06/08/2026
၂၀၂၆ခုနှစ် (၁၀၉) ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ(TOPIK) ကြေငြာချက်
(၁၀၉)ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ(TOPIK)ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပချိန်
၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၅ရက်(တနင်္ဂနွေနေ့) နံနက် ၉း၄၀ မှ ၁၆း၂၀ အထိ
- TOPIK Ⅰ : နံနက်ပိုင်း / TOPIK Ⅱ : နေ့လယ်ပိုင်း
၂။ စာမေးပွဲ ကျင်းပမည့်နေရာ (၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့)
ရန်ကုန်တက္ကသိုလ် (Kamayut Campus, Hlaing Campus)
၃။ စာမေးပွဲလျှောက်လွှာတင်ခြင်း
(၁၀၉)ကြိမ်မြောက်မှစ၍ စာမေးပွဲလျှောက်လွှာကို ကိုယ်တိုင်လာရောက်တင်ရန်မလိုဘဲ
Myanmar TOPIK website
https://www.topik-myanmar.com မှတစ်ဆင့် လျှောက်ထားရပါမည်။
https://www.topik-myanmar.com တွင် စာမေးပွဲလျှောက်လွှာ ဖြည့်သွင်းလျှောက်ထားရမည့်နေ့ရက်
--> ဩဂုတ်လ (၄)ရက်နေ့တွင် ကိုရီးယားသံရုံးမှ ကြေညာပေးလျှင် ပထမဆုံး Myanmar TOPIK websiteတွင် အကောင့်ဖွင့်ခြင်း (Membership လျှောက်ထားခြင်း)ကို မဖြစ်မနေ လုပ်ဆောင်ရပါမည်။
--> Membershipကို လျှောက်ထားပြီးသူများမှာ ဩဂုတ်လ (၁၃)ရက်နေ့မှစ၍ (၁၆)ရက်နေ့အတွင်း စာမေးပွဲလျှောက်လွှာကို အထက်ပါ website တွင် ထပ်မံ လျှောက်ထားရပါမည်။
• စာမေးပွဲကို လျှောက်ထားနိုင်သည့် လူဦးရေကို သတ်မှတ်ထားပါသည်။
• TOPIK 1: ၂၉၁၀ ဦးအထိ • TOPIK 2: ၂၉၁၀ ဦးအထိ
ခုံနံပါတ်ကို စာမေးပွဲကြေးသွင်းပြီးလျှင် စက်တင်ဘာလကုန် တွင် Myanmar TOPIK websiteမှတစ်ဆင့် ပြန်လည်ကြေညာပေး မည် ဖြစ်ပါသည်။
၁၀၉ကြိမ်မြောက် စာမေးပွဲ ဖြေဆိုမည့် ရက်(နိုဝင်ဘာလ ၁၅ရက်) မတိုင်မီ ၂ပတ်အလိုတွင် Korea TOPIK ရုံးချုပ်ဝက်ဆိုက်ဒ် (http://www.topik.go.kr)၌ မိမိ၏ စာမေးပွဲ ဖြေဆိုခွင့်ကဒ်ကို ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
TOPIK စာမေးပွဲ Online လျှောက်လွှာဖြည့်စွက်ရာတွင် အမည်(အင်္ဂလိပ်စာလုံးပေါင်းအကြီးဖြင့်သာ)၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများကို တိကျမှန်ကန်စွာ ဖြည့်စွက်ရန် လိုပါသည်။
တိကျမှန်ကန်မှုမရှိသော အချက်အလက်များကြောင့် အကြောင်းအရာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက လျှောက်လွှာတင်သူ၏ တာဝန်သာဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။ (ဖြေဆိုသူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး၊ သင်တန်းကျောင်း သို့မဟုတ် အေဂျင်စီမှ လျှောက်ထားစဉ် ထည့်သွင်းထားသော အချက်အလက်များ မှားယွင်းမှုရှိပါက ယင်းအတွက် နစ်နာမှုများသည် ဖြေဆိုသူ၏ တာဝန်သာဖြစ်ပါသည်။)
online formဖြင့် လျှောက်တင်ပြီးသည့် သူများသည် စာမေးပွဲကြေး USD25ကို ငွေသား ဖြင့် ကိုယ်တိုင်(သို့) ကိုယ်စားလာရောက်ပေး သွင်းရပါမည်။
ထို့ပြင် စာမေးပွဲကြေးလာသွင်းချိန်တွင် ဖော်ပြထားသော ဖောင်ကို printထုတ် ယူဆောင်လာရပါမည်။
# ဖောင်ကို စာရွက်ဖြင့် printထုတ် ယူဆောင်လာခြင်းမရှိပါက လက်ခံပေးမည် မဟုတ်ပါ။
စာမေးပွဲကြေးကို ပေးသွင်းရမည့် နေ့ရက်နှင့် ငွေရပြေစာလက်ခံယူရန်နေရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
နေ့ရက် : ၂၀၂၆ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ မှ (၂၃)ရက်နေ့ အထိ
နေရာ : ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် ခန်းမ (ကမာရွတ်နယ်မြေ - လှည်းတန်းအနီးအနား)
လျှောက်တင်ရမည့် အချိန်နှင့် သတိပြုရန်အချက်များ
- နံနက် (၁၀)နာရီမှ နေ့လယ် (၁၂း၃၀) အထိ, နေ့လယ် (၂)နာရီမှ (၅)နာရီအထိ
(နေ့လယ်စာ နားချိန် (၁၂) နာရီခွဲ မှ (၂) နာရီအထိ)
စာမေးပွဲကျင်းပသည့်မြို့တွင် နေထိုင်သူများသည် မိမိကိုယ်တိုင် လာရောက်ပေးသွင်းရန်။
စာမေးပွဲကျင်းပသည့်မြို့အပ နယ်ဝေးမှ ကိုယ်စားလှယ်ဖြင့် ပေးသွင်းလိုပါက မိသားစု(သို့)ဆွေမျိုး၊ အသိမိတ်ဆွေသာ လက်ခံပါမည်။
(စာမေးပွဲဖြေဆိုသူ၏ မှတ်ပုံတင်(မိတ္တူ)နှင့် ကိုယ်စား တင်ပေးသူ၏ မှတ်ပုံတင်မူရင်း လိုပါသည်။ )
စာမေးပွဲကြေးပေးသွင်းမည့်သူမှ အပ ကျောင်းအတွင်း ဝင်ရောက်ခြင်းကို ခွင့်မပြုပါ။
- (မှတ်ပုံတင်NRC Card ၊ ယာဥ်မောင်းလိုင်စင်၊ ပတ်စ်ပို့)ဖြင့်သာလျှင် စာမေးပွဲကြေးသွင်းနိုင်ပါသည်။
- အထက်ပါ သက်သေခံကတ်များမရှိပါက ရပ်ကွက်(သို့)ရဲစခန်း ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းကို ယူဆောင်လာရပါမည်။ မှတ်ပုံတင်မပါပါက ကျောင်းထဲ ဝင်ခွင့်မပြုပါ။
စာမေးပွဲကြေး
- 25 USD (စာမေးပွဲကြေးကို ဒေါ်လာဖြင့်သာ လက်ခံမည် ဖြစ်ပါသည်။ လျှောက်လွှာမတင်မီ ကြိုတင် လဲလှယ်ထားရမည် ဖြစ်ပြီး လျှောက်လွှာ လက်ခံသည့်နေရာတွင် လုံးဝ လဲလှယ်ပေးမည် မဟုတ်ပါ။ ဒေါ်လာအကြွေပြန်အမ်းပေးပါမည်။)
၄။ အခြား အကြောင်းအရာများ
※ စာမေးပွဲနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန်
- Tel : 09) 968862300 /
Email: [email protected]
မေးမြန်းစုံစမ်းလက်ခံသည့် အချိန်(မနက်၁၀နာရီမှ ညနေ၄နာရီထိ)သာ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာမေးပွဲနှင့် ပတ်သက်သည့် အချက်အလက်
- MYANMAR TOPIK ဝက်ဆိုက်ဒ်
https://www.topik-myanmar.com
ကျေးဇူးတင်ပါသည်။
2026년도 제109회 한국어능력시험(TOPIK) 공고
제109회 한국어능력시험(TOPIK)을 다음과 같은 일정으로 실시합니다.
시험일: 2026년 11월15일 (일요일)
시간: 오전 09:40 ~ 오후 16:20
구분: TOPIK I (오전) / TOPIK II (오후)
시험 장소
- 양곤대학교 (까마윳 캠퍼스, 흘라잉 캠퍼스)
시험 접수 안내
미얀마 토픽 전용 홈페이지에서 신청이 가능합니다.
홈페이지 https://www.topik-myanmar.com
• 온라인 폼(Online Form) 접수 안내
o 8월 4일: 한국대사관에서 안내 후 해당 홈페이지에서 우선 회원가입(필수)
o 8월 13일 ~ 8월 16일: 해당 홈페이지에서 토픽 시험 신청.
o 8월 20일 ~ 8월 23일: 응시료 납부(양곤대학교) 방문 납부 원칙이며 반드시 접수증을 출력하여 응시료와 함께 제출해주시기 바랍니다.
o 제109회 시험 응시 신청 인원 제한
* 토픽1: 2910명 / 토픽 2: 2910명
o 응시료 납부 완료 후 수험번호가 공지될 예정이며 수험표는 한국 대표 TOPIK 홈페이지(www.topik.go.kr)에서 시험 2주전 수험표 출력이 가능합니다.
• 작성 시 유의사항:
o 이름(영문 대문자 필수), 생년월일, 전화번호, 이메일 주소를 정확하게 기재해야 합니다.
o 부정확한 정보 입력으로 발생하는 불이익은 전적으로 신청자의 책임입니다.
• 응시료 납부:
o 온라인 신청 완료자는 응시료 25 USD를 현금으로 직접(또는 대리) 납부해야 합니다.
o 납부 기간: 2026년 8월 20일 ~ 8월 23일.
o 납부 장소: 양곤대학교 (구글맵에서 King Sejong Institute 로 검색 가능)
o 납부 시간: 10:00 ~ 12:30 / 14:00 ~ 17:00 (점심시간 12:30 ~ 14:00 제외).
• 납부 시 유의사항:
o 시험 실시 지역 거주자는 본인이 직접 방문하여 납부해야 합니다.
o 타 지역 거주자의 경우 가족, 친척 또는 지인의 대리 납부가 가능합니다(응시자의 신분증 사본 및 대리인의 신분증 원본 지참 필수).
o 응시료 납부자 외에는 학교 캠퍼스 출입이 금지됩니다.
o **신분증(NRC 카드, 운전면허증, 여권 중 하나)**을 반드시 지참해야 하며, 신분증이 없을 경우 동사무소 또는 경찰서 확인서와 가족 증명서(Household list)를 지참해야 합니다. 신분증 미지참 시 교내 출입이 불가합니다.
• 응시료는 달러(USD)로만 받습니다. 사전에 달러를 준비해 오시기 바라며, 현장에서 환전은 불가합니다. (잔돈은 달러로 거슬러 드립니다) .
시험 관련 문의:
o 전화: 09-968862300 / 이메일: [email protected]
o 문의 가능 시간: 10:00 ~ 16:00
• 미얀마 전용 웹사이트:
https://www.topik-myanmar.com
한국어능력시험(TOPIK) 미얀마 시행 공식 안내·접수 사이트. 주미얀마 대한민국 대사관 운영.