Life Care Nursery Centre

Life Care Nursery Centre

Share

Life Care Nursery Centre

☎️ 09 263 351 567

29/12/2021

မွေးကင်းစကလေးငယ်စောင့်ရှောက်ပေးမူ့
life care ပါ။

Photos from Life Care Nursery Centre's post 08/12/2021

🦷🦷 ကလေးသွားတွေ ဝါလာရင် 🦷🦷

ဒီ post‌လေးမှာ
-ကလေးသွားဘယ်နှစ်ချောင်းပေါက်ရင် သွားစတိုက်ရမလဲ။

-ဘယ်နှစ်ကြိမ်တိုက်ရမလဲ

-ဘယ်လိုသွားတိုက်တံသုံးမလဲ။


မေမေတို့အတွက် နည်းနည်းလောက်ဖြစ်ဖြစ် အသုံးဝင်သွားရင် ဝမ်းသာပါတယ်

Photos from Life Care Nursery Centre's post 09/11/2021

ကလေးက သူစိမ်းကြောက်တတ်ရင် (Fear of Strangers)
crd
Jessica Mozart (A Cool Mom)

ကလေးငယ်လေးတွေ သူစိမ်းကြောက်တတ်တယ်ဆိုတာက ပုံမှန်ပါပဲနော်။ ကလေးကသူနဲ့ရင်းနှီးတဲ့သူတွေ၊ မိသားစုဝင်တွေကို သိလာတာနဲ့အမျှ သူစိမ်းကိုကြောက်တတ်လာတယ်။ ကလေးလေးတွေက သူတို့နဲ့ရင်းနှီးတဲ့လူတွေနဲ့ပဲ ပိုနေချင်တာမို့ သူတို့မသိတဲ့သူတွေနဲ့တွေ့ရင် ငိုတာ၊ ဂျီကျတာတွေဖြစ်နိုင်သလို၊ ငြိမ်ကျသွားတာ၊ ကြောက်တဲ့ရုပ်လေးဖြစ်နေတာ၊ ပုန်းနေတာတွေဖြစ်နိုင်ပါတယ်။

အဲဒီလိုဖြစ်တာက ၇ လသားကနေ ၁၀ လသားလောက်မှာ ပိုဖြစ်တယ်။ ၁ နှစ်ခွဲ ၂ နှစ်သားလောက်အထိလဲ ဆက်ဖြစ်နိုင်တယ်။

Separation anxiety (မိဘ/အုပ်ထိန်းသူနဲ့ခွဲရမှာစိုးရိမ်တဲ့စိတ်) ကလဲ ၈ လသားကနေ ၁၀ လသားလောက်မှာစတတ်ပြီး ၁ နှစ်ကျော် ၁ နှစ်ခွဲလောက်မှာ အစိုးရိမ်ဆုံးအချိန်ဖြစ်တတ်တယ်။ သူတို့အဘိုးအဘွားတွေ၊ သူတို့သိတဲ့ဆွေမျိုးတွေနဲ့ခဏလောက်ထားခဲ့မယ်ဆိုရင်တောင်မှ မိဘနဲ့မခွဲချင်၊ မိဘနဲ့ခွဲရမှာကြောက်နေတတ်တယ်။

ဒီလိုမျိုးကြောက်စိတ်လေးတွေရှိနေတဲ့ကလေးကို ကိုယ်ကတိုးတက်အောင်လုပ်ပေးလို့ရပါတယ်။

၁ - လူသစ်တွေနဲ့တွေ့နိုင်ဖို့အတွက် ကိုယ်နဲ့အတူ အပြင်ကိုမကြာခဏခေါ်သွားပါ။ သူအတွက်လူအသစ်တွေနဲ့တွေ့တဲ့အခါ၊ သူနဲ့မိတ်ဆက်ပေးတဲ့အခါ သူ့ကိုချီထား ဖက်ထားပါ။

၂ - ကလေးက သူ့အိမ်မှာသူဆို သူစိမ်းနဲ့တွေ့ရင်တောင်မှ ပိုပြီးသက်တောင့်သက်သာရှိတာမို့ ကိုယ့်သူငယ်ချင်းတွေကိုအိမ်လာလည်မယ်ဆို လာလည်ခိုင်းပါ။

၃ - ကလေးက သူစိမ်းနဲ့တွေ့လို့အရမ်းငိုနေမယ်၊ ကြောက်နေမယ်ဆိုရင် ခဏချော့ပြီး အဲဒီလူနဲ့ကိုယ်နဲ့အတူ သူနဲ့ကစားပေးတာတို့ဘာတို့ ကြိုးစားကြည့်ပါ။ မရရင် သူ့ကို အဲဒီလူနဲ့နည်းနည်းဝေးတဲ့နေရာကို ခဏခေါ်သွားပါ။ ပြီးမှ ပြန်ကြိုးစားကြည့်ပါ။

၄ - ကလေးရဲ့ကြောက်စိတ်ကို ဂရုမစိုက်ပဲမနေပါနဲ့။ ကိုယ့်ကလေးကို ကြောက်တတ်တယ်၊ ရှက်တတ်တယ်၊ လူရာမဝင်ဘူးစသဖြင့် သတ်မှတ်ခြင်းက်ိုရှောင်ပါ။

၅ - ဖြေးဖြေးချင်းကြိုးစားရမှာပေါ့။ စိတ်ရှည်ပါ။ ကလေးက စိတ်အဆင်သင့်မဖြစ်သေးပဲ တခြားလူကိုပေးချီတာတို့ဘာတို့ မလုပ်ပါနဲ့။ အဲဒီလိုလုပ်တာက ပိုဆိုးစေပါတယ်။

၆ - ကလေးကိုမချီခင် အရင်ဆုံးရင်းနှီးအောင်လုပ်ဖို့ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြထားပါ။ ကလေးတွေက ဖြေးဖြေးချင်း အေးအေးဆေးဆေး ချဉ်းကပ်တတ်တဲ့လူကြီးတွေကို သိပ်မကြောက်တတ်ပါဘူး။

၇ - ကလေးနဲ့မရင်းနှီးတဲ့သူကို ရင်းနှီးစေဖို့ကြိုးစားတဲ့အခါ ကိုယ်က ကလေးနဲ့အတူရှိပေးပါ။ "မေမေ့ သူငယ်ချင်းကလာလည်တာလေ" ဘာညာစသဖြင့်ပြောပြပါ။

၈ - မူကြိုတက်မယ့်ကလေးကိုလဲ မေမေပြန်လာကြိုမယ့်အကြောင်း အဲဒီလိုပဲသေချာပြောပြရပါမယ်။ မပြောပြထားရင် နောက်ရက်တွေမှာပိုခက်ပါလိမ့်မယ်။

၉ - ကိုယ်ကလဲ လူတွေကိုမကြောက်ဘူးဆိုတဲ့ ပေါ့ပေါ့ပါးပါးအမူအရာ၊ အပြုံးနဲ့ အသံနဲ့ လူတွေကိုနှုတ်ဆက်ပြပါ။

၁၀ - လူတွေနဲ့တွေ့ပေးတာကို မကြာခဏလုပ်ပေးပါ။ အဲဒီလူတွေက သူ့ကိုအန္တရာယ်မပေးဘူးဆိုတာသူသိလေ ကြောက်တာလျော့လေပါပဲ။

⛔️ သူများကကိုယ်နဲ့ကိုယ့်ကလေးကိုဘယ်လိုမြင်မလဲဆိုတာကို ဂရုမစိုက်ပါနဲ့။ ကလေးက သူနဲ့မရင်းနှီးတဲ့လူတွေနဲ့တွေ့ရင် အဲဒီလိုဖြစ်နေသေးတယ်လို့သာပြောပြထားလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံမှန်အားဖြင့် လူကြောက်တတ်တာက ၂ နှစ်လောက်ဆိုရင် ပျောက်သွားပေမယ့် တချို့ကလေးတွေက ၂ နှစ်ထက်ပိုပြီး ဖြစ်နေတတ်သေးတယ်။ အဲဒီအခါမျိုးကျရင် ...

၁ - ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးရပါမယ်။ ကိုယ့်ထမင်းကိုယ်စားခိုင်းတာ၊ ကိုယ့်ဘာသာကိုယ် ကစားခိုင်းတာစသဖြင့်။

၂ - အပြင်ကိုမကြာခဏခေါ်သွားပါ။ လူအသစ်တွေနဲ့တွေ့ပါစေ။ အချိန်တန်ရင် သူ့မှာအန္တရာယ်မရှိတာ သူ့ဘာသာသူသိလာပါလိမ့်မယ်။

၃ - သူ့ဘာသူ အိပ်ပျော်တတ်အောင် ကျင့်ပေးကြည့်ပါ။ နောက်ပိုင်းကျ မူကြိုတက်တဲ့အခါလဲ အဆင်ပြေအောင်လို့ပါ။

သူစိမ်းအရမ်းကြောက်တတ်ရင် နောက်ပိုင်း သူအသက်ကြီးလာတဲ့အထိ ပေါင်းသင်းဆက်ဆံရေးမှာထိခိုက်နိုင်တာမို့ ကလေးကအရမ်းကြီးကြောက်တတ်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ အနားမှာ သူနဲ့မရင်းနှီးတဲ့လူမရှိပဲကြောက်တတ်နေရင်လဲ ဆရာဝန်ပြပါ။ ၂ နှစ်ကျော်တဲ့အထိ အရမ်းကြောက်တတ်နေသေးရင်လဲ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

Ref: Raising Children Network (Australia)

Photos from Life Care Nursery Centre's post 23/10/2021

ကလေးသွားကျန်းမာရေးအတွက်လိုက်နာရန်

20/10/2021
19/10/2021

မွေးကင်းစသားသား၊မီးမီးများအတွက်ဆရာမလိုအပ်လျှင်တော့ Life Careကိုသာဆက်သွယ်လိုက်ပါရှင့်

Photos from Life Care Nursery Centre's post 16/10/2021

ကလေးရှိတဲ့ မိဘတိုင်း ဆောင်ထားသင့်တာလေးတွေ စုပြီး တင်ပေးလိုက်ပါတယ်

👉ကိုယ်အပူချိန် ဇယား၊
👉ကိုယ်အလေးချိန် ဇယား၊
👉ကလေးအိပ်ချိန် ဇယား
👉ကလေးနှလုံးခုန်နှုန်း

08/10/2021

အတတ်ပညာက

လူတော်ဖြစ်အောင်ပဲ

လုပ်ပေးနိုင်ပါတယ်....

လူကောင်းဖြစ်ဖို့ဆိုရင်

အသိပညာလိုအပ်တယ်....။

#ပါမောက္ခချုပ်ဆရာတော်

Photos from Life Care Nursery Centre's post 01/10/2021

လုပ်သက်နှင့်လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ဆရာ/ဆရာမလေးများ​၏ပြုစုစောင့်ရှောက်ပေးသောဝန်ဆောင်မူ့ကိုရယူနိုင်ပါပြီ

All clear လူနာများအတွက်ဆိုဒီစျေးနှုန်းလေးပါ။

Semi level 12000
Skill level 15000
Advance level 18000

Infection case double fee ပါရှင့်

ph 09 405 1000 80
Ph 09 263 351 567

Photos from Life Care Nursery Centre's post 28/09/2021

Male Caregiver
Male Nurse aide များလိုအပ်ပါက
Ph 09 263 351 567


Available now

24/09/2021

Cellulitis patient ကိုပြုစုစောင့်ရှောက်နေသောဆရာမ

Photos from Life Care Nursery Centre's post 22/09/2021

newborn care
Child care

ကိုယ်ကလွှဲရင်စိတ်မချတတ်တဲ့မေမေများတွက်
Special nurse /nurse aide များခေါ်ယူဆက်သွယ်နိုင်ပါပြီ
home care &hospital care
Ph 09405100080
09 263 351 567

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


64th Street, Between 16 And 17 Streets, Aung Myae Thar Zan Township
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00