးလေးတွေကိုလည်း ဖတ်ပေးကြဖို့တိုက်တွန်းချင်ပါတယ် ( အဓိကတင်မှာကတော့ Architecture ပိုင်းနဲ့ပက်သက်ပြီး တင်ပေးမှာပါ)
နောက်တစ်ရက်နှစ်ရက်လောက်ကျရင် ဆောင်းပါးလေးတွေစတင်တော့မှာမို့ ဆက်ဆက်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် 🤗
အောက်မှာတော့ အချိန်ပေးပြီးလှူလို့ရတဲ့ Page လေးတွေစုစည်းပေးထားပါတယ်နော်
1 - နားထောင်ရင်းလှူ
https://www.facebook.com/nrrhtgyinhlu2021/
2 -Kyi Pay Par 3.0
https://www.facebook.com/KyiPayPar3.0/
3- Science Nuts
https://www.facebook.com/Science-Nuts-106634094988420/
4 - Click 2 Donate
https://www.facebook.com/click2donatemm/
5- အချိန်ခဏပေးပါ
https://www.facebook.com/DonateWithYourTime2021/
6 - Spring Minutes
https://www.facebook.com/springminutes/
7- Play 4 mm
https://www.facebook.com/Play4mm-100371552286968/
8 - Phat Yin Hlu ( ဖတ်ရင်းလှူ)
https://www.facebook.com/Phat-Yinn-Hlu-108655721397616/
9- လှူကြမယ်
https://www.facebook.com/hlukyaml/
10 - Civil Disobedience Campaign -Myanmar Engineer
https://www.facebook.com/cdcmyanmarengineers/
11 - Youth Sports Media
https://www.facebook.com/Youths-Sports-Media-106429491193756/
12 - Mr Preverts (18+ warning)
https://www.facebook.com/Youths-Sports-Media-106429491193756/
13 - Exo-L Donation
https://www.facebook.com/EXO-L-Donation-106626111674153/
14 -Purple Wings For BTS 2
https://www.facebook.com/purplewingsII2013/
21/12/2020
Roman Orders (English Version Below)
ဒီတစ်ခါကျွန်တော် ပြောပြပေးသွားမှာကတော့ Ancient Roman Architectureမှာတွေ့ရတဲ့ Column Order ၂မျိုးဖြစ်တဲ့ "Tuscan" နဲ့ "Composite" Roman Orderတွေအကြောင်းပဲ ဖြစ်ပါတယ်။ Greek Order ၃မျိုးကို အတုယူမွေးစားပြီးတော့ ရှေးခေတ်ရောမလူမျိုးတွေက Tuscanနဲ့ Composite Orderတွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ Column Orderတွေက ဂရိနိုင်ငံကနေ ဆင်းသက်လာသော်ငြားလည်း ရောမလူမျိုးတွေက သူတို့အကြိုက် သူတို့အတွေး သူတို့စတိုင်နဲ့ Roman Orderတွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ Greek Order columnတွေကိုတော့ အဆောက်အဦးတွေ ဘုရားကျောင်းတွေအတွက် ထောက်တိုင်တွေအနေနဲ့အသုံးပြုကြပေမယ့် Roman Order Columnတွေကိုတော့ အဆောက်အဦးဆောက်လုပ်ရာမှာတင်သာမဟုတ်ဘဲ အလှဆင်ဖို့အတွက်ပါ အသုံးပြုကြပါတယ်ဗျ။ Greek Orderတွေနည်းတူ Roman Orderမှာလည်း Column,Capitalနဲ့ Entablatureဆိုတဲ့ အစိတ်အပိုင်းတွေ ပါရှိပါတယ်။ Tuscan နဲ့ Composite Orderတွေ အကြောင်းကိုတော့ အောက်ကပုံလေးတွေမှာ သူတို့ မှီငြမ်းအစွဲပြုထားတဲ့ Greek Orderတွေနဲ့ ယှဥ်ပြီး ပြောပြပေးထားပါတယ်ဗျ။ အချိန်ပေးပြီးဖတ်ပေးသွားကြပါအုံးနော်။🙆♂️🙆♂️🙆♂️
Orderမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအကြောင်း နဲ့ Greek Orderတွေအကြောင်းကိုတော့ အောက်က linkကနေ ဝင်ဖတ်ကြည့်လို့ရပါတယ်ဗျ။😁😁🙆♂️🙆♂️
https://www.facebook.com/108016494225922/posts/216614603366110/
လှမင်း(တတိယနှစ်ဗိသုကာ)
Ref: Wikipedia,Britannica. com, ThoughtCo. com, iDesignWiki. com
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
I would like to talk about 2 Roman Column Orders, "Tuscan" and "Composite" , which are found in Ancient Roman Architecture. Ancient Roman created "Tuscan" and "Composite" Orders by adopting and imitating the 3 Greek Orders. Although the Column Orders are come down and originated from Greece, the Roman established the Roman Orders with their own taste, thoughts and style. While the Greek Order columns are used as support to the buildings and temples, Roman Order columns are served not only as a support but also as a decoration to the buildings. Roman Orders also have Column, Capital and Entablature parts like Greek Orders do. "Tuscan" and "Composite" Orders are described comparing with the Greek Orders from which they are cited on the images down below. Please give your time on reading this. 🙆♂️🙆♂️🙆♂️
You can read about the parts included in a Order and the Greek Orders from the link below.😁😁🙆♂️🙆♂️
https://www.facebook.com/108016494225922/posts/216614603366110/
Hla Min ( Third Year Architecture)
Ref: Wikipedia, Britannica. com, ThoughtCo. com, iDesignWiki. com
05/12/2020
Orders in Architecture (English Version Below)
ကျွန်တော်ဒီနေ့ ပြောပြသွားမယ့်အကြောင်းအရာကတော့ Neoclassical Architectureထဲက အဆောက်အဦးတွေ၊ဘုရားကျောင်းတွေမှာသုံးတဲ့ columnတိုင်တွေရဲ့ orderတွေအကြောင်းပဲဖြစ်ပါတယ်။ အသုံးပြုတဲ့ capitalတွေ၊entablatureတွေအပေါ်လိုက်ပြီး orderအမျိုးအစားတွေ ကွဲပြားသွားပါတယ်။ Orderတွေအကြောင်းမပြောခင်မှာ orderမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ capitalနှင့် entablatureတို့အကြောင်းအရင်ရှင်းပြပါရစေ။
Capital
-Capitalကတော့ Shaftနှင့် Entablatureကြားက အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းကတော့ Column Orderတွေရဲ့ အသိသာအထင်ရှားဆုံးအပိုင်းဖြစ်ပါတယ်။ သူ့မှာ 'Echinus'နဲ့ 'Abacus'ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ်။ Echinus ကတော့ Capitalရဲ့အောက်ပိုင်းဖြစ်ပြီး Abacusကတော့ Capitalရဲ့အပေါ်ပိုင်းဖြစ်ပါတယ်ဗျ။
Entablature
-Entablatureဆိုတာကတော့ Column Capitalရဲ့ အပေါ်မှာရှိတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ သူ့မှာ Architrave,Frieze နှင့် Corniceဆိုတဲ့ အပိုင်း(၃)ပိုင်းရှိပါတယ်။ Architraveကတော့ Entablatureရဲ့ အောက်ဆုံးအပိုင်းဖြစ်ပြီး Friezeကတော့ Architraveနှင့် Corniceကြားက အပိုင်းဖြစ်ပါတယ်။ Corniceကတော့ Entablatureရဲ့ အပေါ်ဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။
Orderမှာပါဝင်တဲ့ အစိတ်အပိုင်းတွေအကြောင်း ရှင်းပြပြီးတဲ့အခါမှာတော့အခု Orderတွေအကြောင်း ဆက်ပြောပြသွားပါမယ်ဗျ။
Doric,Ionic,Corinthian,Tuscan,Composite ဆိုပြီး Order ၅မျိုးရှိပါတယ်။ ဒီထဲကမှ Doric,Ionicနှင့် Corinthianဆိုတဲ့ Greek Order ၃မျိုးအကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။ Roman Order ၂ခုဖြစ်တဲ့ Tuscanနှင့် Composite Order အကြောင်းကိုတော့ နောက်articleမှာ ဆက်လက်ပြောပြပေးသွားပါမယ်ခင်ဗျ။ 🤗🤗🤗
အခုGreek Order ၃မျိုး အကြောင်းကိုတော့ အောက်က ပုံလေးတွေမှာ တစ်ခုချင်းစီ exampleလေးတွေနဲ့ ပြောပြပေးထားပါတယ်ခင်ဗျ။ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ဖတ်ပေးသွားကြပါအုံးနော်။ 🙆♂️🙆♂️🙆♂️
လှမင်း(တတိယနှစ်ဗိသုကာ)
Ref: Britannica .com, Wikipedia,
Bee Breeders, Dummies .com
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Today, I m gonna talk about Orders of columns which are used in buildings and temples of Neoclassical Architecture. Orders can be distinguished and characterized by the capitals and entablatures being used.I would like to explain about capital and entablature first before mentioning about Orders.
Capital
-"Capital" is the middle part between Shaft and Entablature. It is the most significant part of the "Orders". It has two parts called 'Echinus' and 'Abacus'. 'Echinus' is the lower part and 'Abacus' is the upper part of the Capital.
Entablature
-"Entablature" is the upper part of the "Orders" which is located above the "Capital". It has 3 divisions called Architrave, Frieze and Cornice. "Architrave" is the lowest part of Entablature and "Frieze" lies between Architrave and Cornice. "Cornice" is the uppermost part of Entablature.
As we have learnt about the components of "Orders", I will continue explaining about the "Orders" now.
There are Five Orders called "Doric", "Ionic", "Corinthian", "Tuscan", "Composite".
I will describe about 3 Greek Orders called Doric, Ionic and Corinthian from these. As for two Roman Orders, Tuscan and Composite, i will continue talking about them in next article.🤗🤗🤗
Now, I have described about 3 Greek Orders on each images with examples below. May I request to take your time and read this patiently please.🙆♂️🙆♂️🙆♂️
Hla Min(Third Year Architecture)
Ref: Britannica .com, Wikipedia,
Bee Breeders, Dummies. com
23/11/2020
အခုတစ်ခါကတော့ Stadiums တွေအကြောင်းကို ရေးထားတဲ့ဆောင်းပါးလေးပါ။
( English version is below🤗)
1.Stadium
——————————————
Stadium ဆိုတာကတော့ outdoor sport , concert စတာတွေအပြင်အခြား ပွဲလမ်းသဘင်တွေ ကျင်းပရာနေရာတစ်ခုဖြစ်ပါတယ်။
Stadium တစ်ခုမှာ ကစားကွင်းတစ်ခုနဲ့ ၎င်းကိုဝန်းရံထားတဲ့ ပွဲကြည့်စင်တွေပါဝင်ပါတယ်။Stadium ဆိုတဲ့ ဝေါဟာရကတော့ ဂရိစကား Stadion က လာပါတယ်။ ဆိုလိုတာကတော့လူတယောက်ရဲ့ခြေလှမ်း၆၀ အကွာဝေးရှိသောအလျား လို့သိရပါတယ်။1 stadion =600 ft ဖြစ်ပါတယ်။ ၎င်းဟာ တိကျတဲ့ အတိုင်းအတာနဲ့တော့ ၁၅ ရာခိုင်နှုန်းခန့်ကွာပါတယ်။ ရောမ အတိုင်းအတာမှာတော့ 1 stadion ကို ၆၀၇ ပေခန့်ရှိတယ်လို့ မှတ်သားရပါတယ်။ ၎င်းတို့ရဲ့ Passue အတိုင်းအတာနဲ့တော့ 125 passue ရှိပါတယ်။ ယခုခေတ် Stadium Design တွေကတော့ ရောမနှင့် ဂရိခေတ်များက စတင်တိုးတက်ခဲ့ပြီး Design များဟာလည်း ခေတ်အလိုက် အဆင့်ဆင့်ပြောင်းလဲဆင်းသက်ခဲ့ပါတယ်။ထို့ကြောင့် ခေတ်ဦးStadium တွေအကြောင်းလေ့လာရအောင်။
1.1 - Stadium at Olympia
——————————————
သက်တမ်း အရင်းဆုံး ၎င်းကွင်းဟာ Olympia , Greece မှာတည်ရှိပါတယ်။776 BC ကတည်းက Ancient Olympic Games တွေ ကျင်းပခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ လူဦးရေ ၄၅၀၀၀ ခန့်ဝင်ဆံံ့ပြီးတော့ ပွဲကြည့်စင်တွေ မပါဝင်ခဲ့ပါဘူး။ Grass, Stones ,မြေမှုန့်တွေနဲ့သာ ဖွဲ့စည်းထားသော သာမန်ကွင်းဖြစ်ပါတယ်။212.54* 30-34 m ကျယ်ဝန်းပါတယ်။ ပြေးပွဲတွေကိုသာ အများအားဖြင့် ကျင်းပလေ့ရှိပါတယ်။ပြေးလမ်းတွေကိုရွှံ့စေး(clay) နဲ့ပြုလုပ်ထားပါတယ်။ရည်ရွယ်ချက်ကတော့ ကစားသမားများပြေးရာမှာ ကုတ်အားကောင်းစေဖို့ဖြစ်ပါတယ်။တာလွှတ်တဲ့ နေရာမှာ ပုံမှာပြထားတဲ့အတိုင်း အဖြူရောင် စည်းတန်းတစ်ခု တားထားပါတယ်။ Exedra လို့ခေါ်တဲ့ ကျောက် Platform ကို Judges တွေနဲ့ အရေးကြီးလူကြီးတွေ ထိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။
1.2 - Colosseum
——————————————
Colosseum လို့ခေါ်တဲ့ ကစားကွင်းကိုတော့ Flauian Ampitheatre လို့လည်း လူသိများပါတယ်။။ပထမဆုံး Architectural and structural designed building ဖြစ်တဲ့၎င်းအဆောက်အအုံဟာ ဘဲဥပုံ Ampitheatre တစ်ခုဖြစ်ပြီးတော့Rome , Italy မှာတည်ရှိပါတယ်။၁၈၉ မီတာအရှည်ရှိပြီး ၁၅၆ မီတာအကျယ်ဝန်းရှိပါတယ်။ Base Area ကတော့ ၂၄၀၀၀ စတုရန်းမီတာ ရှိပြီး ၆ဧက ကျယ်ဝန်းပါတယ်။အပြင်ပိုင်းနံရံအမြင့်ကတော့ ၄၈ မီတာမြင့််ပါတယ်။ကစားကွင်းကတော့ ၈၇ မီတာရှည်ပြီးတော့ ၅၅မီတာကျယ်ပါတယ်။ကစားကွင်းကို၅မီတာ မြင့်တဲ့ နံရံဝန်းရံထားပြီးတော့ ၎င်းအပေါ်မှာမှ ပွဲကြည့်စင်ကို တည်ဆောက်ထားခြင်းဖြစ်ပါတယ်။
ထို့ပြင် ၎င်းအဆောက်အအုံမှာ ပြီးပြည့်စုံတဲ့ Foundation Design and Basement ရှိနေပါတယ်။ Structure တွေရဲ့အောက်၈မီတာမှာရေနုတ်မြောင်းတွေကို တည်ဆောက်ထားပါတယ်။Foundation ကိုတော့ Concrete တွေနဲ့ စီမံထားပြီး အပြင်ပိုင်းနံရံတွေအတွက် ၁၂မီတာ ထိုင်ခုံနေရာနဲ့ အတွင်းပိုင်းနေရာတွေအတွက် ၄မီတာ အနက်တူးထားပါတယ်။ထို့အပြင်ပတ်ဝန််းကျင်ဒေသထက် ၇မီတာ ပိုမြင့်ကာ တည်ဆောက်ထားပါတယ်။Ampitheatre ဆိုတာကတော့အမိုးပွင့်ဖြစ်ပြီး
ဖျော်ဖြေရေးနဲ့အားကစားပြိုင်ပွဲများ ပြုလုပ်ရာနေရာဖြစ်ပါတယ်။၎င်းStadium ကြီးကို Travertine limestone,wood ,tuff,Tiles,cement motar,volcanic rock,brick-faced concrete တွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။လူဦးရေ ၅၀၀၀၀ကနေ ၈၀၀၀၀အထိ ဝင်ဆံ့နိုင်ခဲ့ပြီး ထိုစဥ်ကအကြီးဆုံကွင်း တစ်ခုလည်းဖြစ်ပါတယ်။Stadium site တည်ရှိရာနေရာကတော့
Caelian ,Esquiline,Palatine တောင်သုံးလုံကြားရဲ့ ရေဝပ်ၔရိယာမှာဖြစ်ပါတယ်။အခြားသောရောမ Ampitheatre တွေနဲ့ မတူညီတာကတော့ ၎င်းဟာ Rome မြို့လယ််ခေါင်မှာရှိနေခြင်း၊တောင်ခပန်း၌ တည်ဆောက်ထားကာ free- standing structure ဖြစ်နေခြင်းနှင့် ရောမသား တို့ရဲ့နှလုံးသားတစ်ခု ဖြစ်နေ ခြင်းကြောင်းဖြစ်ပါတယ်။၎င်း Stadium Construction ကိုတော့ 70-72 AD Vespasian အုပ်ချုပ်စဥ်ကာလမှာ စတင်ခဲ့ပြီး 79AD Vespasian သေဆုံးချိန်မှာတော့ တတိယအဆင့်ထိသာပြီးဆုံးခဲ့ပါတယ်။ထို့နောက် ၎င်း၏သားဖြစ်သူ Titus ကဆက်လက်တည်ဆောက်စေခဲ့ပြီး80 AD မှာတော့ အဆုံးသတ်နိုင်ခဲ့ပါတယ်။217 AD မှာတော့ မီးဘေးသင့်ခဲ့ပြီး သစ်သားတွေနဲ့ အတွင်းနေရာအချို့ ပျက်စီးခဲ့ရပါတယ်။252 AD ခန့်မှာတစ်ကြိမ် 320 AD ခန့်မှာ တစ်ကြ်ိမ်ပြင်ဆင်မှာတွေ ကိုပြုလုပ်ခဲ့ရပါတယ်။ထိုင်ခုံနေရာတွေကို ထောက်ကန်ထားတဲ့ Piers and Arches တွေကို Travertine stone တွေရဲ့ကြားမှာ ဘာ Mortar မှမပါဘဲ တန်၃၀၀
သံဘီးချုပ်( iron clamps )များနဲ့တွဲကာ တည်
ဆောက် ထားခြင်းဖြစ်ပါတယ်။Travertine Stone ဆိုတာကတော့ ထုံးကျောက် အမျိုးအစားဖြစ်ပြီးတော့ တွင်းထွက် သို့မဟုတ် ရေပူစမ်းမှရသော ကျောက်တစ်မျိုး ဖြစ်ပါတယ်။အတွင်းပိုင်းထိုင်စရာနေရာတွေကိုတော့ wood and marble တွေနဲ့ အလွှာပုံစံဖန်တီးထားပါတယ်။သစ်သားထိုင်စရာနေရာတွေဟာ မိန်းမတွေ၊ ဆင်ရဲသားတွေနဲ့ ရောမသားမဟုတ်သူတွေအတွက် ဖြစ်ပြီး Marble နေရာတွေကတော့ ယောက်ျားတွေရဲ့ အထက်တန်းစားတွေအတွက်ဖြစ်ပါတယ်။အမိုးအတွက်ကတော့ Convas Awning တွေကို အသုံးပြုခဲ့ကြပါတယ်။ရွက်သဘောက ရွက်တွေကို Convas အဖြစ်အသုံးပြုပြီး ပွဲကြည့် ပရိတ်သတ်တွေအတွက် နေ၊မိုးတို့ကိုအကာအကွယ်ဖြစ်စေခဲ့ပါတယ်။ရောမသားတို့ကို ထိုစဥ်က လူတမ်းစားအလွှာခွဲခြားခဲ့ပုံကို အထင်းသားတွေ့မြင်ရပါတယ်။ မီးဘေး ငလျင်ဘေးတွေနဲ့ပျက်စီးခဲ့ရတဲ့ Colosseum အဆောက်အအုံကို ယခုချိန်မှာတော့ မြောက်ခြမ်းတစ်ပိုင်းကိုသာ မူလပုံစံအတိုင်းတွေ့မြင်နိုင်ပါတော့တယ်။
2 Rebirth of olympic games
——————————————
၅ရာစုနဲ့ ၁၉ရာစုကြားကာလမှာဘာသာရေးပြန့်ပွားလာမှုနဲ့ ဘုရားကျောင်းပြင်ပ Activity တွေကို အားပေးမှုကို လျော့ပါးလာခြင်းတို့ကြောင့် အားကစား လောကမှေးမှိန်ခဲ့ရပါတယ်။၁၉ရာစုအဆုံးပိုင်းလောက်မှာ French Baron Pierre De Coubertine ဆိိုသူဟာ International Olympic Commitee ကိုစတင် တည်ထောင်ခဲ့ပါတယ်။၁၈၉၄ အရောက်မှာတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ပထမဆုံး Modern Olympic Games ကို ဂရိနိုင်ငံအေသင် မြို့မှာကျင်းပခဲ့ပါတယ်။လက်ခံကျင်းပခဲ့တဲ့ကွင်းကတော့ Panathenaic Stadium ဖြစ်ပါတယ်။
2.1 Panathenaic Stadium
——————————————
လူဦးရေ ၈၀၀၀၀ ဝင်ဆံ့တဲ့ ၎င်းကွင်းဟာ ဂရိနိုင်ငံ အေသင်မြို့မှာတည်ရှိပါတယ်။ 6 th Century BC မှာ Racecourse အဖြစ်စတင်တည်ဆောက်ခဲ့ကြပါတယ်။330 BC မှာတော့ Panathenaic
Games ယှဥ်ပြိုင်ဖို့အတွက် Lykourgos ကပြန်
လည်တည်ဆောက်ခဲ့ပါတယ်။၎င်းတည်ဆောက်ခဲ့တဲ့ကွင်းဟာ ပေ၈၅၀အရှည်ရှိပြိး ပြေးလမ်းပတ်လည်ကိုလည်း limestone နဲ့ပြုလုပ်ထားတဲ့ ခုံတန်းတွေ ဝန်းရံထားပါတယ်။144 AD အရောက်မှာတော့ Herodes Atticus ကလူဦးရေ ၅၀၀၀၀ ဝင်ဆံ့တဲ့ကွင်းအဖြစ် ပြုပြင်တည်ဆောက်ခဲ့ပါတယ်။၎င်း တည်ဆောက်ခဲ့တဲ့ကွင်းဟာ ဂရီဗိသုကာ၏ အနှစ် သာရတစ်ခုဖြစ်သော်လည်း Greek in scale တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ထို့ပြင် တစ်ခုခုနဲ့ ဆင်တူနေတယ်ဟုလည်း ဝေဖန်ခံခဲ့ရပါတယ်။
သို့သော်လည်း ၎င်းဟာ ကိုယ်ပိုင်ဟန်တစ်ခုအဖြစ်တည်ဆောက်ခဲ့ခြင်းသာဖြစ်ပါတယ်။ရှေးဟောင်းကွင်းများကဲ့သို့ပင် ပွဲကြည့်စင်များကို ဆင်ခြေလျောပြုလုပ်ခဲ့ပြီး design ကတော့ အင်္ဂလိပ်အက္ခရာပုံစံ U ဖြစ်ပါတယ်။ Pentelic Marble တွေနဲ့ Ashler masonnny တွေကို အသုံးပြုထားပါတယ်။Concrete ကိုလည်း အသုံးပြုထားပါတယ်။Ashlar ဆိုတာက Finely Dressed Stone ဖြစ်ပါတယ်။အင်္ဂတေပုံစံရှိပြီးတော့ထောင့်မှန်စတုဂံကျတယ်။အနုပညာဆန်တဲ့ အုတ်စီမှုမှာ အလွန်အသုံးဝင်တယ်။ Block တွေကြားမှာ thin joint အနေနဲ့ လုပ်ဆောင်ပေးပါတယ်။အဆောက်အအုံအကြောင်းပြန််သွားရအောင်။4th Century AD မှာခရစ်ယာန်ဘာသာပြန့်ပွားသော ကာလနဲ့အတူ ၎င်းကွင်းကြီးဟာလည်း ပစ်ပယ်ခံရပြီး မြေအောက်နစ်မြုပ်သွားခဲ့တယ်။၁၈၆၉ခုမှာ ဂျာမနီနိုင်ငံသား Ernst Ziller ဦးဆောင်မှုနဲ့ပြန်လည်တူးဖော်နိုင်ခဲ့ပြိး ၁၈၉၀ မှာ Architect Anstasias Metazas ကမူလပုံံစံအတိုင်းပြန်လည်တည်ဆောက်ခဲ့ပါတယ်။
2.2 White City Stadium
——————————————
Modern Stadium 1st generation လို့ပြောလို့ရမယ့် ၎င်းအဆောက်အအုံဟာ ဂရိနဲ့ ရောမ Stadium ပုံစံတွေနဲ့ ဆင်ဆင်တူပါတယ်။ရှေ့ Stadium တွေအတိုင်း ဗိသုကာအဆင့်အတန်းမြင့်မားပါတယ်။ထိုင်ခုံနေရာတွေဟာ တာရိုးပုံစံ ( embankments) ပေါ်မှာရှိပြီး အဖြူရောင် Marble တွေနဲ့ ပြုလုပ်ပါတယ်။ ၎င်းအဖြူရောင်marble တွေကို အဆွဲပြုပြီး White City Stadium ဟုခေါ်ဆိုကြပါတယ်။လူဦးရေ ၁၅၀၀၀၀ ဝင်ဆံ့တဲ့၎င်းကွင်းဟာ 1908 london Olympic Games ရဲ့ အိမ်ရှင်ဖြစ်ခဲ့ပါတယ်။၎င်းအဆောက်အအုံဒီဇိုင်းကိုတော့ J.J.Webster က Steel Frame Structure တစ်ခုအဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်ခဲ့ပါတယ်။ထိုင်ခုံ ၆၈၀၀၀ သာရှိပြီး ကျန် ၁၇၀၀၀ ကတော့ သာမန်ခုံတန်းများသာဖြစ်ပြီး ရိုးရှင်းတဲ့အမိုးကိုမိုးထားပါတယ်။၁၉၈၄ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပြီး ၁၉၈၅ မှာ ဖြိုချ
ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။
2.3 Estadio Centenario
——————————————
၎င်းကွင်းကတော့ ၁၉၃၀ မှာကျင်းပခဲ့တဲ့ FIFA World Cup ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ကွင်းဖြစ်ပါတယ်။Pauque Batlle ,
Montevideo ,Uruguay မှာတည်ရှိပါတယ်။လူ
ပေါင်း ၇၀၀၀၀ ဝင်ဆံ့တဲ့ ကွင်းလည်းဖြစ်ပါတယ်။ဘောလုံးကွင်း အကျယ်ကတော့ 105*68 m ရှိပြီးတော့ သဘာဝမြက်ကွင်းလည်းဖြစ်ပါတယ်။၁၉၂၉-၁၉၃၀ မှာတည်ဆောက်ခဲ့ပြီးတော့ design ပိုင်းကို Juan Antonio Scasso နဲ့ Jose Domato တို့က တာဝန်ယူခဲ့ပါတယ်။မူလProject မှာတော့ ပွဲကြည့်စင် လေးလွှာနဲ့ ဘဲဥပုံစံ design လုပ်ခဲ့ပြီး
လူပေါင်း ၁၀၀၀၀ ဝင်ဆံ့တဲ့ ပြေးလမ်းပါကွင်းအဖြစ် တည်ဆောက်ရန် စဥ်းစားခဲ့ကြပါတယ်။သို့သော် ပတ်ဝန်းကျင် ပထဝီအနေအထားအရ မဖြစ်နိုင်တဲ့အတွက် ပုံစံပြောင်းခဲ့ရပါတယ်ပွဲကြည့်စင် တတိယအလွှာနေရာမှာ သမာဓိခုံ အဖွဲ့အတွက် နေရာ ( Tribunes) ကိုတည်ဆောက်ခဲ့ပြီး ပြေးလမ်းနေရာကိုဖြတ်ပြီး ပွဲကြည့်စင် ထပ်ထည့်ခဲ့ရပါတယ်။၎င်းကွင်းဟာ ထိုခေတ်အခါက အလွန် modern ဖြစ်ပြီး Functional ကျပါတယ်။ကွင်းရဲ့ အနောက်ဘက်မှာ မီတာ ၁၀၀မြင့်တဲ့ အထိမ်းအမှတ် ကျောက်တိုင်တစ်ခုစိုက်ထူထားပြီး Champion နိုင်ငံရဲ့ အလံကိို တင်စေခဲ့ပါတယ်။Uraguay တို့ဟာ ပြိုင်ပွဲသမိိုင်းမှာ ပထမဆုံးအောင်နိုင်ခဲ့ပြီး၎င်းတိုင်ထိပ်မှာအလံတင် ခွင့်ရခဲ့ပါတယ်။ယခုချိန်မှာတော့ ၎င်းကွင်းကို လူ၇၄၀၀၀ ဆံ့ကွင်းအဖြစ်ပြောင်းလဲခဲ့ပြီး ကျောင်းတစ်ကျောင်းနဲ့ ပြတိုက်တစ်ခုလိုပဲ Tribune အောက် မှာတည်ဆောက်ထားပါတယ်။
- လင်းသန့် (ဒုတိယနှစ်ဗိသုကာ)
Ref :Erika Yaroni(evolution of stadium)
Wikipedia
——————————————————————————————————
Hey! We're Back. Here's an update article about
stadiums.
STADIUM
———————————
A stadium is a venue where outdoor sports, concerts, or other events are held.It consists of a field and a stage surrounded by a tiered structure."Stadium'' derived from Greek word"stadion" (στάδιον),a measurement equaling to 600 human feet.But it may differ from the actual length up to 15%larger or smaller.In Roman standard ,the stadium,has the distance of 125 passūs(185m- 607 ft). Modern stadium designs are professed to take over and improved from Ancient Greece and Rome. Hence,let's have a look on the origin of stadiums.
Stadium at Olympia
———————————
The oldest known stadium is "the stadium at Olympia" in Greece,where Ancient Olympic Games were held from 776 BC.It had a capacity of 45000 people with the length of 212.54m(697.3ft)and the width of 30-34m (98-112ft). It served mainly for running races.Since hard-packed clay was used to make the track,it gave good traction for the contestants in the running events.A white block was placed on one end of the track to align all the athletes.Besides,there was the stone platform,"exedra", on which the judges and notables sat.
Colosseum
——————
Colosseum,also known as the Flavian Amphitheater is one of the first architectural and structural designed buildings.It is an elliptical shape amphitheater and located in Rome,Italy with the length of 189 meters and the width of 156 meters.The base area is 24000 square feet (6 acres).The outer wall is 48 meters high.The central arena is an oval 87m long and 55m wide,surrounded by 5 meters high wall ,about which rose tiers of seating.
Aside from that,the whole building had perfect foundation design and basement.Drains were built 8m underneath the structures and foundation was made of concrete. The drainage system was 12 meters deep under the outer wall and seating while under the inner ellipse of the arena,it was only 4m deep.The foundation was risen 7m than the surrounding ground level.Amphitheater is an open-air venue used for entertainment performance and sports.The materials used in colosseum were travertine lime stone, wood,tuff,tiles, cement mortar,volcanic rock,brick-faced concrete,etc.It could hold 50,000 to 80,000 spectators and was the largest amphitheater ever built at that time.It is located on a flat area of a low valley between the Caelian,Esquiline and Palatine Hills.Being in the city center ,in the valley of hills and constructed as free-standing structure make the Colosseum different from other amphitheaters.It is also symbolized as the heart Rome.The construction of it started in around 70-72 AD,when Vespasian ruled. By the time of his death, the colosseum was only completed up to the third storey . The top level was finished by his son,Titus,in 80.A major fire destroyed the wooden interior parts of the Colosseum in 217.It underwent further repairs in 252 AD and again in 320 AD.The piers and arches which support the seating were made of travertine stone.They were set without mortar and held together by 300 tons of iron clamps.
Travertine stone is a type of limestone that is formed by mineral deposits from natural springs.Interior seating plan was created with wood and marble for different tiers .Wooden benches were for women,common poor and non roman citizens while marble seating was provided for the citizens and nobles.For roofing , canvas awning was used. This consisted of a canvas-converted,net-like structure that keep the sun and rain off spectators.By the look of seating plan,Romans' social stratification was reflected.After suffering damage of fire and earthquake over the centuries,only the northern side of the colosseum can be seen as original.
Rebirth of Olympic Games
——————————————
From the 5th Century to the 19th Century,the Olympic Games died out because of the rise of Christianity and the loss of interest in non-church related activities.At the end of 19th century,a young French Baron,Pierrede Coubertin founded the International Olympic Committee (IOC).In 1894,modern Olympic Games were held in Panathenaic Stadium in Athens,Greece.
Panathenaic Stadium
————————————
With seating capacity of 80000,Panathenaic stadium is located in Athens,Greece.It was a racecourse at first in the 6th Century BC.In 330 BC,the Athenian statesman Lykourgos built the stadium for Panathenaic Games.It was 850 foot long and made of limestone for seating. Herodes Atticus reconstructed the stadium with 50000 capacity in 144 AD. Though it was the quintessence of Greek Architecture and his own custom design,the stadium was criticized as "Greek in Scale".Like the ancient stadiums , it had tiers of seating and U -Shape design.It was also built of ashlar masonry and concrete.Ashlar is finely dressed stone,generally rectangular cuboid.It is handy for thin joints between blocks and for aesthetic bricklaying.Let's get back to the topic.Panathenaic Stadium was abandoned in 4th Century when Christianity rose. The German-born architect ,Erist Zollverein excavated the stadium in 1869.In 1890, Architect Arstasias Metazas reconstructed it to original design.
White city Stadium
——————————
It resembles the Greek and Roman stadiums and also can be argued as the first generation of modern stadiums.White city stadium had the high standard of architecture like the ancient ones.It was named after the white marble cladding used on the pavilions on embankments.This stadium of 150000 capacity hosted 1908 London Olympic Games.It was designed by J.J Webster as the steel frame structure.Though it had large capacity,it only had 68000 seats and the others were ordinary benches.It's roof structure was simple.The stadium was closed in 1984 and was demolished in 1895.
Estadio Centenario
——————————
It is located in the Parque Batlle neighborhood of Montevideo,Uruguay and hosted the first FIFA World Cup in 1930.
It also has a capacity of 70000 seating.The two architects, Juan Antonio Scasso and Jose Domato designed the stadium in 1929-1930.The initial project consisted of four sectors built in an elliptical shape with an athletics track and 100000 capacity. However,it had to modify due to surrounding geological conditions.The third ring was remodeled into tribunes and the athletics track was replaced with another seating platform.The stadium was very modern and functional at its time.On the latter of the stadium, a monumental tower of 100 meters was built and the winning country's flag was hoisted on the top.Currently,it has the capacity of almost 74000. A school and museum on football were also opened under the tribunes of stadium.
- Lin Thant ( second year Architecture)
Ref :Erika Yaroni(evolution of stadium)
Wikipedia
Thank you for your time.