Learn English Online

Learn English Online English Learning

Affect နဲ့ effect ကိုမှားရေးဖူးကြတယ်မဟုတ်လား။😃📌Affect က verb ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုရှိသည်၊ ထိခိုက်သည် လို့အဓိပ္ပာယ...
27/06/2022

Affect နဲ့ effect ကိုမှားရေးဖူးကြတယ်မဟုတ်လား။😃

📌Affect က verb ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုရှိသည်၊ ထိခိုက်သည် လို့အဓိပ္ပာယ်ရပါတယ်။
အကြောင်းအရာ၊ အဖြစ်အပျက် တခုခုကြောင့် တယောက်ယောက် သို့မဟုတ် တခုခုကို အပြောင်းအလဲဖြစ်သွားရင်သုံးပါတယ်။
📝Your opinion will not affect my decision.
📝Does television affect children behaviour?
(Affect ကို verb အနေနဲ့အသုံးပြုထားတာသတိပြုပါ။)

📌ရောဂါကူးစက်တာ၊ နေမကောင်းဖြစ်တာ၊ ဖျားတာ၊နာတာကိုပြောချင်တဲ့အခါမှာလည်း affectကို သုံးပါတယ်။

📝The condition affects one in five women.
📝Smoking affects your health.

📌Effect ကတော့ Noun အနေနဲ့အသုံးများပါတယ်။ ဖြစ်ရပ် သို့မဟုတ် လုပ်ရပ်တခုခုကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲ/ပြောင်းလဲမှုကိုပြောချင်တဲ့အခါမှာသုံးပါတယ်။ အကျိုးတရား၊ ရလဒ်၊ အကျိုးသက်ရောက်မှု၊ ထိရောက်မှု လို့အဓိပ္ပာယ်ရပါတယ်။
📝My parents' divorce had a big effect on me.
📝I can certainly feel the effects of too many late nights.

📌ထိရောက်သော၊ ထက်မြက်သော လို့ပြောချင်ရင်တော့ Effective (adj) ကိုသုံးပါတယ်။ လိုချင်တဲ့ရလဒ်၊ မျှော်မှန်းထားတဲ့ရလဒ်တွေ ရကြောင်းပြောချင်ရင်သုံးပါတယ်။
📝She is a very effective teacher.
📝It is an extremely effective cure for a headache.

📌 Adverb အနေနဲ့ဆိုရင်တော့ "effectively" လို့သုံးပါတယ်။
📝Children have to learn to communicate effectively.
📝These scissors are no longer sharp and do not cut effectively.

LEO

✏️ကျောင်းသားတစ်ယောက်မှစာမေးပွဲမအောင်ကြဘူးဗျာ။✏️ကျောင်းသားတိုင်းစာမေးပွဲအောင်တယ်ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောမလဲ။🔸All ...
03/06/2022

✏️ကျောင်းသားတစ်ယောက်မှစာမေးပွဲမအောင်ကြဘူးဗျာ။✏️

ကျောင်းသားတိုင်းစာမေးပွဲအောင်တယ်ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောမလဲ။
🔸All students passed the exam.🔸
ဟုတ်တယ်မဟုတ်လား။

ကျောင်းသားတိုင်းစာမေးပွဲမအောင်ဘူး။ စာမေးပွဲကျ‌တဲ့ကျောင်းသား တယောက်နှစ်ယောက်တော့ပါတယ်ဆိုရင်ရော။
🔸All students did not pass the exam.🔸 အဲ့လိုလား။

ဒါဆိုရင် ကျောင်းသားအားလုံး စာမေးပွဲကျတယ်ဆိုရင်ဘယ်လိုရေးမလဲ။
🔸All students did not pass the exam.🔸
🔸All students failed the exam.🔸 ဒီလိုလေ။

ဟာ... ဒါဆိုအတူတူပဲပေါ့။
မသိတော့ဘူးဟာ ခေါင်းတွေတောင်နောက်လာပြီ။😅

ကျောင်းသားအားလုံးစာမေးပွဲကျတယ်ဆိုရင်...
🔸All students did not pass the exam.🔸
ဒီလိုရေးပါတယ်။

တစ်တန်းလုံးမအောင်ဘူး။ တချို့ကျောင်းသားတွေက စာမေးပွဲကျကြတယ်ဆိုရင်။
🔸Not all students passed the exam.🔸ဒီလိုရေးပါတယ်။
ကျောင်းသားအားလုံးစာမေးပွဲအောင်တာမဟုတ်ဘူးပေါ့ဗျာ။
❌All students did not pass the exam.❌ ဒီလိုဆိုရင်မှားပါတယ်။

အလားတူပဲ ❌Every kind of bird can't fly.❌လို့မရေးပါဘူးခင်ဗျာ။
အဲ့ဒီလိုရေးမယ်ဆိုရင် ဘယ်ငှက်မှမပျံနိုင်ဘူး လို့ဖြစ်သွားမှာပါ။

🔸Not every kind of bird can fly.🔸
ဒီလိုရေးမှမှန်ပါတယ်။ ပင်ဂွင်းတို့၊ ငှက်ကုလားအုပ်တို့၊ ကီဝီငှက်တို့က ပျံမှမပျံနိုင်ကြဘဲကိုခင်ဗျ။

LEO

📌အကြောင်းတခုခုဖြစ်ပြီး နောက်ထပ်တခုထပ်ဖြစ်တဲ့အကြောင်းကိုပြောချင်ရင် after ကိုသုံးရပါတယ်။ မြန်မာလို "...ပြီးနောက်..." လို့...
31/05/2022

📌အကြောင်းတခုခုဖြစ်ပြီး နောက်ထပ်တခုထပ်ဖြစ်တဲ့အကြောင်းကိုပြောချင်ရင် after ကိုသုံးရပါတယ်။ မြန်မာလို "...ပြီးနောက်..." လို့ဘာသာပြန်ပါတယ်။
ပုံမှန်အားဖြင့်တော့ after + V-ing ကိုပဲအသုံးများတာပါ။
📝After completing this form, give it to the secretary.
🔸form ဖြည့်ပြီးရင် secretary ကိုပေးလိုက်လို့အဓိပ္ပာယ်ရပါတယ်။ (form ဖြည့်တာကအရင်ဆိုတာကိုသတိပြုပါ။)

📝He wrote his first book after returning from Singapore.
🔸စင်္ကာပူက‌နေ ပြန်ရောက်လာမှ သူ့ရဲ့ပထမဆုံးစာအုပ်ကိုရေးခဲ့တယ်။ Main clause ကို present tense နဲ့သာမက past tense နဲ့လည်းရေးလို့ရပါသေးတယ်။ ဒီဝါကျမှာ ဖြစ်ပြီးသား အတိတ်ကအကြောင်းကိုပြောတာမလို့ main clause ကို past tense သုံးတာပါ။

📌After ကို present perfect သို့မဟုတ် past perfect နဲ့လည်းတွဲသုံးပါသေးတယ်။
📝I usually go straight home after I have finished work.
🔸အလုပ်ပြီးသွားတဲ့နောက်မှာ အိမ်ကိုပဲတန်းပြန်တယ်။
ဒီဝါကျမှာ main clause က present tense မလို့ subordinate clause မှာ present perfect tense ကိုသုံးပါတယ်။

📝After David had finished school, he went to America.
🔸ဒေးဗစ် ကျောင်းပြီးတဲ့နောက် အမေဒိကားကို ထွက်သွားခဲ့တယ်။
ဒီဝါကျမှာတော့ main clause မှာ present tense ဖြစ်လို့ subordinate clause မှာ past perfect tense ကိုသုံးပါတယ်။

ဒါပေမယ့် main clause မှာ future tense သုံးထားရင်တော့ after ကို future perfect နဲ့တွဲမသုံးပါဘူး။ present perfect နဲ့ပဲသုံးပါတယ်။
📝I will call you after I have seen Jake.
🔸Jake နဲ့တွေ့ပြီးသွားရင် ငါမင်းဆီဖုန်းခေါ်လိုက်မယ်။

LEO

✏️At least ဆိုတဲ့စကားလုံးလေးကိုကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် at least က "အနည်းဆုံး" လို့ပဲအဓိပ္ပာယ်ရတာမဟုတ်ပါဘူး။ At le...
30/05/2022

✏️At least ဆိုတဲ့စကားလုံးလေးကိုကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် at least က "အနည်းဆုံး" လို့ပဲအဓိပ္ပာယ်ရတာမဟုတ်ပါဘူး။ At least ရဲ့တခြားအဓိပ္ပာယ်တွေကိုလည်းလေ့လာကြည့်လိုက်ကြရအောင်။

📌ပမာဏသို့မဟုတ် တန်ဖိုးတခုခုက အဲ့ဒီပမာဏထက်ပိုမနည်းနိုင်တော့ဘူးလို့ပြောချင်ရင်သုံးပါတယ်။ အနည်းဆုံး လို့အဓိပ္ပာယ်ရပါတယ်။

📝 This book will cost at least $100.
🔸ဒီစာအုပ်ကအနည်းဆုံး ဒေါ်လာ၁၀၀ လောက်ရှိတယ်။

📝She must be at least 40.
🔸သူ(မ)အနည်းဆုံး အသက်40 လောက်ရှိပြီ။

📌မကောင်းတဲ့အခြေအနေတခုခုကို ကောင်းတဲ့အမြင်နဲ့ပြောမယ်ဆိုရင်လည်း at least ကိုသုံးလို့ရပါတယ်။

📝He may be slow but at least he is reliable.
🔸သူကနှေးပေမယ့် အားကိုးလို့တော့ရပါသေးတယ်။

📝You didn't get any distinction, at least you got passed.
🔸မင်းဂုဏ်ထူးမထွက်ခဲ့ပေမယ့် အောင်တော့အောင်ခဲ့ပါသေးတယ်။

📌ဘာမှမလုပ်ရင်တောင်မှ တခုခုလုပ်တယ်။ ဘာမှမမှန်ရင်တောင်မှ တခုခုကတော့မှန်တယ်လို့ပြောချင်တဲ့အခါမှာသုံးပါတယ်။ ယုတ်စွအဆုံး လို့အဓိပ္ပာယ်ရပါတယ်။

📝You should at least have phoned me to say you were not coming.
🔸ယုတ်စွအဆုံး မင်းမလာတော့ဘူးဆိုတာကိုတော့ ဖုန်းဆက်ပြောခဲ့သင့်တယ်။

LEO

Remember = သတိရသည်။🤔ဘာကိုသတိရတာလဲ🤔▫️Remember ရဲ့အဓိပ္ပာယ်ကိုအားလုံးသိတယ် ဟုတ်?▫️ဒီတခါမှာတော့ remember to do နဲ့ remember...
12/05/2022

Remember = သတိရသည်။
🤔ဘာကိုသတိရတာလဲ🤔

▫️Remember ရဲ့အဓိပ္ပာယ်ကိုအားလုံးသိတယ် ဟုတ်?
▫️ဒီတခါမှာတော့ remember to do နဲ့ remember doing ရဲ့ အသုံးလေးကို ပြောပြပေးချင်ပါတယ်။

I remember locking the car.✅
I remember to lock the car.✅
စာကြောင်းနှစ်ခုလုံးကမှန်‌ တော့မှန်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်ကတော့ အတော်လေးကွာသွားပါပြီ။

📌အတိတ်မှာဖြစ်ပျက်ခဲ့ရတဲ့ ဖြစ်ရပ်တွေ၊ အတိတ်တုန်းကတွေ့ခဲ့တဲ့လူတွေ၊ ရောက်ခဲ့ဖူးတဲ့နေရာတွေ စသည်ဖြင့် အကြောင်းအရာတွေကို ပြန်ပြီးမှတ်မိသေးတယ်၊ သတိရသေးတယ် ဆိုရင် remember နောက်မှာ gerund(V ing) လိုက်ပါတယ်။ အတိတ်မှာဖြစ်ပျက်ခဲ့တယ် ပြီးမှ အဲ့ဒီအကြောင်းအရာကို ပြန်ပြီးတော့ သတိရတာပါ။

📝I remember meeting my best friend when I was young.
🔸ဒီ sentence မှာဖြစ်ရပ်နှစ်မျိုးရှိတယ်။
ပထမဖြစ်ရပ်က 👉 ငယ်ငယ်တုန်းက အချစ်ဆုံးသူငယ်ချင်းနဲ့တွေ့ခဲ့တယ်။
ဒုတိယဖြစ်ရပ်က 👉 အဲ့လိုတွေ့ခဲ့တာကိုပြန်ပြီးမှတ်မိတယ် သတိရတယ်ဆိုတာကိုပြောချင်တာပါ။
နောက်တကြောင်းဆက်ကြည့်ပါဦး။

📝I remember locking my car.
🔸ဒီစာကြောင်းမှာလည်းအဲ့လိုဘဲ။
ကားကိုပထမလော့ချတယ်။ ပြီးမှ ကားလော့ချမိတာကိုသတိရကြောင်းပြောချင်လို့သုံးတာပါ။
A : Lock your car.
B : I have already locked my car.
A : Sure!
B : Yeah! I remember locking my car.

📌ကိုယ်လုပ်ရမည့်အရာကို လုပ်ဖို့ သတိရကြောင်း၊ မမေ့ကြောင်းပြောချင်ရင်တော့ remember + to Vinf ကိုသုံးပါတယ်။

📝I remember to bring my umbrella.
🔸ဒီ sentence မှာလည်းဖြစ်ရပ်နှစ်မျိုးရှိတယ်။ ထီးယူဖို့ကိုပထမ သတိရတယ်၊ ထီးယူဖို့မမေ့ဘူး။ ပြီးမှ ထီးယူတယ်။

📝I remember to lock my car.
🔸ဒီစာကြောင်းမှာတော့ ကားကိုလော့ချဖို့အရင်သတိရတယ်။ သတိရပြီးမှ လော့ချလိုက်တယ်။

Learn English Online

✏️About to✏️ဒီတခေါက်မှာတော့ "About to" ရဲ့အသုံး‌လေးကို ဝေမျှ‌‌ပေးချင်ပါတယ်။ ဒီစကားလုံးလေးဟာ English learner အများစုနဲ့ရင...
15/04/2022

✏️About to✏️

ဒီတခေါက်မှာတော့ "About to" ရဲ့အသုံး‌လေးကို ဝေမျှ‌‌ပေးချင်ပါတယ်။ ဒီစကားလုံးလေးဟာ English learner အများစုနဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒါပေမယ့်သေချာမသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ မျှ‌ဝေ ပေးလိုက်ပါတယ်။ အတော်လေးအသုံးဝင်တဲ့စကားလုံးလေးပါ။

📌တခုခုကိုလုပ်ဖို့ရာ အဆင်သင့်ဖြစ်နေပြီ လို့ပြောချင်ရင်သုံးပါတယ်။ အဲ့ဒီအလုပ်ကိုတော့ စပြီးမလုပ်ရသေးဘူး ဒါပေမယ့်လုပ်ဖို့အသင့်ပဲ လို့ဆိုလိုပါတယ်။ မြန်မာလို "...တော့မလို့" "...မလို့လုပ်တုန်း" လို့အဓိပ္ပာယ်ရပါတယ်။
📌များသောအားဖြင့် တစုံတခုကိုလုပ်တော့မည့်အချိန်မှာ တခြားအကြောင်းတခုကြောင့် မလုပ်ဖြစ်တော့ဘူး ဆိုတဲ့အချိန်မျိုးမှာ ဒီအသုံးလေးကိုသုံးလေ့ရှိပါတယ်။

သူ့ရဲ့ pattern ကတော့...
🖋️be + about + to-infinitive🖋️

နမူနာလေးတွေကိုတချက်လေ့လာကြည့်ပါဦး...

📝I was about to call you.📝
🔹ငါမင်းဆီဖုန်းဆက်တော့မလို့။🔹
🔸I(ငါ) က you(မင်း) ဆီကို ဖုန်းဆက်တော့မည့်အချိန်မှာ တခြားအကြောင်းတခုခုကြောင့် မဆက်ဖြစ်တော့ဘူး။🔸

📝We were about to leave when our friend came in.📝
🔹သူငယ်ချင်းလာတဲ့အချိန်မှာ ငါတို့ အပြင်သွားတော့မလို့။🔹
🔸We(ငါတို့) အပြင်သွားတော့မယ့်အချိန်မှာ(အပြင်သွားဖို့အဆင်သင့်ဖြစ်နေပြီ) သူငယ်ချင်းလာလို့မသွားဖြစ်တော့ဘူး။🔸

📝When the phone rang, we were about to eat.📝
🔹စားမလို့လုပ်တုန်းဖုန်းလာတာ။🔹

📌ဒီနေရာမှာ ပိုပြီးလေးနက်အောင် "just" ဆိုတဲ့စကားလုံးကိုသုံးလို့ရတယ်။ မြန်မာလို "အခုလေးတင်" လို့ပြောလို့ရမယ်။📌

သူ့ရဲ့ pattern ကဒီလိုဖြစ်သွားမယ်။
🖋️ be + just about + to-infinitive 🖋️

📝I was just about to call you.📝
🔹ငါမင်းဆီ အခုလေးတင် ဖုန်းဆက်တော့မလို့။🔹

Learn English Online

✏️Leaving Words Out✏️📌ပုံမှန်အားဖြင့် Coordinate clause မှာစကားလုံးတွေထပ်‌နေရင် ဒုတိယ clause မှာ ထပ်နေတဲ့စကားလုံးတွေကိုဖ...
14/04/2022

✏️Leaving Words Out✏️

📌ပုံမှန်အားဖြင့် Coordinate clause မှာစကားလုံးတွေထပ်‌နေရင် ဒုတိယ clause မှာ ထပ်နေတဲ့စကားလုံးတွေကိုဖြုတ်ထားလို့ရတယ်။
📝I lost my way and (I) did not know where to go.
📝She was poor but (she was) happy.
📝The food (is ready) and the drinks are ready.

Subordinate clause မှာတော့အပြည့်အစုံရေးပေးရပါမယ်။
✅I lost my way because I did not know where to go.✅
❌⛔I lost my way because did not know where to go.⛔❌

Learn English Online

✏️Sentence structure✏️🔸Sentence structure လေးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Simple sentence, Compound sentence နဲ့ Complex...
10/04/2022

✏️Sentence structure✏️

🔸Sentence structure လေးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Simple sentence, Compound sentence နဲ့ Complex sentence တို့ပဲဖြစ်ပါတယ်။

📌 1. Simple sentence
🔸Subject နဲ့ Predicate ပါတဲ့ independent clause ဟာ simple sentence ပါ။
📝 I am a student.
📝Su Su is writing an essay in the classroom.

📌 2.Compound sentence
🔸နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော Independent clause တွေကို ဆက်စပ်‌‌ေပးခြင်းဖြင့်ရလာတဲ့ ဝါကျကို Compound sentence လို့ခေါ်ပါတယ်။
📝Ko Ko was waiting for Nilar but she did not come.
📝It was raining, so she took an umbrella.

📌 3.Complex sentence
🔸တခု သို့မဟုတ် တခုထက်ပိုသော Subordinate clause(Dependent clause) ကို Main clause (Independent clause)နှင့် ဆက်စပ်ပေးခြင်းဖြင့် ရလာသော ဝါကျကို Complex sentence လို့ခေါ်တယ်။
📝He played football after school.
📝He told me that he would come.

📌4. Compound complex sentence
🔸Compound complex sentence ကို အနည်းဆုံး Independent clause နှစ်ခုနှင့် Dependent clause တခုတို့ဖြင့်ဖွဲ့စည်းထားတယ်။
📝Before watching television, he have to finish his homework and take a bath.

Learn English Online (LEO)

✏️Simple Present Tense✏️📌1. Permanent situations and timeless truths     အမြဲဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ အမြဲမှန်တဲ့အရာတ...
07/04/2022

✏️Simple Present Tense✏️

📌1. Permanent situations and timeless truths

အမြဲဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ အမြဲမှန်တဲ့အရာတွေကို ဖော်ပြချင်ရင်သုံးပါတယ်။
📝Water freezes at 0°Celsius.
📝The sun rises in the east.

📌2. Present situation

လတ်တလောအခြေအနေကို ဖော်ပြချင်တဲ့အခါလည်းသုံးပါတယ်။
📝My sister works in a bank.
📝Su Su lives in Mandalay.

📌3. Habits and regularly repeated actions

အမြဲပြုလုပ်နေတဲ့အလေ့အကျင့်နဲ့ ခဏခဏဖြစ်ပျက့်နေတဲ့အကြောင်းအရာကို ပြောချင်ရင်လည်းသုံးပါတယ်။
📝I sometimes stay up till midnight.
📝I get up early.

📌4. Observations and demonstrations

ထင်မြင်ယူဆချက်၊ သုံးသပ်ချက်၊ ခံစားချက် တို့ကိုဖော်ပြရာတွင်လည်းကောင်း စာအုပ်၊ ဝတ္ထု၊ ရုပ်ရှင် စသည့် ဇာတ်လမ်းအကြောင်းအရာတွေကို ပြန်လည်ပြောဆိုရာမှာလည်းသုံးပါတယ်။
📝I don't agree with your plan at all.
📝I like that shirt.
📝I open the window and look out into the garden.

📌5. Instructions and directions

ညွှန်ကြားခြင်း၊ အမိန့်ပေးစေခိုင်းခြင်း၊ လမ်းညွှန်ခြင်း တို့ကိုဖော်ပြရာမှာလည်းသုံးတယ်။
📝You drive around to the front entrance.
📝Go straight and turn left.

📌6. Scheduled future events

အစီအစဉ်ဆွဲထားတဲ့ အနာဂတ်ဖြစ်ရပ်တွေအကြောင်း ပြောချင်ရင်လည်းသုံးပါတယ်။
📝The concert begins at 7p.m.
📝The summer term starts on April 9th.
✨ဒီနေရာမှာ will ကိုလည်းသုံးလို့ရပါတယ်။
📝The summer term will start on April 9th.
✨Subordinate clause ‌မှာလည်း will ရဲ့အစားသုံးတယ်။
📝She will pay us back when she gets a job.
⛔❌She will play us back when she will get a job.❌⛔

Learn English Online (LEO)

Address

Mandalay

Alerts

Be the first to know and let us send you an email when Learn English Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn English Online:

Shortcuts

Share

Category