ကျွန်ပညာရေးစနစ်နှင့်သခင်ပညာရေးစနစ်
..........................
သတင်းစာရှင်းလင်းပွဲနေ့မှာ သတင်းထောက်တစ်ဦးပြောတာကြားဖူးပေမဲ့ မနေ့က news feedမှာပြန်တက်လာတာလေးတွေ့တာရယ် ဆယ်တန်းတွေဖြေဖို့နီးလာတာရယ်ကြောင့်ဒီပို့စ်လေး ရေးဖို့စိတ်ကူးပေါက်လာတယ်၊
ကျွန်တော်တို့ကစနစ်တစ်ခုကိုဝေဖန်မယ်ဆိုလူကိုကြည့်လို့မရပါဘူး မူကိုကြည့်မှရမယ်ဗျ၊ ဒီလိုပိုစ့်ရေးရတာ အခန့်မသင့် လူမုန်းများနိုင်ပါတယ်
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ပညာရေးစနစ်ကောင်းလားလို့မေးရင် ကျွန်တော့အနေနဲ့မကောင်းပါ ညံ့ပါတယ်လို့မှတ်ချက်ပြုလိုတယ်ဗျ ။ လူတိုင်းကလဲမကောင်းဘူးလို့ယုံကြည်နေကျမှာပဲမလား။
ဒါပေမဲ့ အခုပညာရေးစနစ်ကဘာမကောင်းတာလဲဆိုတာ နှစ်ရှည်လများမကောင်းဘူးပြောလာတဲ့သူတွေက analysis ကိုသေချာမလုပ် မထောက်ပြခဲ့ကြပါဘူး။နေသာသလိုမှေးနေခဲ့ကြတာလား သိပေမဲ့မပြောချင်ခဲ့ဝာလားတော့မပြောတတ်ဘူးဗျ။ ဘာမကောင်းတာလဲခုထိ ပြောဖူးတဲ့သူလိုက်ရှာလို့မတွေ့ဘူး ။
ဒါနဲ့ပတ်သက်ပြီးလူအများယုံကြည်နေတဲ့ကျွန်ပညာရေးစနစ်အကြောင်းနဲနဲပြောချင်ပါတယ် ၊ ကျွန်တော့်ညီဝမ်းကွဲထဲကပါ nld အစိုးရခေတ်ကဆယ်တန်းဖြေတာကျခဲ့သူပါ၊ ခုပြန်ဖြေမလားမေးကြည့်တယ် ကျွန်ပညာရေးစနစ်မို့မဖြေတော့ဘူးတဲ့၊ မဖြေတော့တာလက်ခံပေမဲ့ ကျွန်ပညာရေးစနစ်လို့သူကပြောတော့ ဟ ဟုတ်လှပါလားဟ ဘယ်လိုကျွန်ပညာရေးစနစ်ပြောင်းသွားတာလဲ လုပ်ပါအုန်းကွ
👉မင်းကိုသင်ပေးတဲ့ဆရာမပြောင်းသွားတာလားဆိုတော့ မဟုတ်ဘူးတဲ့
👉မင်းသင်ခဲ့ရတဲ့ သင်ရိုးပြောင်းသွားတာလားဆိုတော့ မဟုဝ်ဘူးတဲ့
အဲ့တာဆိုဘာလို့လဲဆိုတော့ တပ်ကအာဏာသိမ်းသွားလို့တဲ့
ကျွန်တော်ဆိုလိုချင်တာကဒီမှာပါပဲ မြန်မာတွေဟာ မြန်မာစကားကိုသေချာမသိကြဘူး သခင်ပညာရေးစနစ် နဲ့ကျွန်ပညာရေးစနစ်ဆိုတာ စနစ်အချိန်းအပြောင်းဖြစ်ခဲ့ရင်တောင်ဟုတ်ပေအုန်းမယ် ခုတော့ ဒီဆရာ ဒီစာ ဒီကျောင်းသားပဲကို အယူလွဲနေကြတယ်။
တချို့က ကျွန်ပညာရေးမို့ကျောင်းမထားဘူးဆိုပြီး အသံကောင်းဟစ်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာသွားထားတယ်
တချို့ကျ စီးပွားရေးလဲအစဉ်မပြေတော့တာနဲ့ ရောရောင်ပြီး ခလေးကိုကျောင်းမထားတော့ပဲနေတယ်
တချို့ကျ ကိုကိုယ်တိုင်ကျောင်းမတက်ချင်တာကို မိဘကိုအကြောင်းပြတယ်
တချို့ကျ သားသမီးလဲမရှိပဲ ကျွန်ပညာရေးစနစ်ဆိုပြီး ကျောင်းမတက်ဖို့လှုံ့ဆော်တယ်
တကယ်တန်း နစ်နာတာက ကျောင်းသားကိုယ်တိုင်ပါပဲ
၊ဒါကအခုကျောင်းသားကလေးတွေအတွက်ပေါ့။
နောက်တစ်ခုကပညာရေးစနစ်မကောင်းဘူးဆိုတာဘာကြောင့်လဲဆိုတာပါ၊ ကျွန်တော်တို့ပညာရေးစနစ်မှာမကောင်းဆုံးကအပိုင်းကိုပြောပါဆ်ုရင် အလယ်တန်းကျော်လာတဲ့အထိ ပါလာတဲ့ ကြက်တူရွေးနှုတ်တိုက်စနစ်ပါပဲ။
ကြက်တူရွေးနှုတ်တိုက်စနစ်ဟာမလိုအပ်တာတော့မဟုတ်ပါဘူး ၊ငယ်တုန်းအရွယ် စာဖတ်နိုင်စွမ်းကိုသင်ချိန်မှာ ပါးစပ်နဲ့ လျှာအလုပ်ကောင်းကောင်းလုပ်အောင်သင်တဲ့ကာလမှာအကောင်းဆုံးပညာရေးစနစ်ပါ။
ဒါပေမဲ့အထက်တန်းအဆင့်ရောက်တဲ့အချိန်မှာတော့ ကြက်တူရွေးတစ်ဝက် ဇီးကွပ်တစ်ဝက်ဖြစ်သင့်တာပါ၊ ဇီးကွပ်ဆိုတာက တွေးတောနိုင်စွမ်းရှိတာကိုတင်စားပြောတာနော် ပြူးကြောင်ကြောင်ကြည့်တာကိုမဟုတ် 😁
တက္ကသိုလ်တန်းရောက်တဲ့အချိန်မှာ တွေးတောနိုင်စွမ်းကို 80% လောက်ထိခေါ်သွားသင့်ပြီး မာစတာတန်းနဲ့အထက်မှာတော့ တွေးတောမှု100% ဖြစ်သင့်တာပါ။
ဒါဆိုခုလိုစနစ်ကိုဘယ်လိုကုစားမလဲပေါ့၊ ကျွန်တော့ကိုယ့်တွေ့အရပြောရရင်တော့ နိုင်ငံခြားကျောင်းတွေရဲ့ပညာရေးစနစ်ကိုလေ့လာသင့်ပါတယ်၊ ကျွန်တော်နိုင်ငံခြားကျောင်းတွေမှာကြုံခဲ့သမျှ စာမေးပွဲဖြေတဲ့အခါ မေးခွန်းအများကြီးမဖြေရဘူး၊ နဲနဲလေးကိုခေါင်းစဉ်လေးတွေပဲပါတယ်၊ မဲပေါက်တာနဲ့ဆရာကိုခေါင်းစဉ်ပြ ပြီးရင်ကြိုက်တဲ့နေရာကနေ မှီငြမ်း ကူးချပြီးရေးလာလို့ရတယ်၊
ရမှတ်(၁)👉ပထမဆုံးအနေနဲ့ဆရာက ကူးလာတဲ့စာမှန်လားစစ်တယ် မှားနေရင်ကျတယ်၊
ရမှတ်(၂)👉တကယ်လို့ကူးလာတဲ့စာမှန်ခဲ့ရင် မအောင်သေးပါဘူး ဆရာကအဲ့တော့မှ စာကိုရှင်းပြခိုင်းတယ်၊ အဲ့တော့ကူးချလာပြီးရှင်းမပြနိုင်ရင်မအောင်ပါဘူး
ရမှတ်(၃)👉ကူးလာတဲ့စာလဲမှန်တယ် ရှင်းပြတာလဲအစဉ်ပြေတယ်ဆို အောင်မှတ်ရပါတယ် ဒါပေမဲ့အောင်မှတ်ပါပဲ pass ဖြစ်ပါတယ်
ရမှတ်(၄)👉ကူးလာတဲ့စာလဲမှန် ရှင်းပြတာလဲအစဉ်ပြေ ပြီး စာထဲပါတာနဲ့ပတ်သက်ပြီးမေးခွန်း နှစ်ခုလောက်ဖြေနိုင်ရင် good ရပါတယ်
ရမှတ်(၅)👉ကူးလာတဲ့စာလဲမှန် ရှင်းပြတာလဲအစဉ်ပြေ မေးခွန်းလဲဖြေနိုင်ပြီး သူစာသင်ချိန်စိတ်ပါဝသ်စားတယ်လို့ဆရာကခံယူရင် excellent ပေးပါတယ်
ဒီလိုစနစ်ကြောင့်ဘာဖြစ်သလဲ ခိုးချတာမရှိဘူး၊ နားလည်ဖို့အဓိကဆိုတာသိလာတယ် ၊ တခြားအားနည်းတဲ့စနစ်တွေအများကြီးရှိသေးပေမဲ့ အဓိက ပြသနာကဒါပါပဲ နားလည်မလည်အဓိကပါပဲ
ခုတော့ မြန်မာနိုင်ငံမှာ ကလေးတွေတက္ကသိုလ်ရောက်တဲ့အထိ ကြက်တူရွေးလေးတွေများလာတာနဲ့အမျှ ကျောင်းပြီးသင်တန်းပြီးတာနဲ့ ခေါင်းထဲဘာမှမကျန်၊ စာတွေလဲအကုန်ကျက်ရတော့ နိုင်ငံခြားကကျောင်းသားတွေထက်ပိုပင်ပန်းပြီး အသိတော့ဘာမှကျန်ဖြစ်တာပါ။
ဒီပညာေရးစနစ်က နှစ်ကြာလေ သူတပါးနိုင်ငံထက်ပိုနောက်ကျလေဖြစ်မှာပါ မိုးနဲ့မြေလိုကွာသွားနိုင်ပါတယ်။
ကျက်လို့ရတာကအလွန်ဆုံးတနှစ်ပေါ့ နားလည်ရင်အနဲဆုံးငါးနှစ်လောက်ထိမှတ်မိနိုင်ပါတယ်။ဆယ်တန်းပြန်ဖြေကလေးတွေမအောင်တညလဲဒါကြောင့်ပါပဲ။နားမလည်တော့ အကုန်အသစ်ပြန်ဖြစ်ဖြစ်နေလို့ပါ။
စာလဲရှည်ပြီဆိုတော့ ကျွန်တော့ဒီပို့စ်လေးကို ဆရာ ဆရာမတွေမြင်ခဲ့ရင် ဒီစနစ်လေးပေါ်လာအောင်ဆောင်ရွက်ပေးကြပါ စေတနာထားကြပါ၊ ကျောင်းသား ကျောင်းသူတွေကလဲ စနစ်နဲ့ဆရာတွေကိုအပစ်ပုံချမနေပဲ နားလည်အောင်အတတ်နိုင်ဆုံးကြိုးစားကြပါ လိန်မာကြပါ ကြိုးစားကြပါလို့ စေတနာဖြင့်
Aung San _Myan Share
MYAN SHARE
knowledge sharing about IT
02/02/2022
Editး တစ်ရက်ပဲရလို့ပိုစ်ပြန်ဖျက်လိုက်ပါပြီဗျ
ကဲအားလုံးကျိတ်ချင်နေတဲ့နွားကြီး မရဘူးပြောမှာဆိုးလို့စမ်းပြထားတာ နဲနဲရှည်သွားတယ် ကျော်ကြည့်ကြဗျို့,
telenor ပက်ကေ့ဈေးအပေါဆုံးဝယ်ပြီး ဗျင်းမယ် သုံးရမှတော့အားလုံးတူတူပေါ့ဗျာ နော့ ..... ကျွန်တော့ channel လေးကိုလဲ subscribe ပေးသွားအုန်းနော့
02/02/2022
မိုင်တဲ netword test စစ်မရဖြစ်နေသူများအတွက်အသေးစိပ်ကိုလုပ်ပြထားတယ်ဗျ.... ဖုန်းအကြောင်းသိနေသူတွေကတော့ app info ထဲမှာ clear cache လုပ်လို့ပြောလိုက်တာနဲ့ သဘောပေါက်ပေမဲ့ တစ်ချို့ကမသိသေးတော့ နဲနဲရှည်သွားတယ်.... ကျွန်တော်ခုစမ်းတော့ လေယာဉ်မစီးတာတောင် ၁၂၀၀ ကျော်ရလိုက်တယ်.... telenor ကလဲပိတ်သွားပြီဆိုတော့ဒါလေးပြန်လုပ်ပြတာပါ....အသေးစိတ်သ်ချင်ရင်တော့ အောက်ကလင့်သာသွားကြည့်တော့ဗျ...
mytel network test သုံးမရသူများအတွက် အစအဆုံးအသေးစိတ် အသေးစိတ်လုပ်ပြထားလို့ နဲနဲရှည်သွားတယ်ဗျာ...... app info ထဲကို clear cache လုပ်ပါလို့ပြောတာနားမလည်ဘူးပဲပြောနေကြလို့ အသေးစ.....
telenor ကfreeမဟုတ်ပါဘူး
99.ကျပ်ရှိမှ တနေ့ကုန် အကြိုက်သုံးလို့ရမှာပါ *7099 #ကိုခေါ်ရတာပါ အရင်ဆုံး ဝယ်မည်1နိပ်ပါ
ပြီးရင် #ကို ထပ်နိပ်ပါ နောက်ပြီး 1ကို ထပ်နိပ်ပါ
အာ့ဆိုရင် သုံးလို့ရပါပြီ ။
တချို့က တစ်ခါပဲဝယ်ယုံပဲနေ့တိုင်းဖရီးရနေတယ်ပြောပ့တယ် ။
1.ရက်ပဲသုံးလို့ရတာပါနောက်ရက်သုံးမယ်ဆိုရင် ထပ်ပြီးဝယ်ပါVpn.ကတော့ psi.169က သုံးရတာအဆင်ပြေပါတယ်။
#မှတ်ချက် လက်ကျန်ရှိရင်လဲ ဖျတ်ပါတယ်
mb.ရှိရင် mbဖျတ်ပါတယ်။0.ks 0.mbရှိမှ သုံးရတာတန်မှာပါကျနော်ဆို ဒီနေ့ 2000.ks ကုန်ပါတယ် ဘာမှထူးမလာပါဘူး။
Crd: owner
24/01/2022
မိုင်တဲတရားဝင်ရနေတဲ့ ဖရီးကြီးကို သူများတွေပဲသိပြီး ကိုယ့်ဘော်တာတွေမသိမှာဆိုးလို့ အဆဲခံပြီးတင်ပေးလိုက်ပြီဗျာ... ပြီးရင်တော့ပြန်ဖျက်မယ်ဗျာ ... မှားရင်တစ်ရက်နစ်နာလို့ video နဲ့ပဲတင်ပေးတာ အားနာပါတယ်ဗျို့... ၂မိနစ်စာလေးနဲ့ အများကြီးရမှာမို့ မသိရင်တော့ကြည့်ကြည့်ဗျ...သုံးတာတော့ test network နဲ့ auto clicker ပဲ
20/01/2022
mytel bill zero နဲ့ ပို့စ်တင်လို့ရမယ်, messenger တော့တော်တော်လေးကောင်းတယ်... ပုံတွေကတော့ Mbs နဲတာဆိုတန်းပေါ်တယ် , များတာတော့စိတ်ရှည်ပြီးစောင့်နိုင်မှရမယ် သုံးချင်လျှင်တော့...
24clan inject နဲ့ အင်တာနက်ဖရီးသုံးဖူးသူတွေကတော့အောက်က file လေး down ပြီးသုံးလိုက်ပါဗျ,
ကိုယ့်ဘာကိုလုပ်မဲ့သူတွေ 24clan inject files ကအရင်လိုတန်းမရဘူးနော် ပြင်ရတာလေးတွေရှိတယ်ဗျ
24clan inject download :
1) https://drive.google.com/file/d/1jc7pvVzUE4GRXl1-6ADzRhCSJfNcJbNI/view?usp=sharing
2) https://mega.nz/file/S1FTzCTS -Msxnl_MQ
3)
https://drive.google.com/file/d/1slalfZottXQWYWN1ZzsizOtgFUegUHYr/view?usp=sharing
အသေးစိတ်သိချင်လျှင်တော့အောက်ကျ youtube မှာ ဝင်ကြည့်ရင်း subscribe အားပေးသွားပါအုန်းဗျ
https://youtu.be/Z0mEDuBbn0Y
18/01/2022
မတင်တော့ဘူးလုပ်နေတာ အများစုမလုပ်တတ်ဘူးဆိုလို့လုပ်ပြထားတယ်ဗျ..
တကယ့်လိပ်ဖိုးဖိုးအင်တာနက်ပါ.. ကျွန်တော်သုံးထားတဲ့ fb lite apk version ကြောင့်လားတော့မသိဘူးဗျို့ 😄
လုပ်နည်းကတော့ HA tunnel plus vpn မှာကျတော့ custom setting ပြောင်းပြီးတော့ 8.8.8.8 google dns setting ထားရမယ်
l4d ping tool ကတော့ play store မှာမရှိတော့ down ပြီး install ပေမဲ့ သုံးလို့ရအောင် permission နဲ့ auto start ဆိုတာလေးလုပ်ပေးရမယ်ဗျ...
အသေးစိတ်သိချင်ရင်တော့ youtube မှာကြည့်ရင်း subscribe လေးအားပေးခဲ့ပါအုန်းဗျ... အစဉ်ပြေကြပါစေ ❤❤
မိုင်တဲဖရီးအင်တာနက် ကျွန်တော်စမ်းသုံးကြည့်တော့လိုင်းသိပ်မကောင်းဘူးထင်လို့တင်မပေးတော့ဘူးလုပ်နေတာ ..... အများစုကမလုပ်တတ်ဘူးဆို.....
15/01/2022
အင်တာနက်အသုံးများလာနဲ့အမျှ အိမ်တွေမှာ fiber net တပ်ထားသူတွေ ကွန်ပျူတာရှိသူတွေတိုင်း Lan cable ကြိုးတော့ရှိသင့်ပါတယ်။ ပုံမှန် data ကူးတာမျိုးလုပ်ရင်တောင်usb ထက်ပိုမြန်ပါတယ် lan cable နဲ့ဆို 10Mbs နဲ့အထက်ရပါတယ်။ဆိုတော့ခု video လေးမှာ အင်တာနက်ကြိုး lan cableကိုဘယ်လိုညှပ်ရမလဲဆိုတာကို လုပ်ပြထားပါတယ်။ ကြိုးညှပ်ရမှာ မှတ်ရလွယ်အောင် လိမ်မော်ကိုအဝါလို့မှတ်မယ်။ ဆိုတော့
ဝါကြား၊ဝါ၊စိမ်းကြား၊ပြာ၊ပြာကြား၊စိမ်း၊ညိုကြား၊ညို
ဆ်ုပြီးတော့ညှပ်ပါမယ်။ဟိုအရင်တုန်းကတော့ ချိတ်မဲ့စက်မျိုးတူတာဆိုရင် crossover တွေ ၊မျိုးမတူရင် straight throughတွေခွဲထားပေမဲ့ ခုကတော့ ဆာဗာတွေမှာပဲ ချွင်းချက်အနေနဲ့ကျန်နေတာမျိုးပဲရှိပါေတာ့တယ်
။
LAN cable ခေါင်းရိုက်တံဆို 9000 ကျပ်နီးပါး
RJ45 ခေါင်းတစ်ခေါင်းဆို 200 ကျပ်
မရှင်းတာ တခြားသိချင်တာရှိလျှင်မေးမြန်းနိုင်ပါတယ်ခဗျ။ အသေးစိတ်သိချင်လျင်တော့ အောက်က YouTube channel မှာဝင်ကြည့်ရင်း subscribe လေးအားပေးသွားကြပါဗျ ❤️
အင်တာနက်ကြိုးညှပ်နည်း | How to setup RJ45 on cat6 LAN cable Hi guys, in this video shown how to setup RJ45 on cat6 LAN cable for internet. Please enjoy and don't for to subscribe :D..အားလုံးပဲမင်္ဂလာပါဗျ....ဒီ video လ...
15/01/2022
ကျွန်တော်တို့ အိမ်မှာ TV တွေလိုင်းဝါးနေတဲ့အခါ skynet က လိုင်းကြောင့်မဟုတ်ပဲ ကြိုးတွေကြောင့်လဲဖြစ်တတ်ပါတယ်။ ဆိုတော့ လိုလာရင်အသုံးဝင်အောင်ကြိုးတပ်နည်း ညှပ်နည်းလေးကို အသေးစိတ်လုပ်ပြထားပါတယ်ဗျ ၊ မရှင်းတာရှိရင်ဖြစ်ဖြစ် တြခားသိချင်တာရှိရင်ဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်ဗျ ❤️
Skynet နှင့် TV ခေါင်းညှပ်နည်း | How to setup cat6 coaxial cable for TV Hi guys, in this video shown how to setup cat6 coaxial cable for TV. Please enjoy and don't for to subscribe :D..အားလုံးပဲမင်္ဂလာပါဗျ....ဒီ video လေးမှာတော့ ...
09/01/2022
အင်တာနက်တွေဈေးကြီးလာတာနဲ့အမျှ ကျွန်တော်တို့ WiFi တွေကိုသူများတွေခိုးမချိန်နိုင်အောင် Password ခိုးယူခြင်းမှကင်းအောင်လုပ်ဆောင်ရမဲ့နည်းတွေထဲက အလွယ်ဆုံးနည်လေးတစ်ခုကိုလုပ်ပြထားပါတယ်...နည်းလမ်းကတော့ ssid hide ခြင်းနည်းလမ်းပါပဲဗျ..အသေးစိတ်သိချင်လျှင်တော့အောက်ကလင့်မှာကြည့်ရင်း subscribe လေးအားပေးသွားပါအုန်းဗျ ❤️
မိမိ wifi ကိုသူများခိုးမသုံးနိုင်အောင်လုပ်နည်း | how to prevent WiFi hacking Hi guys ,in this video shown how to prevent wifi hacking by hidding SSID . Please enjoys and don't forget to subscribe :Dအားလုံးပဲမင်္ဂလာပါဗျ....ဒီ video လေး...
09/01/2022
Myid ကို update ပေးလိုက်ရင် ခုပါလာတဲ့ warm zoneဆိုတဲ့ မြွေဂိမ်းလေးပါလာပါတယ်။ အများစုရင်းနီးပြီးသားဂိမ်းဆိုတော့အစဉ်ပြေကြမှာပါ။ တစ်ခုပဲအဲ့မှာ default setting ဆို ကစားရနဲနဲရှုပ်ပါတယ်။ lol လိုသွားတဲ့ direction ကို control လုပ်နိုင်ဖို့ setting ထဲမှာသွားပြင်ပေးရပါတယ်။ နားမ လည်သေးလို့အသေးစိတ်ကြည့်ချင်ရင်တော့အောက်က YouTube လေးမှာကြည့်ရင်း subscribe လေးအားပေးသွားကြပါအုန်းဗျို့❤️
Free ရအုန်းမဲ့ မိုင်တဲဂိမ်းအသစ် warm zone အလွယ်ဆုံးကစားနည်း setting myid ကို update ပေးလိုက်ရင်ပါလာပါလိမ့်မယ်, အဲ့ထဲက warm zone ဆိုတဲ့ game ကိုကစားပြီး free internet data, emoney, bill တွေဂုံးဆင်းကြမယ်ဗျို့ ...
30/12/2021
မိမိစီက အင်တာနက်ကိုသူများကို ဝိုင်ဖိုင်နဲ့ရှယ်ပေးချင်တယ် ကိုယ့်အတွက်လဲမကျန်ပဲ ဖြစ်မှာဆိုးလို့ချန်ထားချင်တယ် ဆိုတဲ့သူတွေအတွက် wifi data limit သတ်မှတ်ပြီးရှယ်နည်းပါ ❤️
WiFi မှာ မိမိရှယ်ချင်သလောက်အင်တာနက်ပမာဏသတ်မှတ်နည်း| How to limit shared wifi data Hi guys, in this video shown how to limit shared wifi data on phone. Please enjoys and don't forget to subscribe.အားလုံးပဲမင်္ဂလာပါဗျ.....ဒီ video လေးမှာတော...
Click here to claim your Sponsored Listing.
Location
Category
Contact the school
Address
Mandalay