13/07/2022
LCCI ဘာသာရပ်ဆိုတာဘာလဲ?
London Chamber of Commerce and Industry (လန်ဒန်ကုန်သည်ကြီးများအသင်းနှင့်စက်မှုလုပ်ငန်းရှင်များ)
LCCI ဘာသာရပ်ဟာ အာရှနိုင်ငံပေါင်း 24 နိုင်ငံတွင် ကိုယ်စားပြုပြီး စင်ကာပူ၊ မလေးရှားနှင့် ဟောင်ကောင်စသည့် နိုင်ငံများတွင် စျေးကွက်ဦးဆောင်သူဖြစ်တဲ့အတွက်ကြောင့် LCCI လတ်မှတ်ရှိရင် မြန်မာပြည်တွင်းမက ပြည်ပမှာပါအလုပ်အကိုင်အခွင့်အလမ်းတွေရရှိမှာဖြစ်ပါတယ်။
UK ကနေစာမေးပွဲစစ်ပေးတာဖြစ်လို့ လွယ်လွယ်ကူကူအောင်ဖို့မလွယ်ပေမယ့် အရမ်းလဲမခက်ပါဘူးနော်။ စာပုံမှန်လုပ်ဖို့ပဲလိုတာပါ။
ဘယ်လိုလူတွေလေ့လာသင့်တာလဲ?
မြန်မာပြည်မှာစီးပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။ လုပ်ငန်းတိုင်းစာရင်းနဲ့မကင်းပါဘူးပေါ့နော်။
နေ့စဥ်ဖြစ်ပျက်နေတဲ့အကြောင်းအရာအားလုံးကိုစာရင်းအနေနဲ့ပြောင်းလဲအသုံးချရတာဖြစ်လ်ို့ အလုပ်လုပ်မယ့်မည်သူမဆို တက်ရောက်သင့်ပါတယ်။
သင်တန်းမှာဘာတွေသင်မှာလဲ?
✨ LCCI ✨
Level 1 Bookkeeping နဲ့
Level 2 Bookkeeping & Accounting ဘာသာရပ်တို့ကိုသင်ကြားရမှာဖြစ်ပါတယ်။
ဘာတွေလေ့လာရမှာလဲ?💁
Level 1 Bookkeeping မှာဆိုရင်................
✔စာရင်းပညာရပ်ရဲ့အခြေခံသိမှတ်စရာများ
✔နှစ်ဘက်စာရင်းးသွင်းစနစ်အကြောင်း
✔စာရင်းကိုင်ခြင်းရဲ့အဓိကဖြစ်တဲ့ စာရင်းကိုင်ညီမျှခြင်း
✔လုပ်ငန်းမှာအသုံးပြုရမယ့် ဘောက်ချာများအကြောင်း
✔လုပ်ငန်းရဲ့အရေးကြီးဆုံးဖြစ်တဲ့ ၀င်ငွေထွက်ငွေ Statement ဆွဲခြင်း
✔ကုန်ကျစရိတ်များအတွက် အသေးသုံးငွေစာရင်းစာအုပ်အကြောင်း
✔ဘဏ်နှင့်လုပ်ငန်း၏ငွေစာရင်းကိုက်ညီရှင်းတမ်းဆွဲခြင်း
✔Ledger စာအုပ်များအကြောင်း
✔စာရင်းပညာမှာတည်ရှိနေတဲ့ Accounting Concept များအပါအ၀င်
✔စာရင်းရေးဆွဲရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဘဏ္ဍာရေးစာရင်းတမ်းများရေးဆွဲနည်းကိုလည်း သင်ကြားရမှာဖြစ်ပါတယ်။
Level 2 Bookkeeping & Accounting မှာဆိုရင်တော့.......
✔Level 1 မှာလေ့လာခဲ့ရတဲ့ အခြေခံများဖြင့်
☀️တစ်ဦးတည်းပိုင်လုပ်ငန်း
☀️အစုစပ်လုပ်ငန်း
☀️ကုမ္ပဏီလုပ်ငန်း များ
☀️ကုန်ထုတ်လုပ်ငန်း
☀️စီးပွားရေးလုပ်ငန်းမဟုတ်တဲ့ အဖွဲ့အစည်းများအတွက် Financial Statements (ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ) ဆွဲခြင်း
✔စာရင်းအမှားပြင်ဆင်ချက်များ
✔စာရင်းအင်းအချိုး
စသည့် များပြားလှတဲ့ပညာရပ်တွေကိုလေ့လာရမှာပါ။
💢ဒါတင်မကသေးပဲ Chapter တစ်ခုပြီးတိုင်း စာမေးပွဲလည်းစစ်ပေးဦးမှာပါ။
သင်တန်းဘယ်နေ့စမှာလဲ?
🌹July လအတွင်း တက်ရောက်နိုင်ပါပြီ။
အမရပူရမြို့တွင်း
နေ့လည် ၁နာရီ ကနေ ၃နာရီ အထိ
တပတ်ကို စာသင်ချိန် ၅ချိန် သင်ကြားရမှာပါ။
သင်တန်းကြေးကဘယ်လောက်လဲ။
သင်တန်းကြေးက ၁၂၀၀၀၀ ကျပ်ဖြစ်ပါတယ်။
♦️သင်တန်းကြေးကိုလည်းနှစ်ရစ်ခွဲပြီးလက်ခံပေးပါတယ်။♦️
📥📥သင်တန်းရဲ့ Page Messenger သို့မဟုတ် ဖုန်းဆက်၍လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
သင်တန်းလိပ်စာ
အမရပူရမြို့၊ စစ်ကိုင်း-မန္တလေးလမ်း၊ သိမ်ကြီးရပ်။