Battle For Your Life With English

Battle For Your Life With English Learn English with us.

  Photo credit - Pinterest
12/12/2020



Photo credit - Pinterest

Hello everyone!ဗိုက်ဆာတဲ့အကြောင်းလေး ပြောကြရအောင်🍔🍟🍝🥘🍜🍕hungry (adj) ဆာလောင်မှုhunger (n)ဆာလောင်မှုhungry ရဲ့ရှေ့မှာ V to...
23/11/2020

Hello everyone!

ဗိုက်ဆာတဲ့အကြောင်းလေး ပြောကြရအောင်🍔🍟🍝🥘🍜🍕
hungry (adj) ဆာလောင်မှု
hunger (n)ဆာလောင်မှု
hungry ရဲ့ရှေ့မှာ
V to beနဲ့ feelကိုထားသုံးပါတယ်
Eg. I'm hungry.
I feel hungry.
Are you hungry?
Are you feeling hungry?

famished (adj) အလွန်ဆာလောင်နေသော
Eg. I'm famished. Please get me something to eat.

starved/ starving အလွန်ဆာသော
starve (verbဆိုရင် အဆာငတ်ခံထားတာပါ
Eg. I'm starving.
I'm starving hungry.ဆိုပြီး လေးနက်အောင်သုံးပါတယ်။

နည်းနည်းပဲဆာတာ ဆိုရင်တော့-
Eg. I'm a little bit hungry.

peckish(adj) အဆာပြေလောက်/
ဆာသလိုလိုရှိတာ
Eg. I'm feeling peckish.I wouldn't mind some cookies.


Hello everyone!ဒီနေ့ Sunနှင့်ပတ်သတ်သော အသုံးများ အကြောင်းကို လေ့လာကြရအောင် ☀️နေထွက်တာကို sunrise လို့သုံးပြီးနေ၀င်တာကိုတ...
20/11/2020

Hello everyone!
ဒီနေ့ Sunနှင့်ပတ်သတ်သော အသုံးများ အကြောင်းကို လေ့လာကြရအောင် ☀️

နေထွက်တာကို sunrise လို့သုံးပြီး
နေ၀င်တာကိုတော့ sunset/sundown လို့သုံးပါတယ်။
Eg. Let's go for a walk while the sun is shining.
Eg. Let's sit here in the sun.
(ဒီနေသာတဲ့နေရာမှာ ထိုင်ရအောင်။)

Sunကို verb‌အနေနဲ့သုံးမယ် ဆိုရင် to sun oneself=to sunbathe နေပူဆာလှုံသည်
လို့အဓိပ္ပယ်ရပါတယ်။
to bask in the warm sunshine/to bask in the sun ဟူ၍ နေပူဆာလှုံတာကို
သုံးနိုင်ပါတယ်။
Eg. I was basking in the sun.

sunရဲ့ adjective ဖြစ်တဲ့ sunny ဟာ အဓိပ္ပာယ်၂မျိုးရှိပါတယ်။
Sunny (adj) နေသာသော/ အပူအပင်ကင်းပြီး ပျော်ပျော်နေတက်သူ
Eg. We are having the party in the garden, so I'm praying it'll be sunny.
Eg. My brother has a very sunny deposition.(ငါ့အကိုဟာ အပူပင်ကင်းပြီး ပျော်ပျော်နေတက်သူ။)

Sun နှင့်ပတ်သတ်သော idioms/ expression
everything under the sun= ကမ္ဘာလောကကြီးမှာရှိသမျှအကုန်
Eg. You can't know everything under the sun.

The sun sets on something=It ends
တစ်ခုခုအဆုံးသတ်သွားပြီး၊မရှိတော့ဘူး လို့ပြောတဲ့အခါသုံးပါတယ်။

a place in the sun= a position of favour or advantage
အောင်မြင်နေတာ/နာမည်တစ်ခုပေါက်သွားတာမျိုး ပြောတဲ့အခါသုံးပါတယ်။

Go to bed with the sun=စောစောအိပ်ရာ၀င်
Rise with the sun=စောစောအိပ်ယာထ
Have the sun in one's eyes=နေထိုးလို့မျက်စိစူး/ကျိန်းသွားတာ


18/11/2020

Hello everyone!
ဒီနေ့ပြောမယ့် အကြောင်းအရာလေးကတော့
လတ်တလော အသုံးပြုနေတဲ့ မြန်မာ Slangs (ဗန်းစကား) လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ဘာသာစကား တစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာကြပါတယ်။ ဒီလိုပြောင်းလဲ လာတာနှင့်အမျှ ခေတ်ကာလကိုလိုက်ပြီး ဗန်းစကားများလည်း ပေါ်ထွန်းလာတက်ပါတယ်။ဒါကြောင့် အသုံးများတဲ့ဗန်းစကားအချို့ကို လေ့လာလိုက်ကြရအောင်။
Some Current Myanmar Slangs
1. gab (n/v) ဖောနေတာ၊ ရွှီးနေတာ
Eg. You are gabbing so much you
don't even see me!
gabကို onနှင့်တွဲ၍ gabbing onလို့လည်း
သုံးပါတယ်။

2. to spill the beans= လျှိုဝှက်သင့်တာကို
ဖွသည်/ဖွင့်ချသည်။
Eg. Who spilled the beans about this
news.
spread fake news/ spread false news
ဟူ၍လည်း သုံးနိုင်ပါသည်။

3. Oh, I'm scared.
Oh, that scares me. စသည့်အသုံးလေး
တွေကတော့ မခံချင်အောင်ရွဲ့တဲ့လေသံနဲ့
ကြောက်လိုက်တာလို့ပြောချင်တဲ့အခါသုံး
ပါတယ်။(တကယ်ကြောက်လို့မဟုတ်ပါ)

4. ဆုတောင်းလေ😅
ဒီလိုအသုံးလေးကို ယခုတလော အရမ်းသုံး
နေတာတွေ့ရပါတယ်။ ကိစ္စ တစ်ခုခုကို
သူငယ်ချင်း အချင်းချင်း စနောက်ပြီး
"ဆုတောင်းလေ" လို့ပြောတာမျိုး ပြောဖူးကြ
တယ်ဟုတ်၊ ဘယ်လိုသုံးကြမလဲ ကြည့်
လိုက်ကြရအောင်-
Dream on.
Pray for it!
Fat chance.

5. ကိုယ်တွေကတော့ "ခပ်ချေချေပဲ"😎
ကဲ ဒီအသုံးလေးကို ဘယ်လိုသုံး မလဲ
ကြည့်လိုက်ရအောင်-
arrogant (adj)မာနကြီး/အထက်စီးဆန်သော
haughty (adj)မာနကြီး/မောက်မာသော
snooty (adj) ဘ၀င်မြင့်/
အဖက်မတန်သဘောထားသော


Hello everyone!  pageမှကြိုဆိုပါတယ်            ‌ဒီ pageလေးကတော့ Englishစာကို လေ့လာသူတစ်ယောက်အနေနဲ့ ကိုယ်တတ်သိနားလည်သမျှက...
17/11/2020

Hello everyone!
pageမှကြိုဆိုပါတယ်
‌ဒီ pageလေးကတော့ Englishစာကို လေ့လာသူတစ်ယောက်အနေနဲ့ ကိုယ်တတ်သိနားလည်သမျှကို sharing လုပ်ပေးသွား မှာဖြစ်ပါတယ်။
အများစုဟာ Englishစာကို အတိုင်းအတာ
တစ်ခုထိသင်ယူ လေ့လာခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်လေ့လာခဲ့တာ‌တွေကို လက်တွေ့အမှန်တကယ် အသုံးမချဖြစ်ကြတာ များပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် မပြောဖြစ်ကြ၊ နေ့စဉ် မလေ့လာ ဖြစ်ကြပါဘူး။ "ရေစက်ကလေးတွေတောင်မှ တစ်ပေါက်ချင်းစီကနေ ကန်ရေပြင်ကြီးအထိ" ဖြစ်သွားနိုင်သလို နည်းနည်းစီလေ့လာသွားပြီး အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့ အခါမှာတော့ ကိုယ့်ရဲ့ skillsတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် အစဉ်အမြဲ လေ့လာသွားကြပါစို့။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Battle For Your Life With English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share