31/12/2024
အသိပေးကြေညာခြင်း
မင်္ဂလာပါ LMDB Foreign Language and Vocational School မှ Founder Team ဖြစ်ပါတယ်
LMDB ဟာဆိုရင် 2023 April 1 ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး Korean , Japanese , English , Chinese , Thai , French , Vietnam , German , Crochet , Drawing , Embroidery နဲ့ Rhythm စတဲ့ အတန်းပေါင်း များစွာကို Volunteer Teacher များနဲ့ Admin များဖြင့် အတူတူ ကြိုးစားအချိန်ပေးကာ 2024 December 31 ယနေ့ အထိ အတန်းပေါင်း (300) အထိ သင်ကြားပေးနိုင်ခဲ့ပါတယ်ခင်ဗျ
ယခုချိန်ထိ ယုံကြည်စိတ်ချ အားကိုးစွာနဲ့ တတ်ရောက်ပေးခဲ့တဲ့ Learner များ အား စိတ်မကောင်းစွာအသိပေးကြေညာစရာလေးတစ်ခုကတော့ Founder Team ရဲ့ Personal အချိန်များနဲ့ မအားလပ်တော့သော အခြေအနေ ဖြစ်လာသောကြောင့် LMDB အား ယခု Batch 21 မှာ နောက်ဆုံး Batch အနေနဲ့ ဖွင့်လှစ်မှာဖြစ်ကြောင်းနဲ့ နောက်လ များမှာတော့ ရပ်နားလိုက်တော့မည် ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါတယ်ဗျ။
LMDB Organization အား အဖက်ဖက်မှ ကူညီပေးခဲ့ကြသော Teacher များ , Admin များ , Content Writers , Graphic Designers , Video Editors များနဲ့ LMDB Page တွင် ဒိုင်ခံကူညီပြီး ကျောင်းသားများရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့ကြတဲ့ Page Admin များ အား အထူးကျေးဇူးတင်ရှိပါတယ်ဗျာ
LMDB ရဲ့ နောက်ဆုံး Batch 21 ဖြစ်တဲ့ အတန်းအချိန်ဇယားအစုံကိုလည်း Telegram Channel နဲ့ Page မှာ အလုံးစုံ တင်ပြီးပြီဖြစ်ပါတယ်ဗျာ အတန်းအချိန်နဲ့ အတန်းနာမည်ကို သေချာစွာ စစ်ဆေးပြီး မနက်ဖြန် ( ၁ ရက်နေ့ ) မှ စ၍ ညနေ ၆ နာရီခွဲ မှာ Channel Vc ရှိပြီး ၇ နာရီအတိမှာ အတန်း Link ချမည် ဖြစ်ပါသဖြင့် လက်မြန်စွာနဲ့ နောက်ဆုံးအတန်းလင့် လု ရန် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ