FFEC - Fast Fluency English Centre

FFEC - Fast Fluency English Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FFEC - Fast Fluency English Centre, Education, Mandalay.

02/10/2023

Business English (5)
(Making a good Impression)
✬ ✬ ✬ ✬ ✬ ✬ ✬ ✬ ✬ ✬ ✬

FFEC learners တွေထဲမှာ လုပ်ငန်းခွင် ဝင်နေရတဲ့သူတွေရှိလား ???
ရှိရင် English language ကို ခုထဲက လေ့လာထားလိုက်တော့နော်.....

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ပိုကောင်းတဲ့ရာထူးနဲ့ Salary ရချင်တယ်ဆိုရင် English က တစ်ချိန် မဖြစ်မနေလိုလာမှာ ဖြစ်ပါတယ် အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ စကားပြောတဲ့နေရာမှာ သို့မဟုတ် Email ပို့တဲ့ နေရာတွေမှာပေါ့.......

(Glossary)

1. nervous (adj) /ˈnɝː.vəs/
(worried and anxious:)
(စိုးရိမ် ပူပန်သော)

2. boring (adj) /ˈbɔː.rɪŋ/
(not interesting or exciting:)
(စိတ်ဝင်စားစရာ မကောင်းသော)

Listen to the conversation below and answer the questions.

1. How is Jack feeling about the business trip?
(a) He's excited
(b) He's not prepared
(c) He's nervous


2. What has Jack heard about the
vice-president of the company?
(a) He's a drinker
(b) He's a very nice guy
(c) He's rude

3. What does Kenny tell Jack to do?
(a) Drink
(b) Tell long stories
(c) Tell jokes

အဖြေကို နောက်တစ်နေ့ညနေ FFEC မှာ အဖြေလာတိုက်ပါ


22/09/2023

English Listening Practice (5)
▁▁▁▁▁▁▁▁▁▁▁▁▁

Listen and Answer the following questions about the interview.

1. What is purple?
(a) her clothes
(b) her hair
(c) her car

2. What does she like on her pizza?
(a) sausage
(b) pepperroni
(c) pineapple

3. What does she like about winter?
(a) the clothes
(b) the food
(c) the snow

4. What does she say about tennis?
(a) She plays every day
(b) She hates it
(c) She takes lessons

5. What kind of movie does she like?
(a) Dramas
(b) Comedies
(c) Horror

အဖြေမှန်ကိုတော့ နောက်တစ်နေ့ညနေ FFEC Page မှာ အဖြေလာတိုက်လို့ ရပါတယ်🥰

Listening Tips

◈ English listening အပိုင်း တိုးတက်အောင် ဘယ်လို
လေ့လာကြမလဲ?
အဖြေက ရှင်းပါတယ် များများနား​ထောင်ပေါ့😀

◈ များများနားထောင်ဆိုတော့ တစ်ခါတည်း အချိန်အကြာ
ကြီး နားထောင်ခိုင်းတာ မဟုတ်ပါဘူး....
လူကနားထောင်လေ့ကျင့်နေပေမဲ့ brain or mind က
အချိန်အကြာကြီး တစ်ခုတည်းကို အာရုံမစိုက်နိုင်ပါဘူး...
အချိန်ကုန်သွားတာဘဲ အဖတ်တင်ပြီး ဘာမှရလိုက်မှာ
မဟုတ်ပါဘူး.....

◈ ဆိုတော့ ဒီနေရာမှာ micro learning လို့ခေါ် တဲ့ တစ်
ချိန်ကို နဲနဲစီနားထောင်ရင်တော့ အလုပ်ဖြစ်ပါမယ်....
ဥပမာ 5 or 10 minutes ပေါ့

◈ English လို သတင်းနားထောင်တာဘဲဖြစ်ဖြစ်
listening exercise တွေ ဖြေကြည့်တာဘဲဖြစ်ဖြစ်
ကိုယ်အားတဲ့အချိန်ထဲက တစ်ကြိမ်ကို 5 or 10 mins
လောက်ရအောင် နားထောင်ပါ ......
◈ ဒါပေမဲ့ တစ်နေ့တစ်ကြိမ်တော့ မလုံလောက်ပါဘူး
တစ်နေ့ကို 3-4 ကြိမ်လောက်တော့ ရအောင်နားထောင်ပါ
ဒီလိုပုံစံကို micro learning လို့ခေါ်ပါတယ်

◈ တစ်နေ့ နဲနဲ နားထောင်ရင်းနဲ့ ကိုယ်ရဲ့ listening skill
တက်လာပါလိမ့်မယ်

နောက်ထပ် English lessons အသစ်တွေကို လက်မလွတ်ချင်ရင်တော့ Page ကို like and share လေး ပေးသွားဖို့ မမေ့နဲ့နော်😉💙🥰

English Listening Practice (4)
https://fb.watch/ndlXGhlwar/?mibextid=Nif5oz


07/09/2023

English Vocabulary Learning (5)
~~~~~~~~~~~~~~~~~~~~~

Adjectives to describe personality

ဒီနေ့မှာတော့ FFEC learners တွေ အတွက် .......

လူတစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအကြိမ် စတွေ့တဲ့အခါ တစ်ဖက်လူရဲ့ personality ကို တတ်နိုင်သလောက် အကြမ်းဖျင်း ခန့်မှန်းကြည့်ကြရပါတယ်
Personality နဲ့ ပတ်သက်တဲ့ စကားလုံးတွေကို မြန်မာလိုသိပြီး အင်္ဂလိပ်လိုမသိသေးရင် အောက်က Exercise ကို ဖြေကြည့်နော်

အဖြေမှန်ကို နောက်တစ်နေ့ညနေ FFEC မှာ အဖြေလာတိုက်ပါ......

1. mean (adj) /miːn/
(ကပ်စေးနဲသော)
(not willing to give or share things, especially
money)

2. nice (adj) /naɪs/
(ဆက်ဆံရေးကောင်းမွန်သော၊ ယဉ်ကျေးသော)
(kind, friendly, or polite)

3. cheerful (adj) /ˈtʃɪr.fəl/
(အကောင်းမြင်တတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သော)
(happy and positive in feeling or attitude)

4. reliable (adj) /rɪˈlaɪ.ə.bəl/
(ယုံကြည်ရသော)
(Someone or something that is reliable can
be trusted or believed because he, she, or
it works or behaves well in the way
you expect)

5. clumsy (adj) /ˈklʌm.zi/
(ပျက်တီး ပျက်ချော်နိုင်သော)
( A clumsy person often has accidents
because they do not behave in a careful,
controlled way)

6. sensible (adj) /ˈsen.sə.bəl/
(အခြေအနေကို လိမ္မာပါးနပ်မှု ရှိသော)
(having an understanding of a situation)

7. sensitive (adj) /ˈsen.sə.t̬ɪv/
(စိတ်ဆိုး ဒေါသထွက်လွယ် စိတ်နုသော)
(easily upset by the things people say or do,
or causing people to be upset, embarrassed,
unhappy or angry)

8. strict (adj) /strɪkt/
(စည်းကမ်းကြီးသော)
(strongly limiting someone's freedom to
behave as they wish,
or likely to severely punish someone if they
do not obey)

9. tough (adj) /tʌf/
(စိတ်ဓာတ် ကြံ့ခိုင်သန်မာသော)
(of a person, able to deal with difficult
situations and not be easily defeated,
frightened or upset)

10. sympathetic (adj) /ˌsɪm.pəˈθet̬.ɪk/
(ခံစားချက် ပြဿနာကို ခံစားနားလည်မှုကို ပြသပေး
သော)
(showing, esp. by what you say, that
you understand and care about
someone’s problems or suffering)

တစ်ခြားသော Adj များကိုလည်း နောက်အပတ်မှာ မျှဝေပေးသွားဖို့ ရှိပါတယ်
So wait for it 😉

English Vocabulary Learning (4)
https://m.facebook.com/story.php?story_fbid=311922124138995&id=106287301369146&mibextid=Nif5oz


06/06/2023

📌 Try to learn how to describe appearance of
people

Photos from FFEC - Fast Fluency English Centre's post 14/05/2023

Today English (1)
~~~~~~~~~~~~
📌 နောက်ကျနေပေမဲ့ ချားလ်ဘုရင် နန်းတက်ပွဲနဲ့ ပတ်သက်တဲ့ စကားလုံးလေးတွေကို မျှဝေပေးလိုက်ပါတယ်
တစ်ချို့ စကားလုံးလေးတွေက နေ့စဉ်စကားပြောတွေမှာ သိပ်မသုံးပေမဲ့ ဗဟုသုတအဖြစ် မှတ်သားထားနိုင်ပါတယ်...

1. coronation ( n ) /ˌkɔːr.əˈneɪ.ʃən/
(နန်းတက် ဘိသိက်ခံပွဲ)
(a ceremony at which a person is made king
or queen.)

2. pay homage (v) /peɪ ˈhɑː.mɪdʒ/
(အရိုအသေပေးသည်)
(deep respect and often praise shown for a
person or god/ an expression of great
respect and honor)

3. revere (v) /rɪˈvɪr/
(ကြည်ညိုလေးစားခံရသည်)
(to very much respect and admire someone
or something)

4. oath (n ) /oʊθ/
(ကတိကဝတ်ပြုခြင်း/ ကျမ်းကျိန်ခြင်း)
(a promise, especially that you will tell the
truth in a law court)

5. archbishop (n ) /ˌɑːrtʃˈbɪʃ.əp/
(အဆင့်မြင့် ခရစ်ယာန်ဘုန်းတော်ကြီး)
(a bishop of the highest rank who is in
charge of churches and other bishops in a
particular large area)

6. liturgy (n ) /ˈlɪt̬.ɚ.dʒi/
(ဆုတောင်းပွဲ)
(a set of words, music, and actions regularly
used in religious ceremonies, especially
Christianity)

7. allegiance (n ) /əˈliː.dʒəns/
(သစ္စာခံခြင်း/ သစ္စာစောင့်သိခြင်း)
(loyalty and support for a ruler, leader,
country, group or belief)

8. heir (n ) /er/
(အမွေဆက်ခံသူ)
(a person who will legally receive money,
property, or a title from another person,
especially an older member of the same
family, when that other person dies)

9. historic occasion (n ) /hɪˈstɔːr.ɪk əˈkeɪ.ʒən/
(သမိုင်းဝင် အခမ်းအနား)
(a special or formal event)

10. procession (n ) /prəˈseʃ.ən/
(စီတန်းလှည့်လည်ခြင်း)
(a Line of people, vehicles, or objects moving
forward in an organized manner, especially
in a formal way as part of a religious
ceremony or public celebration)

11. regalia (n ) /rɪˈɡeɪ.li.ə/
(အခမ်းအနားတွင် ဝတ်ဆင်ရသောဝတ်စုံ/အဆင်တန်ဆာ)
(official and traditional special clothes and
decorations, especially those used at official
ceremonies)

12. choristers (n ) /ˈkɔːr.ɪ.stɚ/
(အဖွဲ့လိုက် ခရစ်ယာန် ဓမ္မတေးသီဆိုသောသူများ)
(one of a group of people who sing together
in choir, either in a cathedral or church)

BBC article
https://l.facebook.com/l.php?u=https%3A%2F%2Fwww.bbc.com%2Fnews%2Fuk-65493188&h=AT2TfJ2dZbIrbbtKHcwnUlNdxXhTpAfgYNyiz9zeO4JAczXQW7VyamwUY69s8aqd97gCE_-vwWTrcAl4g1GoPKd8h1Tat1Tee6gql6aSOrGg_N6tcp-KP-kCux85c6VP3jOPlRrxz90-dPA1J6I&s=1

💙 see you in the next lesson. Bye for now.💙



08/05/2023

Take a success moment (5)
---------------------------------------------
အောင်မြင်ချင်သူတစ်ယောက်အတွက် အမြဲ motivated ဖြစ်နေဖို့ လိုအပ်ပါတယ်.....

လူတွေဟာ ဗိုက်ပြည့်ဖို့အတွက် နေ့စဉ်အစာစားရသလို စိတ်ကိုလည်း အစာကျွေးဖို့ လိုပါမယ်...

ဒီတော့ ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်၊ career အတွက် အမြဲစိတ်အားထက်သန်နေရပါမယ်...

တစ်ချို့က ရည်မှန်းချက်တွေတော့ ရှိပေမယ့် အချိန်မှီ ပြီးစီးအောင်မလုပ်နိုင်တာ ဘာကြောင့်လဲ?
အကြောင်းအရာ အများကြီးထဲက တစ်ခုကတော့ motivation ပါ
အမြဲတမ်း highly motivated ဖြစ်နေရပါမယ်.....

အမြဲတမ်း burning desire ဖြစ်နေဖို့အတွက် ဘာလုပ်ရမလဲ?
ကိုယ့်စိတ်ကို motivated ဖြစ်နိုင်တဲ့ စာများများဖတ်ပါ၊ နားထောင်ပါ

ဒီနေ့တော့ FFEC learners အတွက် စာလေးတွေ မျှဝေပေးပါမယ်...

You Have to Give up Blaming

You will never become successful as long as you continue to blame someone or something else for your lack of success. If you are going to be a winner, you have to acknowledge the truth_it is you who took the actions, thought the thoughts, created the feelings, and made the choices that got you to where you now are. It was you!

You are the one who ate the junk food.
You are the one who didn't say no!
You are the one who took the job.
You are the one who stayed in the job.
You are the one who chose to believe them.
You are the one who ignored your intuition.
You are the one who abandoned your dream.
You are the one who bought it.
You are the one who didn't take care of it.
You are the one who decided you had to do it alone.
You are the one who trusted him.
You are the one who said yes to the dogs.

In shorts, you thought the thoughts, you created the feelings, you made the choice, you said the words, and that's why you are where you are now.

Take a success moment (4)
https://m.facebook.com/story.php?story_fbid=668347111963302&id=100063640582225&mibextid=Nif5oz

💙 see you in the next lesson. Bye for now.💙



03/05/2023

Real English Conversation (5)
••••••••••••••••••••••••••••••••••••••••

English Language ဟာ နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့အတွက် နိုင်ငံတကာမှ လူအများနဲ့ဆက်သွယ်ချင်တယ်ဆိုရင် အင်္ဂလိပ်ဘာသာစကားကို မဖြစ်မနေသင်ယူသင့်ပါတယ်......

English speakers တွေနဲ့ ဆက်သွယ်စကားပြောချင်တယ် (သို့) တစ်ခုခုကို လေ့လာသင်ယူချင်တယ်ဆိုရင်
(4) skills ထဲမှ English user တစ်ယောက်အနေနဲ့ အရင်ဆုံး speaking skill ကို သေသေချာချာ တတ်မြောက်ရပါမယ်.....

English Languageကို စိတ်ဝင်စားပြီးလေ့လာချင်တယ်ဆိုရင်တော့ FFEC မှာ လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်💙

👉 Learning Tips

✅ English language လေ့လာရာမှာ practice က အဓိကကျတယ်ဆိုတာ အားလုံးသိပြီးသားပါ

✅ သင်တန်းတွေတက်ပေမယ့် self-study နဲ့ practice မရှိရင် သင်လို့ သိသွားတာပဲရှိပြီး တကယ်ထိထိရောက်ရောက် ကျွမ်းကျင်ဖို့ အချိန်ကြာနိုင်ပါတယ်....

♦️ ဒီနေ့တော့ self-study လုပ်ဖို့ အဆင်ပြေနိုင်မယ့် conversation လေးတစ်ခု မျှဝေပေးလိုက်ပါတယ်
(နောက်က လိုက်ပြောကြည့်ဖို့ မမေ့နဲ့နော်)💟

Video 5: The Old Days

1. mean (adj)
- means unkind or unpleasant; for example
by not letting someone have or do
something.
(အနိုင်ကျင့်၊ မကြင်နာတတ်သော)

❶ Stop being so mean to me!
❷ Don't be so mean to your little brother!
❸ It was mean of him to make her stay late.
❹ She is mean to me.
❺ He is often mean to his employees. He is
not a nice boss.

2. used to
- means did something in the past but now
do not do it.
(လုပ်ခဲ့၊ ဖြစ်ခဲ့ ဖူးတယ် / ခုတော့ မဟုတ်၊
မလုပ်တော့ ဘူး)

❶ She used to live in London.
❷ She used to love dancing, but she doesn't
do it anymore.
❸ You don't come and see me like you used
to.
❹ When we were younger, we used not to be
allowed to drink coffee.
❺ When I live in Spain, I used to eat out all
the time.

Real English Conversation (4)
https://fb.watch/khDtyoJF9n/?mibextid=Nif5oz

💟Bye for now.
💟 see you in the next lesson.



29/04/2023

👉 Test your listening skill.
👉 How much do you understand this
conversation?
👉 Write down what you hear in the comment
box below.
(ကိုယ်ကြားလိုက်တဲ့ စာကြောင်းလေးတွေ ရေးကြည့်နော်)


Photos from FFEC - Fast Fluency English Centre's post 25/04/2023

Reading နဲ့ အင်္ဂလိပ်စာ ဘယ်လိုလေ့လာမလဲ?
•••••••••••••••••••••••••••••••••••••••••••••••••
Reading နဲ့ အင်္ဂလိပ်စာ လေ့လာမယ်ဆိုရင် ပုံစံ(2) မျိုးရှိပါမယ်.......

အသိပညာ၊ ဗဟုသုတ (skim) ရဖို့ဘဲ ဖတ်မှာလား ဒါမှမဟုတ် language မှာ ပြန်အသုံးချဖို့ (scan) ဖတ်မှာလား
နှစ်ခုစလုံးကတော့ အကျိုးရှိပါတယ် ဒါပေမယ့် English learner တစ်ယောက်အတွက် တစ်ခုခုကို focus လုပ်ရပါမယ်.......

Reading နဲ့ speaking ပိုင်းကို တိုးတက်အောင်လုပ်မယ် ဆိုကြပါစို့! But how?

စာဖတ်တဲ့အခါ အသံထွက်ပြီး ဖတ်ပါ
(audio ပါတဲ့ English books တွေဖတ်ရင်တော့ ပိုပြီးအဆင်ပြေပါလိမ့်မယ်၊ အသံကို လိုက်တုပြီးပြောတဲ့အခါ Pronunciation(အသံထွက်) နဲ့ intonation(အသံအနိမ့်အမြင့်) အပိုင်းတွေ တိုးတက်လာပါလိမ့်မယ်)

audio မပါလဲ အဆင်ပြေပါတယ်၊ ထွက်တတ်သလို ထွက်လိုက်ပါ အနဲဆုံးတော့ လျှာနဲ့ပါးစပ်က language နဲ့ ရင်းနှီးမှုရှိလာပြီး ပြောတဲ့အခါ ပါးစပ်ကနေ လွယ်လွယ်ကူကူထွက်လာတာ တွေ့ရပါလိမ့်မယ်.......

ကဲ စပြီးလေ့ကျင့်ကြတော့မလား?

English Reading Practice (5)
❈ ❈ ❈ ❈ ❈ ❈ ❈ ❈ ❈ ❈ ❈ ❈

The Crazy Artist (story)
Glossary

attitude (n ) စိတ်နေသဘောထား
(the way you think and feel about something or someone)

space (n ) နေရာလွတ်
(an empty area that is available to be used)

symbol(n ) သင်္ကေတ
(a sign, shape, or object that is used to represent something else:)

terrible (adj) ဆိုးရွားသော
(very unpleasant; making you feel very unhappy, upset or frightened)

(အဖြေမှန်ကိုတော့ နောက်တစ်နေ့ညနေ FFEC Page မှာ လာတိုက်ပါ)

Answer the questions.

1. What is this story about?
(a) A painter whose neighbors judge his art
as poor quality
(b) An artist who teaches art classes in his
apartment
(c) A thin man who eats meals with friends

2. Why does Frenhofer want the artists to see his painting?
(a) He wants to sell it to them for a profit.
(b) He wants them to give their professional
opinion.
(c) He wants to compare his new method to
theirs.

3. What is true of Frenhofer's painting?
(a) It is made with low-quality materials.
(b) It is full of strange colors and shapes.
(c) It does not have any symbols in it.

English Reading Practice (4)
https://m.facebook.com/story.php?story_fbid=280731710591370&id=106287301369146&mibextid=Nif5oz


17/04/2023
16/04/2023

Words of the day(4)
**********************
📣 Hello FFEC learners 📣

Let's learn some new words.

စကားလုံးတွေကို မshareခင် အရင်ဆုံး How to practice vocabulary အကြောင်းလေး ရှင်းပြချင်ပါတယ်

အဓိကကတော့ words တွေ ဘယ်လောက်ပဲသိသိ ကိုယ်လေ့လာထားတဲ့ words တွေကို စကားပြောတဲ့နေရာမှာ ထည့်မသုံးဘူး (apply မလုပ်ဘူး) ဆိုရင် တစ်ဖြည်းဖြည်း မေ့သွားနိုင်ပါတယ်

တစ်ကယ်လို့ ကိုယ့်ဘာသာကိုယ် sentence
မတည်ဆောက်နိုင်သေးရင် ပေးထားတဲ့ Example sentences တွေကို အခါအခွင့်သင့်ရင်ပြောကြည့်ပါ
(situation ဖန်တီးပြီး လေ့ကျင့်နိုင်ရင် ပိုကောင်းပါတယ်)



1. funny /ˈfʌn.i/ (adj)
(A1)
(amusing; causing laughter)

(ဒီစကားလုံးက အသုံးအများဆုံးစာလုံးပါ_ ကိုယ့်ကို ရယ်မောအောင် လုပ်နိုင်တဲ့အရာ၊လူတွေကို ပြောချင်တဲ့အခါ သုံးပါ)
1. I've never found Charlie Chaplin very
funny.
(Charlie Chaplin လောက် ရယ်ရတဲ့လူမျိုး တစ်ခါမှ
မမြင်ဖူးဘူး)

2. It's a really funny film.
(ဒီရုပ်ရှင်က တော်တော်ရယ်ရတယ်)

3. Your dad is so funny!
(မင်းရဲ့ အဖေက တော်တော်ရယ်ရတယ်_ ပျော်ပျော်
နေတတ်တဲ့ လူလို့ပြောချင်တာပါ)

2. amusing /əˈmjuː.zɪŋ/ (adj)
(B1)
(If someone or something is amusing, it is
funny and entertaining)

(ကိုယ့်ကို ရယ်မောအောင် လုပ်နိုင်တဲ့အရာ၊လူတွေကို ပြောချင်တဲ့အခါ သုံးပါတယ်_ word level ပဲ ကွာပါမယ်)
1. She writes very amusing letters.
(သူမက အရမ်းရယ်ရတဲ့ စာတွေရေးတယ်)

2. It can be amusing but is far from the best
thing.
(ဒီအရာက ရီရပြီးကောင်းပါတယ် ဒါပေမယ့် အကောင်း
ဆုံးအရာတော့ မဟုတ်သေးဘူး)

3. humorous /ˈhjuː.mɚ/ (adj)
(C1)
(funny, or making you laugh)

(ဒီစကားလုံးကလည်း ရှေ့က စကားလုံး 2လုံးရဲ့ အဓိပ္ပာယ်နဲ့ တူပါတယ်_ သူလည်း word level ပဲ ကွာပါမယ်)
1. He told one or two humorous stories
about his years as a policeman.
(သူက သူရဲလုပ်ခဲ့တုန်းက တွေ့ကြုံခဲ့ရတဲ့ ရယ်စရာ
အကြောင်း တစ်ပုဒ်၊နှစ်ပုဒ်လောက် ပြောပြခဲ့တယ်)

2. He is quite humorous, and I like that about
him.
(သူက ပျော်ပျော်နေတတ်တယ်၊ ငါလည်း အဲ့ဒါကို
သဘောကျတယ်)

3. He is warm, gregarious, crotchety, and
humorous.
(သူက ဖော်ရွေတယ်၊ ဆက်ဆံရေးကောင်းတယ်၊ ဒေါသ
ထွက်လွယ်တယ်၊ ပျော်ပျော်နေတတ်တယ်)

4. hilarious /hɪˈler.i.əs/ (adj)
(C1)
(extremely funny and causing a lot of
laughter)

(သူလည်း အဓိပ္ပာယ် အတူတူပါပဲ_ word level ကတော့ humorous နဲ့တူပါတယ်)
1. Her jokes are absolutely hilarious.
(သူမပြောတဲ့ ဟာသတွေက တော်တော်ရီရတယ်)

2. He didn't like the film at all_ I thought it
was hilarious.
(သူက ဒီရုပ်ရှင်ကို လုံးဝမကြိုက်ဘူး_ ငါကတော့ ရီရ
တယ်လို့ ထင်တာဘဲ)

3. It's the most hilarious comedy on
television.
(TV ကလာတဲ့ ဒီဟာသကားက အရီရဆုံးပဲ)

If you wanna see next lessons, pls follow and like this page.
Bye for now. See you in the next lesson.

Words of the day (3)
https://m.facebook.com/story.php?story_fbid=650808100383870&id=100063640582225&mibextid=Nif5oz


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay