06/01/2021
Noun Part(3)
ရှေ့တွင် Noun ကို Countable နဲ့ Uncountable ဆိုပြီး ခွဲခြားလေ့လာခဲ့ပြီးပါပြီ။ ဒီတစ်ပိုင်းမှာတော့ Noun ကို Number (ကိန်း) အနေနဲ့ ဆက်ပြီး လေ့လာကြရအောင်ပါ။
Number (ကိန်း)
အရေအတွကို Number (ကိန်း) လို့ ခေါ်ပါတယ်။ Number ကို နှစ်မျိုး ခွဲခြားနိုင်ပါတယ်။
Singular Number (ဧကဝုစ်ကိန်း သို့မဟုတ် တစ်ခုကိန်း) နဲ့ Plural Number (ဗဟုဝုစ်ကိန်း သို့မဟုတ် အများကိန်း) တို့ပဲ ဖြစ်ပါတယ်။
(1) Singular Number (ဧကဝုစ်ကိန်း)
အရေအတွက်အားဖြင့် တစ်ခု တစ်ကောင် တစ်ယောက်ဖြစ်နေလျှင် Singular Number ဖြစ်ပါတယ်။
ဥပမာ။ ။ man, dog, book, river, country, etc...
(2) Plural Number (ဗဟုဝုစ်ကိန်း)
အရေအတွက်အားဖြင့် တစ်ခု တစ်ကောင် တစ်ယောက်ထက် ပိုနေလျှင် Plural Number ဖြစ်ပါတယ်။
ဥပမာ။ ။ men, dogs, books, rivers, countries,
etc...
Noun တွေကို ကျွန်တော်တို့တွေ ရေတွက်ကြတဲ့အခါ တစ်နည်းအားဖြင့် ရေးသားကြတဲ့အခါ Singular နဲ့ Plural ကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောင်းလဲ ရေးသားနိုင်ဖို့ လိုပါတယ်။ Singular Number ကို Plural Number ပြောင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေကို အောက်က video လေးထဲမှာ ကျွန်တော် ပြောပြထားပါတယ်။ video လေးထဲမှာ ဆက်ပြီး လေ့လာကြရအောင်ပါ။
*အင်္ဂလိပ်စာစွမ်းရည် ဆထက်ထမ်းပိုး တိုးတက်နိုင်ကြပါစေ*
U Chit Pyae
(Special Guide For English)