Shine Education Service

Shine Education Service Never stop learnig!!

📖Grade 3 မှ Grade 12 ထိဘာသာစုံ Special Guide Class 📖🍀📚 International school မှ ကလေးများကိုလည်းမြန်မာစာ နှင့် သင်္ချာသီးသ...
06/12/2025

📖Grade 3 မှ Grade 12 ထိဘာသာစုံ Special Guide Class 📖🍀

📚 International school မှ ကလေးများကိုလည်း
မြန်မာစာ နှင့် သင်္ချာသီးသန့်ကိုအခြေခံမှစ၍ သင်ကြားပေးပါသည်

စနေ တနင်္ဂနွေ သင်္ချာသီးသန့်သင်တန်းများလည်းရှိပါသည်

သင်တန်းတည်နေရာ
၂၅ လမ်း၊ ၉၀×၉၁ကြား၊ပွဲကုန်းရပ်

☎️09 256183988
သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

သင်္ချာသီးသန့်သင်တန်းနှင့် ဘာသာစုံစာကျက်ဝိုင်းများ လက်ခံသင်ကြားနေပါပြီ
19/05/2025

သင်္ချာသီးသန့်သင်တန်းနှင့် ဘာသာစုံစာကျက်ဝိုင်းများ လက်ခံသင်ကြားနေပါပြီ

📖Grade 2 မှ Grade 12 ထိဘာသာစုံ Special Guide Class 📖🍀📚 International school မှ ကလေးများကိုလည်းမြန်မာစာ နှင့် သင်္ချာသီးသ...
22/10/2024

📖Grade 2 မှ Grade 12 ထိဘာသာစုံ Special Guide Class 📖🍀

📚 International school မှ ကလေးများကိုလည်း
မြန်မာစာ နှင့် သင်္ချာသီးသန့်ကိုအခြေခံမှစ၍ သင်ကြားပေးပါသည်

စနေ တနင်္ဂနွေ သင်္ချာသီးသန့်သင်တန်းများလည်းရှိပါသည်

သင်တန်းတည်နေရာ
၂၅ လမ်း၊ ၉၀×၉၁ကြား၊ပွဲကုန်းရပ်

☎️09 256183988
သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

06/05/2024

🎓 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တန်းခွဲအလိုက်စာသင်စာကျက်ဝိုင်းများ

🎓 မြန်မာအစိုးရကျောင်းသင်ရိုး KG မှ Grade 12 အထိ ဘာသာစုံ (သို့) ကြိုက်နှစ်သက်ရာတစ်ဘာသာချင်းစီအလိုက် နေ့စဥ်ကျောင်းမှသင်ကြားပေးသော သင်ခန်းစာများအားအနီးကပ်ကြပ်မတ်သင်ကြားပေးပါသည်။

🎓 သင်္ချာသီးသန့်သင်တန်းများလည်းရှိပါသည်။

​🎓 ပြောင်းလဲလာသောသင်ရိုးညွှန်းတမ်းနဲ့အညီ အတွေ့အကြုံများစွာရှိသော ဆရာမများကိုယ်တိုင် တာဝန်ယူသင်ကြားပေးနေပါသည်။

သင်တန်းအချိန် - ညနေ ၃:၃၀ နာရီမှ၆နာရီထိ(တနင်္လါ မှ သောကြာထိ)

သင်တန်းတည်နေရာ - ၂၅ လမ်း၊ ၉၀×၉၁ကြား၊ ပွဲကုန်းရပ်

Home Guide များလည်းအချိန်ညှိနှိုင်းလက်ခံသင်ကြားပေးပါသည်။

👩‍🏫Tr Daw Aye Chann Mya
B.Sc(Hons:),M.Sc(Credit)(Maths)

☎ 09 256183988

မူလတန်း မှ အထက်တန်းထိသင်္ချာအထူးသီးသန့်သင်တန်း နှင့် စာကျက်ဝိုင်း👩‍🏫👩‍🏫👩‍🏫*ပြောင်းလဲလာသောသင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြ...
18/04/2024

မူလတန်း မှ အထက်တန်းထိ
သင်္ချာအထူးသီးသန့်သင်တန်း နှင့်
စာကျက်ဝိုင်း👩‍🏫👩‍🏫👩‍🏫

*ပြောင်းလဲလာသောသင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဆရာမများကိုယ်တိုင်တာဝန်ယူသင်ကြားပေးနေပါသည်။

*စနစ်သစ်သင်ရိုး၏ရည်ရွယ်ချက်အတိုင်းသင်ကြားပါသည်။

နွေရာသီသင်တန်း နှင့် တစ်နှစ်ပတ်လုံးသင်တန်းအတွက် စာရင်းစတင်လက်ခံနေပါပြီ🎉🎉🎉

Tr Daw Aye Chann Mya
B.Sc(Hons),M.Sc(Credit)(Maths)
📱 09 256183988
၂၅ လမ်း၊ ၉၀×၉၁ ကြား၊ ပွဲကုန်းရပ်၊ မန္တလေးမြို့

နွေ​ကျောင်းပိတ်ရက်​များတွင် သင်ခန်းစာ​များ ကြိုတင်ပြင်ဆင်ချင်​သော၊ ​ကျောင်းဖွင့်ရာသီတွင်လည်း စာ​မေးပွဲများအတွက် အ​ကောင်း...
20/02/2024

နွေ​ကျောင်းပိတ်ရက်​များတွင် သင်ခန်းစာ​များ ကြိုတင်ပြင်ဆင်ချင်​သော၊ ​ကျောင်းဖွင့်ရာသီတွင်လည်း စာ​မေးပွဲများအတွက် အ​ကောင်းဆုံးပြင်ဆင်​ ​လေ့ကျင့်ချင်​သော သားသား မီးမီးတို့အတွက်

သင်္ချာသီးသန့်သင်တန်း နှင့် ဘာသာစုံစာသင် စာကျက်ဝိုင်း👩‍🏫👩‍🏫👩‍🏫

မတ်လ ၄ ရက်နေ့စပါမည်။

**သီးသန့်သင်ကြားလိုသူများအတွက်လည်း Home Teaching ဖြင့်သင်ကြားပေးပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်္ချာသီးသန့်တန်း နှင့် စာသင်/စာကျက်ဝိုင်း👩‍🏫👩‍🏫👩‍🏫ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါသည်
06/02/2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်္ချာသီးသန့်တန်း နှင့် စာသင်/စာ
ကျက်ဝိုင်း👩‍🏫👩‍🏫👩‍🏫
ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါသည်

✨စာကျက်မှတ်လေ့လာရန် အကောင်းဆုံးနည်းလမ်းများ...🥇🏆စာကိုဘယ်လိုကျက်ရင်ကောင်းမလဲ၊ ဘယ်လိုမျိုးလေ့လာလိုက်ရင်ပိုမှတ်မိပြီး ပိုရလ...
22/01/2024

✨စာကျက်မှတ်လေ့လာရန် အကောင်းဆုံးနည်းလမ်းများ...🥇

🏆စာကိုဘယ်လိုကျက်ရင်ကောင်းမလဲ၊ ဘယ်လိုမျိုးလေ့လာလိုက်ရင်ပိုမှတ်မိပြီး ပိုရလွယ်မလဲဆိုတာကိုတော့ ကျောင်းသားများအမြဲတွေးမယ်လို့ထင်ပါတယ်။ ဒါဟာစာမေးပွဲမဖြေမီညမှာမှလုပ်ရမယ့်အရာမဟုတ်ပါဘူး။ ကျောင်းသားတိုင်းက ကိုယ့်ရဲ့စာကျက်မှတ်လေ့လာမှုစွမ်းရည်ကိုစဉ်ဆက်မပြတ်တိုးတက်အောင်ကြိုးစားသင့်ပါတယ်။

ပိုကောင်းမွန်တဲ့ စာကျက်နည်းတွေကိုလေ့လာခြင်း၊ စာပုံမှန်ကျက်ခြင်းဖြင့် စာမေးပွဲမဖြေခင်ဖြစ်တတ်တဲ့စိတ်ပူပန်သောကရောက်မှုများ၊ စိတ်ဖိစိမှုများကိုလျော့ကျစေပါတယ်။ ထို့အပြင် စာများကိုသေချာကျက်မှတ်နိုင်ပြီး ပြန်လည်လေ့ကျင့်ရန်အချိန်ပိုရသွားတဲ့အတွက် စာမေးပွဲဆိုတာကြီးကိုကြောက်စရာမလိုတော့ပါဘူး။ ဒါ့ကြောင့် စာကျက်မှတ်လေ့လာရန်အထိရောက်ဆုံးအချက်များကိုဖော်ပြပေးလိုက်ပါတယ်။

✅၁။ စနစ်တကျစီစဉ်ပါ။ ကိုယ်လုပ်ရမယ့်အရာများကိုမှတ်ထားပါ။
မှတ်စုစာအုပ်၊ planner ကိုအမြဲဆောင်ထားပါ။ ကိုယ်ကျက်ရမယ့်စာတွေ၊ လုပ်ရမယ့်အိမ်စာတွေ၊ assignments တွေ၊ စာမေးပွဲအတွက်အရေးကြီးတာတွေကို မှတ်စုစာအုပ်ထဲရေးမှတ်တတ်တဲ့အကျင့်ကိုပြုလုပ်ပါ။ ကိုယ်ကဘယ်လောက်ပဲမှတ်နိုင်စွမ်းအားကောင်းသောသူဖြစ်ပါစေ၊ အသေးစိတ်ကို မမှတ်မိနိုင်တဲ့အတွက် ရေးမှတ်တတ်တဲ့အကျင့်ကိုပြုလုပ်ပေးပါ။

✅၂။ အတန်းထဲတွင်အာရုံစိုက်နားထောင်ပါ။
စာသင်နေချိန်မှာ စာကိုပဲအာရုံစိုက်သင်ယူပါ၊ အခြားသောကိစ္စများအတတ်နိုင်ဆုံးမတွေးမိပါစေနဲ့။ ပြောဆိုသည့် အကြောင်းအရာကိုသေချာအာရုံစိုက်ပြီးမှတ်စုတိုများထုတ်ပါ။ မှတ်စုထုတ်ခြင်းဖြင့် စာပြန်ကျက်ရာတွင်ပိုမိုလွယ်ကူပြီး စာပိုရလွယ်စေပါတယ်။

✅၃။ စာလုပ်ခြင်းကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။
ဖုန်း၊ social မီဒီယာများအပြင် သူငယ်ချင်းများကြောင့် စာလုပ်ရာတွင်အာရုံစူးစိုက်မှုလျော့ကျစေပါတယ်။ သင့်ကိုအတန်းထဲတွင် ဘယ်အရာကအာရုံပျံ့လွင့်စေကြောင်းသတိပြုပါ။ ဒါ့ကြောင့်ကိုယ်စာလုပ်တဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာများကိုသတိထား၊ ရှောင်ကြဉ်ပါ။

✅၄။ ရှင်းလင်းပြည့်စုံသော မှတ်စုများမှတ်တတ်ပါစေ။
ရှင်းရှင်းလင်းလင်းနှင့်ပြီးပြည့်စုံသောမှတ်စုများကို ရေးသားခြင်းသည် စာကျတ်မှတ်ရာတွင် အထောက်အကူပြုပါတယ်။ စာတွင်ပါရှိသောအရေးကြီးသောအပိုင်း၊ ဆရာပြောသွားသော point များကိုမှတ်ထားတဲ့အတွက် စာပြန်ကျက်ရာတွင် ပိုလွယ်ကူစေပါသည်။ အတန်းပျက်ခဲ့ရင်လည်း အတန်းဖော်များကိုပြန်မေးပြီး notes လေးတွေပြန်ထုတ်ပါ။

✅၅။ မေးခွန်းများနားမလည်လျှင်မေးဖို့ ဝန်မလေးပါနှင့်။
တစ်ခုခုနားမလည်ပါက မေးခွန်းများမေးပါ။ အတန်းထဲတွင်မေးရန်အဆင်မပြေလျှင် အတန်းပြီးပြီးချင်းဆရာ့ကိုမေးရန်မမေ့ပါနှင့်။

✅၆။ စာကြည့်ရန်အချိန်ဇယားဆွဲပါ။
အချိန်ဇယားဆွဲသောအခါ ကိုယ်ဘာစာတွေကြည့်ရန်လိုအပ်လဲ၊ ဘယ်ဟာတွေလေ့ကျင့်မလဲ၊ ဘာတွေကိုဦးစားပေးကျက်ရမလဲဆိုတာကိုစဉ်းစားပါ။ စာမေးပွဲမှာမေးနိုင်တဲ့ မေးခွန်းအမျိုးအစားများနှင့်ခေါင်းစဉ်များကိုစဉ်းစားဖို့မမေ့ပါနဲ့။ ဒါ့အပြင်ဘာသာရပ်အလိုက်စာကျက်ချိန်များသီးသန့်ခွဲထားပါ။

✅၇။ အတန်းထဲတွင် မှတ်ခဲ့သောစာတွေကို ပြန်လေ့လာပါ။
ကျောင်းပြီးသည့်နောက် မှတ်ထားသော notes များကိုပြန်ကြည့်ပါ၊ လေ့လာပါ။ မှတ်စုများကိုပြန်ကြည့်ခြင်းသည် စာများကိုကြာကြာမှတ်မိနေစေသောကြောင့်ဖြစ်ပါတယ်။

✅၈။ ဆရာ၊ ဆရာမများနှင့်တိုင်ပင်ဆွေးနွေးပါ။
ဆရာ၊ ဆရာမများကသင့်ကိုအကောင်းဆုံးကူညီပေးဖို့အဆင်သင့်ပါပဲ။ စာမေးပွဲမတိုင်ခင်မှာကိုယ်မသိတာ၊ နားမလည်တာတွေကို ဆရာ၊ ဆရာမများကိုမေးပါ။ မေးဖို့ဝန်မလေးပါနဲ့၊ မတွန့်ဆုတ်နေပါနဲ့။ ထိုသို့မေးခြင်းအားဖြင့်လည်း ဆရာနှင့်ကျောင်းသားကြားရင်းနှီးမှုပိုရစေပါတယ်။

✅၉။ စာကြည့်ရန်နေရာသတ်မှတ်ပါ။
စာလုပ်တော့မည်ဆိုလျှင် ပတ်ဝန်းကျင်ဆိတ်ငြိမ်ရုံသာမက ကိုယ့်ရဲ့စာကြည့်စားပွဲလေးသန့်ရှင်းနေမှသာလျှင် စိတ်ကြည်လင်စွာနဲ့ စာလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ကိုယ်စာကျက်တဲ့နေရာလေးကိုတော့ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်လေးထားမှဖြစ်မယ်နော်။

✅၁၀။ (၁၅) မိနစ်လောက် break ပေးပါ။
စာ (၁) နာရီလောက်လုပ်ပြီးသွားရင် (၁၀) မိနစ်လောက်၊ (၁၅) မိနစ်လောက်ခဏနားပါ။ ထိုကဲ့သို့ ခဏအနားယူခြင်းကြောင့် စာလေ့လာရာတွင်ပိုမိုထိရောက်ပြီး စာတွေမှတ်မိလွယ်ပါတယ်။

✅၁၁။ အဖွဲ့နှင့်စာလုပ်ပါ။
အတန်းဖော်များနှင့်စာလုပ်ခြင်းသည် ကိုယ်မသိသောစာများကိုမေးနိုင်သည့်အပြင် ရပြီးသားစာများကိုပိုရစေရုံသာမက စာများကိုဆွေးနွေးတိုင်ပင်ခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက်ယုံကြည်မှု၊ ရင်းနှီးမှုများပိုရစေပါသည်။

စာတွေကိုဘယ်လိုမျိုးထိရောက်စွာလေ့လာမယ်၊ ကျတ်မှတ်မယ်ဆိုတာကိုသိသွားပြီဆိုရင်တော့ သင်ဟာစာမေးပွဲဆိုတာကြီးကိုကြောက်နေစရာမလိုတော့ပါဘူး။ တကယ်လည်းကိုယ်ကစာလိုက်လုပ်ဖို့တော့လိုလိမ့်မယ်နော်။ မကြိုးစားပဲနဲ့တော့ ဘာမှရမှာမဟုတ်ပါဘူး။ အချိန်ရှိခိုက်၊ လုံ့လစိုက်ပြီးတော့ စာတွေကိုအကောင်းဆုံးလေ့လာသင်ယူလိုက်ပါ။
Authoress: Winnie

18/01/2024

G12 စာမေးပွဲကြီးဖြေဆိုရန်
ရက်၅၀ ခန့်သာလိုပါတော့တယ်
ဒီအချိန်မှာ သင်္ချာကို
မနိုင်တဲ့ကလေးတွေက
ဖြတ်ကြည့်လို့ရမရ မေးလာပါတယ်

ဒီအတွက် အကြံပြုချက် (၃) ခုပေးလိုပါတယ်။

အကြံပြုချက်(၁)
အခန်းအားလုံးသင်ထားပြီးသော
ကလေးများအတွက်သာ~~~
အခန်းတိုင်းရဲ့ ဥပမာများနဲ့
ယင်းတို့နဲ့ ပုံစံတူပုစ္ဆာများ
ဦးစားပေးကြည့်ပါ
ပုံနှိပ်အပြင်ဘက်က ပုစ္ဆာများ
အနေဖြင့် ၁မှတ်တန်ကိုသာကြည့်ပါ
သေချာပေါက်အောင်မည်။

အကြံပြုချက်(၂)
အခန်းအချို့ဘယ်လိုမှ မလိုက်နိုင်သော
သို့ မသင်ထားသော
ကလေးများအတွက်~~~~
အခန်း ၁
အခန်း ၂
အခန်း ၄
အခန်း ၆
တို့ဟာ သေချာပေါက် လွယ်ပါတယ်
(ဒါမှမလွယ်လဲ နောက်နှစ်မှသာ စောစောတက်)
ဒီလေးခန်းအတွက် အမှတ်(၃၀) ရနိုင်ပါတယ်
နောက်ထပ် မိမိ သဘောတွေ့မယ့် ၂ခန်း
ပေါင်းကြည့်ပါ
ခြေချော်လက်ချော် ဖြစ်ခဲ့ရင်တောင်
မော်ရိတ်နဲ့ မိပြီးအောင်မည်။

အကြံပြုချက်(၃)
အခန်းတိုင်းလိုက်နိုင်ပါတယ်
ပြန်ကြည့်ချိန်မရတော့လို့
ဘယ်အခန်းအထူးပြု
ကြည့်ရမလဲ များနေလို့ဆိုသော
ကလေးများအတွက်~~~~~
ပထမဆုံး အခန်းတိုင်းရဲ့
ဥပမာအားလုံးကြည့်ပါ
၁၂၃၄၆ ပုံနှိပ်အပိုင်ကြည့်ပါ
တစ်မှတ်တန်ကိုအပြင်ပုစ္ဆာကြည့်ပါ
အချိန်ရသေးလျှင်
ပုံဆွဲမှ domain range asymptite point များ
သို့
ရှိတ်ခန်းများ 7.5 + 8.2 + 8.4 + 9
တစ်မျိုးမျိုးထပ်ဆောင်းကြည့်ပါ
ကံကောင်းရင် ၆၀ ကျော်ထိ ရောက်နိုင်ပါတယ်။

မှတ်ချက်~~~~~~
အခန်း၅မှာ ဉာဏ်စမ်းလာနိုင်သဖြင့်
ဘာသာစကားအခက်အခဲ
အတွေးအခေါ်အခက်အခဲတွေကြောင့်
ကြည့်ချိန်ကုန်သလောက် အမှတ်မရမှာ
စိုးရိမ်ရပါတယ်။
အခန်းဖြတ်ခြင်းကို
အားမပေးလိုသော်လည်း
မိမိမှာ ထူးချွန်သူမဟုတ်ပါက
အပုဒ်စေ့ ၃၈ ပုဒ်လုံး
အချိန်မီဖြေရန် မဖြစ်နိုင်ပါ
ပိုင်တဲ့အခန်း ပိုင်ပိုင်နိုင်နိုင်အမှတ်
ရစေလိုပါတယ်။
Credit*
Dr.ဗိုလ်
Thanks.

G 5 လူမှုရေး
15/01/2024

G 5 လူမှုရေး

Address

25th Street , Between 90th & 91st Street
Mandalay

Website

Alerts

Be the first to know and let us send you an email when Shine Education Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category