Thu Woon - You Are Champion

Thu Woon - You Are Champion

Share

ဘဝမှာ စိတ်ချမ်းသာစွာရပ်တည်နေနိုင်ဖို့ အသိပညာနှင့် နည်းလမ်းများကို မျှဝေပေးတဲ့ Pageပါ

25/12/2023

~~~ ဒီအကြောင်းအရာကိုမရေးမိခဲ့ရင် ကျွန်တော် နောင်တတွေနဲ့တစ်ချိန်လုံး နေရနိုင်တယ် ...

~~~ ဘဝမှာ အလျှင်စလိုလျှောက်မိတဲ့လမ်းတွေဟာ အမှားတတ်ဆုံးပဲ

~~ ကျွန်တော်တို့ဘဝမှာ

ဘေးကျပ်နံကျပ်ဖြစ်ပြီး

ဘာလုပ်လုပ်အဆင်မပြေတဲ့အချိန်

ဘယ်လိုမှကို

အဆင်မပြေတတ်တဲ့အချိန်မျိုးတွေ

ရှိတက်ကြပါလိမ့်မယ်

အဲ့ဒီအခါမျိုးမှာ

ကျွန်တော်တို့လုပ်မိတာ တစ်ခုရှိတယ်

" အဆင်ပြေမယ်လို့ထင်တဲ့အရာမှန်သမျှကိုလုပ်တာပဲ "

ရေရှည်အတွက်မဟုတ်တဲ့အရာတွေပေါ့

အဲ့ဒီလိုလုပ်မိတဲ့အခါအများစုသောလူတွေ

ပိုပြီးဒုက္ခရောက်တာကိုတွေ့ရတယ်

ကျန်အနည်းငယ်သောလူတွေကတော့

ဘဝကို လုံးဝလက်လျှော့အရှုံးပေးသွားကြတယ်

~ လူတိုင်းကြုံတွေ့ရတဲ့ အရာပါ

အနည်းငယ်သောလူတွေသာ

ကြုံတောင့်ကြုံခဲဖြစ်ပါလိမ့်မယ်

ဒါပေမဲ့ အဲ့ဒီလိုလူမျိုးတွေကလည်း

အတော်ကို ရာခိုင်နှုန်းနည်းပါလိမ့်မယ်

အဲ့ဒီလိုကြုံတွေ့လာတဲ့အခါမှာ

ဖြေရှင်းကျော်လွှားနိုင်တဲ့နည်းလမ်း တစ်ခုရှိပါတယ်

အဲ့ဒါကတော့ " အချိန်ပေး စိတ်ရှည်သည်းခံခြင်း" ပါပဲ

အချိန်ဆိုတာ နာကျင်မှုတိုင်းကို

ကုစားပေးနိုင်တဲ့ သမားတော်" ဆိုတာကိုလည်း

ဒီအထိစာဖတ်လာတဲ့သူ သိပြီးဖြစ်ပါလိမ့်မယ် ..

~~~ ဒီတော့ ကျွန်တော်တို့

ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန်

အဆင်မပြေမှုတွေနဲ့ပဲပြည့်နေတဲ့အချိန်မှာ

" အလျှင်စလို မဆုံးဖြတ်မိပါစေနဲ့ ၊

အလွယ်လမ်းကို မလိုက်မိပါစေနဲ့ ၊

ရေရှည်မဟုတ်တဲ့အရာတွေအပေါ်မှာ

အချိန်ပေးမနေပါနဲ့ " အဲ့ဒီလိုသာလုပ်ခဲ့မိရင်

သေချာပေါက် ရလဒ်ကောင်းတွေရနိုင်မှာမဟုတ်ပါဘူး

အဆိုးတွေသာကြုံတွေ့ရပါလိမ့်မယ်

ဒီတော့ အပေါ်မှာ ကျွန်တော်ပြောခဲ့သလိုပဲ

အချိန်တစ်ခုပေးပါ

အဲ့ဒီပေးတဲ့အချိန်ကိုစိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်ပါ

ကို့အတွက် ရေရှည်ဖြစ်မယ့် အလုပ်

ဒါမှမဟုတ် ကိုယ်ဝါသနာပါပြီး

တစ်ဘဝလုံးဒီအလုပ်နဲ့ပဲ

အသက်မွေးမယ်ဆိုတဲ့ အလုပ်အပေါ်မှာ

ကျွမ်းကျင်မှုတွေတိုးတတ်အောင်လုပ်ပါ

ဒီလိုကျော်ဖြတ်မှသာ

ရလဒ်ကောင်းတွေနဲ့ ပျော်ရွှင်တဲ့ဘဝကို

ပိုင်ဆိုင် ရပါလိမ့်မယ် ...

နောက်တစ်ခု နားလည်ထားရမှာက

" လောကကြီးက ကျွန်တော်တို့ ကို

မဖြေရှင်းနိုင်တဲ့ အခက်ခဲပြဿနာတွေကို

ပေးလေ့မရှိဘူးဆိုတာပဲ "

ဒီအချက်ကို သက်သေပြရမယ်ဆိုရင်

အခုဒီစာဖတ်နေတဲ့သူရဲ့ အတိတ်ကို

ခဏပြန်လှည့်ကြည့်ပါ

ပြဿနာတွေကြုံလာတိုင်း

အချိန်တစ်ခုရောက်တဲ့အခါ

ကိုယ်ကိုယ်တိုင် ဖြေရှင်းလာနိုင်ခဲ့တယ်ဆိုတဲ့

အချက်ကိုတွေ့ပါလိမ့်မယ် .

ဒါဟာ ကျွန်တော်ပေးချင်တဲ့

အကောင်းဆုံးသက်သေပါပဲ ...

ဆရာအကြည်တော်ပြောခဲသလိုပဲ

" အခုကြုံတွေ့နေရတဲ့ပြဿနာဟာ

နောင်တစ်ချိန်အတွက် ဟာဿတစ်ပုဒ်ပါပဲ " တဲ့

အခက်ခဲတိုင်းကိုကျော်လွှားဖြတ်သန်းနိုင်ကြပြီး ချမ်းသာပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ....

သုဝဏ်

23/12/2023

~~~ ပြဿနာတွေနဲ့ကြုံလာတဲ့အခါ
ထူးထူးဆန်းဆန်းတွေ့ရှိရတဲ့
အချက်တစ်ချက်ရှိတယ်
အဲ့ဒါကဘာလဲဆိုတော့
ကြုံလာတဲ့ပြဿနာကို ရင်မဆိုင်ဘဲ
ပတ်ရှောင်နေရင်
ပြဿနာက ကိုယ်ရှိရာကို
လိုက်နေဦးမှာပဲ ၊
ဘယ်လိုမှလည်း
မလွှတ်မြောက်နိုင်သလို
ဘယ်တော့မှလည်းပြေလည်သွားမှာမဟုတ်ဘူး ...

ရဲရဲရင်ဆိုင်ပြစ်လိုက်တဲ့အခါ
အလုံးစုံပြည်လည်သွားကောင်းလည်း
ပြေလည်သွားလိမ့်မယ်
ပြေလည်မသွားဘူးဆိုရင်လည်း
အတွေ့ကြုံကောင်းတစ်ခုရလာမယ်
နောက်ပြီး လူအများသတိမထားမိတာက
တခြားလူတွေရဲ့အမြင်မှာ
ပြဿနာကို တည့်တည့်ရင်ဆိုင်ရဲတဲ့အတွက်
ကိုယ့်အပေါ်မှာ ယုံကြည်မှု
လေးစားအားကျမှုတိုးလာတဲ့အချက်ပဲ
ဒီတော့ ကျွန်တော်တို့အနေနဲ့
အခက်ခဲပြဿနာတွေနဲ့ကြုံတွေ့လာတဲ့အခါမှာ
ရှောင်လွှဲပြေးလွှားနေမယ့်အစား
ရဲရဲရင်ဆိုင်ဖြတ်သန်းဖို့တိုက်တွန်းချင်ပါတယ် ...

"လောကကြီးက
ကျွန်တော်တို့မဖြေရှင်းနိုင်တဲ့ပြဿနာတွေကို
ကျွန်တော့်တို့ဆီပို့ပေးလေ့မရှိသလို
အခက်ခဲပြဿနာတိုင်းဟာလည်း
နောက်တစ်ဆင့်ရှေ့ဆက်နိုင်ဖို့
စမ်းသပ်ချက်တစ်ခုမျှသာဖြစ်ပါတယ် ..."

သုဝဏ်

16/12/2022

~~~ အဓိက နဲ့ သာမည
မခွဲခြားနိုင်သမျှတော့
တိုးတတ်အောင်မြင်မှုလမ်းစလည်း
ရှာဖွေတွေ့နိုင်ဦးမှာ မဟုတ်ဘူး ...

Thu Woon - You Are Champion

#ခွန်အားရှိသောစာပေ





08/12/2022

~~~ ကိုယ့်ရဲ့ခံစားချက်ကို
သူနားလည်နိုင်ဖို့ဆိုရင်
ကိုယ်ကိုယ်တိုင်ကလည်း
သူသိအောင် ဖွင့်ပြောပြဖို့လိုတယ်
ပွင့်လင်းမှုမရှိရင် Relationship တစ်ခုက
ပြန်ဆက်လို့မရအောင် ကွဲအက်သွားတတ်တယ် ..... ။

Thu Woon - You Are Champion



#ခွန်အားရှိသောစာပေ




04/12/2022

~~~ ပေါင်းသင်းဆက်ဆံရေးတစ်ခုဆိုတာ
အစွန်းနှစ်ဖက်မှာ ရှိတဲ့ လူနှစ်ယောက်လိုပဲ
သူ့ဘက်ကိုယ့်ဘက် မျှတမှုမရှိတော့ရင်
ဆက်လက်ရပ်တည်လို့မရနိုင်တော့သလို
ပြန်လည်တည်ဆောက်ဖို့လည်း ခက်သွားပြီ.....

Thu Woon - You Are Champion


#ခွန်အားရှိသောစာပေ




02/12/2022

~~~ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားနဲ့ အစွမ်းအစကို
ဘယ်သူကမှ တားဆီးလို့မရပါဘူး
ဒါပေမဲ့ ကိုယ် ကိုယ်တိုင်က အဓိပ္ပာယ်မရှိတဲ့အရာတွေ ၊
အသေးအမွှားကိစ္စလေးတွေအပေါ်မှာ
အာရုံစိုက်လုပ်ဆောင်နေမယ်ဆိုရင်တော့
ကိုယ့်ရဲ့အစွမ်းအစတွေအပြင်
ဘဝအတွက် တန်ဖိုးရှိတဲ့အချိန်တွေပါ
ဆုံးရှုံးသွားရလိမ့်မယ် ..... ။

Thu Woon - You Are Champion



#ခွန်အားရှိသောစာပေ




01/12/2022

~~~ အောင်မြင်ကြီးပွားတိုးတတ်ဖို့အတွက်
လူတိုင်းမှာ အစွမ်းအစရှိကြတယ်ဒါပေမဲ့
ဘာ့ကြောင့်လူတိုင်းမအောင်မြင်ရတာလဲဆိုတော့
လက်တွေ့လုပ်ဆောင်ခြင်းနဲ့
စိတ်ရှည်သည်းခံခြင်းရဲ့ ခွဲခြားမှုကြောင့်
ကွာခြားသွားကြရတယ် .....

Thu Woon - You Are Champion

#ခွန်အားရှိသောစာပေ





30/11/2022

~~~ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို
လျစ်လျူရှု့ထားသင့်ပေမဲ့
ဘဝနဲ့ပတ်သက်လာရင် ခဏတော့
နားစွင့်ကြည့်လိုက်ပါ ၊
သင်ခန်းစာယူပြီး
ပိုမြင့်တဲ့အထိ ဆက်တတ်နိုင်တာပေါ့ ...... ။

Thu Woon - You Are Champion



#ခွန်အားရှိသောစာပေ




27/11/2022

~~~ ရင်နှီးမြုပ်နှံခြင်းမရှိဘဲ
ဘယ်လိုအကျိုးမြတ်မှ မရနိုင်ဘူး ၊
ကိုယ်စိုက်လိုက်တဲ့မျိုးစေ့ဟာ
သံပုရာပင်ဆိုရင် သံပုရာသီးစားရမယ်
ပန်သီးပင်ဆိုရင် ပန်းသီးစားရမယ်
ဒါဟာ ဘယ်တော့မှ မမှားယွင်းတဲ့
အဖြေတစ်ခုပဲ ..... ။

Thu Woon - You Are Champion

#ခွန်အားရှိသောစာပေ





25/11/2022

~~~ မှန်ကန်တဲ့လမ်းကြောင်းပေါ်
ရောက်နေသည့်တိုင်အောင်
အသိနဲ့သတိမရှိခဲ့ရင်တော့
အဆုံးသတ်ရလဒ်ဟာ
ကောင်းမွန်တဲ့ ရလဒ် ဖြစ်လာမှာမဟုတ်ဘူး ....

Thu Woon - You Are Champion

#ခွန်အားရှိသောစာပေ




24/11/2022

~~~ လိုချင်တာတွေ မရသေးတဲ့ အခိုက်အတန့်မှာ
မလိုချင်တာတွေ ရောက်လာတတ်တယ်
ဒီအချိန်မှာ ကိုယ့်ရဲ့ ခံစားချက်က
ကိုယ့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားတတ်တယ်
ဂရုစိုက်ပါ ၊ စိတ်ရှည်သည်းခံပါ ......

Thu Woon - You Are Champion

#ခွန်အားရှိသောစာပေ





22/11/2022

~~ အမှားဆိုတာ လူတိုင်းကင်းတဲ့အရာမဟုတ်ပါဘူး
ဒါပေမဲ့ အဲ့ဒီအမှားတွေဆီကနေ
သင်ခန်းစာယူနိုင်တဲ့သူသာလျှင်
အောင်မြင်ကြီးပွားတိုးတတ်နိုင်တယ် ......

Thu Woon - You Are Champion

#ခွန်အားရှိသောစာပေ





Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00