03/05/2023
#ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🙏🙏
မြန်မာသက္ကရာဇ် ၁၃၈၅ ခု (3.5.2023)နေ့တွင် ဗုဒ္ဓသက်တော်-၂၆၄၆ ပြည့်မွေးနေ့ဖြစ်ပါသည်။
ဖွား/ပွင့်/ဟော/စံ/ဗျာဒိတ္ခံ မှတ်ရန် ကဆုန်လ
(၁)ဗျာဒိတ်ခံယူသည့်နေ့=လေးအသခ်ျေ ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်က
(၂)ဘုရားမွေးသည့်နေ့=မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့ ( BC.623)
(၃)ဘုရားဖြစ်သည့်နေ့=မဟာသက္ကရာဇ် ၁၀၃ ခု/ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့(BC.588)
(၄)ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့=မဟာသက္ကရာဇ် ၁၀၄ ခု/ကဆုန်လပြည့်နေ့ (BC.587)
(၅)ပရိနိဗ္ဗာန်စံတော်မူသည့်သည့်နေ့=မဟာသက္ကရာဇ် ၁၄၈ ခု/ကဆုန်လပြည့် ( အဂ်ါနေ့ )။( BC.543 )
3 May ,2023 တွင်ကျရောက်သည့် “ကဆုန်လပြည့်နေ့”အကြောင်း သိကောင်းစရာ
#ကဆုန်လပြည့် #ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....
#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့´ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။
#မာဂဓီ (သာစည်)၏ [အခါတော်နေ့များ စာအုပ်မှ]
Credit. တိပိဋက မြန်မာပြန်
01/01/2023
Happy New Year to you all🎉🎊
May you achieve all your heart desires with happiness!
With the best wishes,
KIDS ACADEMY
22/09/2022
ကလေးအရွယ်ဆိုတာ လူကြီးတစ်ယောက်ဖြစ်ခြင်းရဲ့အစပြုရာဖြစ်ပြီး အပြုအမူအပြောအဆိုတွေကို အသေးစိတ်ကအစ တော်တော်လေးဂရုစိုက်ရမယ့်အချိန်ပါ။ ဒီအချိန်က ဗီဇနဲ့အလေ့အထတွေဟာ အရွယ်ရောက်လာတဲ့အခါ အကျင့်တစ်ခုအနေနဲ့ ပြောင်းလဲသွားတတ်ပါတယ်။
ငယ်ဘဝရဲ့အတွေ့အကြုံတွေကနေ သင်ခန်းစာတွေယူကာ ကြီးပြင်းလာတာဖြစ်လို့ ကောင်းမွန်တဲ့ နေထိုင်မှုပုံစံတစ်ခုကို ဖန်တီးပေးဖို့လဲ အရေးကြီးပါတယ်။ အထူးသဖြင့် ၃နှစ် ကနေ ၆နှစ်အတွင်း ကလေးငယ်တွေဟာ အရာရာကိုစူးစမ်းလေ့လာပြီး သင်ယူချင်စိတ်ပြင်းပြကြပါတယ်။ ဒီအရွယ်ဟာ ပတ်ဝန်းကျင်ကိုနားလည်ဖို့ နဲ့ လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် သင်ပြပေးဖို့အကောင်းဆုံးအချိန်ပါ။ သူတို့လိုအရွယ်လေးတွေက မေးခွန်းတွေလဲ အများကြီးမေးတတ်သလို သူတို့ကိုလဲ မေးခွန်းတွေမေးပေးရပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သင်ကြားပေးဖို့လိုအပ်ပါတယ်။
ဒီလိုအချိန်မှာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့အတူ ပညာရေး၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်စေဖို့ မူကြိုကျောင်းကဲ့သို့သော ကျောင်းတွေကို ပို့ကြရပါတယ်။ အပေါ်ကအချက်တွေကိုကြည့်ခြင်းအားဖြင့် မူကြိုရွေးချယ်ခြင်းမှာလဲ အရမ်းအရေးကြီးကြောင်းပြနေပါတယ်။ မူကြိုဆိုတာ ကလေးငယ်တွေရဲ့ ပြင်ပလောကနဲ့ ပထမဆုံးဆက်သွယ်ခြင်းဖြစ်သလို ကျောင်းတက်ခြင်းရဲ့အစပြုရာဖြစ်လို့ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီး သားသားမီးမီးတို့ရဲ့ အနာဂတ်ကိုပုံဖော်ရမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေဖြစ်လို့ မိဘတွေအနေနဲ့ ဒီအချက်လေးတွေကိုတွေးပြီး ကောင်းမွန်တဲ့ရပ်ဝန်းလေး တစ်ခုဖန်တီးကာ နွေးထွေးပျူငှာစွာ စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...
ချစ်ရပါသော
Kids Academy
19/09/2022
Hey Kids!
ကလေးတစ်ယောက်ချင်းစီရဲ့ တောက်ပတဲ့အနာဂတ်ဆီသွားရာလမ်းမှာ Kids Academy ကိုတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ခွင့်ပြုပေးပါနော်🙏
Kids Academy ရဲ့ရည်ရွယ်ချက်ကတော့ ကလေးတစ်ယောက်ချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို စနစ်တကျပြုစုပျိုးထောင်ပေးဖို့နဲ့ ကောင်းမွန်တဲ့ပညာရေးစနစ်ကိုရရှိစေရန် ဖြစ်ပါတယ်။
အသက် ၃နှစ် မှ ၆နှစ်အရွယ်ရှိတဲ့ကလေးငယ်များအတွက်အတန်းလေးကို နောက်လ အောက်တိုဘာ ၁ရက်နေ့မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဒီနေ့ကစပြီးကျောင်းအပ်လက်ခံမှာဖြစ်ပြီး အစောဆုံးအပ်နှံတဲ့ ကျောင်းသား ၅ယောက်အတွက် ၁လကို မြန်မာငွေ ၂၀၀၀၀ ကျပ်ထဲနဲ့အပ်နှံနိုင်မှာမို့ အခုပဲ messenger or ဖုန်းနံပါတ် 09-455025310 ကိုဆက်သွယ်ကာ register လုပ်လိုက်တော့နော်။
👩🏫In person class
Monday to Friday
8:30 am to 3:00 pm
လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက ပလိပ်စျေးကြီးအရှေ့ဘက်၊ ပလိပ်မြို့တွင်လာရောက်မေးမြန်းအပ်နှံနိုင်ပါပြီရှင်။