26/02/2024
Genius ဖြစ်ဖို့နွေရာသီကျောင်းပိတ်ချိန်ခဏပဲလိုတယ်။
နွေရာသီကျောင်းပိတ်ရက်ရှည်မှာ သင့်ကလေးကိုမပင်ပန်းစေဘဲ အတွေးအခေါ်ထက်မြက်လာစေမယ့် Robotic Coding Science သင်ပေးတာကအနာဂတ်မှာလိုအပ်လာမယ့် Life Skill တစ်ခုဖြစ်ပါတယ်။ 🖥
Coding science နဲ့ Lego education တို့က ကလေးအတွက်အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လာစေဖို့ဖန်တီးပေးနိုင်တာကြောင့် ငယ်စဉ်ကတည်းကသင်ကြားပေးသင့်ပါတယ်။ 📑
🔶 Robotics ဆိုတာဘာလဲ?🔶
Robotics ဆိုတာကလေးတို့အတွက်သိသင့်သိထိုက်တဲ့အခြေခံသိပ္ပံ၊ နည်းပညာနဲ့ သင်္ချာဘာသာရပ်တို့ကို လက်တွေ့ဆန်ဆန်ပျော်ရွှင်စရာကောင်းအောင်သင်ကြားပြီးစက်ရုပ်တွေကိုတည်ဆောက်တဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။
🔶 Robotics သင်ကြားပြီးရင်ကလေးအတွက်ဘယ်လိုတွေအကျိုးရှိမလဲ?🔶
ကျိုးကြောင်းဆက်စပ်တွေးခေါ်လာနိုင်ပြီး မိမိလုပ်ဆောင်ရမယ့်တာဝန်နဲ့နေ့စဉ်လုပ်ငန်းတွေကိုပိုမိုလွယ်ကူလျင်မြန်တဲ့ပုံစံနဲ့ဖြေရှင်းဆောင်ရွက်တတ်စေပါတယ်။
အခက်အခဲတွေကိုစိတ်ရှည်စွာအချိန်ပေးဖြေရှင်းကိုင်တွယ်ရတာကြောင့်စိတ်အရည်အသွေးပါတိုးတက်လာစေပါတယ်။
တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်လာပြီးအသင်းအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တတ်လာတဲ့အတွက်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတွေဖြစ်လာစေပါတယ်။
🔶 Coding science ဆိုတာဘာလဲ?🔶
Coding science ဆိုတာကတော့ ကလေးတို့အတွက် Computer programming ဘာသာရပ်ကိုအသုံးပြုပြီးကိုယ်ပိုင် Website, ကိုယ်ပိုင် Games တွေတီထွင်လာနိုင်အောင်သင်ကြားပေးတဲ့သိပ္ပံပညာရပ်တစ်ခုဖြစ်ပါတယ်။
🔶 ကလေးအတွက်ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်မလဲ? 🔶
Programming တတ်ထားရုံနဲ့နိုင်ငံတကာကနည်းပညာယှဉ်ပြိုင်မှုတွေမှာပါဝင်ဆံ့လာနိုင်ပြီး နည်းပညာရှင်ဖြစ်လာနိုင်မယ့်အခွင့်အရေးကောင်းတွေရရှိနိုင်ပါတယ်။
Little Genius မှာ Robotics & Coding ကို Robotics education လောကမှာနာမည်အကြီးဆုံးဖြစ်တဲ့ LEGO education ပစ္စည်းများကိုအသုံးပြုပြီးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
မြန်ဆန်လွန်းနဲ့နည်းပညာခေတ်ကြီးရဲ့ပညာရေးအပြောင်းအလဲတွေကို Little Genius နဲ့အတူအမှီလိုက်ပြီးသင်ယူလိုက်ပါ။
အချိန် - မတ်လပထမပတ်မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးသင်တန်းလက်ခံနေပြီဖြစ်ပါတယ်။
သင်တန်းချိန် - တစ်ပတ် ၄ ရက် ( အင်္ဂါနေ့မှ သောကြာနေ့ထိ) ကြာချိန် - ၁လခွဲမှ ၂လ။
- တစ်ပတ် ၂ ရက် ( စနေ၊ တနင်္ဂနွေ ) ကြာချိန် - ၃ လခွဲ။
အသက်အရွယ် - KG အရွယ်ကနေ ၁၁ နှစ်အရွယ်ထိလက်ခံသင်ကြားပေးနေပါတယ်။
အတန်းတွေနဲ့ ပတ်သတ်တဲ့အသေးစိတ်ကို Page Chat box မှာဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
🏢 𝐁𝐥𝐨𝐜𝐤-2, 𝐔𝐧𝐢𝐭-13, 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐂𝐨𝐧𝐭𝐚𝐜𝐭𝐞𝐝 𝐍𝐮𝐦𝐛𝐞𝐫: 09409000804, 09409000805
coding
01/01/2024
🌟 To our brilliant students, 👩🚀 To our dedicated educators, 👨👧👦 To our parents and supporters, 🏡 To the entire Little Genius family,
🚀 Happy New Year! Little Genius wish you a year of boundless possibilities and endless smiles. Here's to a year of learning, growing, and achieving together! 🎊
📞 : 09409000804, 09409000805
🏢 : Block-2, Unit-13, Mingalar Mandalay, Mandalay.
25/12/2023
Merry Christmas kids! Wish your lives filled with love and luck, with light and hope and with faith and gratitude.🎄
အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ကာလလေးမှာ ချစ်ခြင်းအပြည်နဲ့ ကံကောင်းပျော်ရွယ်ဖွယ်ရာ အခိုက်အတန့် ကလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Little Genius School Of Science & Technology ကနေဆုတောင်းပေးလိုက်ပါတယ်...
Little Genius School Of Science & Technology
Block-2, Unit 13 , Mingalar Mandalay
09409000804/ 09409000805
01/12/2023
သင် သိပါသလား❓
ကျနော်တို့ လူသားတွေက စာဖတ်ခြင်း (သို့) ကြားနာခြင်းထက် မြင်ရတဲ့အချက်လက်တွေကို ပိုမှတ်မိလွယ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ ဦးနှောက်မှာ အာရုံကြောပေါင်း ဘီလီယံ 100 ခန့်ရှိပြီး 30 ဘီလီယံက အမြင်အာရုံအတွက် ရည်စူးတည်ဆောက်ထားတဲ့အတွက်ဖြစ်တယ်။ မျက်စိနှင့် ဦးနှောက်ကို ချိတ်ဆက်ပေးထားသော အမြင်အာရုံကြောများသည် အသံအချက်ပြမှုများကို သယ်ဆောင်ပေးတဲ့ အသံအာရုံကြောထက် တစ်စက္ကန့်လျှင် ဒေတာ အဆ ၅၀ ပိုပို့နိုင်သည်။ ဒါကြောင့်မို့လို့ ကျနော်တို့ ရုပ်ရှင်ကြည့်ပြီး ဇာတ်လမ်းမှတ်မိတာက စာအုပ်ဖတ်ပြီး ဇာတ်လမ်းမှတ်မိတာထက် ပိုများပါတယ်။
ကဲ…အခုလိုမျိုး စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲမျှဝေပေးနေတာဖြစ်လို့ ကျွန်တော်တို့ Page လေးကို စောင့်ကြည့်ဖို့မမေ့ပါနဲ့နော်။
သားသားမီးမီးတို့အနာဂါတ်အတွက် 𝐋𝐢𝐭𝐭𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬
𝐋𝐢𝐭𝐭𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐒𝐜𝐢𝐞𝐧𝐜𝐞 & 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲
𝐁𝐥𝐨𝐜𝐤-2, 𝐔𝐧𝐢𝐭-13, 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
𝐂𝐨𝐧𝐭𝐚𝐜𝐭𝐞𝐝 𝐍𝐮𝐦𝐛𝐞𝐫: 09409000804, 09409000805
29/11/2023
အသစ်သစ်တွေကို လေ့လာရတာကြိုက်နှစ်သက်ပြီး လူသစ်တွေနဲ့ စကားပြောဆိုရတာကို နှစ်ချိုက်တယ်ဆိုရင် Little Genius School Of Science & Technology မှာ Reception position အတွက် လျှောက်ထားလိုက်ပါ...
Requirements (Female - 1 Post)
- အသက် (၂၀) မှ (၃၀) ကြားရှိသူ။
- Reception အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိထားသူ။
- Excel နှင့် Word ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ။
- စကားပြောဆိုရတာ ကြိုက်နှစ်သက်ပြီး စိတ်ရှည်သူ
- Education industry တွင်လုပ်ခဲ့သူနှင့် Consumer Behavior နားလည်သူတို့ကို ဦးစားပေးမည်။
✅ Little Genius ကတော့ STEAM Education လို့ခေါ်တဲ့ Science, Technology, Engineering, Arts & Mathematics ပညာရပ်တွေကို ခေတ်မီ သင်ထောက်ကူဖြစ်ပစ္စည်းတွေ (LEGO, VR, OSMO)နဲ့အတူ လက်တွေပညာရေးအဇြစ် သင်ကြားပေးနေတဲ့ School of Science & Technology တစ်ခုဖြစ်ပါတယ်။
လျှောက်မယ်ဆိုရင် [email protected] ကို CV Form များ Email ပေးပို့ လျှောက်ထားနိုင်ပါတယ် . . .
📧 : [email protected]
📞 : 09409000804, 09409000805
🏢 : Block-2, Unit-13, Mingalar Mandalay, Mandalay.
28/11/2023
ပညာရေးဆိုတာ အနာဂတ်အတွက် အကောင်းဆုံးအာမခံချက်တစ်ခုပါ။ ဒီ အာမခံချက်ကို Little Genius က ဘယ်လိုပုံဖော်ပေးနိုင်မလဲ❓❓❓
ကလေးတို့ရဲ့အသက်မွေးဝမ်းကျောင်း Journeyမှာ ဝါသနာနဲ့ ထပ်တူကျပြီး ထူးချွန်အောင်မြင်ဖို့ ငယ်စဥ်ကတည်းက နယ်ပယ်အစုံနဲ့ ထိတွေ့စေသင့်ပါတယ်။🙏
နည်းပညာအသစ်အသစ်တွေကြားမှာ ကလေးတို့ရဲ့ စိတ်ဝင်စားမှုကလည်း Tech နဲ့ Communication စနစ်တွေအပေါ် မြင့်တက်လာနေပါပြီ။💻
👩🎓 Little Genius မှာ ကလေးတွေအတွက် နည်းပညာကို အသုံးချပြီး ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် သင်ကြားပေးမှာမို့ ပညာရေးလမ်းကြောင်းမှာ နှာတဖျားသာတဲ့ Genius လေးတွေဖြစ်လာစေမှာပါ။
👨🎓 Coding language သင်ကြားထားတဲ့ ကလေးတစ်ယောက်ဟာကိုယ်ပိုင် Application နဲ့ Game တွေကို လွပ်လပ်စွာတီထွင်ဖန်တီးလာနိုင်မှာပါ။
👩🎓 ဆက်သွယ်ရေးနည်းပညာကို ငယ်စဥ်ကတည်းက ထိတွေ့ထားတာကြောင့်အသက်မွေးဝမ်းကျောင်း ပညာဆက်လက်ဆည်းပူးတဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။
👨🎓 စူးစမ်းလိုစိတ်ပြင်းထန်တဲ့ ကလေးအရွယ်မှာ နည်းပညာနဲ့ ထိတွေ့မှု ပေးထားတာအလားအလာကောင်းများစွာကို လမ်းဖွင့်ပေးထားသလိုပါပဲ။ ထူးချွန်ထက်မြက်ပြီး ဖန်တီးမှုအားကောင်းတဲ့ ကလေးတွေဖြစ်ဖို့ Life skills မျိုးစုံသင်ကြားကြတဲ့ အထဲမှာ Coding Language က နှာတဖျားသာလာစေမယ့် ပညာရပ်တစ်ခုပါပဲရှင်။♥
အတန်းတွေနဲ့ ပတ်သတ်တဲ့အသေးစိတ်ကို Page Chat box မှာဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
Little Genius ရဲ့ FREE Trial Class Join လိုက်ပါ -> https://forms.gle/fh6DiJ5FCqkb5yAc6
🏢 𝐁𝐥𝐨𝐜𝐤-2, 𝐔𝐧𝐢𝐭-13, 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐂𝐨𝐧𝐭𝐚𝐜𝐭𝐞𝐝 𝐍𝐮𝐦𝐛𝐞𝐫: 09409000804, 09409000805
27/11/2023
"ကထိန်လှိုင်လှိုင် တန်ဆောင်တိုင်"
ကထိန်ပွဲကျင်းပရာ တန်ဆောင်တိုင်အခါသမယမှာ ကုသိုလ်ကောင်းမှုများ ပွားများရင်း မိဘကျေးဇူးကို တတ်သိနားလည်တဲ့ သားသားမီးမီးများဖြစ်ပါစေကြောင်း Little Genius School of Science & Technology မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Youtube Channel -> https://youtube.com/.myanmar...
TikTok Channel -> https://www.tiktok.com/.mm01?_t=8g8uGFdf3Zv...
Block 2, No.13, Innwa book & cafe,
Mingalar Mandalay, Mandalay.
📞 09 40 9000 804
📞 09 40 9000 805
Attachments
25/11/2023
ကျောင်းပိတ်ရက် ကြေညာခြင်း
=======================
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက် နှင့် (၂၇)ရက်နေ့မှာ Little Genius ရဲ့ Weekend အတန်းများအားလုံးကို နှစ်ရက်ပိတ်ထားမည်ဖြစ်ပါကြောင်းအသိပေးကြေညာလိုက်ရပါတယ်။
Youtube Channel -> https://youtube.com/.myanmar...
TikTok Channel -> https://www.tiktok.com/.mm01?_t=8g8uGFdf3Zv...
Block 2, No.13, Innwa book & cafe,
Mingalar Mandalay, Mandalay.
📞 09 40 9000 804
📞 09 40 9000 805
24/11/2023
နည်းပညာခေတ်ကြီးထဲမှာကလေးတွေရဲ့ဖုန်းသုံးစွဲမှုကိုထိန်းကျောင်းရတာသိမ်မွေ့ပါတယ်။
Digital platform တွေကနေပညာသင်ကြားကြရတဲ့အပြင် ကလေးရဲ့ဖျော်ဖြေရေးကဏ္ဍတွေကလည်း Smart phone ပေါ်မှာရှိနေတဲ့အတွက်ဖုန်းသုံးစွဲမှုကိုအပြည့်အဝတားဆီးဖို့လည်းခက်ခဲနိုင်ပါတယ်။
တဆက်တည်းမှာပဲ Online လုံခြုံရေးချိုးဖောက်ခံရတာ၊ Online bully လုပ်ခံရတဲ့အပိုင်းတွေလည်းကလေးအများစုကြုံတွေ့လာရပါတယ်။
ဖေဖေမေမေတွေအနေနဲ့ကလေးရဲ့ နည်းပညာပိုင်းဆိုင်ရာပြဿနာတွေကိုလက်တွေ့ကျကျဘယ်လိုဖြေရှင်းပေးနိုင်မလဲစဥ်းစားလာကြတဲ့အပေါ်သေချာတဲ့အဖြေတွေလည်းရှိလာပါပြီ။
Little Genius School of Science & Technology ရဲ့အသစ်ဖွင့်လှစ်မယ့် ICT Program မှာ ကလေးတို့အတွက် Online ကိုအန္တရာယ်အကင်းဆုံးနဲ့ အကျိုးရှိစွာအသုံးပြုနိုင်စေဖို့လက်တွေ့ကျကျသင်ကြားပေးမှာပဲဖြစ်ပါတယ်။
သင်ကြားပေးမယ့်အကြောင်းအရာတွေကတော့
🧑💻 Digital Literacy ( အင်တာနက်ပေါ်ကအချက်အလက်တွေကို ကိုယ်တိုင်လေ့လာသုံးသပ်ပြီးအကျိုးရှိစွာရယူတတ်စေဖို့)
🧑💻 Digital Security ( Online ပေါ်မှာကိုယ့်ရဲ့ကိုယ်ပိုင်သတင်းအချက်အလက်တွေလုံခြုံမှုရှိစေဖို့)
🧑💻 Algorithm ( ပြဿနာတွေကိုဖြေရှင်းရာမှာစဥ်းစားရမယ့်လုပ်ထုံးလုပ်နည်းတွေအကြောင်း)
🧑💻 Data ( အချက်အလက်တွေကိုစနစ်တကျသိမ်းဆည်းပြီးအခက်အခဲတွေကိုဖြေရှင်းပုံ)
🧑💻 Networks ( Local နဲ့ Wide area ချိတ်ဆက်မှုတွေအကြောင်း၊ Computer device နဲ့ Network တွေအကြောင်း)
🧑💻 Computer အသုံးပြုပြီး Robot တွေကိုထိန်းချုပ်ပုံ။
🧑💻 Microbit အသုံးပြုပြီး Music ဖန်တီးမှုစတဲ့ ICT units တွေကိုလက်တွေ့အသုံးချနိုင်တဲ့အထိသင်ကြားပေးမှာဖြစ်ပါတယ်။
————————————
သင်တန်းအကြောင်းအရာ
ICT Program ကို December 2023 မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
သင်ကြားရေးအတွေ့အကြုံများပြီး ကလေးရဲ့သဘောသဘာဝကိုစနစ်တကျချဥ်းကပ်ထိန်းကျောင်းနိုင်တဲ့ ဆရာ/ ဆရာမများကအနီးကပ်တတ်မြောက်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။
Little Genius (4) နှစ်ပြည့်အထိန်းအမှတ်အဖြစ် သင်တန်းစတင်မယ့် First batch အတွက် 50% Cash back promotion စီစဥ်ထားတဲ့အပြင် သင်တန်းသားကန့်သတ်ထားတာမို့အမြန်စာရင်းပေးဖို့လိုပါတယ်နော်။
⏰ တစ်ရက်ကို အချိန်တစ်နာရီခွဲကြာမြင့်မှာဖြစ်ပြီး တစ်ပတ်ကို (၂) ရက်နှုန်းနဲ့ စုစုပေါင်း (၄၈) ရက်ကြာသင်ကြားမှာပဲဖြစ်ပါတယ်။
Grade 3 to 5 ကျောင်းသားကျောင်းသူလေးတွေကိုလက်ခံသင်ကြားမှာဖြစ်ပြီးအခြေခံနဲ့လက်တွေ့ဆက်စပ်မှုရှိဖို့အဓိကဦးတည်သွားမှာဖြစ်ပါတယ်။
———————————-
ICT Program ရဲ့အကျိုးကျေးဇူးများ
🧑💻 ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်မှုမြင့်မားလာခြင်း။
🧑💻 နည်းပညာကိုကျွမ်းကျင်စွာအသုံးချလာနိုင်ခြင်း။
🧑💻 ကိုယ်ပိုင်တီထွင်ဖန်တီးမှုအားကောင်းလာခြင်း။
🧑💻 ကလေးရဲ့သိလိုစိတ်နဲ့ဝါသနာကိုရှာဖွေမြှင့်တင်ပေးနိုင်ခြင်း။
🧑💻 ကလေးရဲ့ယုံကြည်မှုတိုးတက်လာစေခြင်း။
🧑💻 လက်တွေ့ကျကျစဥ်းစားလာနိုင်ခြင်း။
ဒီလိုကောင်းမွန်တဲ့သက်ရောက်မှုတွေနဲ့ကလေးရဲ့အနာဂတ်ကိုပုံဖော်ထုဆစ်နိုင်ဖို့စိတ်ဝင်စားတဲ့ဖေဖေမေမေတို့အနေနဲ့အခုပဲ Chat box မှာစာရင်းပေးပြီးသိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင်။
𝐁𝐥𝐨𝐜𝐤-2, 𝐔𝐧𝐢𝐭-13, 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
𝐂𝐨𝐧𝐭𝐚𝐜𝐭𝐞𝐝 𝐍𝐮𝐦𝐛𝐞𝐫: 09409000804, 09409000805
20/11/2023
🔔ဒီတစ်ခါမှာတော့ လူငယ် Genius လေးတွေအတွက် (၂)ခါပြန်မရနိုင်တဲ့အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ။
အဲတာကတော့ လူငယ် Genius လေးတွေအတွက် အထူးစီစဉ်ပေးထားတဲ့ “Paid Internship Program” လေးဖြစ်ပါတယ်ဗျ။
ဒီအစီစဉ်လေးကိုလျှောက်ထားဖို့ လိုအပ်တာကတော့-
🚀အသက် (၁၈)မှ (၂၄)နှစ်အတွင်းရှိသူ၊
🚀Codingနဲ့ပတ်သက်ပြီး ရူးသွပ်သူ၊
🚀 သိပ္ပံနဲ့နည်းပညာကိုစိတ်ပါဝင်စားပြီး အမြဲသင်ယူရတာသဘောကျသူ၊
🚀 စာသင်ရတာဝါသနာပါပြီး ကလေးချစ်တတ်သူ၊
🚀 Challenges တွေကိုသဘောကျပြီး နေ့စဉ် Improve ဖြစ်ဖို့အမြဲကြိုးစားနေသူ၊
ဒီအချက်တွေနဲ့ပြည့်စုံတယ်ဆိုရင်တော့ Internship Program လေးမှာ လာရောက်လျှောက်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။
ဘာကြောင့်လဲဆိုရင်❓
📌အတွေ့အကြုံကောင်းတွေနဲ့အတူ သင်ယူလေ့လာနိုင်မယ့်ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ အလုပ်လုပ်နိုင်မယ်။
📌ပျော်ပျော်ရွှင်ရွှင်နဲ့လူငယ် Environment မှာ လုပ်ကိုင်နိုင်မယ်။
📌ကိုယ့်ရဲ့ Soft Skills & Hard Skills အားလုံးကို ဖြည့်ဆည်းလို့ရမယ်။
📌(၂)ခါပြန်မရနိုင်တဲ့လူငယ်ဘဝရဲ့အကောင်းဆုံးအချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ပြီး နောင်လာမယ့်အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်နိုင်မယ်။
📌Internship ကာလပြီးသွားရင်တော့ Full Time Teacher ဖြစ်နိုင်မယ့်အခွင့်အရေးတွေလည်း ရရှိဦးမယ်။
ဆိုတော့…ပျော်ပျော်ရွှင်ရွှင်လေ့လာသင်ယူရင်း ကိုယ့်အနာဂါတ်အတွက်အကောင်းဆုံးပုံဖော်ဖန်တီးချင်တယ်ဆိုရင်တော့ တွေဝေမနေဘဲ အခုပဲ [email protected] သို့ လျှောက်ထားဖို့ကြိုဆိုကမ်းလှမ်းလိုက်ရပါတယ်ဗျာ💛
📧[email protected]
🏢 𝐁𝐥𝐨𝐜𝐤-2, 𝐔𝐧𝐢𝐭-13, 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐂𝐨𝐧𝐭𝐚𝐜𝐭𝐞𝐝 𝐍𝐮𝐦𝐛𝐞𝐫: 09409000804, 09409000805