18/06/2026
နွေရာသီကနေ မိုးရာသီ ကူးပြောင်းတဲ့ကာလမှာ
ရာသီဥတုက ပူလိုက်၊ အေးလိုက် ဖြစ်တတ်လို့
ကလေးငယ်တွေ အလွယ်တကူ ဖျားနာတာ၊
အအေးမိတာနဲ့ ရာသီတုပ်ကွေးရောဂါတွေ
ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် Sweet Peas Montessori Preschool ကနေပြီး
ဖေဖေမေမေတို့အနေနဲ့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ် 🤗
🍎 အာဟာရပြည့်ဝတဲ့ အစားအစာများ ကျွေးပေးပါ
ကလေးတွေရဲ့ ကိုယ်ခံအားကောင်းစေဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာများကို နေ့စဉ် ထည့်သွင်းကျွေးပေးပါ။
🧼 တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ
လက်ဆေးတဲ့ အလေ့အကျင့်ကောင်းတွေကို ပြုလုပ်ပေးပြီး ကလေးတွေရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားပေးပါ။
🦟 ခြင်အန္တရာယ်ကို သတိထားပါ
မိုးရာသီမှာ ခြင်ပေါများလာနိုင်တဲ့အတွက် ခြင်ကိုက်ခြင်းမှ ကာကွယ်ပေးပြီး ရေမတင်အောင် ဂရုစိုက်ပေးပါ။
👕 ရာသီဥတုနဲ့ ကိုက်ညီအောင် ဝတ်ဆင်ပေးပါ
အေးမြစိုစွတ်တဲ့ ရာသီဥတုအပြောင်းအလဲကြောင့်
ကလေးတွေကို သင့်တော်တဲ့ အဝတ်အစားတွေ
ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့နော်။
ကလေးငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးဆုံးဖြစ်လို့
Sweet Peas Montessori Preschool ကလည်း
သားသားမီးမီးလေးတွေ ကျန်းမာပျော်ရွှင်စွာ သင်ယူကြီးပြင်းနိုင်ဖို့ အမြဲဂရုစိုက်လျက်ရှိပါတယ်ရှင်
Trial အတန်းတက် စာရင်းသွင်းရန် - https://forms.gle/7pWeCr3famakqh9N6
ကျောင်းအပ်နှံဖို့ပဲဖြစ်ဖြစ်၊ ကျောင်းဝင်းအတွင်း လာရောက်လေ့လာဖို့အတွက်ပဲဖြစ်ဖြစ် Messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။
🏫လမ်း 41A x 60A ထောင့်၊ မန္တလေးမြို့။
📞 09 40 18 111 22
🏫 - ၁၀၂၊ ၆၉(B) လမ်းထောင့်၊ မန္တလေးမြို့။
📞09 40 19 343 50
16/06/2026
ဇွန်လ (၇) ရက် နေ့မှာကျရောက်တဲ့
မီးမီးလေး Yoon Eaindray Oo@ Yoon Yoon ရဲ့
အသက် (၃)နှစ်ပြည့် မွေးနေ့လေးကို
June (၁၆) ရက်နေ့၊
𝐒𝐰𝐞𝐞𝐭 𝐏𝐞𝐚𝐬 𝐌𝐨𝐧𝐭𝐞𝐬𝐬𝐨𝐫𝐢 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 မှာ
ကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်ရှင် 🤗
🏫လမ်း 41A x 60A ထောင့်၊ မန္တလေးမြို့။
📞 09 40 18 111 22
🏫 - ၁၀၂၊ ၆၉(B) လမ်းထောင့်၊ မန္တလေးမြို့။
📞09 40 19 343 50rner of 41A & 60A, Mandalay.
14/06/2026
🧠 Whole Brain Training ဆိုတာ ဘာလဲ?
ကလေးငယ်တစ်ယောက် မွေးဖွားချိန်မှာ ဦးနှောက်ဆဲလ် (Neurons) သန်းပေါင်းများစွာ ပါလာပေမဲ့ တစ်ခုနဲ့တစ်ခု မချိတ်ဆက်ရသေးဘဲ သီးခြားစီ ရှိနေတတ်ပါတယ်။
Whole Brain Training ဆိုတာ ဒီလိုသီးခြားစီရှိနေတဲ့ အာရုံကြောဆဲလ်တွေကို တစ်ခုနဲ့တစ်ခု ခိုင်မာစွာ ချိတ်ဆက်မိသွားအောင် (Synaptic Connections ဖြစ်လာအောင်) စနစ်တကျ လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ ကလေးတွေ ဘက်စုံထူးချွန်ဖို့အတွက် ဦးနှောက် ဘယ်၊ ညာနှစ်ဖက်လုံး ညီတူညီမျှ မျှတစွာ ဖွံ့ဖြိုးဖို့ လိုအပ်လို့ပါပဲ။
💡 Whole Brain Training က ဦးနှောက်ကို ဘယ်လို ဖွံ့ဖြိုးစေတာလဲ?
ဒီလေ့ကျင့်ခန်းတွေက ဦးနှောက်နှစ်ဖက်စလုံးရဲ့ မတူညီတဲ့ စွမ်းရည်တွေကို တပြိုင်နက်တည်း တိုးတက်လာစေပါတယ် -
ဘယ်ဘက်ဦးနှောက် (Left Brain): အကျိုးအကြောင်း တွေးခေါ်မှု၊ ဘာသာစကား၊ သင်္ချာနဲ့ ဝေဖန်ပိုင်းခြားနိုင်မှု တွေကို အားကောင်းစေပါတယ်။
ညာဘက်ဦးနှောက် (Right Brain): ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း၊ အနုပညာ/ဂီတ၊ ပုံရိပ်မှတ်ဉာဏ်နဲ့ အသိစိတ်တွေကို မြှင့်တင်ပေးပါတယ်။
Sweet Peas Montessori Preschool 2 မှာဆိုရင် ကလေးငယ်တွေကို Montessori နည်းလမ်းတွေနဲ့ စနစ်တကျ ပြုစုပျိုးထောင်ပေးရုံတင်မကဘဲ... ဦးနှောက်ဆဲလ်လေးတွေ အကောင်းဆုံး ချိတ်ဆက်ပြီး ဉာဏ်ရည်ထက်မြက်လာစေဖို့ "Whole Brain Training Activities" အချိန်လေးကိုပါ သီးသန့် ထည့်သွင်းသင်ကြားပေးလျက် ရှိပါတယ်ရှင်။
🏫 - ၁၀၂၊ ၆၉(B) လမ်းထောင့်၊ မန္တလေးမြို့။
📞09 40 19 343 50
11/06/2026
ရင်သွေးငယ်လေးတွေအနေနဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့
ကိစ္စရပ်တွေမှာ ကိုယ်တိုင်လုပ်ကိုင်နိုင်တဲ့အခါ မျက်လုံးလေးတွေ
တောက်ပပြီး ပျော်ရွှင်နေတာကို မြင်ရတာ...
မိဘတိုင်းအတွက် အကြည်နူးရဆုံး အခိုက်အတန့်လေးပါပဲနော် 🥰
နေ့စဉ်ဘဝမှာတင်မကဘဲ အနာဂတ်မှာပါ အဖက်ဖက်က
တိုးတက်ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ဆိုရင်...
ကလေးငယ်တို့ရဲ့ ပင်ကိုယ်စူးစမ်းလိုစိတ်ကို ပျိုးထောင်ပေးပြီး၊
ဘဝတစ်ခုလုံးအတွက် အသုံးဝင်မယ့် စဉ်းစားတွေးခေါ်မှု
အားကောင်းစေဖို့ရည်ရွယ်ပြီး Sweet Peas မှာ
Montessori သင်ထောက်ကူတွေနဲ့အတူ ကမ္ဘာငယ်လေးတစ်ခုကို
ဖန်တီးပေးထားပါတယ်ရှင် 🎨🧩
ဒါ့အပြင် ကလေးတို့ရဲ့ ဦးနှောက်စွမ်းရည်ကို ဘက်စုံကနေ
မြှင့်တင်ပေးမယ့် Whole Brain Development Program ကိုလည်း
စနစ်တကျ ထည့်သွင်းပေးထားပါတယ်ရှင်။
ဒါက ကလေးငယ်တို့ရဲ့ စာသင်ယူနိုင်စွမ်း (Learning Capacity) တိုးတက်မြင့်မားလာအောင်
ဦးနှောက်ရဲ့ အခြေခံ Foundation ကို ခိုင်မာစွာ တည်ဆောက်ပေးတာဖြစ်သလို
ကြီးပြင်းလာတဲ့အခါမှာလည်း ဉာဏ်ရည်ထက်မြက်ပြီး
စိတ်နှလုံးနူးညံ့တဲ့သူ (IQ ရော EQ ပါ ပြည့်စုံသူ) ဖြစ်လာစေမှာပါ 🧠✨
ကိုယ့်ရဲ့ ရတနာလေးတွေလို တန်ဖိုးထားပြီး ဂရုစိုက်ပေးနေတဲ့
ပတ်ဝန်းကျင်တစ်ခုမှာ သားသားမီးမီးတို့ စိတ်အေးချမ်းသာစွာနဲ့
ကြီးပြင်းနိုင်ဖို့ Sweet Peas က မေတ္တာအပြည့်နဲ့ အမြဲအဆင်သင့် ရှိနေပါတယ်နော် 🤗🌱
ဒါကြောင့် ရင်သွေးငယ်လေးတွေရဲ့ ပထမဆုံးခြေလှမ်းကစလို့
လှပတဲ့ အနာဂတ်ခရီးစဉ်တစ်ခုလုံးကို Sweet Peas 2 နဲ့အတူ ယုံ
ကြည်စိတ်ချစွာ လက်တွဲစတင်လိုက်ရအောင်ရှင် ❤️
🏫 - ၁၀၂၊ ၆၉(B) လမ်းထောင့်၊ မန္တလေးမြို့။
📞09 40 19 343 50
11/06/2026
SweetPeas Montessori Preschool မှာ သားသားမီးမီးလေးတွေ Brain Training Activities များနဲ့ ပျော်ပျော်ရွှင်ရွှင်သင်ယူကြတဲ့ အခိုက်အတန့်များ
ကစားရင်းသင်ယူ ၊ သင်ယူရင်းကြီးထွားလာစေဖို့ အမြဲအားပေးလျက် ရှိပါတယ်
08/06/2026
"Whole Brain Training" ဆိုတာ သားသားမီးမီးတို့ရဲ့ ဘယ်ဘက်ဦးနှောက်နဲ့ ညာဘက်ဦးနှောက် နှစ်ခြမ်းလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးလာအောင် ကစားရင်း၊ လှုပ်ရှားရင်းနဲ့ စနစ်တကျ လေ့ကျင့်ပေးတဲ့ အဆင့်မြင့် Program
တစ်ခုဆိုတာ ဖေဖေမေမေတို့ သိပြီးသားဖြစ်မှာပါရှင် 🧠
ဒီတစ်ခေါက်မှာတော့ သားသားမီးမီးတို့အတွက် မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊
စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ တိုးတက်လာစေမယ့်
Whole Brain Training (Free Class) လေးကို
Sweet Peas Montessori Preschool ကနေ အခမဲ့
အနေနဲ့ အထူးဖွင့်လှစ်ပေးသွားဖို့ ရှိပါတယ်ရှင် 🎉🚀
ဒီအတန်းလေးမှာ သားသားမီးမီးတို့အနေနဲ့ —
🌱 ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရင်း သင်ယူခွင့်ရမယ်။
🌱 အာရုံစူးစိုက်နိုင်စွမ်းတွေ တိုးတက်လာမယ်။
🌱 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုပြီး ရှိလာစေမှာဖြစ်လို့ ရင်သွေးငယ်လေးတွေအတွက် တကယ့်ကို အကျိုးရှိမယ့် သင်ယူမှုအတွေ့အကြုံသစ်တစ်ခု ဖြစ်မှာသေချာပါတယ်နော် ✨🐝
ဒီတော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို
လက်တွေ့စမ်းသပ် နှိုးဆွပေးနိုင်မယ့်
အခွင့်အရေးလေးကို လက်လွှတ် မခံနဲ့နော် ✨
ရက်စွဲ - ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက် (ဗုဒ္ဓဟူးနေ့)
အချိန် - မနက် ၁၀:၀၀ နာရီ မှ ၁၂ နာရီ အထိ
အသက် - ၂ နှစ်မှ ၈ နှစ်အထိ
တည်နေရာ - Sweet Peas 2, 102 လမ်း၊
62(B) လမ်းထောင့်
သင်တန်းကြေး - လုံးဝ အခမဲ့ (FREE)
⚠️ မှတ်ချက်: ထိရောက်တဲ့ လေ့ကျင့်မှုဖြစ်စေဖို့အတွက် တက်ရောက်မယ့် လူဦးရေကို အကန့်အသတ်လေးနဲ့ပဲ လက်ခံပေးသွားမှာမို့ စိတ်ဝင်စားတဲ့
ဖေဖေမေမေတို့အနေနဲ့ Chat Box ကနေဖြစ်စေ၊
ဖုန်းဆက်ပြီးဖြစ်စေ အခုပဲ အမြန်ဆုံး
ကြိုတင်စာရင်းပေးသွင်းထားလိုက်ရအောင်နော် ✨
📞 09 40 19 343 50
04/06/2026
ဇွန်လ (၄) ရက် နေ့မှာကျရောက်တဲ့
သားသားလေး Thit Linn Htut@ Liam ရဲ့
အသက် (၅)နှစ်ပြည့် မွေးနေ့လေးကို
𝐒𝐰𝐞𝐞𝐭 𝐏𝐞𝐚𝐬 𝐌𝐨𝐧𝐭𝐞𝐬𝐬𝐨𝐫𝐢 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 မှာ
ကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်ရှင် 🤗
📞 - 09 40 18 111 22
🏫 - Corner of 41A & 60A, Mandalay.
29/05/2026
မေလ (၂၈) ရက် နေ့မှာကျရောက်တဲ့
သားသားလေး ဧဒင်ထက်ဦး@ Adin ရဲ့
အသက် (၃)နှစ်ပြည့် မွေးနေ့လေးကို မေလ (၂၉) ရက်နေ့
𝐒𝐰𝐞𝐞𝐭 𝐏𝐞𝐚𝐬 𝐌𝐨𝐧𝐭𝐞𝐬𝐬𝐨𝐫𝐢 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 မှာ ကျင်းပခဲ့တဲ့
ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်ရှင် 🤗
📞 - 09 40 18 111 22
🏫 - Corner of 41A & 60A, Mandalay.
25/05/2026
ကလေးငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ဘယ်အရွယ်ကစပြီး လေးစားပေးရမလဲ? 💭
တကယ်တော့… သားသားမီးမီးတို့ “ကိုယ်ပိုင်ရွေးချယ်မှု” စတင်တတ်လာတဲ့ အရွယ်ကတည်းက သူတို့လေးတွေရဲ့ သဘောထားကို အသိအမှတ်ပြုပေးလို့ ရပါတယ်ရှင် 👶🏻
“သမီး ဒီအင်္ကျီလေး ဝတ်ချင်တယ်”
“သား ဒီအရောင်ကို ပိုကြိုက်တယ်”
နေ့စဉ်ဘဝရဲ့ ဒီလိုအသေးစားလေးတွေမှာ
ရင်သွေးငယ်လေးတွေရဲ့ စိတ်ဆန္ဒကို နားထောင်ပေးခြင်းက ကလေးတို့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုနဲ့ ဆုံးဖြတ်ချက်
ချနိုင်စွမ်းကို မသိမသာလေး တည်ဆောက်ပေးရာ ရောက်ပါတယ်ရှင်✨🌱
ဖေဖေမေမေတို့အနေနဲ့ ကလေးကို လွတ်လပ်ခွင့်ပေးတယ်ဆိုရာမှာလည်း အကုန်လုံးကို လွှတ်ထားပေးရမှာမျိုး မဟုတ်ဘဲ သူတို့ရဲ့ အသက်အရွယ်လေးနဲ့ ကိုက်ညီမယ့် ရွေးချယ်ခွင့်လေးတွေကို ပံ့ပိုးပေးရုံပါပဲနော်။
ဥပမာလေးတစ်ခုအနေနဲ့ - "ဒီနေ့ ဘာဝတ်မလဲ" လို့ အကုန်လုံး ရွေးချယ်ခိုင်းမယ့်အစား၊ ဖေဖေမေမေတို့ စိတ်ကြိုက်ရွေးထားတဲ့ အင်္ကျီ (၂) ထည်ထဲကမှ "ဒီ (၂) ထည်ထဲက သားသား ၊ မီးမီးတို့ ဘယ်ဟာလေး ပိုဝတ်ချင်လဲ" ဆိုပြီး ရွေးချယ်ခွင့်ပေးတာမျိုးက ကလေးအတွက် ရွေးရတာလည်း လွယ်ကူစေပြီး ကိုယ့်ရွေးချယ်ခွင့်ကိုလည်း အလေးထားရာ ရောက်ပါတယ်ရှင် ✨👕
ဒီလို နွေးထွေးတဲ့ မိသားစုဝန်းကျင်လေးထဲမှာ ရွေးချယ်ခွင့်ရပြီး ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆုံးဖြတ်ချက်ချရဲတဲ့ အနာဂတ်လူတော်မောင်မယ်လေးတွေ ဖြစ်လာမှာပါရှင်။ 🥰🚀
Trial အတန်းတက် စာရင်းသွင်းရန် - https://forms.gle/7pWeCr3famakqh9N6
ကျောင်းအပ်နှံဖို့ပဲဖြစ်ဖြစ်၊ ကျောင်းဝင်းအတွင်း လာရောက်လေ့လာဖို့အတွက်ပဲဖြစ်ဖြစ် Messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။
🏫လမ်း 41A x 60A ထောင့်၊ မန္တလေးမြို့။
📞 09 40 18 111 22
🏫 - ၁၀၂၊ ၆၉(B) လမ်းထောင့်၊ မန္တလေးမြို့။
📞09 40 19 343 50
21/05/2026
"Whole Brain Training" — ဒီစကားလုံးလေးကို
ကြားဖူးကြမှာပါရှင်။ ဒါဟာ ကလေးငယ်တို့ရဲ့
ဦးနှောက် ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းကို ဟန်ချက်ညီညီ ပေါင်းစပ်လှုံ့ဆော်ပေးတဲ့
အဆင့်မြင့် သင်ကြားရေးစနစ်တစ်ခု ဖြစ်ပါတယ် 🧠✨
ကလေးတို့ရဲ့ ဦးနှောက်ဟာ "နူးညံ့ပြီး ပုံသွင်းရလွယ်တဲ့ ရွှံ့စေးလေး"နဲ့ တူတာမို့ ဒီ "Whole Brain Training" ကနေတစ်ဆင့်….
အတွေ့အကြုံအသစ်တွေ ရလာပြီး တစ်ခုခုကို
သင်ယူလိုက်တိုင်း သူတို့ရဲ့ ဦးနှောက်က ပုံစံသစ်လေးတွေ ပြန်လည်ဖွဲ့စည်းပြီး တိုးတက်လာပါတယ် 👶
ဒါတင်မကဘဲ ဦးနှောက်ရဲ့ မတူညီတဲ့
အစိတ်အပိုင်းတွေကို တစ်ပြိုင်နက် ချိတ်ဆက်
အလုပ်လုပ်စေတာကြောင့်….
ကလေးရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ဘက်ပေါင်းစုံကနေ
ထူးထူးခြားခြား မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး သင်ကြားရေးစနစ်လည်း ဖြစ်ပါတယ် ✅
Sweet Peas 2 မှာတော့ ဒီ Whole Brain Training
စနစ်ကို သုံးပြီး သားသားမီးမီးတို့ရဲ့ ပုန်းကွယ်နေတဲ့ ဦးနှောက်စွမ်းရည်တွေကို အပြည့်အဝ
ဖွံ့ဖြိုးတိုးတက်လာအောင် …
ကျောင်းချိန်ဇယားအတွင်းမှာ စနစ်တကျ
အချိန်သီးသန့် ထည့်သွင်းပြီး အနီးကပ်
လေ့ကျင့်ပေးနေတာဖြစ်ပါတယ် 🎨
ဒါကြောင့် Sweet Peas 2 မှာ သားသားမီးမီးတို့ဟာ ပျော်စရာကစားနည်းတွေနဲ့အတူ အဖက်ဖက်က ထူးချွန်တဲ့ကလေးတွေဖြစ်အောင် ကြီးပြင်းလာနိုင်မှာမို့ ဖေဖေမေမေတို့ စိတ်ချလက်ချ အပ်နှံနိုင်ပါပြီရှင် 🤗🌱
Trial အတန်းတက် စာရင်းသွင်းရန် - https://forms.gle/7pWeCr3famakqh9N6
ကျောင်းအပ်နှံဖို့ပဲဖြစ်ဖြစ်၊ ကျောင်းဝင်းအတွင်း လာရောက်လေ့လာဖို့အတွက်ပဲဖြစ်ဖြစ် Messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။
🏫လမ်း 41A x 60A ထောင့်၊ မန္တလေးမြို့။
📞 09 40 18 111 22
🏫 - ၁၀၂၊ ၆၉(B) လမ်းထောင့်၊ မန္တလေးမြို့။
📞09 40 19 343 50