Poet is not a luxury.
It's a vital necessity of our existence.
By Amanda Gorman.
ESL English Speaking Class
If you want to Learn Daily English, Contact Us.
Do not underestimate anyone.
ဘယ်သူကိုမှလျှော့မတွက်နဲ့။
Sadly in recent weeks, some of the towns in Mandalay were put in stay-home order to stop the spread of the virus which has been troubling the entire country for months. Disgusting, isn't it?
But our town in which I live is not put in stay-home order yet cos the cases found were just few. So I can say I'm in a safe zone so far. As we all know we don't know what will happen next cos the numbers of the cases the entire country are shockingly skyrocketing. Especially, in Yongon. Scary, aren't they?
So I'm wishing day and night with all my heart and soul its people a good luck, a good health and most importantly a normal life that we used to.
Sooner or later, we will get it back, right?
So let's just keep fighting shoulder to shoulder to overcome this bothering virus together to get the healthy nature back.
Well, to get it back, words are nothing but actions.
So all we together, again together, have to do is to stay home and stay safe to fight against and stop the spread of the virus.
Again, we might as well do that. Shouldn't we?
Finally, God willing, I hope to see you all happy and healthy after the pandemic.
So can't help looking forward to that time.
With love,
Lin Thant Mg.
08/09/2020
ESL English Speaking & Training Class is closed until further notice.
ပြန်ဖွင့်မည့်ရက်ကိုပြန်ကြေငြာပါမည်။
ESL English Speaking Class If you want to Learn Daily English, Contact Us.
, carry out အစရှိတဲ့ phrasal verb များဟာ အသုံးတွင်လှပါတယ်။
(1) carry back = ပြန်လည်အမှတ်ရစေသည်
The smell of the sea carried her back to her childhood.
ပင်လယ်၏ရနံ့ဟာ သူမကို သူမရဲ့ကလေးဘဝဆီသို့ ပြန်လည်ခေါ်ဆောင်သွားပါတယ်။(အမှတ်ရစေခဲ့ပါတယ်)
(2) carry off
(a) အောင်နိုင်သည်/ဆုဆွတ်ခူးသည်
He carried off most of prizes.
ဆုပေါင်းများစွာ သူဆွတ်ခူးနိုင်ခဲ့ပါတယ်။
(b) အခက်အခဲကို အောင်မြင်စွာကျော်ဖြတ်သည်
She carried the speech off well despite feeling very nervous.
သူမသည် အလွန်စိုးရိမ်ကြောက်ရွံ့နေသော်လည်း မိန့်ခွန်းကို ကောင်းစွာပြောကြားနိုင်ခဲ့သည်။
(3) carry on
(a) ဆက်လက်ရွေ့လျားသည်/သွားသည်
Carry on until you get to the junction, then turn left.
လမ်းဆုံရောက်တဲ့အထိ ဆက်သွားပါ၊ ရောက်ရင် ဘယ်ဘက်ကိုကွေ့ပါ။
(b) ဆူညံအော်ဟစ်ငြင်းခုံသည်/ကန့်ကွက်သည်
He was shouting and carrying on.
သူ ဆူညံစွာအော်ဟစ် ငြင်းခုံနေခဲ့တယ်။
(c) (carry on ing) ဆက်လက်လုပ်ဆောင်သည်
She carried on peeling potatoes.
သူမ အာလူးတွေကို အခွံခွာမြဲခွာနေခဲ့တယ်။
(4) carry on with = (ဆက်လုပ်)ဆက်လက်လုပ်ဆောင်သည်၊ မသင့်တော်သူနှင့် တွဲခုတ်သည်
Carry on with your work while I'm away.
ငါမရှိတုန်း(အဝေးရောက်နေစဉ်) မင်းအလုပ်ကို မင်းဆက်လုပ်ထားပါ။
His wife found out he'd been carrying on with another woman.
အခြားအမျိုးသမီးတစ်ယောက်နှင့် သူတွဲခုတ်နေသည်ကို သူ့ဇနီးသိသွားခဲ့တယ်။
(5) carry out
(a) လုပ်မည်ဟု ပြောထားသည်ကို/လုပ်ပေးရန်တောင်းဆိုထားသည်ကို အကောင်အထည်ဖေါ်သည်
She carried out her promise to visit her aunt regularly.
သူမ၏အဒေါ်ဆီကို ပုံမှန်အလည်လာမည်ဟူသော သူမ၏ကတိကို သူမအကောင်အထည်ဖေါ်ခဲ့ပါတယ်။
(b) ပြီးမြောက်အောင်ဆောင်ရွက်သည်
Extensive tests have been carried out on the patient.
လူနာကို စမ်းသပ်စစ်ဆေးမှုပေါင်းများစွာ လုပ်ဆောင်ထားပြီးပါပြီ။
(6) carry over
(a) စွဲမြဲနေသည်/ဆက်လက်တည်တန့်နေသည်
Attitudes learned at home carry over into the playground.
အိမ်၌သင်ယူခဲ့ရသော စိတ်နေသဘောထားသည် ကစားကွင်းထဲထိ ပါလာပါတယ်။
(လူကြီးမိဘတို့၏ အိမ်တွင်ပြုမူပြောဆိုလုပ်ကိုင်ခြင်းကို အမြဲတစေတွေ့မြင်နေသောကလေးများသည်
ကစားကွင်းသို့ရောက်လျှင် အိမ်တွင်သိမြင်ထားသည့်အတိုင်း ပြုမူသည်ကို ဆိုလိုသည်)
(b) အချိန်နှောင့်နှေးသွားသည်
The match had to be carried over until Sunday.
ပွဲစဉ်ကို တနင်္ဂနွေနေ့ထိအောင် ရွှေ့ဆိုင်းခဲ့ရပါတယ်။
(7) carry through = အောင်မြင်စွာကျော်ဖြတ်သည်
It's a difficult job but she'd the person to carry it through.
ဒါဟာ ခက်ခဲတဲ့အလုပ်တစ်ခုပါ၊ သိုပေမယ့် သူမဟာ ဒီအခက်အခဲကို အောင်မြင်စွာဖြတ်ကျော်မည့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။
မေတ္တာဖြင့်
Credit # Ko Minn
အင်္ဂလိပ်စာရေးနည်း ( ၁ )
~~~~~~~~~~~~~~~~~~~~~~
1. Five Basic Sentences (အခြေခံဝါကျ ၅ မျိုး)
အင်္ဂလိပ်စာကို လေ့လာလိုသူများ အနေဖြင့် ပထမဦးစွာ အောက်ပါ အခြေခံဝါကျ ၅ မျိုးကို နားလည်ထားရမည် ဖြစ်ပါသည်။
1) S + V S = Subject
2) S + V + C V = Verb
3) S + V + O C = Complement
4) S + V + I.O + D.O I.O = Indirect Object
5) S + V + O + C D.O = Direct Object
ပုံစံ (၁) S + V
A boy comes.
She sleeps.
They walk.
ဖော်ပြပါ ဝါကျများသည် S, V နှစ်ခုတည်းရှိရုံဖြင့် အဓိပ္ပာယ် ပြည့်စုံသော ဝါကျများ ဖြစ်သည်။ အဓိပ္ပာယ် ပြည့်စုံခြင်း၊ မပြည့်စုံခြင်းဆိုသည်မှာ နားလည်ခြင်း၊ နားမလည်ခြင်း ကို ဆိုလိုပါသည်။ တဖက်သား ပြောသည့်စကားကို နားလည်လျှင် အဓိပ္ပာယ်ပြည့်စုံသည် ဟုဆိုနိုင်ပါသည်။ တနည်းအားဖြင့် မိမိပြောသော စကားပြည့်စုံလျှင် တစ်ဖက်သာ နားလည်ပါလိမ့်မည်။ ထိုကဲ့သို အဓိပ္ပာယ် ပြည့်စုံသော စာကြောင်း တစ်ကြောင်းကို ဝါကျဟု ဆိုနိုင်ပါသည်။
ပုံစံ (၂) S + V + C
He is a student. (n)
He is clever. (adj)
He is here. (adv)
He is in the garden. (phrase)
အထက်ပါ ဝါကျများတွင် S, V နှစ်ခုတည်းဖြင့် အဓိပ္ပာယ် မပြည့်စုံသောကြောင့် (ဝါ) နားမလည်သောကြောင့် ထပ်မံဖြည့်ပေး ရပါသည်။ ထိုကဲ့သို့ ထပ်မံဖြည့်ပေးရသော အရာကို အဖြည့်ပုဒ် (complement) ဟု ခေါ်ပါသည်။ ထိုအဖြည့်ပုဒ် (complement) နေရာတွင် အထက်ပါ ဥပမာ ဝါကျများအရ (၄)မျိုးရှိကြောင်းတွေ့နိုင်ပါသည်။ ၎င်းတို့မှာ _
1) Noun (student)
2) Adjective (clever)
3) Adverb (here)
4) Phrase (in the garden)
ပုံစံ (၃) S + V + O
He kills a mouse.
ဖော်ပြပါ ဥပမာ ဝါကျတွင် S, V နှစ်ခုတည်းဖြင့် မပြည့်စုံသောကြောင့် ထပ်မံဖြည့် ပေးရန်လိုအပ်ပါသည်။ သို့ရာတွင် ယခု ဝါကျတွင် ထပ်မံဖြည့်ပေးရသေ စကားလုံးသည် “အဖြည့်ပုဒ်” (complement) မဟုတ်ဘဲ “ကံပုဒ်” (object) ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် He is ဟူသော S နှင့် V နှစ်ခုတည်းဖြင့် မပြည့်စုံသောအခါ ထပ်ဖြည့်ပေးရသော a student သည် V ဖြစ်သော is ၏ ပြုလုပ်ခြင်းကို မခံရပါ။ ပုံစံ (၃) ဥပမာ ဝါကျဖြစ်သော He kills ဟူသော S နှင့် V တွင် သူသည် သတ်သည် ဆိုရုံမျှဖြင့် အဓိပ္ပာယ်မပြည့်စုံသည့်အပြင် သတ်သည်ဟူသော V ကြောင့် သတ်ခြင်းကို ခံရသော “ကံပုဒ်” (object) ဖြစ်သွားပါသည်။ အလွယ်ဆုံး မှတ်သားလျှင် V တစ်ခုတွေ့လျှင် မြန်မာလို “ဘာကို” ဟု ဘာသာပြန် ကြည့်ပါ။ ဥပမာ – He beats သူသည် ရိုက်သည် “ဘာကို” ရိုက်တာလဲ ? He knows သူသည် သိသည် “ဘာကို” သိတာလဲ ? He eats သူသည် စားသည် “ဘာကို” စားတာလဲ ? ဖော်ပြပါ ဥပမာများအရ “ကံပုဒ်” (object) လိုပါသည်။
ပုံစံ (၄) S + V + I.O + D.O
He gives me a book.
အဆိုပါဝါကျတွင် “ဘာကို” ဟူသည့် ကံပုဒ် (object) အပြင် “ဘယ်သူ့ကို” ဟူသော ကံပုဒ် (object) တစ်ခု ထပ်မံဖြည့်ပေးရန်လိုပါသည်။ me နှင့် a book ကံပုဒ် (object) နှစ်ခုအနက် a book သည် ပြုလုပ်သူ (subject) နှင့် တိုက်ရိုက် ထိတွေ့ ရသောကြောင့် D.O ဖြစ်ပြီး me သည် တဆင့်ခံ ထိတွေ့ရသောကြောင့် I.O ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြုလုပ်သူ (subject) He သည် a book ကို ဦးစွာထိတွေ့ရမည် ဖြစ်ပြီး ပေးသည့်အချိန်မှသာ me ကို ထိတွေ့ရခြင်းဖြစ်ပါသည်။
သတိပြုရမည့် အချက်တစ်ခုမှာ He gives a book to Mg Hla. ဟူသော ဝါကျတွင် Mg Hla သည် ကိုယ်ပိုင်နာမ်(proper noun) ဖြစ်သောကြောင့် I.O(Indirect Object) ကို V နှင့် ကပ်ထား၍ မရသည်ကို မှတ်သား ရပါမည်။ [မှတ်ချက်။ ။ သက်မဲ့ (non-living things) များသည် D.O (Direct Object) များဖြစ်ပြီး သက်ရှိ (living things) များသည် I.O(Indirect Object) များဖြစ်၏ကြသည်။]
ပုံစံ (၅) S + V + O + C
The sun keeps us warm.
S V O C
ကျွန်တော်တို့ကို နေက နွေးထွေးစေသည်။
He gets himself ready.
S V O C
သူက သူ့ဘာသာသူ အသင့်ပြင်သည်။
He found his box empty.
S V O C
သူ့သေတ္တာ ဘာမျှမရှိတာ သူတွေ့ပြီ။
Government sets the prisoners free.
S V O C
အကျဉ်းသားများကို အစိုးရက လွှတ်လိုက်ပြီ။
She pushed the door open.
S V O C
တံခါးကို သူ တွန်းဖွင့်လိုက်သည်။
He painted the door green.
S V O C
တံခါးကို သူ အစိမ်းရောင် သုတ်သည်။
(အထူးသတိထားရမည့် အချက်မှာ ဘာသာပြန်သည့်အခါ နောက်ဆုံးမှ စကာ ဘာသာပြန်ရမည် ဖြစ်ပါသည်။)
အထက်တွင် ဖော်ပြခဲ့သော အခြေခံဝါကျ ၅ မျိုးသည် မည်သည့် အင်္ဂလိပ် စာအုပ်တွင်မဆို အမြဲတမ်းတွေ့ရမည် ဖြစ်သည်။ ဖော်ပြပါ အခြေခံဝါကျ ၅ မျိုးလုံးတွင် V တစ်ခုတည်း ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပြီး ထိုကဲ့သို့ V တစ်ခုတည်းပါသော ဝါကျမျိုးကို Simple Sentence ဟုခေါ်ပါသည်။ အဆိုပါ အခြေခံဝါကျ ၅ မျိုးအနက် “ပုံစံ (၅)” ဝါကျအမျိုးအစားသည် အရေးအကြီးဆုံးဖြစ်ပြီး နောင်တွင် ထပ်တွေ့ရမည့် Compound/ Complex Sentences များနှင့် မရောထွေးစေရန် သေသေချာချာ လေ့လာ လေ့ကျင့်ထားရန်လိုအပ်ပါသည်။ ပုံစံ (၃) နှင့် (၄) ဝါကျများကို လေ့လာကြည့်လျှင် “ကံပုဒ် တစ်ခုသာလိုသော ကြိယာ (mono transitive verb)” နှင့် “ကံပုဒ် နှစ်ခုလိုသော ကြိယာ (di transitive verb)” ဟု V အမျိုးအစားနှစ်ခုတွေ့ နိုင်ပါသည်။
အထက်တွင် လေ့လာခဲ့သော အခြေခံဝါကျ ၅ မျိုးတည်းသာ နားလည် တတ်မြောက်ရုံဖြင့် မိမိပြောလိုသော စကားများ၊ ရေးလိုသော ဝါကျများ၊ ဖတ်လိုသော စာအုပ်များကို နားလည် ပြည့်စုံအာင် မဖော်ပြနိုင်သောကြောင့် ဝါကျများထဲတွင် တွေ့ရှိရမည့် စကားစု (Phrase) များကို ဆက်လက် လေ့လာရန် လိုအပ်ပါသည်။
ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း(၂)
======================
2. Phrases (စကားစု/ ပုဒ်)
********************
Phrase ဆိုသည်မှာ စကားစုသာ ဖြစ်ပါသည်။ Phrase များကို လေ့လာကြည့်လျှင် ဝါကျပေါ်တွင် တည်ရှိနေသော နေရာအပေါ်တွင် မူတည်ကာ အခြေခံအားဖြင့် (၃) မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ _
1) Noun phrase
2) Adjective phrase
3) Adverb phrase
(ဆိုလိုသည်မှ Noun နေရာတွင်ရှိသော phrase ကို Noun phrase ဟုခေါ်နိုင်ပြီး ထို့အတူ Adj, Adv နေရာများတွင်ရှိသော phrase များကို Adj phrase, Adv phrase ဟုခေါ်နိုင်ပါသည်။)
Noun phrase [ S, O, C ]
Noun နေရာတွင် တည်ရှိနေသော phrase များကို Noun phrase ဟု သတ်မှတ်နိုင် သောကြောင့် ဝါကျတစ်ကြောင်း ပေါ်တွင် Noun တည်ရှိနေသော နေရာများကို ဦးစွာသိရှိ ရမည် ဖြစ်ပါသည်။ ဝါကျတစ်ကြောင်းတွင် “ကတ္တား (Subject)”၊ “ကံပုဒ် (Object)” နှင့် “အဖြည့်ပုဒ် (Complement)” ၃ နေရာတွင် Noun ကိုတွေ့ရှိနိုင်ပြီး ၎င်းနေရာများတွင် တည်ရှိနေသော phrase များကို Noun phrase များဖြစ်ပါသည်။ မြန်မာဘာသာသို့ အဓိပ္ပာယ် ပြန်ဆိုရာတွင် Subject နေရာတွင်ရှိသော Noun phrase အတွက် “သည်”၊ Object နေရာတွင်ရှိသော Noun phrase အတွက် “ကို”၊ Complement နေရာတွင်ရှိသော Noun phrase အတွက် “သည်” စသည်ဖြင့် အနက်ကောက် ရပါမည်။
A tall young beautiful girl is my sister.
S ( N phrase)
အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးသည် ကျွန်တော့် အစ်မ ဖြစ်သည်။
I saw a tall young beautiful girl.
O (N phrase)
အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးကို ကျွန်တော် တွေ့ခဲ့ပါသည်။
Ma Ma is a tall young beautiful girl.
C (N phrase)
မမသည် အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။
v what, where, when, why, whether, who စသည့် “wh” စကားလုံးများ ဖြင့်လည်း Noun phrase ကို ရေးသားနိုင်သည်။ ဥပမာ _
I don’t know what to do.
ဘာလုပ်ရမှန်းကို ကျွန်တော်မသိဘူး။
How to do is my problem.
ဘယ်လုပ်လုရမယ်ဆိုတာသည် ကျွန်တော့်ပြဿနာ ဖြစ်သည်။
She can’t decide where to go.
ဘယ်သွားရမလဲဆိုတာကို သူ မဆုံးဖြတ်တတ်တော့ပါ။
Adjective phrase [after Noun, Complement]
Noun ၏အနောက် နှင့် Complement နေရာတွင် Adjective phrase ကိုတွေနိုင်သည်။ Noun ၏အနောက်တွင် ရှိသော Adjective phrase သည် သူ့ရှေ့မှာရှိသော Noun ကို အထူးပြုရန်ဖြစ်ပြီး Complement နေရာတွင်ရှိသော Adjective phrase ၏ရှေ့တွင် အထူးပြုရန်အတွက် Noun မရှိသော်လည်း အသံ ပိုမို သာယာစေရန်နှင့် အဓိပ္ပာယ် ပိုမို လေးနက်စေရန်အတွက် Adjective အဖြစ်ရှိနေသော မူလ စကားလုံးကို Adjective phrase အဖြစ်ပြောင်းရေးရခြင်း ဖြစ်ပါသည်။ ဥပမာ _
A man in the car is my uncle.
ကားထဲတွင်ရှိသော လူကြီးသည် ကျွန်တော့် ဦးလေး ဖြစ်သည်။
I took a book on the table.
စားပွဲပေါ်တွင်ရှိသော စာအုပ်ကို ကျွန်တော် ယူခဲ့သည်။
Ø ပထမ ဝါကျတွင် Subject နေရာတွင်ရှိသော Noun ဖြစ်သည့် a man ကို ၎င်းနောက်တွင်ရှိသည့် in the car ဟူသည့် phrase က အထူးပြုသည့်အတွက် Adjective phrase ဖြစ်သည်။ ဒုတိယဝါကျတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။
My mother is healthy.
Adj
My mother is in good health.
Adj phrase
Ø healthy နှင့် in good health တွင် in good health က healthy ထက် ပိုမို အသံသာယာ သောကြောင့် Adjective phrase အဖြစ် ပြောင်းလဲရေးသားခြင်း ဖြစ်သည်။
It is important.
Adj
It is of vital importance.
Adjective phrase
It is important ဆိုသည်မှာ သာမန်အရေးကြီးခြင်းပင်ဖြစ်သည်။ ပို၍ အဓိပ္ပာယ် လေးနက်စေလို သောကြောင့် အသက်တမျှဟူသည့် Adj နောက်တစ်ခု vital ကို ထည့်ပေးခြင်း ဖြစ်သည်။ သို့ရာတွင် vital နှင့် important နှစ်ခုလုံး Adj ဖြစ်နေသည့် အတွက် important ကို noun (importance) အဖြစ်ပြောင်းပြီး ရှေ့တွင် of ထည့်ပေးရသည်။ of vital importance သည် အဓိပ္ပာယ် ပိုမို လေးနက်စေလိုသော ကြောင့် ပြောင်းလဲ ရေးလိုက်သော Adjective phrase ဖြစ်သည်။
Adverb phrase [ D, M, P, T, R or P ]
Noun phrase နှင့် Adjective phrase တို့ကို နေရာ သတ်မှတ်၍ ရသော်လည်း Adverb သည် Verb, Adjective, Adverb သုံးခုကို အထူးပြုသောကြောင့် နေရာ အတိအကျ သတ်မှတ်ရန် မလွယ်ကူပါ။ သို့ရာတွင် Adverb ကို အခြေခံအားဖြင့် အမျိုးစား ၅ မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ _
Direction - လားရာ/ ဦးတည်ရာပြပုဒ်စု (D)
Manner - အမူအယာပြ ပုဒ်စု (M)
Place - နေရာပြ ပုဒ်စု (P)
Time - အချိန်ပြ ပုဒ်စု (T)
Reason (or) - အကြောင်းပြချက် (သို့မဟုတ်)
Purpose ရည်ရွယ်ချက်ပြ ပုဒ်စု (R or P)
ဥပမာ -
- He went up to the counter. (D)
- They play in happiness. (M)
- It is warm in the house. (P)
- He gets up at six o’ clock. (T)
- He lives to work. ( R or P)
He goes to school on foot in Insein in the morning to study his lessons.
D M P T R or P
သူ၏ သင်ခန်းစာများကို လေ့လာရန် နံနက်ခင်းတွင် အင်းစိန်မှ ခြေကျင် ကျောင်းသို့သွားသည်။
§ အဓိပ္ပာယ်ကို ဘာသာပြန်သည့်အခါ D, M, P, T, R or P ကို အစဉ်လိုက် နောက်ဆုံးမှ စတင်ကာ အနက်ကောင်သည်ကို မှတ်သားရပါမည်။
[ Adverb phrase များကို ဖော်ပြလိုသည့် ပုံစံအပေါ် မူတည်ကာ အရှေ့၊ အနောက် ပြောင်းလည်း ရေးသားနိုင်သော်လည်း မကျွမ်းကျင်သေးသည့် အချိန်တွင် D, M, P, T, R or P အစီအစဉ်အတိုင်းသာ ရေးသားစေလိုပါသည်။ ကျွမ်းကျင် တတ်မြောက်သည့် အချိန်တွင် မိမိ ဖော်ပြသလို နေရာများ ပြောင်းလဲ ရေးသားနိုင်ပါသည်။]
§ Adjective phrase နှင့် Adverb phrase ရောနှောနေပါလျှင်လည်း နောက်ဆုံးကသာ စတင်ကာ ဘာသာပြန်ရပါမည်။
ဥပမာ _ He goes to school in Sanchaung.
Adv (D) Adj phrase
ဖော်ပြပါ ဝါကျတွင် in Sanchaung သည် ရှေ့တွင်ရှိသော school (n) ကို အထူးပြု သောကြောင့် Adjective phrase ဖြစ်ပြီး စမ်းချောင်းတွင်ရှိသော ကျောင်းသို့ ဟု (သော)ဖြင့် အနက်ကောက် ရပါမည်။
ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း(၃)
=======================
3. Clauses (ဝါကျခွဲ)
**************
ဝါကျ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကတ္တား (Subject) နှင့် ကြိယာ (Verb) ပါဝင်သောလည်း အဓိပ္ပာယ် မပြည့်စုံသော စကားစုကို Clauses ဟုခေါ်ပါသည်။ Clause တွင်လည်း တည်ရှိသည့်နေရာ အပေါ်မူတည်ကာ (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ -
1) Noun Clause
2) Adjective Clause
3) Adverb Clause
Noun Clause [S, O, C]
----------------------------
who, that, what, how, when, where စသည်ကဲ့သို့သော စကားဆက်များ တစ်ခုခု ဝါကျခွဲ(Clause)၏ ရှေ့ဆုံးတွင် ရှိတတ်ပြီး အနက်ကောက်ရာတွင် Phrase ကဲ့သို့ပင် Subject နေရာအတွက် “သည် (ဆိုတာ)”၊ Object နေရာအတွက် “ကို၊ (ဆိုတာကို) ”၊ Complement နေရာအတွက် “သည်” ဟု အဓိပ္ပာယ် ကောက်ပါသည်။ ဥပမာ -
That the match will be cancelled is now certain.
Noun Clause (S)
ပြိုင်ပွဲ ဖျက်မယ် ဆိုတာ အခု သေချပြီ။
I know that the match will be cancelled.
Noun Clause (O)
ပြိုင်ပွဲဖျက်မယ် ဆိုတာကို ငါသိတယ်။
Whether he has singed the contract doesn’t matter.
Noun Clause (S)
စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား/ မထိုးရသေးဘူးလား ဆို ပြဿနာ မဟုတ်ပါ။
I want to know whether he has singed the contract.
Noun Clause (O)
စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား/ မထိုးရသေးဘူးလား ဆိုတာကို ငါသိချင်တယ်။
When he did it is a mystery.
N Clause (S)
ဘယ်အချိန်မှာ အဲဒါကို သူလုပ်ခဲ့တာ ဆိုတာသည် သိဖို့ခက်ခဲတဲ့ ကိစ္စဖြစ်တယ်။
I wonder when he did it.
N Clause (O)
အဲဒါကို သူဘယ်အချိန်လုပ်ခဲ့တယ် ဆိုတာကို ငါသိချင်တယ်။
When he comes depends on your decision.
N Clause (S)
သူဘယ်အချိန်လာမယ် ဆိုတာသည် မင်းရဲ့ဆုံးဖြတ်ချက် အပေါ်တွင် မူတည်သည်။
I know who you are.
N Clause (O)
မင်းဘယ်သူလဲ ဆိုတာကို ငါသိတယ်။
Let me know how he comes back.
N Clause (O)
သူဘယ်လို ပြန်လာမလဲ ဆိုတာကို ငါသိပါရစေ။
Adjective Clause [ only after noun]
------------------------------------------
who, that, which, whose ကဲ့သို့သော relative conjunction များကို Clause ၏ ရှေ့တွင် ရှိပြီး Noun ၏ အနောက်တွင်နေကာ Adjective နာမဝိသေသန အလုပ်ကို လုပ်သည်။ အဓိပ္ပာယ်ကို “သော” ဖြင့် ကောက်ရပါသည်။ ဥပမာ-
The government which promises to cut the taxes will be popular.
အခွန်လျော့ရန် ကတိပြုသော အစိုးရသည် လူကြိုက်များလိမ့်မည်။
Mg Mg is the man who lives my next door.
ကျွန်တော့်နှင့် ကပ်လျှက်အခန်းတွင်နေသော သူသည် မောင်မောင် ဖြစ်သည်။
He is the man whose car was stolen.
ကားအခိုးခံရသော လူသည် သူဖြစ်သည်။
A doctor examined the astronauts who returned from the space today.
ယနေ့ အာကာသမှ ပြန်လာသော လေသူရဲကို ဆရာဝန်က စစ်ဆေးသည်။
The millionaire whose son ran away form home a week ago has made a public appeal.
လွန်ခဲ့သည့် တစ်ပတ်လောက်က သူ့သား အိမ်မှ ထွက်ပြေးသွားသော သန်းကြွယ်သူဌေးကြီးက ပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။
မှတ်ချက်
Clause ၏ ရှေ့က အထူးပြုခြင်းခံရသော Noun သည် Clause ၏ Object ဖြစ်နေလျှင် Clause တွင်ပါသော စကားဆက်(Conjuction)ကို ဖြုတ်ကာ ရေးနိုင်သည်။ ဥပမာ-
This is the photo that/ which I took.
ငါ ရိုက်ထားသော ဓါတ်ပုံသည် ဤဟာ ဖြစ်သည်။
ဤဝါကျတွင် အထူးပြုခြင်းခံရသော Noun ဖြစ်သည့် phot သည် နောက်က အထူးပြုသော Clause ၏ Object ဖြစ်နေသောကြောင့် စကားဆက် (Conjunction) “that/ which” ကို ဖြုတ်ကာ အောက်ပါအတိုင်းရေးနိုင်သည်။
This is the photo I took.
# Adjective Clause များတွင် Conjuction ၏ ရှေ့တွင် တစ်ခါတစ်ရံ Preposition များ တွဲပါ တတ်ပါသည်။ “သော” ဖြင့်သာ အနက်ကောက်ရပါမည်။ ဥပမာ -
The person to whom I complained is the manager.
ကျွန်တော် မကျေနပ်ကြောင်းသွားပြောသော ပုဂ္ဂိုလ်သည် မန်နေဂျာဖြစ်သည်။
This is the pan in which I boiled the milk.
ကျွန်တော် နွားနို့ကျိုသော အိုးသည် ဤဟာဖြစ်သည်။
Ø Adjective Clause သည် time, place နှင့် reason များကိုလည်း အထူးပြုနိုင် ပါသည်။
1979 was the year in which my son was born.
ကျွန်တော့်သားမွေးသော နှစ်သည် ၁၉၇၉ ခုနှစ် ဖြစ်သည်။
This is the place in which I grew up. [in which= where]
ကျွန်တော် အရွယ်ရောက်ခဲ့သော နေရာသည် ဤနေရာ ဖြစ်သည်။
Adverb Clause [M, P, T, R, P, C, C, Q]
-----------------------------------------------
Adverb Phrase တွင် ပုံသေ နေရာ အတိအကျမရှိသကဲ့သို့ Adverb Clause တွင်လည်း ပုံသောနေရာအတိအကျ မရှိပါ။ သို့ရာတွင် လုပ်ဆောင်ချက် အပေါ်တွင် မူတည်ကာ Adverb Clause ကို အခြေခံအားဖြင့် ၉ မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ -
Adverb Clause of Manner [M]
------------------------------------
- Type this again as I showed you a moment ago.
ခုနက ငါပြထားတဲ့အတိုင်း ဒါကို ပြန်ရိုက်ပါ။
အမူအယာပြ စကားဆက်များ
as - အတိုင်း/ သလို
how/ the way - အတိုင်း/ သလို
the way in which - အတိုင်း/ သလို
in the same way - ဤနည်းအတိုင်း
as if - ဘိသကဲ့သို့
as though - ဘိသကဲ့သို့
Adverb Clause of Place [P]
--------------------------------
You can’t live where you like.
မင်းကြိုက်တဲ့နေရာမှာ နေလို့မရပါ။
နေရာပြ စကားဆက်များ
wherever - ဘယ်နေရာဖြစ်ဖြစ်
anywhere - မည်သည့်နေရာမဆို
everywhere - နေရာတကာ
Adverb Clause of Time [T]
--------------------------------
Tell him as soon as he arrives.
သူရောက်ရင် ရောက်ခြင်း သူ့ကို ပြောလိုက်ပါ။
အချိန်ပြ စကားဆက်များ
as soon as - လျှင် … လျှင်ခြင်း
when - သောအခါ
after - ပြီးနောက်
as - စဉ်တွင်
as long as - လျှင်
before - မတိုင်မီ
by the time - အဲဒီအချိန်လောက်မှာ (when)
during - အတောအတွင်း
once - ဆိုရင်ပဲ
since - ကတည်းက
no sooner than - လျှင် …… လျှင်ခြင်း
until/ till - တိုင်အောင်
whenever - ဘယ်အခါပဲဖြစ်ဖြစ်
while - စဉ်တွင်
Once you’re seen one penguin, you’ve seen them all.
ပင်ဂွင်းတစ်ကောင်းကို မြင်ဖူးတယ် ဆိုရင်ပဲ ခင်ဗျား အကုန်မြင်ဖူးတာပဲပေါ့။
You can keep these records as long as you like.
ခင်ဗျားသဘောကျလျှင် ဒီဓါတ်ပြားကို သိမ်းထားနိုင်ပါတယ်။
Adverb Clause of Reason [R]
-----------------------------------
As/ Because/ Since there was very little support, the strike was not successful.
ထောက်ခံမှု အနည်းငယ်သာရသောကြောင့် သပိတ်သည် မအောင်မြင်ပါ။
Mg Hla doesn’t come today because he is not feeling well.
နေမကောင်းသောကြောင့် မောင်လှ ဒီနေ့ မလာပါ။
အကြောင်းပြချက် စကားဆက်များ
seeing that = သောကြောင့်
for = သောကြောင့်
Adverb Clause of Purpose [P]
------------------------------------
ရည်ရွယ်ချက်ကို ပြသော စကားဆက်များဖြစ်သော ‘စေရန်’ ၊ ‘အလို့ငှာ’ ၊ ‘စိုးလို့’ ဟုအနက်ရသော စကားဆက်များဖြစ်သည့် so that, in order that, in case, lest and fear that တို့ဖြင့်ရေးသားသော Clauses များဖြစ်သည်။ ဥပမာ -
I’ve arrived early so that I will get a good view.
မြင်ကွင်းကောင်းကောင်းရ စေရန် ငါ စောစောရောက်တယ်။
I arrived early so as not to miss anything.
ဘယ်အရာမှ လက်မလွတ်သွားစေရန် အလို့ငှာ ငါ စောစောရောက်သည်။
in case, lest, for fear that အဆိုပါစကားဆက်များသည် ‘စိုးလို့’ ဟု အနက်ရပါသည်။
I asked them to ring first lest we were out.
ငါတို့အပြင်ရောက်နေမှာ စိုးလို့ အရင်ဖုံးဆက်ဖို့ သူတို့ကို မှာထားတယ်။
Adverb Clause of Conditional [C]
---------------------------------------
အခြေအနေပြ စကားဆက်များပါသော Clauses များဖြစ်သည်။ ဥပမာ -
If the rain stops, we’ll be able to go for a walk.
မိုးတိတ်လျှင် ငါတို့လမ်းလျှောက်ထွက်နိုင်တာပေါ့။
အခြေအနေပေး စကားဆက်များ နှင့် ပတ်သက်၍ ‘if’ အကြောင်းကို အနည်းငယ် တင်ပြရန်လိုအပ်ပါသည်။ အကျယ်ကို သိလိုပါလျှင် အလွန်များပြားသောကြောင့် သီးသန့် ခေါင်းစဉ်ဖြင့် ရေးမှသာ ပြည့်စုံပါလိမ့်မည်။ ဤ Adverb Clause of Conditional ကဏ္ဍတွင် စာဖတ်သူများ မြန်မာ ပြန်ဆိုရာတွင် လွယ်ကူစေရုံသာ တင်ပြသွားပါမည်။
‘if’ ကို အခြေခံအားဖြင့် ပုံစံ (၃) မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ -
1. If + S + present, S + will + v.
If I lose my job, I will go abroad.
အလုပ်မရှိရင် ငါ နိုင်ငံခြားသွားမယ်။
2. If + S + past, S + would + v.
If I lost my job, I would go abroad.
ငါသာ အလုပ်မရှိခဲ့ရင် နိုင်ငံခြားသွားမှာ။
(အခု အလုပ်ရှိတယ် သွားဖို့ မလိုပါ။)
3. If + S + had+ past participle, S + would have + past participle.
If I had lost my job, I would have gone abroad.
အလုပ်သာမရှိရင် ငါ နိုင်ငံခြားသွားကောင်း သွားရမယ်။
(အလုပ်လည်းရှိ၊ လစာလည်းကောင်း၍ သွားရန် ဖြစ်နိုင်ခြေ မရှိသလောက် အခြေအနေကို ပြသည်။)
‘if’ ကို ‘ရင်’ ၊ ‘လျှင်’ ဖြင့်သာ အဓိပ္ပာယ် ကောက်ရပါသည်။
ဖော်ပြပါ ပုံစံ (၃) မျိုးမှ ခွဲထွက်လာသော ပုံစံကွဲများ များစွာရှိပါသည်။ ၎င်းတို့အနက်မှ စာဖတ်သူ အခက်အခဲ ဖြစ်စေနိုင်သော ပုံစံကို အနည်းငယ် တင်ပြပါမည်။
ပုံစံ (၁)
If + should
If he should call, tell him I’ll ring back.
သူဖုံးခေါ်ရင် ငါ ပြန်ဆက်မယ်လို့ ပြောလိုက်။
အထက်ပါပုံစံ If + should ကို If ဖြုတ်ကာ ရေးနိုင်ပါသည်။
Should he call, tell him I’ll ring back. (အဓိပ္ပာယ်အတူတူပင် ဖြစ်ပါသည်။)
ပုံစံ(၂)
Imperative + Conjunction + Clause
အမိန့်ပေး/ ခိုင်းစေ + စကားဆက် + ဝါကျခွဲ
(အနက်ကောက်သောအခါ ‘လျှင်’ ဖြင့်သာ ကောက်ရမည်။) ဥပမာ -
Fail to pay and, they’ll cut off the electricity.
ငွေပေးဖို့ ပျက်ကွက်လျှင် သူတို့ကို မီးဖြတ်လိမ့်မယ်။
Tell us what to do and, we’ll get on with it.
ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ ပြောရင် ကျွန်တော်တို့ ဆက်လုပ်မှာပေါ့။
Stop eating sweets, or you won’t get any dinner.
အချိုတွေစားတာ မရပ်ဘူးဆိုရင် မင်း ညစာစားလို့ရမှာ မဟုတ်ဘူး။
Take a taxi, or you will miss the train.
အငှားယဉ် မခေါ်ဘူးဆိုရင် မင်း ရထားလွတ်သွားလိမ့်မယ်။
ပုံစံ(၃)
If + were to + would
If the government were to cut tax, price would fall.
အစိုးရကသာ အခွန်လျှော့ရင် စျေးကျမှာ။ ( အစိုးရက အခွန်မလျှော့)
၎င်းဝါကျကို ‘if’ ဖြုတ်ကာ were ရှေ့ထုတ်ပြီးရေးနိုင်ပါသည်။ (အဓိပ္ပာယ်တူပါသည်။)
Were the government to cut tax, price would fall.
ပုံစံ(၄)
Had + S + Past Participle
မူရင်းပုံစံ (၃) – If + S + had + Past Participle ကို ‘if’ ဖြုတ်ပြီး ရေးထားခြင်း ဖြစ်သည်။ ( အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။) ဥပမာ -
Had the management acted sooner, the strike wouldn’t have happened.
အုပ်ချုပ်ရေးဌာနက အလျှင်အမြန်ဆောင်ရွက်ခဲ့လျှင် သပိတ်တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိပါ။ ( အုပ်ချုပ်ရေးဌာနက ဘာမှ မဆောင်ရွက်ခဲ့)
‘If’ နှင့် အနက်တူသော စကားဆက်များ
as long as - လျှင်
assuming that - လျှင်
even if - ဆိုရင်တောင်မှ
if only - သို့မှသာ
on the condition that - လျှင်
provided/ providing that - လျှင်
so long as - လျှင်
if not/ unless - မဟုတ်ဘူးဆိုရင်
suppose that - လျှင်
supposing that - လျှင်
what if - ဆိုရင်ကော
say - ဆိုရင်ကော
if so - ဒီလိုဆိုရင်
in that case - ဒီလိုဆိုရင်
then - ဒီလိုဆိုရင်
အထက်ပါ စကားဆက်ပုံစံများအတွက် နမူနာ ဝါကျ အနည်းငယ် တင်ပြပါမည်။
What if/ Say he gets home before us and can’t get in?
သူ ကျွန်တော်တို့ အရင်အိမ်ရောက်နေရင်ကော သူအိမ်ထဲဝင်နိုင်ပါ့မလား။
He may be busy, if so, (in that case) I’ll call later.
သူအလုပ်များနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော်နောက်မှ ပြန်ဆက်လိုက်မယ်။
‘if’ အစားသုံးသော အခြားပရိယာယ်များ
With luck, we’ll be there by tomorrow.
ကံကောင်ရင်တော့ မနက်ဖြန် ကျွန်တော်တို့ ရောက်လိမ့်မယ်။
Give time, they’ll probably agree.
သူတို့ကို အချိန်ပေးမယ်ဆိုရင် သူတို့ သဘောတူမှာပါ။
To hear him talk, you’d think he was a Prime Minister.
သူ့စကားသံကို ခင်ဗျားကြားလို့ရရင် သူ့ကို ဝန်ကြီးချုပ်လို့တောင် ထင်မှာ။
Without you help, I couldn’t have done it.
ခင်ဗျားအကူအညီသာမရရင် အဲဒါ ကျွန်တော်လုပ်လို့ ရမှာ မဟုတ်ဘူး။
In different circumstance, I would have said yes.
အခြေအနေသာ အပြောင်းအလဲရှိမယ်ဆိုရင် ဟုတ်ကဲ့ လို့ ကျွန်တော် ပြောမိမှာ။
Adverb Clause of Comparison [C]
နှိုင်းယှဉ်ပြ စကားဆက်များဖြစ်သော ‘သလောက်’ ၊ ‘ထက်’ ဟု အဓိပ္ပာယ် ရသော စကားဆက်များဖြစ်သည့် ‘as … as’, ‘more … than’, less …than’ တို့ဖြင့် ရေးသားထားသော Clauses များဖြစ်သည်။ ဥပမာ -
She is as beautiful as an actress.
မင်းသမီးတစ်ယောက် လှသလောက် သူ လှပါတယ်။
He is not so tall as his brother.
သူ့ညီ အရပ်ရှည်သလောက် သူ အရပ်မရှည်ပါ။
Airplane is faster than car.
ကားထက် လေယဉ်ပျံက ပိုမြန်တယ်။
The more you practise the better you get.
မင်းလေ့ကျင့်လေလေ ပိုကျွမ်းကျင်လေလေ ပဲ။
Adverb Clause of Contract [C]
ဆန့်ကျင်ဖက် အဓိပ္ပာယ် ဖြစ်စေသော ‘သို့ပေမယ့်’ ၊ ‘သော်ငြားလည်း’ စသော စကားဆက်များဖြစ်သည့် although, considering that, though, even though, even if, much as …, while, where as, how ever much/ badly/ good, no matter how စသည်တို့ဖြင့် ရေးသားထားသေ Clause များဖြစ်သည်။ ဥပမာ -
Although he works hard, he doesn’t get success.
သူ ကြိုးစားပေမယ့် အောင်မြင်မှု မရဘူး။
I intend to go to Bagan, even if bus fares goes up again.
ကားခ တက်သွားပေမယ့် ပုဂံကို သွားဖို့စိတ်ကူးတယ်။
Much as I’d like to help, there isn’t a lot I can do.
ကျွန်တော် ကူညီချင်ပေမယ့် အများကြီးတော့ မတတ်နိုင်ဘူး။
Adverb Clause of Qualification [Q]
----------------------------------------
အကျိုးပြ စကားဆက်များဖြစ်သော ‘လောက်အောင်ကို’ ဟု အနက်ရသည့် ‘so … that’, ‘such … that’ စသည့် တို့ဖြင့်ရေးသော Clauses များဖြစ်သည်။ ဥပမာ -
His reactions are so quick that no one can match him.
သူ့ကို မည်သူမျှ မယှဉ်နိုင်လောက်အောင်ကို သူ့တုန့်ပြန်မှုများက မြန်ဆန်တယ်။
They are such wonderful players that no one can beat them.
ဘယ်သူကမှ သူတို့ကို မနိုင်လောက်အောင်ကို တော်သော အားကစားသမားများ ဖြစ်သည်။
v Adverb Clauses များသည် အမျိုးအစား အများဆုံးနှင့် အသုံးအများဆုံး တွေ့ရမည် ဖြစ်သောကြောင့် ထပ်ခါ ထပ်ခါ ဖတ်ကာ လေ့ကျင့်စေလိုပါသည်။
ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း(၄)
======================
4. Verb + ing
------------------
ဝါကျတစ်ကြောင်းတွင် တည်ရှိနေပုံကို လိုက်၍ ‘ခြင်း’ ၊ ‘သော’ ၊ ‘သောကြောင့်’ ၊ ‘လျှက်’ စသည်ဖြင့် အဓိပ္ပာယ်ကောက်နိုင်သည်။
ပုံစံ (၁) ‘ခြင်း’ ဖြင့်အနက်ကောက်ပုံ
ဝါကျတစ်ကြောင်းတွင် Verb+ing သည် Noun ၏ နေရာများဖြစ်သော Subject, Object, Complement နေရာများတွင် ရှိနေပါက ‘ခြင်း’ ဖြင့် အနက်ကောက် ပါသည်။
Reading is a good habit.
စာဖတ်ခြင်းသည် ကောင်းသော အလေ့အထ ဖြစ်သည်။
I like reading.
စာဖတ်ခြင်းကို ကျွန်တော် ကြိုက်တယ်။
My hobby is reading.
ကျွန်တော့် ဝါသနာသည် စာဖတ်ခြင်းဖြစ်သည်။
ပုံစံ (၂) ‘သော’ ဖြင့်အနက်ကောက်ပုံ
V+ing သည် ဝါကျ တစ်ကြောင်းတွင်ရှိသော Noun များ၏ အနောက်တွင် ရှိနေပြီး ထို Noun များကို အထူးပြုသော အခြေအနေတွင် ‘သော’ ဖြင့် အနက်ကောက် ရသည်။
I saw a boy reading.
စာဖတ်နေသော ကောင်လေးကို ကျွန်တော်တွေ့ခဲ့သည်။
ပုံစံ (၃) ‘သောကြောင့်’ ဖြင့်အနက်ကောက်ပုံ
ဝါကျတွင် V+ing သည် Adverb ပုံစံ အထူးသဖြင့် အကြောင်းပြချက်(Reason) ကို ဖော်ပြသောအခါ ‘သောကြောင့်’ ဖြင့် အနက်ကောက်ပါသည်။
Being so ill, he can’t go back to work yet.
အပြင်းဖျားသောကြောင့် သူ အလုပ်ပြန်မဆင်းနိုင်သေးပါ။
Having invited him here to speak we’d better go to his lecture.
ဟောပြောရန် ဖိတ်ထားသောကြောင့် သူ့ဟောပြောပွဲကို တို့သွားဖို့ကောင်းတယ်။
ပုံစံ (၄) ‘လျှက်’ ဖြင့်အနက်ကောက်ပုံ
ဝါကျတွင် Verb+ing သည် main verb ကဲ့သို့ပင် Subject ၏ အလုပ်ကို ဖော်ပြနေလျှင် Verb+ing ကို ‘လျှက်’ ဖြင့် အနက်ကောက်ရပါသည်။
I read the newspaper drinking coffee.
ကော်ဖီသောက်လျှက် သတင်းစာဖတ်တယ်။
I walk a long the street singing.
သီချင်းဆိုလျှက် လမ်းလျှောက်တယ်။
ဖော်ပြပါ ပုံစံ (၄)မျိုးအပြင်
Verb+ing ကို on နှင့် ပေါင်းစပ်လျှင် ‘သောအခါ’ ဟု အနက်ကောက်ရပါသည်။ ဥပမာ -
On arriving at Yangon Air port, he was very happy.
ရန်ကုန်လေဆိပ်သို့ရောက်သောအခါ သူ အလွန်ပျော်သွားသည်။
Verb+ing ကို in နှင့် ပေါင်းစပ်လျှင် ‘စဉ်တွင်’ ဟု အနက်ကောက်ရပါသည်။ ဥပမာ -
In arriving at Yangon Air port, he was arrested.
ရန်ကုန်လေဆိပ်သို့ ရောက်စဉ်တွင် သူအဖမ်းခံလိုက်ရသည်။
v ‘On+Ving’ နှင့် ‘In+Ving’ ပုံစံများကိုလည်း မကြာခဏတွေ့ရမည် ဖြစ်သောကြောင့် သတိထားစေလိုပါသည်။
ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၅)
======================
5. Verb + ed/ en (V3)
----------------------------
Verb + ed/ en (Past Participle) သည် V + ing ကဲ့သို့ပင် ဝါကျများတွင် မကြာခဏတွေ့ရတတ် ပါသည်။ Verb + ed/ en ကို ဝါကျတွင် Adjective နှင့် Adverb (Manner) ၂ နေရာတွင် တွေ့ရတတ်ပြီး Adjective နေရာတွင် ရှိသော Verb+ed/en ကို ‘သော’ ၊ Adverb(Manner) နေရာတွင် ရှိသော Verb+ed/en ကို ‘လျှက်’ ဖြင့် အနက်ကောက်ရပါသည်။ ဥပမာ -
ပုံစံ(၁) ‘သော’ ဖြင့် အနက်ကောက်ပုံ
Verb+ed/en ၏ ရှေ့တွင် noun ရှိနေပါက Verb + ed/ en သည် ၎င်း noun ကို အထူးပြုသည့်အတွက် Adjective ပုံစံဖြစ်ကာ ‘သော’ ဖြင့် အနက်ကောက်ရပါသည်။
I saw a boy beaten by his mother.
သူ့အမေရိုက်ခြင်းကို ခံရသော ကောင်လေးကို ကျွန်တော် တွေ့ခဲ့ပါသည်။
The system used in this school is very successful.
ဤကျောင်းတွင် သုံးသော စနစ်သည် အလွန် အောင်မြင်သည်။
ပုံစံ (၂) ‘လျှက်’ ဖြင့် အနက်ကောက်ပုံ
ဝါကျတွင် ကတ္တား (Subject) တစ်ခုတည်းပါသည်။ ထို ကတ္တား (Subject) သည် Clause ၏ ကံပုဒ် (Object) ဖြစ်နေလျှင် ‘လျှက်’ ဖြင့် အနက်ကောက်သည်။
Used as a text book, this novel becomes popular.
ပြဋ္ဌာန်းစာအုပ်အဖြစ် အသုံးပြုလျှက် ဤဝတ္ထုစာအုပ်သည် လူကြိုက်များလာသည်။
She smiles pleased.
သူ(မ) သဘောကျလျှက် ပြုံးသည်။
ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၆)
=======================
6. To + V
*********
ဝါကျတွင် To+V ကို Noun နှင့် Adverb(Purpose) နေရာ ၂ ခုတွင် တွေ့ရတတ် ပါသည်။ Noun နေရာအတွက် V+ing ကဲ့သို့ပင် ‘ခြင်း’ ဟု အနက်ကောက်ပြီး၊ Adverb(Purpose) နေရာ အတွက် ‘ဖို့ရန်’ ဟု အနက်ကောက်ပါသည်။ ဥပမာ -
I like to read.
စာဖတ်ခြင်းကို ကျွန်တော် နှစ်သစ် သည်။
I go to market to buy something.
တစ်ခုခု ဝယ်ဖို့ရန် အတွက် ကျွန်တော် စျေးသို့ သွားသည်။
v မှတ်ချက် ။ ။ V+ing နှင့် To+V သည် အမြဲတမ်း အစားထိုးသုံး၍ မရသည်ကို သတိထားရမည်။ မည်သည့်နေရာတွင် V+ing သုံးရမည်၊ To+V သုံးရမည် ကို သီးသန့် တင်ပြမှသာ လုံလောက်မည် ဖြစ်သဖြင့် ဤနေရာတွင် ချန်လှပ်ထားခဲ့ ပါသည်။
ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၇)
=======================
7. It
******
အများအားဖြင့် ‘It’ ကို နာမ်စား(pronoun) အဖြစ် အသိများကြပြီး ‘ထိုဟာ’ ၊ ‘၎င်း’ ဟု အဓိပ္ပာယ် ကောက်ကြပါသည်။ ‘It’ ကို နာမ်စား(pronoun) အဖြစ် အသုံးပြုလျှင် “အရာဝတ္ထု (material)၊ တိရိစ္ဆာန် (animals)၊ ကလေး (baby)” စသည့် နာမ် (noun) များတွင် အစားသုံးနိုင်သည်။ ဥပမာ -
I bought a book yesterday. It is very good. (အရာဝတ္ထု)
I keep a cat in my house. It has beautiful tail. (တိရိစ္ဆာန်)
He loves the baby. So he kisses it. (ကလေး)
ယခု တင်ပြမည့် ‘It’ သည် နာမ် (noun) နေရာတွင် အစားသုံးသော နာမ်စား (pronoun) မဟုတ်ဘဲ ကတ္တား (Subject) နေရာတွင် အစားသုံးသော Subject Substitution (သို့မဟုတ်) Filler အဖြစ်သုံးသော ပုံစံဖြစ်ပါသည်။ အဆိုပါ ပုံစံသည် ကတ္တား (Subject) နေရာတွင် အစားထိုးကာ သုံးထားသော်လည်း ဘာသာပြန်ဆိုရာတွင် ထည့်သွင်း အနက်ကောက်ရန် မလိုအပ်ပါ။ သို့ရာတွင် ‘It’ မပါဘဲ လည်း ရေး၍ မရပါ။ ‘It’ ကို Subject Substitution (သို့မဟုတ်) Filler အဖြစ်သုံးသော ပုံစံ ၄ မျိုးတွေ့ရပါသည်။
၎င်းတို့မှာ -
Time (T)
Weather (W)
Distance (D)
Situation (S)
Time (T)
-----------
အချိန်ကို ဖော်ပြလိုလျှင် ကတ္တား (Subject) နေရာတွင် ‘It’ ကို ထည့်ကာ ရေးရ ပါသည်။
It is eight o’ clock. (၈ နာရီ ထိုးပြီ)
What time is it? (ဘယ်နှစ်နာရီ ထိုးပြီလဲ?)
It takes me one hour to go down town. (မြို့ထဲ သွားရင် ၁ နာရီလောက် ကြာမယ်)
How long does it take you to go down town? (မင်း မြို့ထဲသွားရင် ဘယ်လောက် ကြာမလဲ?)
အချိန်နှင့် ပတ်သက်၍ ရေးသားလျှင် နာရီချိန် (Clock Time) နှင့် ကြာချိန် (Duration Time) ပုံစံ ၂ မျိုးကို တွေ့ရပါသည်။ ကြာချိန် ကို ဖော်ပြလိုလျှင် အောက်ပါ ပုံစံကို မှတ်သားထား ရပါမည်။
It will take/ takes/ took (object) to + V
Weather (W)
-----------------
ရာသီဥတု အခြေအနေကို ဖော်ပြလျှင်လည်း ‘It’ ကို ကတ္တားနေရာတွင် အစား ထိုးကာ ရေးသားရပါမည်။
It is hot.
It is cold.
It is warm.
It rains.
It snows.
Distance (D)
---------------
ခရီးအကွာအဝေးကို ဖော်ပြလိုပါက လည်း ကတ္တား နေရာတွင် ‘It’ ဖြင့် ရေး ရပါမည်။
It is four hundreds miles from Yangon to Mandalay. (ရန်ကုန် နှင့် မန္တလေး မိုင် ၄ဝဝ ဝေးပါသည်။)
How far is it from Yangon to Mandalay? (ရန်ကုန် နဲ့ မန္တလေး ဘယ်လောက်ဝေးလဲ)
It is (distance) from (_______) to (_______).
How far is it from (_______) to (_______)?
Situation (S)
----------------
အခြေအနေ အမျိုးမျိုးကို ဖော်ပြရာတွင်လည်း ‘It’ ကို ကတ္တား အဖြစ် သုံးရ ပါသည်။
It is sweet to eat sugar. (သကြားစားရင် ချိုတယ်)
It is difficult to find a job without qualifications. (အရည်အချင်းမရှိဘဲ အလုပ်ရှာရတာ ခက်တယ်)
It is difficult to run a business without capital. (အရင်အနှီး မရှိဘဲ စီးပွားရေး လုပ်ဖို့ ခက်တယ်)
It is easy to come to my house by bus. (ကျွန်တော့် အိမ်ကို ကားနဲ့လာဖို့ လွယ်တယ်)
It is difficult to com to my house by train. (ကျွန်တော့် အိမ်ကို ရထားနဲ့လာဖို့ ခက်တယ်)
အထက်ဖော်ပြပါ Situation Sentences ဥပမာ ပုံစံများတွင် ‘It’ ကို Subject အဖြစ် အစားထိုးကာ သုံးထားခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ကိစ္စရပ်တစ်ခုသည် ပြုလုပ်သူ Subject အပေါ်တွင် မူတည်က အခြေအနေ မတူညီနိုင်သောကြောင့် Subject က မပါမဖြစ် ပါလာပြီး ‘it’ က Object နေရာတွင် သုံးသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ပြုလုပ်သူ Subject ပါဝင်ပြီး ‘it’ ကို Object အဖြစ်သုံးသော အခါ အောက်ပါ ပုံစံဖြင့် ရေးသား သည်ကို တွေ့ရပါသည်။
S + find/ make + it + easy/ hard (Adjective) + to + V
ပြုလုပ်သူ Subject သည် သက်ရှိဖြစ်လျှင် ‘find’ ကို သုံးရပြီး၊ သက်မဲ့ဖြစ်လျှင် ‘make’ ကိုသုံးရပါသည်။ easy နှင့် hard နေရာတွင် မိမိ ပြောလိုသော အခြေအနေ အပေါ်တွင် မူတည်ကာ အသုံးပြုလိုသော Adjective တစ်ခုခု ကို အစားထိုးရေးသားနိုင်ပါသည်။
ဥပမာ -
I find it easy to teach my younger sister. (ညီမလေးကို စာသင်ရတာ လွယ်တယ်)
I find it hard to teach my younger brother. (ညီလေးကို စာသင်ရတာ ခက်တယ်)
# ပြုလုပ်သူ Subject က သက်ရှိဖြစ်သည့် အတွက် ‘find’ ကို သုံးပါသည်။
Tico makes it easy to park. (တီကိုကား က ရပ်ရတာလွယ်တယ်)
Lorry makes it hard to park. (လော်ရီကား က ရပ်ရတာမလွယ်ဘူး)
# ပြုလုပ်သူ Subject က သက်မဲ့ဖြစ်သည့်အတွက် ‘make’ ကို သုံးပါသည်။
Airplane is comfortable to travel. (လေယာဉ်ပျံက ခရီးသွားရတာ သက်တောင့် သက်သာ ဖြစ်တယ်.
Facebook is good to share our knowledge. (ဖေ့စ်ဘွခ် က ဗဟုသုတတွေ မျှဝေ လို့ကေင်းတယ်)
Google is fast to search the facts. ( ဂူးဂဲလ် က အချက်အလက်တွေ ရှာရတာ မြန်တယ်)
# easy နှင့် hard နေရာတွင် အသုံးပြုလိုသော Adjective တစ်ခုခုကို သုံးနိုင်ပါသည်။
‘It’ ကို Time, Weather, Distance, Situation ပုံစံအပြင် ‘Identification’ ဟုခေါ်သော တစ်စုံတစ်ယောက်ကို ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်းဖော်ပြလိုသည့် အခါတွင်လည်း သုံးနိုင်ပါသည်။ ဥပမာ -
Who is it? (ဘယ်သူလဲ?)
It is a postman. (စာပို့သမား ပါ)
It’s me. (ငါ ပါ)
# It is a postman. နှင့် He is a postman. ဟူသော ဝါကျ ၂ ကြောင်းသည် အဓိပ္ပာယ်သက်ရောက်ပုံမှု မတူညီပါ။
It is a postman. သည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို ဖော်ပြပြီး He is a postman. သည် သူ၏ ရာထူး အလုပ်အကိုင်ကို ဖော်ပြခြင်း ဖြစ်ပါသည်။
တစ်ခါတစ်ရံ မိမိပြောလို ရေးလိုသော ကိစ္စတစ်ခု ကို အထူးပြုလိုသော အခါ ‘It’ ကို Conjunction များဖြစ်သော that, who, where, when များနှင့် တွဲကာ ရေးသားသည် ကိုလည်း တွေ့ရတတ်သည်။
ဥပမာ -
I bought a car last month. (ပြီးခဲ့တဲ့လက ငါ ကားတစ်စီးဝယ်ခဲ့တယ်)
It is this car that I bought last month. (အဲဒီကားပေါ့ ငါ ပြီးခဲ့တဲ့လက ဝယ်ခဲ့တာ)
I want to meet this girl. (အဲဒီကောင်မလေးကို ငါ တွေ့ချင်တယ်)
It is this girl who I want to meet. (အဲဒီကောင်မလေးပေါ့ ငါတွေ့ချင်နေတာ)
We meet at bus stop. (ကျွန်တော်တို့ နှစ်ယောက် ကားမှတ်တိုင်မှာ ဆုံကြတယ်)
It is bus stop where we meet. (ကားမှတ်တိုင်မှာပေါ့ ကျွန်တော်တို့ ဆုံကြတာ)
I bought a shirt last month. (ကျွန်တော် ပြီးခဲ့တဲ့လက အင်္ကျီတစ်ထည် ဝယ်ခဲ့တယ်)
It was last month when I bought this shirt. (ပြီးခဲ့တဲ့လကမှ အင်္ကျီတစ်ထည် ဝယ်ခဲ့တယ်)
It is this shirt that I bought last month. (ဒီအင်္ကျီပေါ့ ပြီးခဲ့တဲ့လက ဝယ်ခဲ့တာ)
v မူလ ဝါကျပုံစံကို မိမိ အဓိကပြောလိုသော အကြောင်းအရာကို ‘It’ ဖြင့် ရှေ့ထုတ်ကာ သက်ဆိုင်ရာ Conjunction များဖြင့်တွဲပြီး ရေးသားနိုင်ပါသည်။
**************************************************
အထွေထွေတင်ပြချက်များ
------------------------------
လက်တွေ့ စာဖတ်သောအခါ ရှေ့တွင် တင်ပြခဲ့သော ပုံစံများဖြင့် ဖတ်ရှုရန် အဆင်မပြေနိုင်သော ဝါကျအချို့၊ အကြောင်းအရာအချို့ ကို ဆက်လက် တင်ပြပါမည်။
It all began.
အဲဒါ စခဲ့တာ ကြာပြီ (ဝါကျ၏ အစပိုင်းတွင် တွေ့ရမည်)
Just as … (သလိုပဲ၊ အတိုင်းပဲ)
Just as she though, Mary made mistakes.
သူထင်တဲ့ အတိုင်း မေရီ အမှားလုပ်တော့တာပဲ။
be going to + V (တော့မလို့)
I’m going to go out.
အပြင် သွားတော့မလို့။
would rather/ would sooner (ပဲ/ ရွေးချယ်ခြင်းအနက်)
I would rather take tea.
ကျွန်တော် လက်ဖက်ရည်ပဲ သောက်တော့မယ်။
Come …… (ကိုင်း/ ဝါကျအစတွင် ရှိသည်)
Come, let’s start.
ကိုင်း စကြစို့။
Look …… (ရော် ခက်ပြီ)
Look I said I didn’t know. I don’t like people asking questions.
ရော်ခက်ပြီ၊ ငါမသိပါဘူးဆိုမှ မေးခွန်းတွေမေးတဲ့လူ ငါ မကြိုက်ဘူးကွာ။
(ဤဝါကျတွင် ကြည့်၊ မသိပါဘူးဆိုမှဟု အနက်ကောက်နိုင်ပါသည်။ သို့ရာတွင် နေ့စဉ်သုံး ကြည့်သည်၊ မြင်သည် တို့နှင့် လွဲမှား နိုင်သဖြင့် “ရော် ခက်ပြီ” ဟု အနက်ကောက်ခြင်း ဖြစ်သည်။)
I wish/ If only (စေချင်လိုက်တာ)
I wish Mary was here now.
မေရီကို ဒီမှာ ရှိစေချင်လိုက်တာ။
If only the sun was shining at the moment. ( အခုနေ နေသာစေချင်လိုက်တာ)
Discourse markers (စကားဖြည့်များ)
--------------------------------------------
စကာ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
78th St Between 41st And 42nd Street
Mandalay
05041