Ray Aoe Sin Library - RAS

Ray Aoe Sin Library - RAS

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ray Aoe Sin Library - RAS, Education, Mandalay.

23/04/2026

📚ယနေ့မှာကျရောက်လာတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ “ကမ္ဘာ့စာအုပ်နေ့” (World Book Day) ကို RAS မှလည်း စာအုပ်စာပေများမှ ရရှိခဲ့တဲ့ အသိပညာဗဟုသုတများနဲ့အတူ ဆင်နွှဲ ဂုဏ်ပြုအပ်လိုက်ရပါတယ်ရှင့်။🎊

ဧပြီလ ၂၃ရက်နေ့ကို UNESCO မှ ကမ္ဘာ့တဝှမ်းမှာ ရှိတဲ့ လူငယ်တွေအတွက်
☘️ စာအုပ်စာပေရဲ့ အနှစ်အရသာ ၊
☘️စာရေးဆရာများရဲ့ စိတ်ကူးစိတ်သန်း နဲ့ မူပိုင်ခွင့် တို့ကို လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြီး World Book Day ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။✨

ကမ္ဘာကျော်စာရေးဆရာကြီး တွေဖြစ်တဲ့
🌀 William Shakespeare
🌀 Miguel de Cervantes
🌀 Inca Garcilaso de la Vega
အစရှိတဲ့ နာမည်ကျော် စာရေးဆရာကြီး ၃ဦး တို့ဟာ ၁၆၁၆ခုနှစ် ၊ ဧပြီလ ၊ ၂၃ ရက်နေ့မှာဘဲ တိုက်ဆိုက်စွာဖြင့် ဆုံးပါးခဲ့ခြင်း အပေါ်မူတည်ပြီး ထိုဆန်းကြယ်လှတဲ့ ဧပြီ ၂၃ရက် ကို “ကမ္ဘာ့စာအုပ်နေ့” အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။💐

ဒီနေ့လိုမျိုး ကမ္ဘာတဝှမ်းက ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စာအုပ်များနေ့ ကို RAS မှလည်း လူငယ်များ နှင့် သားသားမီးမီးများကို ယခုလို အမှတ်စရာနေ့ကို မှတ်မိစေရန် ၊ စာအုပ်စာပေ နှင့် စာရေးဆရာများ ကို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်ပြီး “ကမ္ဘာ့စာအုပ်များနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့် မှတ်သားဖွယ် သမိုင်းဝင်အချက်များ” ကို စုစည်း မျှဝေပေးလိုက်ပါတယ်ရှင်။🤎

#ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 23/02/2026

"ရွံ့တုံးတစ်တုံး စိတ်ကူးတစ်ခု 💭"

ရေအိုးစင်စာကြည့်တိုက်မှာ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ပုံဖော်နိုင်ဖို့ နဲ့ စိတ်ပျော်ရွှင်မှု ရရှိစေဖို့အတွက် "ရွံ့မြေကြီး နဲ့ အရုပ်လေးတွေ စိတ်ကြိုက်ပုံဖော်ခြင်း" အစီအစဥ်ကို 11.1.2026 မှာ ပြုလုပ်ခဲ့ကြပါတယ်။ 🧱

ရွံ့ကလေးတွေကို နယ်လိုက် ၊ ဆော့လိုက် ၊ ပုံဖော်လိုက် နဲ့ ကလေးလေးတွေရဲ့ လက်ကလေးတွေဟာ ရွံ့မြေကြောင့် ပေပွသွားခဲ့ပေမဲ့ ကမ္ဘာကြီး ကို ပိုမိုထိတွေ့နိုင်ခဲ့ကြပါသေးတယ်။🐾

အခုလို သဘာဝတရားကြီးနဲ့ ထိတွေ့ရင်း ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြင်တွေ့ခွင့်ရတာ တကယ်ကိုကြည်နူးဝမ်းသာစရာပါဘဲ။🤎

#ရေအိုးစင်စာကြည့်တိုက်

19/02/2026

🔮ဒီကနေ့မှာတော့ ကျွန်မတို့ ရေအိုးစင်စာကြည့်တိုက်က ကလေးငယ်တွေအတွက် အဖိုးတန် စာအုပ်များကို "အကြည်ရေခဲစက်မိသားစု" မှ လာရောက်လှူဒါန်းသွားပါတယ်။✨

ယခုလိုလာရာက် လှူဒါန်းပေးတာကြောင့် ရေအိုးစင်စာကြည့်တိုက်မှ အလွန်ကို ဝမ်းသာပျော်ရွှင်မိပါတယ်။💖

အကြည်ရေခဲစက် မိသားစု ကိုလည်း နေ့ရက်တိုင်းကိုလည်း စိတ်ကြည်လင်လန်းဆန်းမှု အပြည့်ဖြင့် ဖြတ်သန်းနိုင်ပါစေ လို့လည်း RAS မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။😍❤️

---------------------------------------------------

🔮 Today, precious books for children were kindly donated to Ray Aoe Sin Library by the "အကြည်ရေခဲစက် မိသားစု". These books will help children learn and explore about new things. ✨

We are truly happy and deeply thankful for this kind donation.💖

RAS sincerely wishes "A Kyi Yay Khae Set Family" happiness, good health, and success in every day ahead.😍❤️

#ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 17/02/2026

စာအုပ်ထဲမှာပဲ ရှိတယ်လို့ ထင်ခဲ့တဲ့ "အစိမ်းရောင်ခေါင်းဆောင်" လေးတွေကို အခု ရေအိုးစင်စာကြည့်တိုက်မှာ လက်တွေ့ မြင်တွေ့နေရပါပြီ။ ✨

🐞 ဒီတစ်ပတ် ရေအိုးစင်စာကြည့်တိုက် ကနေ မိတ်ဆက်ပေးချင်တာကတော့ 4.1.2026 ကဖတ်ဖြစ်ခဲ့ကြတဲ့ စာရေးဆရာ မင်းကိုနိုင် ရေးသားသရုပ်ဖော်ထားတဲ့ "အစိမ်းရောင်ခေါင်းဆောင် (Green Leader)" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေးထဲမှာ ဘာတွေရှိမလဲ❓

🌻 ဇာတ်လိုက်ကျော် ပုပု ကတော့ ကျောင်းစာမှာ ထိပ်တန်းကမဟုတ်သလို၊ အားကစားမှာလည်း ပေါ်လွင်တဲ့ကလေး မဟုတ်ပါဘူး။ ဒါပေမဲ့ သစ်ပင်စိုက်တာ၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတာနဲ့ စည်းရုံးလှုံ့ဆော်တဲ့နေရာမှာတော့ ပုပုဟာ တကယ့်ကို သူရဲကောင်းတစ်ယောက်လိုပါ။ ပုပုတို့ သူငယ်ချင်းတသိုက် က ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြတဲ့အတွက်ကြောင့် သူတို့ရဲ့ ကျောင်းလေးဟာ သာမန်ကျောင်းတစ်ခုထက်ပိုပြီး "အစိမ်းရောင်ပုံရိပ်" လေးတစ်ခုလို အေးချမ်းသာယာ လာခဲ့ပါတယ်။

🍀 ပုပုလို "အစိမ်းရောင်ခေါင်းဆောင်" လေးတွေကြောင့် သူတို့ရဲ့ကျောင်းလေးဟာ ဘယ်လောက်တောင် စိမ်းလန်းစိုပြေပြီး သာယာနေမလဲဆိုတာ ကိုရေးဖွဲ့နွဲ့ပြီး တည်ဆောက်ထားတဲ့ စာအုပ်လေးဘဲဖြစ်ပါတယ်။🍀

🪴 စာအုပ်ထဲက ပုပုလိုမျိုး ရေအိုးစင်စာကြည့်တိုက်က ကလေးတွေဟာလည်း လက်တွေ့ "အစိမ်းရောင်လှုပ်ရှားမှု" တွေမှာ ပါဝင်နေကြတာ တကယ့်ကို ချီးကျူးစရာဘဲဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ စုပေါင်းပြီး ဖန်တီးထားတဲ့ လိပ်ပြာပုံ Collage လေးကို စာအုပ်ထဲကအတိုင်း "ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်" နဲ့ လက်တွေ့အကောင်ထည်ဖော်ပြီး ပျော်ပျော်ပါးပါး သင်ယူခဲ့ကြပါတယ်။

🌿 ဒါကြောင့်မို့ ကလေးတစ်ယောက်ဟာ သင်္ချာမတော်တာ၊ စာမလိုက်နိုင်တာဟာ သူညံ့နေလို့ မဟုတ်ပါဘူး။ "Every child is special" ဆိုတဲ့အတိုင်း ကလေးတိုင်းဟာထူးခြားပြီး မတူကွဲပြားတဲ့အရည်သွေးကိုယ်စီရှိကြတယ် ဆိုတာကို ဒီစာအုပ်လေးကနေတဆင့် ကလေးများရဲ့ ဝါသနာနဲ့ ထူးချွန်မှုကို လေးစားတန်ဖိုးထားပေးကြဖို့ဘဲဖြစ်ပါတယ်။😍

#ရေအိုးစင်စာကြည့်တိုက်

07/02/2026

စာအုပ်လေးတွေ ရရှိတဲ့အပေါ်တကယ်ကို ဝမ်းသာပျော်ရွှင်မိပါတယ်။ 🫶

ကလေးတွေအတွက် ရည်ရွယ်ပြီး RASကို ယုံယုံကြည်ကြည် နဲ့ လာရောက်လှူဒါန်းပေးတဲ့ အစ်မမြတ်ကို တကယ်ကျေးဇူးတင်ပါတယ်။ 🤎🤎

သာယာချမ်းမြေ့ ပြီး ပျော်ရွှင်တဲ့ နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေလို့လည်း ရေအိုးစင်အဖွဲ့သားများမှ ဆုတောင်းပေးပါတယ်ရှင်။ 🌿

အကယ်၍ စာအုပ်လှူဒါန်းခြင်းများပြုလုပ်ချင်ပါက ရေအိုးစင် page messenger ကိုဆက်သွယ်နိုင်ပါတယ်။ 🤗❤️
————
We are truly grateful to have received these books. 🫶

We would also like to sincerely thanks Ama Myat for trusting RAS and generously donating them with children in mind. 🤎🤎

Your kindness will help us continue creating a safe and joyful learning space for children. 🌿

You can contact RAS page messenger for donation as well!🤗❤️

#ရေအိုးစင်စာကြည့်တိုက်

03/02/2026

"ကုသိုလ်လည်းယူ စာအုပ်လည်းလှူ" 📣📣

RAS သည် ကလေးများအတွက် ပျော်ရွှင်စရာ နဲ့ ဗဟုသုတ တွေပြည့်နှက်နေတဲ့ ရပ်ဝန်းစုလေးတစ်ခုဖြစ်ပါတယ်။🫶🌾 ကလေးများတွင် စာဖတ်မှု အလေ့အကျင့်ကောင်း တစ်ခု ဖြစ်ပေါ်လာစေရန် အတွက် အဓိက ရည်ရွယ်လျက်ရှိပါတယ်။ 🤎

အကယ်၍ သင်တို့ဆီမှာရှိနေတဲ့ တချို့စာအုပ်တွေက “တာထွက်ဖို့ စောင့်ဆိုင်းနေတဲ့ ခရီးတစ်ခု” ဖြစ်နေခဲ့ရင် RAS မှာ လှူဒါန်း ဒါနပြုလို့ရပါတယ်။🥳🥳 ဒါကလည်း ကလေးတွေအတွက် လစ်လပ်နေတဲ့ ကွက်လပ်တစ်ခုကို တဖက်တလှမ်း ကနေ ဖြည့်ဆည်းပေးနိုင်မှာဘဲဖြစ်ပြီး ဝမ်းသာပီတိကို မျှဝေခံစားနိုင်မှာဖြစ်ပါတယ်။🥰

လှူဒါန်းချင်ရင်တော့ ရေးအိုးစင် page messenger ကိုဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်ရှင့်🥜

#ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 23/01/2026

ကျွန်မတို့ ရေအိုးစင် စာကြည့်တိုက်မှာ အပတ်စဥ် တနင်္ဂနွေနေ့တိုင်းတွင် ကလေးငယ်များအတွက် စိတ်ဝင်စားဖွယ် activitiesများ ပြုလုပ်ပေးလျှက်ရှိပါတယ်။ 🧡🌻

၂၈.၁၂.၂၀၂၅ တနင်္ဂနွေနေ့ မှာ ပြုလုပ်ပေးခဲ့တာကတော့ “စာအိတ်ကလေး လေးအိတ်” ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြခဲ့ပြီး ကလေးတွေနဲ့အတူ အုပ်စုဖွဲ့ဆွေးနွေးခြင်း နှင့် ကလေးတစ်ဦးချင်းစီရဲ့ အတွေးအမြင်တွေကို မျှဝေပေးစေခြင်း စသည်တို့ကိုပြုလုပ်ခဲ့ပါတယ်။🥳 💌

🌿“စာအိတ်ကလေး လေးအိတ်” ဆိုတဲ့ စာအုပ်ဟာဆိုရင် နတ်သမီးလေး ဖွက်ထားသော စာအိတ်လေးအိတ်ကို တိရစ္ဆာန်အကောင်ငယ် လေးကောင်က ရှာဖွေကြရပါတယ်။ စာအိတ်လေးများ ရှာဖွေတွေ့ရှိတဲ့အခါ တိရစ္ဆာန်အကောင်ငယ်လေးတို့ဟာ ကလေးသူငယ်များရသင့်ရထိုက်တဲ့ အခွင့်အရေးများကို သိရှိခဲ့ကြပြီး လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ခဲ့ကြပါတယ်။🌿

ထိုနည်း၎င်း ကျွန်မတို့ RAS ကလည်း စာအိတ်လေးအိတ် ပြုလုပ်ပြီး ကလေးငယ်များနှင့်အတူ ရှာဖွေတိုင်း ကစားခဲ့ကြပါသေးတယ်။ စာတွေ့တင်မက လက်တွေ့မှာပါ အသုံးချပြုလုပ်ခဲ့ကြတာမို့ ကလေးငယ်များနဲ့အတူ သင်ယူလေ့လာခဲ့ကြသလို ပျော်ရွှင်စရာကောင်းတဲ့ တနင်္ဂနွေနေ့လေး တစ်နေ့ဖြစ်ခဲ့ပါတယ်ရှင့်။😊🌟

🔴 စာအိတ်လေးလေးအိတ် ရေးသားသူကိုလည်း လေးစားစွာဖြင့် credit ပေးပါတယ်ရှင့်

#ရေအိုးစင်စာကြည့်တိုက်

22/01/2026

နွေးထွေးတဲ့ကူညီမျှဝေမှုလေးအတွက် ECD အဖွဲ့သားများကို ကျေးဇူးတင်ရှိပါတယ်ရှင့် 🤎🌾

#ရေအိုးစင်စာကြည့်တိုက်

မန္တလေးမြို့မှာ Wicking Bed စိုက်ပျိုးနည်းစနစ် နဲ့ ပြုလုပ်ထားတဲ့ သဘာဝစိုက်ပျိုးခြံ မှာ ဖွင့်လှစ်ထားတဲ့ Free Library လေး အကြောင်းကို ECDအဖွဲ့မှ ပြောပြပေးချင်ပါတယ်။🌻

📌ရေအိုးစင် စာကြည့်တိုက် - RAS ဟာဆိုရင် ကလေးလေးတွေရဲ့ စာဖတ်လိုစိတ်ကိုမြှင့်တင် ပေးပြီး သဘာဝ နဲ့လည်း ထိတွေ့ခွင့်ရရှိမယ့် နေရာလေးဘဲဖြစ်ပါတယ်။

🐞အပတ်စဥ် စနေ နဲ့ တနင်္ဂနွေ နေ့များမှာ ဖွင့်လှစ်ထားတာမို့ အစိမ်းရောင်လွှမ်းခြုံထားတဲ့ စိုက်ပျိုးခြံမှာ အသိပညာကို အခမဲ့ သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ environmental awareness နဲ့သက်ဆိုင်တဲ့ activities များအပြင် ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း နဲ့ ပေါင်းသင်းဆက်ဆံ‌ေရးကို တိုးတက်စေပြီး၊ screentime လျှော့ကျစေမယ့် စိတ်ဝင်စားစရာ activities များကို အပတ်စဉ်ပြုလုပ်နေသော စာကြည့်တိုက်လေးဖြစ်ပါတယ်။ 🐞

🌿အချက်အလက်အသေးစိတ်ကို အောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခဗျာ။

https://m.facebook.com/story.php?story_fbid=849987464603840&id=100087777833101&mibextid=Nif5oz

Photos from Ray Aoe Sin Library - RAS's post 13/01/2026

မင်္ဂလာပါရှင်👋

ရေအိုးစင် စာကြည့်တိုက်နဲ့ မိတ်ဆက်ပေးပါရစေ⁉️

ကျွန်မတို့ရဲ့ ရေအိုးစင်စာကြည့်တိုက်ကတော့ အခုလို အကြပ်တည်းပေါင်းများစွာထဲမှာမှ ပညာရေးအတွက်ခက်ခဲရုန်းကန်နေရတဲ့ ကလေးငယ်များအတွက် လေ့လာလိုစိတ်အားကောင်းစေရန်ရည်ရွယ်ပြီး အခမဲ့ စာကြည့်တိုက်ယဉ်‌ကျေးမှု နှင့် အခမဲ့ပညာရေး သင်ကြားပို့ချမှုများကို အဓိကထားလုပ်ဆောင်လျှက်ရှိပါတယ်။ 💌

ကလေးငယ်တွေအတွက် လိုအပ်တဲ့ စာပေထိတွေ့မှုများ၊ လူမှုဆက်ဆံရေးများ နှင့် စိတ်ပျော်ရွှင်မှုများကို ပုံပြင်ပြောခြင်းအလေ့အထ ( storytelling) မှတစ်ဆင့်ပုံဖော်‌သင်ကြားလျှက်ရှိသလို သဘာဝပတ်ဝန်းကျင်ရဲ့ တန်ဖိုးများကို သိရှိနားလည်စေရန်အတွက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သပ်နဲ့ activities များလည်း လုပ်ဆောင်ပေးလျှက်လည်းရှိပါတယ်။

🌿ရေအိုးစင်စာကြည့်တိုက်ဟာ စိမ်းလန်းစိုပြေပြီး စိတ်ကြည်လင်မှုပြည့်ဝတဲ့ အော်ဂန်းနစ်ပန်းခြံထဲမှာ တည်ရှိပြီး၊ စာဖတ်သူကလေးလေးတွေအတွက် သင်ယူလေ့လာတဲ့အခါမှာလည်း သာယာချမ်းမြေ့မှု ရရှိစေမှာဘဲဖြစ်ပါတယ်။🌿

နောက်ထပ်ကတော့ ငွေကြေး၊ လူမျိုးသာဘာ၊ gender များ အပေါ်‌ မူတည်ထားခြင်းမရှိဘဲ ကလေးငယ်များအတွက် တီထွင်ဖန်တီးနိုင်စွမ်း နဲ့ လေ့လာလိုစိတ်များအပေါ် အခြေခံပြုလုပ်ထားတဲ့ စာကြည့်တိုက်လေးဘဲဖြစ်ပါတယ်။✅
ဒါကြောင့်မို့ သင်ဟာ သင့်ရဲ့ကလေးငယ်ကို ပိုပြီး စူးစမ်းလေ့လာလိုစိတ် ကို ထက်သန်စေချင်တယ် ဆိုရင်တော့ ကျွန်မတို့ ရေအိုးစင်စာကြည့်တိုက်မှ အမြဲတမ်းကြိုဆိုလျှက်ပါရှင့်။🥰

ရေအိုးစင်စာကြည့်တိုက် ရဲ့ ဖွင့်လှစ်သွားမည့် နေ့ရက် နဲ့ အချိန်တွေကတော့

⏰ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ (၁၁:၃၀ မှ ၄:၀၀)

📌 ဖွားစောလမ်း, ၁၀လမ်း , ကုန်းတန်းရပ်ကွက် , ပုသိမ်ကြီးမြို့နယ်, မန္တလေးမြို့။

💢တနင်္ဂနွေနေ့တိုင်း (၂:၃၀ မှ ၄:၀၀) မှာ activities များလည်းပြုလုပ်လျှက်ရှိပါတယ်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay