Bridge Tutoring Centre

Bridge Tutoring Centre Bridge is a tutoring centre for tutors and learners who want to create new possibilities of teaching

The Triangle Support"သုံးပွင့်ဆိုင် ကျားထောက်" လို့ ကျွန်တော့စကားလုံးနဲ့ ဖွင့်ဆိုကြည့်ပါမယ်ကျားထောက်လို့ အဓိပ္ပါယ်ဖွင့်ဆ...
14/11/2024

The Triangle Support

"သုံးပွင့်ဆိုင် ကျားထောက်" လို့ ကျွန်တော့စကားလုံးနဲ့ ဖွင့်ဆိုကြည့်ပါမယ်

ကျားထောက်လို့ အဓိပ္ပါယ်ဖွင့်ဆိုကတည်းက
တစ်ခုကို တစ်ခုက ထောက်ပံ့ပေးထားတယ် တနည်းအားဖြင့် ကျားထောက်ပေးထားတယ်

ဒါဆို ခိုင်မာမှုဖြစ်စေချင်တဲ့ Learning ဆိုတာကြီးက Level တစ်ခုအထိ ဖြစ်ထွန်းလာကြမှာပေါ့
ဒါက မေးခွန်းအတွေးတစ်ခု

နောက်ပေါ်လာတဲ့ မေးခွန်းအတွေးတစ်ခုက
ကျားထောက်တစ်ခု အားနည်းသွားရင် ( ဝါ ) ပျောက်ဆုံးသွားရင် ဘာဖြစ်မလဲ

နောက်ဆုံး အတွေးတစ်ခု
ဒီထဲမှာ အရေးကြီးတာ ဘယ်သူလဲ??
ကျောင်းသားလား? မိဘလား? ဆရာလား?
ဒါလေးကလည်း သုံးသပ်စဉ်းစားစရာ တစ်ခု

ကျွန်တော်ကတော့ Fair and Square ကျကျ နောက်ဆုံးတစ်ခုကို တွေးကြည့်မိတယ်

သုံးနား သုံးထောက်လုံးက သူတာဝန်နဲ့ သူ့ဝန်နဲ့ သူ့အားနဲ့ပဲ

ဒီလိုအခြေခံရှိထားတဲ့ အတွေးက ကျွန်တော့ကို မိဘတွေ သူတို့ကလေးတွေအကြောင်း လာပြောပြကြရင် ကျွန်တော် သူတို့ကို ပြောနေကျ စကားလေးတစ်ခွန်းကို ထုတ်ပြောဖြစ်စေခဲ့တယ်

မိဘတွေ ပြောကြတယ် ကျွန်တော့ သားတော့ iGCSE ဘယ်လောက် Grading ရသွားတာ ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်

ကျွန်မသမီးတော့ Pearson Edexcel ဝင်ဖြေတာ လိုချင်တဲ့အတိုင်း ဖြစ်လာတာ ဆရာ့ကျေးဇူးတွေပါ

ကျွန်တော့ တူလေး စာမလုပ်ချင်တဲ့ကောင် ဆရာ့ဆီမှာ ပျော်ပြီး စာလုပ်ဖို့တောင် အခု ဖင်မတို့ရတော့ဘူး

ကျွန်တော် ထုတ်ပြောဖြစ်တဲ့ အဓိက စကားလေးတစ်ခွန်းကတော့ " မိဘတွေဖြစ်တဲ့ အမတို့၊ အကိုတို့မှာလည်း ကျေးဇူးတင်ခံထိုက်ပါတယ်၊ နောက်ပြီး သူတို့ကျောင်းသားလေးတွေကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ၊

သူတို့က တကယ်တော့ ကျွန်တော်တို့ ဆရာတွေ၊ မိဘတွေရဲ့ လောဘနောက်ကို သူတို့ဆန္ဒမပါဘဲ( များသောအားဖြင့် ) လိုက်ပေးရာကနေ နေ့စဉ်ဘဝကို သူတို့အရွယ်နဲ့ အံဝင်အောင် နေသားကျအောင် နေပေးနေရတာပါ"

တချို့ ဒီလိုတွေးတာ အထူးအဆန်းဖြစ်နေပါလိမ့်မယ်

ဘာကြောင့်ဆို ကျွန်တော်တို့ ( မိဘနဲ့ ဆရာရဲ့ ) support တွေက 100% pure support ဖြစ်နေသင့်ပါတယ်

"ငါက မင်းကို အင်ဂျင်နီယာ ဖြစ်စေချင်တာမို့ ဒီလောက်ထိ ပံ့ပိုးပေးခဲ့ရတာ"
"အမေ့ရဲ့ မျှော့်လင့်ချက်ကတော့ သားကို ဆရာဝန်လိုင်း ရစေချင်တာ"

ဒီလို တွေးရင် ကိုယ့်ရဲ့ ဆန္ဒ ( လောဘ ) ၁၀၀% ကို သူတို့ခန္ဓာထဲဝင်ပြီး ဖြည့်ဆည်းခိုင်းနေသလိုမို့ အဲ့လို အတွေးတွေကို သဘောလုံးဝ မကျတဲ့ ဆရာထဲမှာ ကျွန်တော်ပါတယ်

အဆုံးသတ်အတွေးကတော့

ဒီ ထောက်သုံးထောက်ဟာ ဝန်တွေ၊ အားတွေ ညီနေရုံသာမက ဆန္ဒမှာ မာနတွေ မပါနေဖို့ကလည်း လိုအပ်နေတယ်ဆိုတာ တွေးနေရင်း

ဖတ်မိတဲ့သူတွေလည်း တစေ့တစောင်း နောက်ဆုံးမေးခွန်းအတွေးလေးအပါအဝင် ရှေ့က နှစ်ခုပါ အတွေးကိုယ်စီနဲ့ ဖြေသွားပေးကြပါဦးဗျ

Nov 14, 2024 ( 11:20 AM )
ဆရာစွမ်း@ဆြာကျောင်း

28/10/2023

သင်တန်းကို Oct 28, 2023 မှ
Nov 5, 2023 အထိ ခေတ္တပိတ်ထားပါသည်
Nov 6 တွင် ပြန်ဖွင့်ပါမည်

Horror, Mystery and Report Writing တွေ အပြီးအခု weekend class မှာ autobiography ရေးနည်းကို ဇာတ်လမ်းစဖြစ်ခဲ့တယ်အခါအခွင့် ...
16/10/2023

Horror, Mystery and Report Writing တွေ အပြီး

အခု weekend class မှာ autobiography ရေးနည်းကို
ဇာတ်လမ်းစဖြစ်ခဲ့တယ်

အခါအခွင့် သင့်တော့ soft skill တစ်ခု ထည့်သွင်းပေးလို့ ရနိုင်မည့် Topic နဲ့ အကြောင်းအရာလေး ရေးခိုင်းမိတယ်

A life of an orphan တဲ့
ဘာ့ကြောင့် ဒါလေးကို အ​ခြေခံပြီး first person narration နဲ့ plotting လုပ်စေချင်တာလဲဆိုတော့ sympathy ( ကိုယ်ချင်းစာတရား) ကို တနည်းအားဖြင့် သူတို့ရဲ့ ရင်ဘတ်ငယ်လေးတွေထဲမှာ ကိန်းအောင်းစေချင်တယ် လူသားဆန်သော ရင်ဘတ်ကလေးတွေ ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းပါပဲ

အငယ်လေးတွေ တချို့ autobiography နဲ့ မရင်းနှီးသေးဘူး တချို့တော့ ယောင်လည်လည် ဒါပေမဲ့ first person narrative style ဆိုတော့ နောက်ပိုင်း အေးဆေးဖြစ်သွားတယ်

အကြီးတချို့ကတော့ သူတို့ ကျောင်းတွေမှာ ရေးခဲ့ဖူးပြီးပြီဆိုတော့ plot planning မြန်မြန် ချကြပြီ character setting လေးတွေတော့ တချို့ကလေးတွေအတွက် အချိန်ဖြည့် ဆွေးနွေးပေးရတယ်

တစ်ခါတစ်လေမှာ lesson သင်ပေးသလိုနဲ့ သူတို့ရဲ့ နှလုံးသားလေးတွေ ပြုပြင်ပေးခွင့်ရရင် ရသလို ပြင်ဆင်ထိန်းကွပ်ပေးနိုင်ဖို့ ကြိုးစားရတယ်

အနာဂါတ်ကာလတစ်ခုမှာ မေတ္တာတရားများနှင့် ကိုယ်ချင်းစာတရားများနှင့် ရှင်သန်သော နှလုံးသားပိုင်ရှင်လေးများ ဖြစ်ကြပါစေ

Bridge Tutoring Centre
( Making Your Child's Future )

အသိပေးချက်
သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ပုံများအား
ကူးယူသုံးစွဲခွင့်မပြုပါ

အခု ပြီးခဲ့တဲ့အပတ် weekend class ရဲ့ writing genre ဖြစ်တဲ့ sci-fi( science fiction ) ရေးထားတာလေးတွေ ပြီးတော့မယ်သူ့ခောတ်၊...
07/08/2023

အခု ပြီးခဲ့တဲ့အပတ် weekend class ရဲ့ writing genre ဖြစ်တဲ့ sci-fi( science fiction ) ရေးထားတာလေးတွေ ပြီးတော့မယ်

သူ့ခောတ်၊သူ့အခါနဲ့ အညီ plot တွေးပုံ၊ ခေါ်ပုံလေးတွေ ညှိုနှိုင်းပြီး ထိန်းချုပ်တွေးတောတတ်အောင် သင်ကြားပေးရတယ်

ဟိုး လွန်ခဲ့သော 10 နှစ်က AR, VR, AI ဆိုတာ မရှိ
ဒါပေမဲ့ အခုက သူတို့ရဲ့ ခောတ် နောက် ဆယ်စုနှစ်များစွာအထိလည်း ဒါတွေနဲ့ ရှင်သန်နေကြရဦးမှာပဲမဟုတ်လား?

တစ်ယောက်က စဉ်းစားတယ်
"Our world is not a real world. It is a virtual world where all the livings and objects are fake." တဲ့ဗျား

ဒါပေမဲ့
အဲဒီကနေ သူက ဆက်ပြီး နစ်မြောစဉ်းစားနေရင်းနဲ့ psychological processing ဆက်မဖြစ်ရအောင် အဲဒီထဲက character က တကယ်တော့ ဒီလို တွေးထင်နေတာဟာ သူ့အတွေးတစ်ခုသာ ဖြစ်တယ်ဆိုတာနဲ့ conclusion ရေးရင်ရော မကောင်းဘူးလားဆိုပြီး advice အကြံပေးခဲ့ရသေးတယ်

တစ်ခါတစ်လေမှာ fiction ရေးနေသူတစ်ယောက်ဟာ လက်တွေ့ကမ္ဘာကို သယ်ယူလာတတ်တဲ့ အလေ့အထရှိကြလွန်းတော့ သူတို့လေးတွေရဲ့ အတွေးတွေကို ထိန်းချုပ်ပေးခြင်းမျှသာ...

ဆြာစွမ်း
Bridge Tutoring Centre
Making Your Child's Future

18/04/2023

Bridge Tutoring Centre မှ အတန်းတွေ အားလုံးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါပြီခင်ဗျ

08/04/2023

Bridge Tutoring Centre မှ အတန်းများအားလုံးကို
Apr 8 မှ Apr 17 ထိ ပိတ်ပါသည်

Apr 18, 2023 တွင် ပြန်ဖွင့်ပါမည်

28/02/2023

"ဘုံဘုံ" လို့ ချစ်စနိုးခေါ်တဲ့ သမီးငယ် ယွန်းရွှေဘုံ( အသက် ၆ နှစ် ) ရဲ့ သူ ရေးသားထားတဲ့ story ပေါင်း မြောက်များစွာထဲက သူ့ ဆရာမ တီချာအိ( ကျွန်တော့ရဲ့ အားထားရပါသော TA တစ်ယောက် )အကြောင်း ရေးထားတာကို ဖတ်ပြနေတာခင်ဗျ 🥰😍😘

အသက် ၄ နှစ်ကျော်လောက်ကတည်းက Bridge ရဲ့ basics phonics and vocabulary online class ကိုတက်ပြီး တောက်လျှောက် သင်ကြားလာပေးခဲ့တာ အခုဆို reading and writing skill တွေကလည်း basic ကနေ နောက် ခြေတစ်လှမ်း တက်လှမ်းတော့မယ်

သူလေးက skill ကြမ်းချက် 🥰😘

သူ့ အသက်၊ သူ့ level မှာ တော်တော်ကို စုပ်ယူအားကောင်းသော ကျောင်းသူလေးလို့ ပြောရရင် ဆြာစွမ်း လွန်လွန်းမယ် မထင်

လူကြီးမင်းတို့ ကလေး အနာဂါတ်ကို ဖန်တီးခွင့်ပေးစေလိုပါက

Bridge Tutoring Centre ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျ

Bridge Tutoring Centre
'Making Your Child's Future'
09259004074
09254247661

21/02/2023

Morning Literacy Class မှ သမီးငယ်လေး Winnie@Win Pant Nyo ( 8 နှစ် ) ​၏ သူ ရေးသားထားတဲ့ writing များစွာထဲမှ သူမ အကြိုက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ သူမရဲ့ ဖေဖေအကြောင်း " My Father " ကို ဖတ်ပြပေးနေတာ ဖြစ်ပါတယ်။ 😍🥰

Literacy Writing ကို ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ရေးသားဟန်များဖြင့် သဒ္ဒါကျကျ သေချာမှန်ကန်စွာ ရေးသားနိုင်အောင် writing + reading workshop တွေမှာ ဆရာ၊တပည့်အတူတကွ ဆွေးနွေးတိုင်ပင်ကာ ရေးသားကြရပါသည်။

Literacy ကို online class တွေမှာရော၊ in person class တွေမှာပါ ပျိုးထောင်လေ့ကျင့်ပေးနေခဲ့သော
Bridge Tutoring Centre သည် မကြာမှီ ရက်ပိုင်းအတွင်း သုံးနှစ်သက်တမ်းပြည့်မြောက်တော့မည် ဖြစ်ပါသည်။

international school များမှ ကျောင်းသား၊ကျောင်းသူများအား Literacy သင်ကြားရေး စာသင်နှစ် အတွေ့အကြုံ 11 နှစ်နီးပါး ရှိပြီဖြစ်သော ဆရာစွမ်းရည်ဖြူ@ Sayar Swan ကိုယ်တိုင်သင်ပြညွှန်ကြား ပျိုးထောင်ပေးပါသည်။

https://fb.watch/iQ0-kbaWy8/?mibextid=cr9u03

Bridge Tutoring Centre
'Making Your Child's Future'

ဆြာစွမ်းရဲ့ Weekend literacy ညနေအတန်းလေး တစ်တန်းပါ အတန်းပျက်နေတဲ့သူတွေ အခု အပတ် တပြုံကြီး လာကြတော့ လူစည်ကား 😍🥰ပုံကတော့ D...
25/01/2023

ဆြာစွမ်းရဲ့ Weekend literacy ညနေအတန်းလေး တစ်တန်းပါ အတန်းပျက်နေတဲ့သူတွေ အခု အပတ် တပြုံကြီး လာကြတော့ လူစည်ကား 😍🥰

ပုံကတော့ December break ပြီးပြီးချင်း အပတ်က ပုံပါ

အသိပေးချက်
သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ပုံများအား
ကူးယူသုံးစွဲခွင့်မပြုပါ

"ပေပေါင်း ၂၄၂၇ ပေ အထိ ရွှေ့ခဲ့ပါပြီ!"ဟုတ်ပါတယ် လူကြီးမင်းတို့​၏ သားသား၊ မီးမီး၊ ကျောင်းသား၊ ကျောင်းသူများပို့ဆောင်ရေးအတွ...
25/02/2022

"ပေပေါင်း ၂၄၂၇ ပေ အထိ ရွှေ့ခဲ့ပါပြီ!"

ဟုတ်ပါတယ် လူကြီးမင်းတို့​၏ သားသား၊ မီးမီး၊ ကျောင်းသား၊ ကျောင်းသူများပို့ဆောင်ရေးအတွက် လွယ်ကူအဆင်ပြေစေနိုင်သော

" ၃၉ B လမ်း၊ ၇၈လမ်းနှင့် ၇၉လမ်းကြား၊ ဟေမမာလာတောင်ရပ်ကွက်၊ ပုတီးတန်း၊ မဟာအောင်မြေမြို့နယ်" တည်နေရာအသစ်သို့

ကျွန်တော်တို့ရဲ့ Bridge Tutoring Centre အား ပြောင်းရွှေ့ ဖွင့်လှစ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျ။

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်များ စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ

09-259004074 နှင့်
09-254247661 တို့ဖြစ်ပါသည်။

Bridge Tutorong Centre
"Making Your Child's Future"

ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်မဟာသမယနေ့၌​မြန်မာပြည်သူ၊ပြည်သားများအားလုံး ဘေးဘယာအပေါင်း ဝေးကွာရှောင်ရှား၍ ကျန်းမာ၊လန်းဖြာသ...
20/10/2021

ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်မဟာသမယနေ့၌
​မြန်မာပြည်သူ၊ပြည်သားများအားလုံး
ဘေးဘယာအပေါင်း ဝေးကွာရှောင်ရှား၍
ကျန်းမာ၊လန်းဖြာသော နေ့ရက်ကလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေသား ကျွန်တော်၊ ကျွန်မတို့၏ Bridge Tutoring Centre မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

18/01/2021

"💡💥ကလေးတွေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဂိမ်းပဲကစားစေပြီး ဖြုန်းတီးခိုင်းတော့မှာလား?"

ကိုယ့်ရဲ့ ကလေး mobile phone တစ်လုံးနဲ့ screen time တွေ များနေမယ့်အစား တစ်နာရီဆို ဆိုသလောက် သူတို့ရဲ့ လတ်ဆတ်ဆန်းပြားတဲ့ အတွေးသစ်တွေကို တောက်ပြောင်လာအောင် သေချာကြိုးစားပွတ်တိုက်ပေးမည့်သူတွေရှိရင်ရော စိတ်မဝင်စားဘူးလားဗျ။

၆ နှစ်မှ စတင်ကာ ဆယ်ကျော်သက်အရွယ်အထိ ကျောင်းသား၊ ကျောင်းသူလေးများအတွက်
Bridge မှ အတွေးသစ်သစ် အရေးသစ်သစ် English Story အင်္ဂလိပ်ပုံပြင်များ ဖန်တီးရေးသားတတ်စေဖို့၊ ကလေးသူငယ်စာရေးဆရာပေါက်စလေးများ ဖြစ်လာစေဖို့ တာဝန်ယူပါရစေ။

Online Creative English Story Writing class ရဲ့ Batch 2 အမှတ်စဉ် ၂ ကို အခု လာမည့် ဖေဖော်ဝါရီ ၂၀၂၁ ထဲမှာ ဖွင့်လှစ်ပါတော့မယ်။

❓❓❓မေးလေ့ရှိတဲ့ မေးခွန်းတွေကို သိနိုင်ဖို့ ကျော်မသွားကြနဲ့ဦးနော ❓❓❓

👨‍🏫✏️အတန်းက ဘယ်နေ့တွေမှာ သင်မှာလဲ?
တနင်္လာမှ သောကြာနေ့အတန်းများရယ်၊ စနေနှင့် တနင်္ဂနွေနှစ်ရက်အတန်းများရယ်ဆိုပြီး ဖွင့်လှစ်သင်ကြားပေးပါသည်။

💻✏️အွန်လိုင်းအတန်းလား?
ဟုတ်ပါတယ် အွန်လိုင်းက သင်ပေးပါမည်။ Zoom နဲ့ Miro application များကို အသုံးပြုသင်ကြားပေးပါမည်။

🎒⌚💰အသက်လိုက်အတန်းများ၊ အချိန်များနှင့် သင်တန်းကြေးများ သိနိုင်မလား?
ဟုတ်ကဲ့ သိနိုင်ပါသည်။
သင်တန်းကာလ ကြာချိန်မှာ ယခု လာမည့် ဖေဖော်ဝါရီ ၈, ၂၀၂၁ မှ စတင်ကာ ဇူလိုင်လ ၁၆၊ ၂၀၂၁ အထိ နာရီပေါင်း ၁၂၀ နှင့် လ အားဖြင့် ၅လ ကြာမြင့်မည်ဖြစ်ပါသည်။

✏️Basic Level
- တနင်္လာ မှ သောကြာထိ : နံနက် ၉ မှ ၁၀ အထိ
- ( သို့ )
- နေ့ ၃ မှ ၄ အထိ
- စနေ၊တနင်္ဂနွေ : နံနက် ၉ မှ ၁၁:၃၀ထိ
- ၅လ အပြတ် : ၁၇၀,၀၀၀ ကျပ်

✏️Level 1
- တနင်္လာမှ သောကြာထိ : နံနက် ၁၀ မှ ၁၁ အထိ
- စနေ၊တနင်္ဂနွေ : နံနက် ၉ မှ ၁၁:၃၀ ထိ
- ၅လ အပြတ် : ၂၀၀,၀၀၀ ကျပ်

✏️Level 2
- တနင်္လာမှ သောကြာထိ : နံနက် ၁၁ မှ နေ့၁၂ထိ
- စနေ၊တနင်္ဂနွေ : မရှိပါ
- ၅လ အပြတ် : ၂၂၀,၀၀၀ ကျပ်

✏️Level 3
- တနင်္လာမှ သောကြာထိ : နေ့ ၁ခွဲ မှ ၂နာရီခွဲထိ
- စနေ၊တနင်္ဂနွေ : မရှိပါ
- ၅လ အပြတ် : ၂၅၀,၀၀၀ ကျပ်

✏️Level 4
- တနင်္လာမှ သောကြာထိ : နေ့ ၅ မှ ၆နာရီအထိ
- စနေ၊ တနင်္ဂနွေ : နေ့ ၄ မှ ၆:၃၀ အထိ
- ၅လ အပြတ် : ၂၈၀,၀၀၀ ကျပ်

✏️Level 5
- တနင်္လာမှ သောကြာထိ : မရှိပါ
- စနေ၊ တနင်္ဂနွေ : နေ့ ၁၂ခွဲမှ ၃ နာရီအထိ
- ၅လ အပြတ် : ၃၀၀,၀၀၀ ကျပ်

🚨👀👍🏻အတန်းမအပ်ခင် သိသင့်သည့် မှတ်ချက်များ -

📣🔔သင်တန်း စတင်မည့် ရက်မှာ February 8, 2021 Monday ( ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၁ တနင်္လာနေ့ ဖြစ်ပါသည်။
- တနင်္လာမှ သောကြာအတောအတွင်း ၅ရက်သာ သင်ကြားပေးပါသည်။ တစ်နေ့ တစ်နာရီကြာသာ သင်ပါမည်။ ကြားတွင် နားချိန် ၃မိနစ်သာ ပေးနားပါသည်။
- စနေနှင့် တနင်္ဂနွေတန်းများသည် တနေ့ကို ၂နာရီခွဲကြာ သင်ကြားပေးပါသည်။ ကြားတွင် နားချိန် ၁၀မိနစ်သာ ပေးနားပါသည်။

🛑Technical Requirements and Home Environment
💻🖥️💡
မိမိကလေး အသုံးပြုမည့် Device ( Laptop သို့ Tablet ) ထဲတွင် Zoom နှင့် Miro ဆော့ဖ်ဝဲများ ထည့်သွင်း Install လုပ်ထားရမည်။ Apple ၏ App Store နှင့် Google ၏ Play Store တွင် သတ်မှတ် ID account ရှိလျင် လွယ်ကူစွာ ဒေါင်းလုတ်ဆွဲနိုင်ပါသည်။
~ အတန်းတွင် Zoom meeting ကို Live Meeting အတွက် အသုံးပြုမည် ဖြစ်ပြီး
~ Miro ကို လက်တွေ့ပြင်ပအတန်းပုံစံကဲ့သို့ စာသင်စားပွဲ၊ ထိုင်ခုံ၊ စာအုပ်စင်၊ ဗွီဒီယိုအော်ဒီယိုစင်၊ ဆရာ့စားပွဲ စသည်ဖြင့် ပြင်ဆင်ပေးထားသည့် Virtual Classroom အဖြစ် အသုံးပြုမည် ဖြစ်ပြီး အတန်း Assignment များ ဆရာမှ သင်ခန်းစာ တင်၍ သင်ခြင်းနှင့် ကျောင်းသား၊ကျောင်းသူများမှ Writing အလုပ်များ၊ အိမ်စာများ Live ဝင်ရောက်ပြုလုပ်ခြင်း၊ လက်တွေ့ရေးသားပြရခြင်းများအတွက် အသုံးပြုမည် ဖြစ်ပါသည်။
သတ်မှတ် အတန်းချိန်ပြင်ပ မရှင်းသည့် စာများ မေးမြန်းနိုင်ရန် ထို Miro app တွင် Message box ပါဝင်ပါသည်။ သင်တန်းချိန်ပြင်ပ၌ မရှင်းသည်များကို ဝင်ရောက် မေးမြန်းထားနိုင်မည်ဖြစ်သည်။

📆📩📝 လစဉ် ရမှတ် Grading များနှင့် Teacher's Comment များကို Report Card များဖြင့် မိဘများအား တိုးတက်မှု၊ အားနည်းမှုများကို ပြသ အသိပေး ပေးသွားမည်ဖြစ်ပါသည်။

💯👏🙏 အင်တာနက်လိုင်းကျလျင်သော်လည်းကောင်း၊ ဖျားနာ၍ ပျက်ကွက်လျင်သော်လည်းကောင်း အတန်းပျက်ကွက်ခဲ့ပါက Video recording file အား G-mail မှတဆင့် ပေးပို့ပေးပါသည်။ သို့သော် ရက်ကြာရှည်စွာ အကြောင်းမဲ့ အတန်း ပျက်ကွက်မှု ၃ရက်ထက် ကျော်လွန်မှု မဖြစ်ရပါ။

🏠🏣🏢☀️
~ အိမ်၌ ဆွဲအားကောင်းသည့် Wifi လိုင်း ရှိနေဖို့ လိုအပ်ပါမည်။
~ အနှောက်အယှက်ကင်းကာ အလင်းအားကောင်းမွန်သည့် သီးသန့်စာလုပ်နိုင်မည့်နေရာ (သို့) သီးသန့်စာကြည့်ခန်းလို နေရာမျိုးတွင် စာသင်ချိန်ဆုံးသည့်တိုင် လေ့လာသင်ယူရပါမည်။

🛑Learner's characteristics and attitude
🏆👩‍🎓အတန်းတက်ရောက်ရန် လိုအပ်သော ကျောင်းသား၏ စရိုက်လက္ခဏာနှင့် စိတ်ထား 👨‍🎓🏆
၁။ ကျောင်းသား၊ကျောင်းသူ၌ အမှန်တကယ် အင်္ဂလိပ်စာပေအား ဖတ်ချင်၊ရေးချင်လိုသော ဆန္ဒရှိဖို့ လိုအပ်ပါမည်။
၂။ အတန်းတွင်း ပါဝင်မှု မြင့်မားစေရန် စွမ်းဆောင်နိုင်သော ကျောင်းသား၊ ကျောင်းသူ ဖြစ်ရမည်။
၃။ အာရုံစူးစိုက်မှု အများဆုံးပေးနိုင်ရန် စွမ်းဆောင်နိုင်သော ကျောင်းသား၊ ကျောင်းသူဖြစ်ရမည်။

🛑Testing and Assessment
📝 တက်မည့် ကျောင်းသား၊ ကျောင်းသူ၏ ကနဦး အင်္ဂလိပ် အခြေခံနှင့် အရေး ( အဖတ်ပါ ပါဝင်မည့် ) အရည်အချင်းစစ်ဆေးသည့် စာမေးပွဲ Diagnostic Test ဖြေကို ဖြေဆိုရပါမည်။
~ မိမိ ကလေး၏ လက်ရှိ အသက်အားပြော၍ သင်တန်း၏ Viber နံပါတ် 09259004074 သို့ Test Paper ဟု ရိုက်နှိပ်ကာ တောင်းဆိုရယူနိုင်ပါသည်။ သို့မဟုတ် ကျောင်းသား အသက်နှင့်တကွ test paper ဟု ရိုက်၍လည်း ပေးပို့ တောင်းဆိုရယူနိုင်ပါသည်။
~ Viber နံပါတ်မှတဆင့် test paper ဖိုင်ကို ပေးပို့ပေးပါမည်။
သင်တန်းကာလအတောအတွင်း၌ Unit တစ်ခု ပြီးမြောက်တိုင်းလည်း Formal Assessment - Writing များ ဖြေဆိုကြရပါမည်။

🛑Phone numbers and G-mail addresses to contact
ကျောင်းသား၊ကျောင်းသူ၏ ကိုယ်ပိုင် G-mail ဂျီမေးလ်အကောင့်တစ်ခု ရှိရပါမည်။ မရှိပါက ဖွင့်ရပါမည်။ မိဘများ၏ ဖုန်းနံပါတ်များအား enrollment form တွင် သေချာစွာဖြည့်၍ အသိပေးထားရပါမည်။

🛑Enrollment and Registration
Page ၏ Message Box မှ registration or enrollment form အား တောင်းခံနိုင်ပါသည်။ အောက်ဖော်ပြပါ AYA ဘဏ်အကောင့် ( သို့ ) KPay သို့ ဖောင်ဖြည့် ပေးပို့ပြီးပြီးချင်း Course Fee သင်တန်းကြေးလစာအား လွှဲပေးရပါမည်။
လွှဲအပ်သည့် Mobile Banking စာမျက်နှာကို Screenshot ရိုက်ကာ ပေးအပ်ပြီးကြောင်း ပြသရန် သင်တန်း၏ Viber နံပါတ်ကိုသာ အသုံးပြု ပေးပို့ရပါမည်။
သင်တန်းမှလည်း လက်ခံရရှိကြောင်းကို Screenshot နှင့်တကွ Receipt slip ပါ ပြန်လည်ပေးပို့ပေးပါမည်။ ( သင်တန်းအပ်နှံခြင်း Registration process ပြီးမှသာ Zoom class နှင့် ID နဲ့ Miro class ရဲ့ အတည်ပြု ID ပေးမှာ ဖြစ်ပါသည်။ )

🛑Enquiring
သင်တန်း၏ သင်ပေးမည့် သင်ခန်းစာများ၊ သင်တန်းကာလ၊ သက်ဆိုင်ရာသင်တန်းချိန်များနှင့် သင်တန်းကြေးများ ပိုမိုစုံစမ်းသိရှိနိုင်ရန် Page ရဲ့ Message box သို့မဟုတ် သင်တန်း Viber ဖုန်းနံပါတ်များမှတဆင့်လည်း မေးမြန်းနိုင်ပါသည်။

Centre Phone Numbers ☎️📲
09-259004074 ( Centre Viber Number )
09-889326634
09-889326635

Centre G-mail Address 💻📩
[email protected]

Bank Account or KPay number to transfer 💵💳
Account Holder - Swan Yee Phyu
AYA Bank Acc - 0003201010022275

KPay Acc Holder - Swan Yee Phyu
KPay Ph No - 09259004074

With Warmth and Love,
Bridge Tutoring Centre
"Making Your Child's Future"

Address

On 39thB, Btw 78th And 79th Streets, Mahar Aung Myae Township
Mandalay
05032

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959259004074

Website

Alerts

Be the first to know and let us send you an email when Bridge Tutoring Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Bridge Tutoring Centre:

Shortcuts

Share

Category