Phyo's audio book

Phyo's audio book

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo's audio book, Education, Mandalay.

25/06/2025

ရေပြာအိုင်ရွာကမြွေနိုင်သူအကြောင်း စိတ်ဝင်စားဖွယ် နားဆင်နိုင်ပါပြီရှင်

ဆရာမ မဝင်းမြင့်ရဲ့ကိုယ်တွေ့အဖြစ်အပျက်တွေ၊

မြန်မာနိုင်ငံအနှံ့အပြားကဖြစ်ရပ်မှန်အကြောင်းအရာတွေကို

ဖွဲ့စည်းပြီးဇာတ်လမ်းသဖွယ်ရေးသားထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းများစွာထဲမှတစ်ပုဒ်ဖြစ်တဲ့

ရေပြာအိုင်မှမြွေနိုင်သူ အကြောင်းလေးကိုဖတ်ပြထားပါတယ်ရှင်

အားပေးနားဆင်ကြပါအုံးနော်

စာအုပ်အမည်-ရေပြာအိုင်မှဇာတ်လမ်းများ

စာရေးသူ-မဝင်းမြင့်

https://youtu.be/VugwRH1QW4c?si=JO4Kg1heFr9M64Lh

https://youtu.be/hQ2OJLfF7Qo?si=aegPydAF07DdbvIl

22/06/2025

ဆရာမ မဝင်းမြင့်ရဲ့ကိုယ်တွေ့အဖြစ်အပျက်တွေ၊

မြန်မာနိုင်ငံအနှံ့အပြားကဖြစ်ရပ်မှန်အကြောင်းအရာတွေကို

ဖွဲ့စည်းပြီးဇာတ်လမ်းသဖွယ်ရေးသားထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းများစွာထဲမှတစ်ပုဒ်ဖြစ်တဲ့

ရေပြာအိုင်မှသူတော်စင်အကြောင်းလေးကိုဖတ်ပြထားပါတယ်ရှင်

အားပေးနားဆင်ကြပါအုံးနော်

စာအုပ်အမည်-ရေပြာအိုင်မှဇာတ်လမ်းများ

စာရေးသူ-မဝင်းမြင့်

https://youtu.be/VugwRH1QW4c?si=JO4Kg1heFr9M64Lh

21/06/2025

ဝတ္ထုအမည်-အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ

စာရေးသူ-နွမ်ဂျာသိုင်း

ဆရာနွမ်ဂျာသိုင်းရဲ့ပထမဆုံးသောဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်

ရင်ထဲနင့်နေအောင်ခံစားရတဲ့ဇာတ်လမ်းတစ်ပုဒ်

"နာတာရှည်ရောဂါကိုဆေးမြီးတိုနဲ့မကုပါနဲ့"တဲ့

ထွန်းနိုင်တစ်ယောက် နာတာရှည်ရောဂါကိုဆေးမြီးတိုနဲ့ကုဖို့ကြိုးစားသောအခါ......

မြလေးရဲ့လုပ်ရက်ဟာ မတော်တဆလား တမင်တကာလား.....

စာဖတ်သူအတွက် ဝေခွဲမရတဲ့တွေးစရာတစ်ခုဖြစ်ပေါ်စေပါတယ်...

မြလေး၊ထွန်းနိုင်နဲ့နိုဝင်ဘာတို့ ဘာတွေဖြစ်ကြမလဲ ဘယ်သူနဲ့ပေါင်းဖက်ရမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာခံစားနားဆင်ကြည့်ပါအုံးရှင်

https://youtu.be/vZvcm0-qGhc?si=nGAiEQdyKjh_l-Fm

15/06/2025

မန္တလေးမြို့ဟာ မန္တလေးရယ်လို့ မင်းတုန်းမင်းမတည်ထောင်ခင်ကထဲက လူတွေနေထိုင်ခဲ့ပြီးသားလား

ဒါမှမဟုတ် လူသူမရှိတဲ့နေရာလွတ်ကြီးမှာ နန်းတည်ခဲ့တာလား

မန္တလေးမတိုင်ခင်က မန္တလေးဒေသဟာဘယ်လိုမျိုးလဲ

ဘာကြောင့်အမရပူရကို တောင်မြို့လို့ခေါ်ကြတာလဲဆိုတာ လေ့လာမှတ်သားနိုင်ဖို့

အမေလူထုဒေါ်အမာရဲ့ဆောင်းပါးလေးကိုနားဆင်ကြည့်ကြပါအုံးရှင်

စာရေးသူ-လူထုဒေါ်အမာ

ဆောင်းပါးအမည်-မန္တလေးမတိုင်ခင်ကမန္တလေး

တင်ဆက်သူ-ဖြိုး

https://youtu.be/nJ1mx58qs4w?si=kmHBa4DbxnK6Doc-

23/03/2025

မကြာမီ သင်္ကြန်ကျရောက်တော့မယ်ဆိုတော့

အမေပြောပြတဲ့ ဟိုးးအရင်က သင်္ကြန်ယဥ်ကျေးမှုလေးတွေနဲ့

ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့ သင်္ကြန်ကျင်းပပုံတွေကို နားထောင်ရင်း

သင်္ကြန်ကိုလွမ်းမောလိုက်ကြရအောင်နော်🍂

မန္တလေးသင်္ကြန် ၁၊၂၊၃။

https://youtu.be/JODLwkWwaOQ?si=ZClbicyZCsz6fuc0

22/03/2025

ဆရာမင်းလူရဲ့ ရယ်မောခြင်းပေါင်းချုပ်စာအုပ်

'ဋ'ရပ်ကွက်မှာနေထိုင်ကြတဲ့ လူအမျိုးမျိုး စရိုက်အထွေထွေကို ရယ်စရာမောစရာလေးတွေနဲ့ ရောပြွန်းလို့ရေးသားထားတယ်

ဆရာမင်းလူရဲ့တစိမ့်စိမ့်တွေးပြီး တသိမ့်သိမ့်ရယ်ရတဲ့ 'ဋ'ရပ်ကွက်က ချစ်စရာ့ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ စရိုက်သဘာဝအလွဲလေးတွေနားထောင်ပြီး ဘဝအမောတွေပြေပျောက်ကြပါစေရှင်🤍

ခေါင်းစဥ်-ပျော်မဆုံးမော်မဆုံးဘောလုံးကစားကြသည်

https://youtu.be/2A7gjpEgSoc?si=Kxy0-J4yR_V_OdeC

21/03/2025

အမေလူထုဒေါ်အမာရဲ့ ရွှေစာရံဆောင်းပါးလေးဖတ်ပြထားပါတယ်ရှင် အ​ပြည့်အစုံကို youtube channelလေးမှာ နားဆင်အားပေးကြပါအုံးနော်

https://youtu.be/5AUUNhL57qw?si=txK0YJ1oqq1gC0m9

21/11/2021

ဆရာမခေတ်ဘုန်းသစ်ရဲ့ဆောင်းပါးတစ်ပုဒ်ထဲက "စည်းကမ်း"နဲ့ပတ်သက်တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီး ကျွန်တော့်မိဘရဲ့ပြုစုပျိုးထောင်ပုံကို ပြန်မျှဝေပေးချင်ပါတယ်။

ကျွန်တော့်မိဘများဟာ တစ်ဦးတည်းသောကလေးဆိုပြီး ပူဆာသမျှ လိုချင်သမျှအကုန်ဖြည့်ဆည်းပေးခဲ့တဲ့ လိုတရမိဘများမဟုတ်ခဲ့ပါဘူး။

သူတို့မလုပ်ပေးဘူးလို့ပြောထားတဲ့အရာကို ကျွန်တော်ဘယ်လောက်ပဲ ဂျီကျကာ တောင်းဆိုပါစေမလုပ်ပေးပါဘူး။သူတို့ လုပ်ပေးမယ်လို့ကတိပေးထားတဲ့အရာကိုတော့ ဖြစ်အောင်လုပ်ပေးပါတယ်။အဲ...မဖြစ်နိုင်ဘူးထင်တဲ့အရာကိုလဲ လွယ်လွယ်ကူကူကတိမပေးတတ်ကြပါဘူး။

မှတ်မှတ်ရရ ပွဲဈေးတစ်ခုကိုလျှောက်လည်ကြတုန်းက
အဖေနဲ့အမေမှာ ပိုက်ဆံအဆင်မပြေသေးလို့ အရုပ်တွေမဝယ်ပေးဘူးနော်ဆိုတဲ့စကားနဲ့ ပွဲဈေးကို ခေါ်သွားကြတာပါ။ပွဲဈေးရောက်တော့ အရွယ်တူအဖော်လေးတွေက အရုပ်တွေကိုင်ဆော့နေတာမြင်တော့ လိုချင်တာပေါ့။

ဘယ်လောက်ပဲ လူကြားမှာဂျီကျနေပါစေ လုံးဝမဝယ်ပေးပါဘူး။အဲ့နောက်ပိုင်း ကျွန်တော်က သိပ်ပြီးမပူဆာတော့ဘူးလို့ပြောကြတယ်။

ပြီးတော့ အဖေနဲ့အမေက ကျွန်တော့်ရှေ့မှာ ဘယ်တော့မှအကြွေးဝယ်မပြပါဘူး။ပိုက်ဆံချေးငှားခြင်း မပြုလုပ်ပါဘူး။

မုန့်ဆိုင်သွားလို့ မုန့်စားချင်တယ်ပူဆာရင် ပိုက်ဆံပိုရင် ဝယ်ကျွေးပါတယ်။ပိုက်ဆံမပိုရင် ဘယ်လောက်ပဲ ငိုယိုပြပါစေ ဝယ်မကျွေးပါဘူး။ဆိုင်ရှင်က ယူသွားပါ မှတ်ထားလိုက်မယ်ဆိုလျှင်တောင်မှ ဝယ်မကျွေးပါ။
အိမ်ပြန် ပိုက်ဆံယူပြီးမှ ဝယ်စားစေပါတယ်။

ဘာကြောင့်လဲဆိုရင် "အကြွေးယူတတ်တဲ့အကျင့်ဖြစ်သွားမှာစိုးရိမ်လို့ပါ"တဲ့

ဆိုင်ကိုဈေးလာဝယ်တဲ့မိဘအများစုက ကလေးက ပူဆာပြီးငိုယိုနေတာမြင်တဲ့အခါ မိဘဆိုတဲ့စိတ်နဲ့ကလေးကိုသနားပြီး အကြွေးမှတ်ထားခိုင်းကာ ဝယ်ကျွေးတတ်ကြပါတယ်။

ဒါဆို ကလေးစိတ်ထဲမှာ ပိုက်ဆံမပါလဲ ဝယ်စားလို့ရတယ်။နောက်မှပေးလဲဖြစ်တယ်ဆိုတဲ့ အတွေးဝင်သွားပါလိမ့်မယ်။

ဆရာမရဲ့ဆောင်းပါးထဲမှာ "မိဘဟာ ရှေ့စကား နောက်စကားညီဖို့လိုပါတယ်"တဲ့

မိဘက ရှေ့စကား နောက်စကားမညီတဲ့အခါ ကလေးကလဲ မိဘရဲ့စကားကိုအလေးမထားတော့ပါဘူး။

အရုပ်မဝယ်ပေးဘူးနော်လို့ပြောထားပြီး ကလေးက ဂျီကျနေလို့ဝယ်ပေးလိုက်ရတယ်ဆိုရင် ဒီကလေးဟာ
"ငါ့အဖေအမေတို့က ပြောတုန်းခနပါ နဲနဲလေးဂျီကျ ငိုပြလိုက်ရင် ရတာပဲ"ဆိုတဲ့အတွေးဝင်သွားမှာပါ။

ဒီလိုတွေ ကြိမ်ဖန်များစွာဖြစ်လာရင် မိဘစကားကို အလေးမထားတဲ့စိတ်တွေဝင်သွားပါလိမ့်မယ်။ဒီစိတ်တွေဟာအမြစ်တွယ်သွားရင် ဖြတ်ရခက်ပါလိမ့်မယ်။

ဒါကြောင့်မိဘများအနေနဲ့ ကလေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းကို ကိုယ်ကိုယ်တိုင်လဲလိုက်နာသင့်ပါတယ်။
ကိုယ်ချမှတ်တဲ့စည်းကမ်း ကိုယ်တိုင်ကမှ ဖောက်ဖျက်ရင် ကလေးကိုလဲလိုက်နာဖို့မမျှော်လင့်ပါနဲ့။ကိုယ်တိုင်က စကားမတည်ပဲ ကလေးကျမှ မလိုက်နာရကောင်းလားဆိုပြီး စိတ်တိုဖို့လဲမကြိုးစားပါနဲ့

မိဘစကားအလေးထားပြီး စည်းကမ်းရှိတဲ့ကလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ🙏

Tr.Phyo

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay