14/12/2025
International Food Fair ကို
၄.၁.၂၀၂၆ မှာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်
မည်သည့် ကျောင်းသူ/ ကျောင်းသားများမဆို
လာရောက်အားပေးနိုင်ပါသည်။
တည်နေရာ--- "ဆွိ" ကိုယ်ပိုင်အလယ်တန်းကျောင်း
၁၁လမ်း၈၆×၈၇ကြား မန္တလေးမြို့
08/12/2025
2026-2027 စာသင်နှစ်အတွက်
ကြိုတင်စာရင်းသွင်း နိုင်ပါပြီ
December 20 မှ January 20 အတွင်း ကျောင်းလခ တနှစ်လုံးစာ ပေးသွင်းပါက discount ရှိပါသည်
ကျောင်းလခ တလစာ ပေးသွင်းပီးလည်း စာရင်းသွင်း စတင်အပ်နှံနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်
လူဦးရေကန့်သတ်ထားပါသဖြင့်
အမြန်ဆုံး စာရင်းပေးနိုင်ပါသည်
အသေးစိတ်သိရှိလိုပါက
ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းခြင်းဖြင့်၎င်း အောက်ဖော်ပြပါ ph များမှတစ်ဆင့်
ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းနိုင်ပါသည်
စုံစမ်းရန် -09766193306
-09766193405
-09974465996
-09790366009
01/12/2025
မူလတန်းသားသားမီးမီးလေးများအတွက်
playground ကစားရန် စီစဥ်
လေ့လာရေးခရီးအဖြစ် ပြင်ပဗဟုသုတများနှင့်
ကျောင်းတွင်းကလေးများအား
စာသင်ကြားခြင်းတွင်သာမက
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု့များ၊စုပေါင်းလုပ်ဆောင်မှု့များ၊အလှည့်ကျလုပ်ဆောင်မှု့များအားနားလည်စေရန်အတွက်လည်းကောင်း၊ခန္ဓာကိုယ်ကြံခိုင်သန်မာစေရန်အတွက်လည်း နည်းစနစ်ကျကျပံ့ပိုးပေးလျှက်ရှိပြီး
စနစ်တစ်ကျ အစီစဥ်ဆွဲ၍ Ready
#ကိုယ်ပိုင်အလယ်တန်းကျောင်း
21/11/2025
ဆွိ ကိုယ်ပိုင်အလယ်တန်းကျောင်း
လူငယ်ရေးရာအသိပေးဟောပြောပွဲ
#ကိုယ်ပိုင်အလယ်တန်းကျောင်း
01/11/2025
📢🔊၂၀၂၆/၂၀၂၇ပညာသင်နှစ်အတွက်
SWEET Private School တွင်
တာဝန်ထမ်းဆောင်ရန်
အရည်အချင်းပြည့်ဝသော
ဆရာ၊ဆရာမများ အလိုရှိသည်။
၁။မူလတန်းပြ (၅) ဦး
၂။ အလယ်တန်းပြ (၅) ဦး
၃။ လက်ထောက်၊ဆရာမ (၂) ဦး
❗အမှတ်စဉ် (၁-၂) အတွက်
✅တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
✅ကလးဗဟိုပြု (𝗖𝗖𝗔) သင်ကြားနည်းအတွေ့အကြုံ နှင့် အစိုးရသင်ရိုးသင်ကြားမှုအတွေ့ အကြုံရှိသူဖြစ်ရမည်။
✅𝗚𝗿𝗲𝗲𝗻 𝗖𝗮𝗿𝗱 ကိုင်ဆောင်ထားသူဦးစားပေးမည်။
✅ကလေးများကိုချစ်ခင်ပြီးစိတ်ရှည်သူဖြစ်ရမည်။
✅ လုပ်သက်(၂) နှစ် နှင့် အထက်ရှိသူဦးစားပေးမည်။
✅စဉ်ဆက်မပြတ် လေ့လာနိုင်သူဖြစ်ရမည်။
✅သင်ရိုးသစ် စနစ်သင်ကြားနိုင်သူဖြစ်ရမည်။
✅(၁) နှစ်စာချုပ်ချုပ်ဆိုနိုင်ရမည်။
📌အမှတ်စဉ် (၃) အတွက်
✅တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
✅ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝘀𝗸𝗶𝗹𝗹𝘀 ကျွမ်းကျင်ရမည်။
✅စဥ်ဆက်မပြတ်လေ့လာနိုင်သူဖြစ်ရမည်။
✅ကျန်းမာရေးကောင်းပြီးကလေးငယ်များ
အားစိတ်ရှည်ပြီး ကြင်နာတတ်သူဖြစ်ရမည်။
✅ဆက်ဆံရေးကောင်းမွန်ပြီးအသင်းအဖွဲဖြင့်
လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ (၁) လသင်တန်းတက်ရ ပြီး (၁) နှစ်စာချုပ်
ချုပ်နိုင်သူဖြစ်ရမည်။
👉👤လျှောက်ထားလိုသူများသည်
ကိုယ်ရေးရာဇဝင်၊ ပညာအရည်အချင်း မိတ္တူ ၊ 𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁 𝗦𝗶𝘇𝗲 (𝟮) ပုံ၊ မှတ်ပုံတင်မိတ္တူ ၊
သန်းခေါင်စာရင်းမိတ္တူ
တစ်စောင်တို့နှင့်အတူကျောင်းရုံးခန်းတွင်
လာရောက် လျှောက်ထား နိုင်ပါသည်။
ဆက်သွယ်ရန် -09766193405/09766193306
လိပ်စာ ၁၁လမ်း၈၆×၈၇ကြား မန္တလေးမြို့။
19/10/2025
🪔 Happy Diwali Day To You All 🪔
💥၂၀.၁၀.၂၀၂၅(တနင်္လာနေ့)သည် ဒီပါ၀လီနေ့
ဖြစ်ပါသဖြင့် ကျောင်းပိတ်ပါသည်ရှင်။💥
ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ
ဒေဝါလီ (Diwali) သို့မဟုတ် ဒီပါဝလီ(Deepawali)
ပွဲတော်နေ့ရက်လေးမှာ
တန်ဖိုးထား ချစ်ခင်ရသူများနဲ့
အတူတူ ပျော်ရွှင်စရာအချိန်လေး
တွေကိုဖြတ်သန်းရင်း စိတ်ချမ်းသာ
ပျော်ရွှင် အေးချမ်းသာယာတဲ့နေ့
ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🙏
#ဆွိကိုယ်ပိုင်အလယ်တန်းကျောင်း
12/10/2025
“ဒီပါဝလီနေ့ အောက်တိုဘာလ ၂၀ ရက်မှာ ကျရောက်၍
ကျောင်းပိတ်ရက် သုံးရက်ဆက် ပိတ်မည်”
ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲဖြစ်သော ဒီဝါလီ သို့မဟုတ် ဒီပါဝလီနေ့ဟာ ယခုနှစ်မှာ
အောက်တိုဘာလ ၂၀ ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်က စနေ၊ တနင်္ဂနွေ ပိတ်ရက် များဖြစ်တာကြောင့် ကျောင်းပိတ်ရက် ၃ ရက် ရရှိမှာလည်း ဖြစ်ပါတယ်။ ဒီပါဝလီပွဲတော်က ဟိန္ဒူဘာသာဝင်တို့၏ ကျော်ကြားလှတဲ့ ပွဲတော်များမှ တစ်ခုဖြစ်ပြီး နေအိမ်များ၊ ဆိုင်ခန်းများ၊ ရုံးခန်းများ အများပြည်သူနှင့် သက်ဆိုင်တဲ့ အဆောက်အဦများမှာ ပွဲတော်ကာလ၌ မီးတို့ကို လှပစွာထွန်းကြခြင်း ဖြစ်ပါတယ်။
ပွဲတော်ကာလကလည်း ၅ ရက်နီးပါးကြာမြင့်တတ်ပြီး
ဂရီးဂိုးရီးယန်း ပြက္ခဒိန်အရပွဲတော်ကို
အောက်တိုဘာ လလယ်နှင့်
နိုဝင်ဘာလလယ်၊ သီတင်းကျွတ်လကွယ်နေ့မှာ
ကျင်းပလေ့ရှိပါတယ်။
04/10/2025
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် 🌕🪔👦🌟
(G1,G2,)သားသားမီးမီးလေးများ၏အမှတ်တရပုံရိပ်များ