18/05/2026
ယာဉ်တစ်ခုခုနဲ့သွားကြမယ် (၃)
ဒီတခါတော့ ကုန်းလမ်း၊ ရေလမ်းမဟုတ်ဘဲ လေကြောင်းနဲ့ဆိုင်တဲ့ စကားလုံးတွေ လေ့လာကြရအောင်။
✈ mit dem Flugzeug fliegen
လေယာဥ်စီးသည်။
🚁 mit dem Hubschrauber fliegen
ရဟတ်ယာဥ်စီးသည်။
🇩🇪
နောက်တစ်ခုကတော့
အဂ်လိပ်ကနေ
မွေးစားထားတဲ့ မွေးစားစကားလုံး "Paragliding" ပါ။
ဒီစကားလုံးကိုကျ fliegen နဲ့မသုံးဘဲ machen သို့မဟုတ် gehen နဲ့တွဲသုံးရပါမယ်။ တကယ်လို့ ဂျာမန်စကားလုံးအနေနဲ့သုံးမယ်ဆို
mit dem Gleitschirm fliegen လို့ သုံးလို့ရပါတယ်။
🇩🇪
လေထဲမှာ ပျံဝဲတာချင်းတူပေမယ့် တချို့စကားလုံးတွေကျ fliegen နဲ့တွဲမသုံးရတာမျိုးတွေ ရှိတတ်ပါတယ်။
ဥပမာ လေထီးခုန်တာလိုမျိုးပေါ့။ ဂျာမန်လိုပြောရင်လည်း springen ခုန်သည် ဆိုတဲ့ ကြိယာနဲ့တွဲပြီး
Fallschirm springen လို့ သုံးရပါမယ်။
🇩🇪
နောက်တစ်ခု zipline စီးတာမျိုးကျ rutschen ဆိုတဲ့ကြိယာနဲ့သုံးရပါတယ်။
mit einem Seil rutschen လို့ ဂျာမန်လို သုံးပါတယ်။ der Seil ဆိုတာ ကြိုး
မူလအဓိပ္ပါယ် မြေပြိုသည်လို့ အဓိပ္ပါယ်ရတဲ့ rutschen ဆိုတဲ့ ကြိယာနဲ့တွဲသုံးပေးရပါတယ်။
ဆိုလိုတာကတော့
မြေပြိုကျသလို
ကြိုးတစ်ချောင်းနဲ့အတူ အောက်ကို ကျသွားတဲ့အနက်နဲ့ သုံးရတာပါ။
တကယ်လို့ အဂ်လိပ်မွေးစားစကားလုံးသုံးမယ်ဆိုရင်တော့ mit dem Flying Fox fahren လို့ သုံးရပါမယ်။
Zipline ကို Flying Fox နဲ့ပဲ အသုံးများကြပါတယ်။
🇩🇪
fahren ဆိုတဲ့ ကြိယာနဲ့ပဲ
လေသဘော်စီးသည် နဲ့ မီးပုံးပျံစီးသည်ကိုလည်း တွဲသုံးတတ်ပါတယ်။
ဥပမာ
mit dem Zeppelin fahren
mit dem Heißluftballon fahren
ဒီကြိယာတွေကို noun အနေနဲ့ သုံးမယ်ဆိုရင်
Flying-Fox-Fahrt
Zeppelin-Fahrt
Heißluftballonfahrt
ဆိုပြီး သုံးလို့ရပါတယ်။
ကဲ အခုဆိုရင်
ကုန်းလမ်း
ရေလမ်း
လေကြောင်းလမ်းတွေမှာသုံးတဲ့ ဝေါဟာရတွေလည်း လေ့လာခဲ့ပြီးပါပြီ။
ကုန်းလမ်း ရေလမ်းမှာ ယာဉ်တစ်ခုခုနဲ့သွားတယ်ဆိုရင် fahren ဆိုတဲ့ verb ကို
သုံးပေမယ့်
လေကြောင်းလမ်းမှာကတော့ အမြဲတမ်း fliegen မသုံးဘဲ စကားလုံးပေါ်မူတည်ပြီး တခြားသောကြိယာတွေနဲ့ တွဲသုံးတယ်ဆိုတာကိုတော့ မမေ့ကြနဲ့နော်။
🇩🇪