Tr.Cai classroom

Tr.Cai classroom Easy To learn Chinese

05/04/2026
05/04/2026

Breakfast for brain🧠

ပူအိုက်တဲ့တနင်္ဂနွေမနက်လေးပါ🧘

ဖတ်နေတဲ့စာအုပ်ထဲကအကြောင်းအရာတချို့📝🍀


#တရုတ်စာလေ့လာကြမယ်

#တရုတ်စာသင်ကြမယ်
#တရုတ်စကားပြောသင်တန်း

#人生由我
#အာဂမိန်းမ

03/04/2026

တရုတ်စာကို လွယ်လွယ်နဲ့ စနစ်တကျသင်ယူလေ့လာနိုင်ဖို့🍀

ရှေ့ကသင်ခန်းစာမှာ တရုတ်စာရေးနည်းက တွေးထားသလို မခက်ကြောင်းနဲ့ သင်ဖို့မှတ်ဖို့ ဘယ်ကစလေ့လာရမလဲကို ပြောပြခဲ့ပေးပါတယ်။😊

ဟုတ်ပါတယ် စုတ်ချက်လေးတွေကို အရင်လေ့လာပေးရမှာပါ။ 📝

ဒါဆို နောင်ဘယ်စာလုံးကို သင်ယူရေးမှတ်တဲ့အခါ စနစ်ကျတဲ့အတွက် သင်ရလွယ်၊ မှတ်ရလွယ်ပြီး ကြာကြာမှတ်မိနိုင်မှာပါ။ 💯🧠

ပြီးရင် စာလုံးတွေသိတာများလာတဲ့အခါ သူတို့ကြားကဆက်နွယ်ပုံကို သိလာပြီး ပိုစိတ်ဝင်စားလာပါလိမ့်မယ်။ 🎉

အခုသင်ခန်းစာကတော့ စုတ်ချက်လေးတွေကို လေ့လာပြီးတဲ့သူတွေအတွက် တရုတ်လို ၁ မှ၁၀ကို ရေးနည်းအဆင့်ဆင့်အတိုင်း ရေးသားနည်းပဲဖြစ်ပါတယ်။

တရုတ်စာကို self study လုပ်နေတဲ့သူတွေအတွက် အများကြီးအကျိုးဝင်မှာဖြစ်သလို ငယ်ငယ်က တရုတ်စာကို သင်ဖူး၊ထိတွေ့ဖူးသူ‌တွေအတွက်လည်း memories ပြန်ပေါ်လာနိုင်မှာပါရှင်။💪加油

Tr.Cai classroom



#တရုတ်စာလေ့လာကြမယ်😍
#တရုတ်စာသင်ကြမယ်
#တရုတ်စာအရေး
#တရုတ်စာ

#တရုတ်စကားပြောသင်တန်း

S.H.Eအဖွဲ့က laoshiရဲ့ငယ်ဘဝပါကျောင်းတက်တုန်းက သူ့တို့ရဲ့သီချင်းတော်တော်များများကို ကြိုက်ခဲ့၊ လိုက်ကူးပြီးကျက်ခဲ့တာ😁သူ့တိ...
31/03/2026

S.H.Eအဖွဲ့က laoshiရဲ့ငယ်ဘဝပါ

ကျောင်းတက်တုန်းက သူ့တို့ရဲ့သီချင်းတော်တော်များများကို ကြိုက်ခဲ့၊ လိုက်ကူးပြီးကျက်ခဲ့တာ😁

သူ့တို့၃ယောက်က ပထမရတဲ့သူကိုပဲအခွေထုတ်ပေးမယ်ဆိုတဲ့ အဆိုပြိုင်ပွဲမှာတွေ့ကြတာ။
၃ယောက်ထဲ ဘယ်သူက ပထမရလဲမမှတ်မိပေမယ့် (Google မခေါက်ချင်တော့လို့ မှတ်မိသလောက်ပဲပြောတော့မယ်😁) ကျန်၂ယောက်လည်း ပရိတ်သတ်ကြား popular ဖြစ်လွန်းတာကြောင့် ပ၊ဒု၊တ ၃ယောက်ကို အဖွဲ့အဖြစ်ဖွဲ့ပေးပြီး ခွေထုတ်ပေးလိုက်တာ။

အဖွဲ့နာမည်ကလည်း သူတို့၃ယောက်ရဲ့ အင်္ဂလိပ်နာမည်အစစာလုံးတွေကိုယူပြီး S.H.Eဆိုပြီးပေးဖြစ်တာ။

အခုတော့ အလယ်ကHebeကလွဲရင် ကျန်၂ယောက်က အိမ်ထောင်ကျ၊ ကလေးရနဲ့ဖြစ်ကုန်ပြီ။

သူတို့အိမ်ထောင်မကျခင်ကတော့ ၃ယောက်လုံး အဆိုရော၊ ဇာတ်ကားတွေရောရိုက်တယ်။
အခုတော့ ဇာတ်ကားမရိုက်တော့ပဲ သီချင်းပဲဆိုတော့တယ်။ အဖွဲ့လိုက်ရော soloရောပေါ့။

Soloသီချင်းအသစ်တွေ ထွက်ပေမယ့် နားမထောင်ဖြစ်ဘူး။
အရင်ကသီချင်းလေးတွေကပေးတဲ့ feeling နဲ့ memories ပဲကြိုက်လို့ထင်တယ် အဟောင်းလေးတွေပဲနားထောင်ဖြစ်တယ်။

Laoshiက ထိုင်ဝမ်တရုတ်စာလုံးမသင်ဖူးပေမယ့် အဲ့တုန်းက သူတို့ရဲ့MVမှာပါတဲ့ သီချင်းစာသားတွေကို လိုက်ဖတ်ရင်း၊ ကူးရေးရင်းနဲ့ ထိုင်ဝမ်စာတွေရနေတယ်။
သူတို့တွေရဲ့ ဇာတ်ကားတွေလိုက်ကြည့်ရင်းလည်း ထိုင်ဝမ်စာလုံးစာတမ်းပဲထိုးတာဆိုတော့ ထိုင်ဝမ်စာလုံးတွေနဲ့ မစိမ်းဘူးပြောရမှာပေါ့။

အဲ့ခေတ်က laoshiက ပြည်မကြီးစာသင်‌ေန‌ေပမယ့် ကြည့်လိုက်၊ နားထောင်လိုက်ရင် ထိုင်ဝမ်ကားတွေ၊ ထိုင်ဝမ်သီချင်းတွေပဲမို့ ပြည်မကြီးက ဘယ်မင်းသား၊ဘယ်မင်းသမီး၊ ဘယ်အဆိုတော်မှ မသိခဲ့ဘူး😂😂

ဘာရယ်မဟုတ်ဘူး ခုမနက်က Hebeမွေးနေ့ပုံလေးတွေ့တယ်
အခုညကျ “SheRO”နားထောင်ဖြစ်လို့ တခြားကြိုက်ခဲ့တဲ့သီချင်းတွေပြန်ရှာနားထောင်ဖြစ်တာ။
‌သီချင်းခေါင်းစဉ်အတိုင်းပဲ မိန်းကလေးတွေ ကိုယ့်ကို ကယ်မယ့်‌Heroကိုမရှာပဲ ကိုယ်တိုင်Sheroဖြစ်အောင်လုပ်ဖို့ ၊ မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်တန်ဖိုးထားတတ်ဖို့ အဲ့ခေတ်ကတည်း‌ေပးတဲ့mindset လေး။
သူတို့တခြားသီချင်းစာသားတွေဆိုလည်း novelတွေဖတ်ဖူးမှ ရတဲ့အမြင်တွေ၊ရသမျိုးစုံတွေကို ပေးနိုင်တယ်။

စာရှည်သွားပြီ။😁

သီချင်း‌တွေပြန်နားထောင်ရင်း ပုံလေးတွေရှာဖြစ်လို့ လာသိမ်းတာပါ။☺️

TC Chinese class





30/03/2026

တရုတ်စာ grammar အလွယ်လေးတခု📝

မြန်မာလိုတွေးပြီး တိုက်ရိုက်ဘာသာပြန်သုံးနိုင်တဲ့ pattern လေး✨

ကိုယ်က Nouns တွေ၊ verbs တွေကျက်ထားပြီးသားဆို အခုvideoထဲက patternလေးထဲထည့်သုံးရင်ရပြီ✨

pattern တခုထဲကို သုံးလို့ရတဲ့ပုံစံ၂မျိုးရှိတာမို့ video ထဲမှာကြည့်ပြီး လေ့လာကြည့်ပါနော်✨

#တရုတ်စာgrammer
#တရုတ်စာသင်ကြမယ်
#တရုတ်စာလေ့လာကြမယ်😍

#တရုတ်စကားပြောသင်တန်း


29/03/2026

Sharing Chinese writing 🧧📝

ကိုယ်က ငယ်ငယ်က တရုတ်စာမသင်ဖူးဘူး၊ ဒါမှမဟုတ်သင်ဖူးပေမယ့် ကျောင်းစာမေးပွဲကြောင့်ဆက်မလေ့လာဖြစ်တာ

တရုတ်စကားပြောတော့တတ်ဖူးပေမယ့် အရေးလေးလည်း ‌လေ့လာချင်တယ်

တရုတ်စာကို ရေးတတ်၊ဖတ်တတ်ချင်ပေမယ့် ခက်မှာတွေးကြောက်ရင်

လက်ညောင်းအောင် စာအများကြီးရေးရမှာကြောက်ရင် ခုvideoလေးကို ကြည့်ဖို့ညွှန်းချင်ပါတယ်။

လွယ်ကူရိုးရှင်းပြီး မှတ်ရလွယ်သလို လိုက်ကြည့်ရေးလို့လည်းမခက်တာမို့ ကြိုတွေးမကြောက်နဲ့နော်။


#တရုတ်စာသင်တန်းmdy




#တရုတ်စာအရေး
#တရုတ်စာ
#တရုတ်စာသင်တန်း

Private home guide class က တရုတ်ကျောင်း year-3 တက်နေတဲ့သမီးလေးရဲ့ လေ့လာမှုပြောင်းလဲတိုးတက်လာပုံလေး🥰🥰🥰ကလေးအခြေနေက မိဘကတရု...
11/03/2026

Private home guide class က တရုတ်ကျောင်း year-3 တက်နေတဲ့သမီးလေးရဲ့ လေ့လာမှုပြောင်းလဲတိုးတက်လာပုံလေး🥰🥰🥰
ကလေးအခြေနေက မိဘကတရုတ်လိုပြောတယ်၊ ဒါပေမယ့် ယူနန်လို။ ကျောင်းမှာသင်ရတဲ့ မန်ဒရင်းမဟုတ်ဘူး။
ဒါကြောင့် ကိုယ်နဲ့အတန်းမှာ မန်ဒရင်းတရုတ်လိုပဲပြောတယ်၊သင်တယ်၊ စာရှင်းတယ်။
အဲ့တော့ တရုတ်လိုပြောရမှာမကြောက်ဘူး။ ဉာဏ်ကောင်းတော့ ကျက်ရမယ့်စာတွေဆို မြန်မြန်ရတယ်၊။
အဲ့လိုဥဏ်‌ေကာင်းတဲကလေးတွေပုံစံက မြန်မြန်ရတတ်လို့ သင်ခန်းစာတွေကို ဦးနောက်ထဲသိပ်မစွဲဘူး။အဲ့တော့ ခဏခဏပြန်လေ့ကျင့်ပေးရတယ်။
ပြီးတော့ အရေးကိုပျင်းတတ်တယ်။ အစပိုင်းက အိမ်စာတွေ မေတယ့်ဆိုပြီးမရေးတာမို့ စာရေးတဲ့အကျင့်ကိုသေချာမွေးမြူပေးရတယ်။ အလွန်ဆုံး ၁၅မိနစ်၊ မိနစ်၂၀ပဲကြာတတ်တဲ့စာပဲ အိမ်စာပေးတယ်။
နောက်ထပ်ကြောက်တာက စာစီစာကုံးအရေး
တချို့စာလုံးတွေကို ရပြီးပေမယ့် ရေးနည်းမေ့တာ၊ အပြောင်းအလဲမသုံးတတ်တာ၊ စာစီစာကုံးကို စီကာပတ်ကုံးမရေးတတ်တာ ခေါင်းစဉ်နဲ့စာကိုယ်ထည်နဲ့မကိုက်ညီတာမျိုးတွေပေါ့။
ဒါပေမယ့် အဲ့လိုကလေးက အခုတော့ "ပုံကိုကြည့်ပြီး စာတပိုဒ်ရေးပါ"ဆိုတဲ့လေ့ကျင့်ခန်းကို အတန်းဆင်းဖို့၁၅မိနစ်အလိုအတွင်းရေးပြီးတယ်။
ပြင်ဖို့၊ဖြည့်ဖို့တွေကိုယ်က မြင်ပေမယ့် မပြင်ပေးသေးပဲ သူ့ကိုပြန်ဖတ်ကြည့်ခိုင်းတော့ ပြင်ဖို့၊ဖြည့်ဖို့လိုတာတွေ သူ့ဘာသာသူတွေ့ပြီး " 老师ဒီနားလေးကို ဒီလိုပြောင်းရမလား? ဒီနားလေးထပ်ဖြည့်လိုက်ဦးမယ်နဲ့ " သူကိုယ်တိုင် စာတပုဒ်လုံးဖန်တီးတတ်လာတယ်။
老师ကတဖက်သတ် စစ်ပေး၊ပြင်ပေးရတာမဟုတ်ပဲ အရေးမှာပါပျော်မွေ့တဲ့သူဖြစ်လာတယ်။


#တရုတ်စာသင်တန်းmdy

#တရုတ်စာကျူရှင်

ဒီနေ့ private online speaking class က‌ကျောင်းသူပြောတဲ့စကားကြောင့် ဝမ်းသာပြီး၊စိတ်ကျေနပ်မှုတွေရဖြစ်တယ်။ကိုယ်နဲ့သင်တာခု၂လရ...
09/03/2026

ဒီနေ့ private online speaking class က‌ကျောင်းသူပြောတဲ့စကားကြောင့် ဝမ်းသာပြီး၊စိတ်ကျေနပ်မှုတွေရဖြစ်တယ်။

ကိုယ်နဲ့သင်တာခု၂လရှိပေမယ့် ၁လတက်ပြီး ၁လလောက်နား ပြီးမှ ၁လဆက်တက်တဲ့သူပါ။
ပြီးအတန်းပျက်ရက်များတဲ့သူလေးပါ။😅

သူက တရုတ်စကားအရင်က ဘယ်မှာမှမသင်ဖူးတဲ့သူလေး
ဒါပေမယ့် အတန်းတက်ဖြစ်တဲ့ရက်ဆို သေချာစာလိုက်လုပ်တယ်၊ ထပ်ခါတလဲလဲ လေ့ကျင့်တယ်၊ ဝါကျတွေကို သူကိုယ်တိုင် ဘာသာပြန်ကြည့်တယ်။ အဲ့တော့ တိုးတက်မှုအရမ်းမြန်တယ်။

သူ့အလုပ်က တခြားလုပ်ဖော်ကိုင်ဖက်တွေက သူ့ထက်ရှေ့၅လ၆လသင်ဖူးတဲ့သူတွေ ၊ အဲ့ဒီသူတို့တွေရဲ့စာကို သူကြည့်ပြီးဖတ်နိုင်တယ်၊ ဘာသာလည်းပြန်နိုင်တယ်တဲ့။

သူကျက်ထားတယ့်စာတွေလည်း အဲ့သူတွေသွားမေးတယ်၊ ဒါပေမယ့် အဲ့သူတွေက မရဘူးတဲ့လေ။

ပြီး lǎoshī နဲ့က မီးနင်းတွေအများကြီးကျက်ရတော့ သူဝါကျတွေများများ ဖွဲ့နိုင်သုံးနိုင်တယ်တဲ့လေ။

သူရောကိုယ်ရောအတန်းချိန်လည်း enjoyတယ်၊သူတိုးတက်လာတာမြင်ရ၊ ကိုယ့်သင်ကြားမှုနဲ့လည်းကိုက်ညီတာမို့ ပျော်မိတာပါပဲ





#တရုတ်စာသင်တန်း
#တရုတ်စာသင်တန်းmdy

09/03/2026

HSK Reading & Listening
准备HSK




#တရုတ်စာသင်တန်းmdy



#တရုတ်စာကျူရှင်

三八妇女节快乐 sān bā fù nǚ jié kuài lèHappy international women's day 🎉🥳
08/03/2026

三八妇女节快乐 sān bā fù nǚ jié kuài lè

Happy international women's day 🎉🥳

Bodyက ထွက်တဲ့အသံလေးတွေ1. Dǎgé 打嗝 ကြို့ထိုးသည်2. Dǎ hāqian 打哈欠 သမ်းဝေသည်3. Dǎ pēntì 打喷嚏 နှာချေသည်4. Dǎ hūlū 打呼噜 ‌ဟောက်သံထ...
08/03/2026

Bodyက ထွက်တဲ့အသံလေးတွေ
1. Dǎgé 打嗝 ကြို့ထိုးသည်
2. Dǎ hāqian 打哈欠 သမ်းဝေသည်
3. Dǎ pēntì 打喷嚏 နှာချေသည်
4. Dǎ hūlū 打呼噜 ‌ဟောက်သံထွက်အောင်အိပ်သည်
5. Késòu 咳嗽 ချောင်းဆိုးသည်
6. Chuī kǒushào吹口哨 လေချွှန်သည်
7. Tànqì 叹气 သက်ပြင်းချသည်
8. Dùzǐ gū gū jiào 肚子咕咕叫 ဗိုက်ဆာလို့ တဂွီဂွီမြည်သည်
9. Fàngpì放屁 လေလည်သည်



#တရုတ်စာသင်တန်း


#တရုတ်စာသင်တန်းmdy

Address

45th Street & 117th Street
Mandalay

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 08:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00

Telephone

+959794582447

Website

Alerts

Be the first to know and let us send you an email when Tr.Cai classroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share