18/11/2022
https://www.facebook.com/167371390628176/posts/1088388765193096/?mibextid=Nif5oz
ထိုင်းနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သွားရောက် လုပ်ကိုင်ဖို့ အစီအစဉ် ရှိနေပါသလား?
ပညာရေးနယ်ပယ်မှာ သွားရောက် လုပ်ကိုင်ဖို့ အတွက် ဘယ်က စရမယ်မှန်း မသိဖြစ်နေပြီလား?
ဒါဆိုရင် အခုလို ပြဿနာတွေ ဖြေရှင်းဖို့ Webinar လေးတက်ရောက်လိုက်ပါ......
အားလုံးပဲ မင်္ဂလာပါ.... ဒီနေ့မှာတော့ Famous Thai Language Center ကနေ အထူး Live လေးရှိပါတယ်ခ...
အပေါ်မှာ ပြောထားခဲ့သလို ထိုင်းနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သွားရောက် လုပ်ကိုင်ဖို့ အစီအစဉ်ရှိသူတွေ တက်ရောက်သင့်တဲ့ Webinar လေးဖြစ်ပါတယ်ခ.....
အခု Webinar တက်ရောက်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သွားရောက် လုပ်ကိုင်ဖို့ အစီအစဉ် သူများအတွက် သိလိုသည်များကို မေးမြန်းနိုင်မည့်အပြင်
လက်ရှိတွင် ထိုင်းနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သွားရောက် လုပ်ကိုင်နေတဲ့သူမှ အတွေ့အကြုံများကို ပြန်လည်ဝေမျှသွားမှာဖြစ်တာကြောင့် အတွေ့အကြုံဗဟုသုတတွေ ရရှိမှာဖြစ်ပါတယ်နော်ခ.....
Webinar လေးမှာ လာရောက်ဆွေးနွေးပြောပြပေးသွားမယ့် သူတွေကတော့ ထိုင်းနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သွားရောက် လုပ်ကိုင်သူဖြစ်ပါတယ်ခ....
ဒါဆိုရင် Guest Speaker လေးတွေနဲ့ မိတ်ဆက်ပေးမယ်နော်ခ....
လာရောက်ဆွေးနွေးပေးသွားမယ့် သူကတော့ ဆရာသူရဇော် ဖြစ်ပါတယ်
ဆရာသူရဇော်၏ ပညာအရည်အချင်းအနေဖြင့်
B.Sc(phys;) , Diploma in English(MUFL )
ရရှိထားပြီး ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် Master of Education in Learning Management ကိုသင်ယူ နေပါတယ် ။
သင်ကြား ရေးပိုင်း အ တွေ့အကြုံများအနေဖြင့်
▪️T&T Private School and Bravo Private School မှာ
Teacher Educator အဖြစ်
ဆရာတွေကို သင်ကြားနည်း ပြပေးရတဲ့ Trainerနှင့် English Language Teacher အဖြစ် ၃ နှစ်
▪️CAE Private School မှာ
International Language Teacher အဖြစ် ၁ နှစ် လုပ်ကိုင်ခဲ့ပြီး
▪️STZ ကိုယ်ပိုင်ဘာသာရပ်ကျောင်း နှင့် STZ Foreign Language Centreမှာ 4နှစ်ကြာ ကျောင်းအုပ် နှင့် တည် ထောင်သူလည်း ဖြစ်ခဲ့သလို
▪️ ဆရာမဒေါ်မမနိုင်အင်္ဂလိပ်စကား ပြောသင်တန်းမှာ 2နှစ်ကြာသင်ပြပေးခဲ့သောဆရာတစ်ယောက်လည်းဖြစ်ပါတယ်။
▪️ HCIS မှာ Summer program ကို အောင်မြင်စွာသင်ကြားနိုင်ခဲ့သလို
▪️ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြိုမှ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် English Language & Science ကို သင် ကြား ပေးလျက်ရှိပါတယ်။
Webinar လေးကို ပြုလုပ်သွားမယ့် ရက်ကတော့
အခုလာမယ့် နိုဝင်ဘာလ (၂၀) ရက် (Sunday)
မြန်မာစံတော်ချိန် ည (၇) နာရီတိတိဖြစ်ပါတယ်ခ......
သိလိုရာကိုလည်း မေးမြန်းနိုင်မယ့် အချိန်လည်း ပါတယ်ဆိုတော့ သိချင်တာလေးတွေကို လာရောက်မေးမြန်းဖို ဖိတ်ခေါ်အပ်ပါတယ်ခ.....
ဒါဆိုရင် လာမယ့် ၂၀ ရက်နေ့ (Sunday) ည ၇ နာရီမှာ ဆုံကြမယ်နော်ခ........
#ထိုင်းဘာသာစကားလေ့လာကြမယ်
#ထိုင်းစကားပြောကြမယ်
#ထိုင်းဘာသာသင်တန်းကျောင်း
07/11/2022
ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှစပြီး
ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း The Comfort English မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🧡
03/11/2022
Be Better, More Comfortable. 🧡
ကျွန်တော်တို့ The Comfort English ရဲ့ Sloganလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 💁♂️
" Be Better, More Comfortable. " ပါတဲ့။
မြန်မာလို ပြန်ရရင်တော့ " ပိုပြီး ကောင်းမွန်လာတာနဲ့အမျှ ပိုပြီး သက်တောင့်သက်သာလေး ဖြစ်လာလေ " ပေါ့ ။
ကျွန်တော်တို့ သင်တန်းလေးစပြီး တည်ထောင်ကတည်းက သင်တန်းသားတွေ Englishနဲ့ ပတ်သတ်ပြီး တကယ်တတ်မြောက်သွားစေဖို့၊ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ ပြောဆိုဆက်သွယ်တတ်သွားစေဖို့ ရည်ရွယ်ထားပါတယ် ။
သင်တန်းရဲ့ ဆောင်ပုဒ်လေးနဲ့အညီလည်း ကျွန်တော်တို့ သင်တန်းက သင်တန်းသားတွေ တကယ်လက်တွေ့မှာ ယုံကြည်မှုရှိရှိနဲ့ မှန်မှန်ကန်ကန် အသုံးချနိုင်တယ့်အထိ ဖြစ်စေဖို့ သင်ရိုးတိုင်းကို ရေးဆွဲထားပါတယ်။🧑🏫
တကယ်တိုးတက်လာစေဖို့အတွက် စနစ်တကျသေချာရေးဆွဲထားတဲ့သင်ရိုး၊ ပျော်စရာကောင်းတယ့် သင်ယူမှုပတ်၀န်းကျင်၊ တစ်လုံးချင်းစီရဲ့ အသံထွက်ကအစ assignmentတွေအထိ အသေးစိတ် လမ်းညွှန်ပြသပေးမယ့် ဆရာတွေနဲ့ The Comfort Englishက စောင့်ကြိုလို့ နေပါတယ်ခင်ဗျ 💁♂️
30/10/2022
မနက်ဖြန် Halloweenနေ့မှာ ဆရာသူရဇော်က
Halloween Live လေး လွှင့်သွားပေးပါမယ်နော် 🎃
အချိန်ကတော့
မြန်မာစံတော်ချိန် ည 7:00 PM
ထိုင်းစံတော်ချိန် ည 7:30 PM ပါ
ပေါ့ပေါ့ပါးပါးလေးနဲ့ သိချင်တာလေးတွေလည်းမေးလို့ရသလို အခုကျင်းပထားတယ့် ပြိုင်ပွဲလေးအကြောင်းကိုလည်း ရှင်းပြပေးဦးမှာပါ 👻
မေးချင်တာလေးတွေ ပြောချင်တာလေးတွေ
Cmtမှာလည်း ချရေးပေးသွားကြပါဦး 🌚
ဒါနဲ့ Presentationပြိုင်ပွဲလေးမှာ ဆုယူမယ့်သူလေးတွေကတော့ topicလေးတွေ Scriptလေးတွေ
ကြိုရေးထားလို့ရပါပြီဗျ 🧛
( Ps : ဆရာ့ကို သီချင်းဆိုပြစေချင်ရင်လည်း
liveမှာ လာပူဆာလို့ ရပါကြောင်း 🧛 )
29/10/2022
Halloween Presentation Contest 🧛
ကျွန်တော်တို့ရဲ့ The Comfort English ကနေပြီး
Englishစာလေ့လာနေကြတဲ့ လူတွေအတွက်
Halloweenအကြောင်း Englishလို presentation
ရှင်းပြရမယ့် ပြိုင်ပွဲလေးတစ်ခု စီစဥ်ထားပါတယ်ခင်ဗျ 🧛♂️
ပြိုင်ပွဲလေးရဲ့အကြောင်း နဲ့ ရရှိမယ့်ဆုလေးတွေ၊
စည်းကမ်းချက်တွေ၊ ဘယ်လိုပါ၀င်ရမလဲ ဆိုတာလေးတွေကို အောက်ကပုံလေးတွေထဲမှာ ရှင်းပြပေးထားလို့ တစ်ပုံချင်းစီထောက်ပြီး ကြည့်ပေးပါဦးနော် 👻🎃
09/10/2022
မင်္ဂလာအပေါင်းနှင့် ခညောင်းသော သီတင်းကျွတ်
အခါသမယလေးမှာ ဘေးရန်ကင်းကွာ ကိုယ်ကျန်းမာ၍ ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း
The Comfort English မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ 🧡🎆🪔
16/09/2022
ပေါ့ပေါ့ပါးပါးနဲ့ English Skills တွေကို Level Up နိုင်ဖို့ The Comfort English နဲ့အတူတူ သင်ယူလို့ရပါပြီ🥳
အားလုံး စောင့်မျှော်နေကြတဲ့ The Comfort English ရဲ့ English 4 skills, Translationအပြင် Pronunciation နဲ့ phonetics တို့ကို စနစ်တကျသင်ကြားပေးတဲ့ သင်တန်းကြီးကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်နော်🤗
Englishစာနဲ့ပတ်သက်ပြီး အခြေခံအုတ်မြစ်ချ စနစ်တကျသင်ကြားပေးမယ့် Foundation Class တစ်ခုဖြစ်ပါတယ်။
''E တစ်လုံးမပိုင်ရင် အဆင်မပြေနိုင်''တဲ့ခေတ်မို့ အချိန်ရှိခိုက်မှာ English ဘာသာရပ်ကို စနစ်ကျကျ ထိထိမိမိ သင်ယူလေ့လာနိုင်ဖို့အတွက် ဆရာ "ဦးသူရဇော်" မှ UK Accentဖြင့် စနစ်တကျသင်ကြားပေးမှာပါ။
သူများနဲ့ယှဥ်ရင်လည်း နောက်ကျမကျန်ခဲ့သင့်သလို ကိုယ့်ကိုကိုယ် ယှဥ်တိုင်းလည်း English skill တွေပိုတိုးတက်လာလို့ Confidence ရှိနေစေရမယ်လေ🤩
အခြေခံကနေစသင်ကြားပေးမှာဖြစ်ပြီး လေ့လာတဲ့အခါမှာလည်း သက်သောင့် သက်သာဖြစ်စေမယ့် The Comfort English ရဲ့ English Foundation Class လေးကို October (1)ရက်နေ့မှာ ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်။💁♂️
👨🏻🏫တစ်ပတ်မှာ စနေ တနင်္ဂနွေ နှစ်ရက် တက်ရောက်ရမှာဖြစ်ပြီး (၁၆)ပတ်တာ သင်ယူလေ့လာရမယ့် သင်တန်းကြီးဖြစ်ပါတယ်နော်။
🕗သင်တန်းအချိန်ကတော့
မြန်မာစံတော်ချိန် ညနေ ၄နာရီ မှ ညနေ ၆နာရီ
ထိုင်းစံတော်ချိန် ညနေ ၄နာရီခွဲ မှ ညနေ ၆နာရီခွဲ အထိ ဖြစ်ပါတယ် ။
Zoom Class နဲ့သင်ကြားပေးသွားမယ့်အတန်းလေးဖြစ်တာမို့ နားမလည်တာရှိတဲ့အခါ ဆရာနဲ့တိုက်ရိုက်ဆွေးနွေးမေးမြန်းလို့ရအောင်လည်း စီစဥ်ပေးထားပါတယ်ဗျ။💁♂️
မူလသင်တန်းကြေး (၁၅၀၀၀၀)ဖြစ်ပေမယ့်လည်း အခုသင်တန်းလေးကိုတော့ (၁၂၉၀၀၀) ကျပ်သာ ကျသင့်တာမို့ လက်မလွှတ်သင့်တဲ့ သင်တန်းကောင်းတစ်ခုပါဘဲနော်🤗
ကျောင်းသူကျောင်းသား လူဦးရေအကန့်အသတ်ဖြင့် တစိုက်မတ်မတ် သင်ကြားပြသပေးသွားမှာ ဖြစ်တာကြောင့် ကန့်သတ်လူဦးရေမပြည့်ခင် အမြန်လေးလာရောက်အပ်နှံဖို့တော့လိုအပ်ပါတယ်ခင်ဗျာ။ 🙆♂️
သင်တန်းဆိုင်ရာအသေးစိတ်အကြောင်းအရာများကိုမေးမြန်းစုံစမ်းလိုပါက
📱09797462500 (Myanmar)
📱0951387836( Thai ) ကိုဆက်သွယ်နိုင်သလို
Page messenger မှာလည်း အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်နော် 🙋♂️
12/09/2022
"Fast Step of English" Free Webinar 🤗
ကျွန်တော်တို့ သင်တန်းစဖွင့်တဲ့အနေနဲ့
ပညာဒါန Free Webinar လေးတစ်ခုပေးချင်ပါတယ်။
ဒီ Webinar လေးမှာဆိုရင် English စာကို ထိထိမိမိနဲ့
မြန်မြန်ဆန်ဆန် တိုးတက်လာစေမယ့် Topic တွေအပြင် အချင်းချင်း Speaking လေ့ကျင့်ရမယ့် Session လေးတွေပါ စီစဥ်ပေးထားပါတယ်။
ဒါ့အပြင် ဒီ Webinar လေးကို လာ join တဲ့လူတွေအတွက်
The Comfort English ကနေ အခုဖွင့်ဖို့စီစဥ်ထားတဲ့ သင်တန်းအတွက် Special Offer လေး သီးသန့်စီစဥ်ထားပါတယ်။
Webinar လေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့
1. Post ကို Like and share လုပ်ပေးရပါမယ်။
2. Shareထားတာကို Screenshot ရိုက်ပြီး ဒီpostရဲ့ Comment မှာ ပုံလေးပြပေးတာနဲ့ စာရင်းသွင်းထားပေးပါမယ်ခင်ဗျ။
လူဦးရေကန့်သတ်ထားတဲ့အတွက်
အခုပဲစာရင်းပေးလို့ရပါပြီ။
Date - 16.9.2022 (Friday)
Time - 7:00 pm
09/09/2022
အားလုံးပဲ မင်္ဂလာပါဗျ ။
The Comfort English ရဲ့ Main teacher & Founderဖြစ်တဲ့ ဆရာ ဦးသူရဇော် နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
ဆရာသူရဇော်ဟာ ပညာအရည်အချင်းအနေဖြင့်
B.Sc(phys;) , Diploma in English(MUFL )
ရရှိထားပြီး ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် Master of Education in Learning Management ကိုသင်ယူနေပါတယ် ။
သင်ကြားရေးပိုင်း အတွေ့အကြုံများအနေဖြင့်
▪︎T&T Private School and Bravo Private School မှာ
Teacher Educator အဖြစ်
ဆရာတွေကို သင်ကြားနည်း ပြပေးရတဲ့ Trainerနှင့် English Language Teacher အဖြစ် ၃ နှစ်
▪︎CAE Private School မှာ
International Language Teacher အဖြစ် ၁ နှစ် လုပ်ကိုင်ခဲ့ပြီး
▪︎STZ ကိုယ်ပိုင်ဘာသာရပ်ကျောင်း နှင့် STZ Foreign Language Centreမှာ 4နှစ်ကြာ ကျောင်းအုပ် နှင့် တည်ထောင်သူလည်း ဖြစ်ခဲ့သလို
▪︎ ဆရာမဒေါ်မမနိုင်အင်္ဂလိပ်စကားပြောသင်တန်းမှာ 2နှစ်ကြာသင်ပြပေးခဲ့သောဆရာတစ်ယောက်လည်းဖြစ်ပါတယ်။
▪︎ HCIS မှာ Summer program ကို အောင်မြင်စွာသင်ကြားနိုင်ခဲ့သလို
▪︎ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် English Language & Science ကို သင်ကြားပေးလျက်ရှိပါတယ်။
ယခု The Comfort Englishရဲ့ Founder & Main Teacherအဖြစ် တာ၀န်ယူသင်ကြားပေးမှာပါ ။
The Comfort Englishမှာ ထိရောက်ပြီး
နောက်တစ်ဆင့်ကိုတက်လှမ်းသွားစေနိုင်မယ့် သင်တန်းတွေ ၊ free seminarတွေအပြင်
Pageကနေလည်း English နှင့် ပတ်သက်ပြီး မျှဝေပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါဦး ခင်ဗျာ ။
❤️