Royal NanShae Education Private School

Royal NanShae Education Private School We guarantee Security, Safety & Service of your valuable kids. For the better and brighter futures.

07/05/2026

(၂၀၂၆-၂၀၂၇)ပညာသင်နှစ်အတွက်
KG
Grade 1
Grade 2
Grade 3
Grade 4
Grade 5
အတန်းများအတွက် ကျောင်း၌ စာရင်းပေးသွင်းအပ်နှံ နိုင်ပါပြီ။

Ph - 09 76 200 3152

လူဦးရေ အကန့်သတ်ဖြင့်သာ လက်ခံသဖြင့် အချိန်မှီစာရင်းပေးသွင်းကြပါရန် နှင့် အသေးစိတ်အချက်လက် စုံစမ်း နိုင်ရန် အုပ်ထိန်းသူ သို့ မဟုတ် မိဘ ကိုယ်တိုင် ကျောင်းသို့ လာရောက်စုံစမ်း နိုင်ပါသည်။
(ယခင်နှစ် ကျောင်းလခနှန်းထားများအတိုင်းသာ ဖြစ်ပါသည်။)
#တော်ဝင်နန်းရှေ့ပညာရေး
#ကိုယ်ပိုင်မူလတန်းကျောင်း

13/12/2025

"တော်ဝင်နန်းရှေ့ ကိုယ်ပိုင်ကျောင်း" မှ ကျောင်းသား/သူ များအား Kyokushin Belt Promotion Test စစ်ဆေးခြင်း ပုံရိပ်များ...... 🥋🥊🏆🎉🎉🎊🎊🎊

Rank - White to Orange Belt ⬜🔜🟧
Orange to Blue Belt. 🟧🔜🟦

Examiners - Sensei Win Ko (Chairman of IKAK Mdy)
Sensei Hein Htet (Branch Chief of
IKAK Mdy)






26/11/2025

G 5 မိမိကြိုက်နှစ်သက်သောအစားအစာပြုလုပ်ခြင်း သင်ခန်းစာ ကိုယ်တိုင်သင်ယူပြုလုပ်စားကြခြင်း😬😍

21/11/2025

G4 သားသားမီးမီး တို့ရဲ့ သုံးပွင့်တစ်ခိုင် ပြဇာတ် 😍

20.5.2025 Royal NanShae Education Private School မိသားစု နှင့် ဆရာ/ဆရာမများမှ သံဃာတော်များအား ပင့်ဆောင်၍ ပရိတ်တရားနာပွဲ ...
20/05/2025

20.5.2025
Royal NanShae Education Private School မိသားစု နှင့် ဆရာ/ဆရာမများမှ သံဃာတော်များအား ပင့်ဆောင်၍ ပရိတ်တရားနာပွဲ နှင့် နေ့ဆွမ်းကပ်လှူခြင်း ကုသိုလ်အလှူဒါန ပြုလုပ်ကျင်းပခြင်း မှတ်တမ်းပုံရိပ်များ 🙏🙏🙏🎉🎉🎊🎊🎊

15/05/2025
"2025-2026 ပညာသင်နှစ် ကျောင်းဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း"1.5.2025 တွင် ပြုလုပ်သော မိဘဆရာ အစည်းအဝေး ဆ...
03/05/2025

"2025-2026 ပညာသင်နှစ် ကျောင်းဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း"

1.5.2025 တွင် ပြုလုပ်သော မိဘဆရာ အစည်းအဝေး ဆွေးနွေး ညှိနှိုင်းချက်များအရ.......

- စာသင်ကျောင်းဆောင်များမှာ လုံခြုံစိတ်ချရသော တစ်ထပ်ဆောင် အဆောက်အဦးများ ဖြစ်ပြီး ကျယ်ဝန်းသော ကျောင်းဧရိယာရှိခြင်း။
- ကျောင်းနှင့် ထိဆက်လျက်ရှိသော ပတ်ဝန်းကျင်၌ အထပ်မြင့် အဆောက်အဦးများ မရှိခြင်း။
- ကျောင်းပတ်ဝန်းကျင်တွင် ပြုလုပ်လျက်ရှိသော Sky Villa ရှင်းလင်းရေး လုပ်ဆောင်ချက်မှာ များစွာ တိုးတက် လျင်မြန်မှု ရှိခြင်း။
- မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း(Mdy)မှ ဖွဲ့စည်းထားသော Mandalay Earthquake Assessment Group(MEAG) မှ ကျောင်းအဆောက်အဦးများကို မြေပြင်ဆင်း စစ်ဆေးပြီး ထောက်ခံချက် လက်မှတ် ရရှိထားခြင်း။
- ထို့အပြင် Royal NanShae Education Private School အနေဖြင့်လည်း ကျောင်းသား/သူ များ လုံခြုံစိတ်ချရမှု ရှိရန်အတွက် ယခင်ထက်ပိုမို ပြင်ဆင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
-ထို့ကြောင့် ကျောင်းအပ် လက်ခံအပ်နှံခြင်းကို 23.5.2025 တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျာ......

29/04/2025

" Royal NanShae Education Private School " မှ ကျောင်းသား/သူ များနှင့် မိဘများ ခင်ဗျာ.....

-ငလျင်ဘေး ကာလ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းကာလတစ်နှစ် ယာယီ ရပ်နားရန် စီစဥ်ထားသော်လည်း တော်ဝင်နန်းရှေ့ ပညာရေး ကိုယ်ပိုင်ကျောင်းသို့ ယုံကြည်စွာဖြင့် အပ်နှံထားသော မိဘများ၏ ကျောင်းဆက်လက်ဖွင့်လှစ်ပေးပါရန် တောင်းဆိုမှုများကြောင့် ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် အတန်းအလိုက် မိဘများအား ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ...........

၇ရက်သားသမီး အားလုံးဘေးအန္တရာယ် အပေါင်းကင်းဝေးကြပါစေ။ကျွန်တော်တို့ ကျောင်း နှင်ံ့ တစ်ကွက်ကျော်ရှိ(တောင်ဘက်) Sky villa vco...
02/04/2025

၇ရက်သားသမီး အားလုံးဘေးအန္တရာယ် အပေါင်းကင်းဝေးကြပါစေ။
ကျွန်တော်တို့ ကျောင်း နှင်ံ့ တစ်ကွက်ကျော်ရှိ(တောင်ဘက်) Sky villa vcondo ငလျင်ဘေးကြောင့် ပြိုကျပျက်စီး ခဲ့ပါသည်။
ကျောင်း၏ အိမ်သာဘက်အခြမ်းသာ ထိခိုက် ပျက်စီးခဲ့ရပါသည်။
ကယ်/ရှင်း လုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ပါသည်။ ကျောင်းပိတ်ကာလ​ဖြစ်၍
တော်ဝင်နန်းရှေ့ မိသားစု အားလုံး ထိခိုက်မှု (ရုပ်ပိုင်း) မရှိကြပါ။
ကယ် / ရှင်း ကာလ ဖြစ်၍ လမ်း၆၀ အဝင်ထွက် ပိတ်ထားပါသည်။
ကျောင်းတွင် တက်ရောက်နေသော condo တွင်နေထိုင်သည့် ကျောင်းသားကလေးငယ် ၁ဦး ၏ စိတ်မကောင်း ဝမ်းနည်းဖွယ်ကိစ္စ ကြုံတွေ့ကြားသိရပါသည်။ မိသားစုနှင့် ထပ်တူ ဝမ်းနည်းပူဆွေးရပါသည်။
တော်ဝင်နန်းရှေ့ပညာရေး၏
မိသားစုဝင် ကျောင်းသား/သူ မိသားစုများ
အစစအဆင်ပြေ ၍ ဘေးအန္တရယ်အပေါင်း
လွတ်မြောက်ကျော်လွှားနိုင်ကြပါစေ။
🙏🙏🙏

Royal NanShae Education Private School  မှ ကလေးငယ်များအား ဆရာကျော်ဇင်ဟိန်းမှ "Coding for Kids" နှင့် ပတ်သက်ပြီး မိတ်ဆက်ဆ...
11/02/2025

Royal NanShae Education Private School မှ ကလေးငယ်များအား ဆရာကျော်ဇင်ဟိန်းမှ "Coding for Kids" နှင့် ပတ်သက်ပြီး မိတ်ဆက်ဆွေးနွေးရှင်းပြပေးခြင်း 🎉🎉🎊🎊👏👏👏👨‍💻👩‍💻

ယနေ့ခေတ် ကမ္ဘာမှာ နည်းပညာတိုးတက်လာသည်နှင့်အမျှ "Coding" ဘာသာရပ်ကို ကလေး ငယ်ရွယ်စဥ်မှ၍ လေ့လာလိုက်စားသူဦးရေ တိုး၍လာနေပါတယ်.....👨‍💻👩‍💻

🤔 Coding ဆိုတာ ဘာလဲ ......???

👉Coding ဆိုတာ "ကွန်ပျူတာကို မိမိ အလိုရှိရာ အသုံးပြု ခိုင်းစေနိုင်ရန်အတွက် "Programming Language" တွေကိုသုံးပြီး Instructions လို့ခေါ်တဲ့ ညွှန်ကြားချက်တွေကို ရေးသားခြင်းဖြစ်ပါတယ်....
👉 Coding ဖြင့် Software တွေ၊ Website တွေ၊ Mobile Application တွေ၊ Game တွေ၊ AI စနစ်တွေကို ဖန်တီးနိုင်လို့ ယနေ့ခေတ်မှာ အရေးကြီးလာပါတယ်။ "


🤔 ကလေးငယ်များကို Coding သင်ပေးခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ.....???

1. Creative Thinking လို့ခေါ်တဲ့ ဖန်တီးတွေးခေါ်နိုင်စွမ်းတိုးတက်လာစေခြင်း၊
2. Problem Solving Skills လို့ခေါ်တဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းများ တိုးတက်လာစေခြင်း၊
3. Logical Reasoning လို့ခေါ်တဲ့ ယုတ္တိဗေဒကျကျ တွေးခေါ်တတ်လာစေခြင်း၊
4. Collaboration လို့ခေါ်တဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုများတွင် တိုးတက်လာစေခြင်း၊
5. Confidence Building လို့ခေါ်တဲ့ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်ခြင်း၊
6. Coding Concepts လို့ခေါ်တဲ့ အခြေခံ Coding သဘောတရားများကို ငယ်ရွယ်စဉ်ကတည်းက နားလည်လာစေခြင်း၊
7. STEM လို့ခေါ်တဲ့ Science (သိပ္ပံပညာ)၊ Technology (နည်းပညာ), Engineering (အင်ဂျင်နီယာပညာ), and Math (သင်္ချာပညာ) များကို ငယ်စဉ်ကတည်းကရင်းနှီးကျွမ်းဝင်လာစေခြင်း၊
8. Fun and Engagement လို့ခေါ်တဲ့ပျော်ရွှင်စွာဖြင့် ရေရှည်စိတ်ဝင်စားမှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း၊
စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

" နွေရာသီ အားလပ်ရက် "တွင် ကလေးငယ်များကို
"Coding" နှင့် ပတ်သက်ပြီး လေ့လာသင်ကြားလိုပါက
☎ 0943188397, 09797773662 (သို့) Cb မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည် ခင်ဗျာ...🎉🎊🎊👏👏👨‍💻👩‍💻

Address

Mandalay

Opening Hours

Monday 08:45 - 15:00
Tuesday 08:45 - 15:00
Wednesday 08:45 - 15:00
Thursday 08:45 - 15:00
Friday 08:45 - 15:00

Telephone

+959762003152

Website

Alerts

Be the first to know and let us send you an email when Royal NanShae Education Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Royal NanShae Education Private School:

Shortcuts

Share

Category