Kyaw Kantkaw education

Kyaw Kantkaw education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Kantkaw education, Education Website, Mandalay.

02/05/2021

အစာအိမ်ရောဂါရှိပါက အစာအိမ်ရောဂါကုဆေးများကို သောက်ဖို့လိုပါတယ်။
အဖြစ်အများဆုံး အစာအိမ်ရောဂါများကတော့
-GERD( အစာအိမ်အက်ဆစ်ဓာတ်များ အစာရေမျိုကိုပြန်ဆန်တက်တဲ့ရောဂါ)
-Gastritis (အစာအိမ်ရောင်တဲ့ရောဂါ)
-Peptic ulcer (အစာအိမ်နဲ့အူသိမ်ဦးအနာ)
-Hpylori Infection အစာအိမ်ရောဂါပိုးဝင်ခြင်း
တို့ဖြစ်ပါတယ်။

အဖြစ်များတဲ့ လက္ခဏာများကတော့
ရင်ပူခြင်း
လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း
လေချဉ်တက်ခြင်း
ဗိုက်အောင့်ခြင်း
ပျို့အန်ခြင်း
တို့ဖြစ်ပါတယ်။

အာအိမ်ရောဂါကုဆေးများစွာရှိတဲ့ အထဲကမှ နံပါတ်တစ်ဦးစားပေးရွေးချယ်ရမယ့်ဆေးကတော့ PPI များ ဖြစ်ပါတယ်။
PPI သည် Proton Pump Inhibitor ဖြစ်ပါတယ်။
PPI အုပ်စုထဲမှာပါတဲ့ ဆေးတွေကတော့
-Omeprazole
-Lansoprazole
-Esomeprazole
-Pantoprazole
-Rabeprazole
တို့ဖြစ်ပါတယ်။

အစာအိမ်ကနေ အက်ဆစ်တွေ မထွက်လာအောင် ဟန့်တားပေးနိုင်တဲ့ဆေးများ ဖြစ်ပါတယ်။
အခြား အစာအိမ်‌ဆေးများထက် အက်ဆစ်ဓာတ်ကို ကောင်းစွာ ထိန်းချုပ်ပေးနိုင်တဲ့ဆေးဖြစ်ပါတယ်။
အစာအိမ်အက်ဆစ်ဓာတ်ကို လျော့ချခြင်းဖြင့် အစာအိမ်အနာများ၊ရောဂါများကို ပျောက်ကင်းစေတဲ့ ဆေးဖြစ်ပါတယ်။
ပျောက်ကင်းစေတယ်ဆိုပေမယ့် ဆေးစနစ်တကျသောက်တတ် မှသာ ရောဂါပျောက်ကင်းမှာဖြစ်ပါတယ်။
အဲဒီတော စျေးကိုဘယ်လိုသောက်ရသလဲ
ဆေး‌ေသာက်နေတဲ့ လူနာတယောက်အနေနဲ့ လိုက်နာရမယ့်အချက်များကို ပြောပြပေးပါမယ်။

(၁) ဆေးကိုအစာမစားခင် မိနစ် ၃၀ အလိုမှာသောက်ပါ။
(၂) ဆေးကို ချိုးဖဲ့မသောက်ပါနဲ့။
(၃)‌အစာအိမ်ရောဂါအများစု အတွက် အကြမ်းဖျင်းအားဖြင့် ၄ ပတ်ခန့်သောက်ရပါတယ်။
အစာအိမ်ရောဂါများ‌နဲ့ ရောဂါအခြေအနေများပေါ်မူတည်ပြီး လနဲ့ချီပြီးသောက်ရပါတယ်။
(၄) ဆေးသောက်ပြီး ဝမ်းမဲသွား၊ဗိုက်အောင့်၊ခြင်းရှိမရှိစောင့်ကြည့်ပါ။
(၅) အသည်းရဲ့လုပ်ငန်းများကို စောင့်ကြည့်ပါ
(၆) အက်ဆစ်ဆန့်ကျင်ဆေးများနဲ့ လုံးဝတွဲမသောက်ရပါ။
ဥပမာ gelmag,siloxogen,kremil S,Antacil gel
(၇) ဆေးလိပ်၊အရက်၊ရယ်ဒီမိတ်မုန့်များ၊ဆီကြော်မုန့်များ မစားရပါ။
အပူ၊အစပ်မစားရပါ။
(၈) အကိုက်မခဲပျောက်ဆေးများ မသောက်ရပါ
(၉) အစာအိမ်ပိုး Hpylori ရှိမရှိ စစ်ဆေးပါ
(၁၀) Clopilet, Ketoconazole, Phenytoin, warfarin ဆေးများနဲ့ တွဲမသောက်ပါနဲ့။
(၁၁)နှစ်ရှည်လများ မသောက်ပါနဲ့။

ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးဗဟုသုတမျှဝေမယ်)


#အစာအိမ်ဆေး
#ဗိုက်အောင့်
#အစာအိမ်ရောင်
#ပျို့အန်

Photos from Kyaw Kantkaw education's post 15/03/2020
15/03/2020

ကေ ျာ်ကံ့ကော် စာသင်စာကျက်ဝိုင်း
ေနွရာသီတန်းများကို ၁၅ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားပါမည်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay