21/01/2021
Pageမှာ ပြန်တင်ခြင်းပါ။
"English အသံထွက်ကြပုံများ"
(ကျွန်တော်ရဲ့ ဆရာ ဆရာမများ နဲ့
တတ်သိ ကျွမ်းကျင် ပညာရှင်များ မပါပါ။
လိုအပ်နေသော သူများ အတွက်ပါ။)
Super Sunday နေ့ခင်း Teaဆွဲရင်း။
စကားလုံးအကြီးကြီးတွေ မပါပါ။
ကျွန်တော်တို့ အသုံးများပြီး
ဟိုးငယ်ငယ်လေး ကတည်းက သိပြီး သုံးပြီးနေကြပြီး
မသိမသာလေး လွဲသလိုလေး ဖြစ်နေတာလေး တွေပါ။
ဆိုတော့ကာ...
1- Football
ကလေးကတည်းက သိပြီးသား
ဒါပေမယ့် တစ်ချို့က Food Ball လို အသံကြီးဖြစ်နေတယ်။
Foot ဖွတ်(တ်) ခြေထောက် ခြေမျက်စိအောက်ဘက်
Food ဖူး(ထ်) စားစရာ အစား အစာ
အဓိပ္ပာယ်တွေ ကွာသွားလိမ့်မယ်။
2- Policeman
ပူး...လီ....စ် မန်း ခဲ့ကြတယ်။ မပူးပါနဲ့။ ပလီ...စ် မန်းန် လောက်ဆို ရပါတယ်။
3- Teacher
အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ ဆရာမ များ။ Tea Chairတော့ မလုပ်ကြပါနဲ့။ ပြီးတော့ ချယ်တို့ ချားတို့နဲ့ မလှပါ။
/ˈtiːtʃə(r)/ တီး...ချ လို့ပြောမှ ချစ်ဖို့ကောင်းမှာပါ။
4- Four ဖောလား ဖိုးလား။ မှားခဲ့ကြလို့ပါ။
ဖော ပါ။
ဖိုး ဆိုရင် Foe ရန်သူပါ။
5- 13 or 30
13 သာတီး...န် နောက်ကအသံကို ဖိထွက်ပေးပါ။
30 သား...တိ ရှေ့ကအသံကို ဖိထွက်ပေးပါ။
အဲလိုခွဲလိုက်ပါ။
14/40 15/50 16/60 17/70 18/80 19/90 တို့လည်း အတူတူပါ။
နှစ်ခါ နှစ်ခါပြန်မေး နေကြရပါတယ်။
6- Water
ဟိုသီချင်းထဲကလို ဝါးတား ဝါးတား လာမလုပ်နဲ့ ဆိုသလိုဖြစ်နေပြီ။
ဝေါ့...တာ လို့ထွက်ကြည့်ပါ။ ရေလေးက ပိုချိုပြီး အရသာပိုရှိသလို ခံစားရလိမ့်မယ်။ လေးလေးပင်ပင်ပေါ့။
US ကတော့လည်း ဝါးတား အသံပါပဲ။
7- Petrol ပက်...ထရယ်လ် ပါ။
Patrol ဒါကမှ ပထရိုး.... အဓိပ္ပာယ်က ကင်းလှဲ့တယ်ပေါ့။
8- Beautiful
Beauty Foolအဲ့လိုကြီးပြောလိုက်ရင် Beautiful မဟုတ်တော့ဘူး။ ful ဖုလ် လောက်ဆိုရပါပြီ။
ဖူးလ် ဆိုရင်တော့ အရူး လူအ လူမိုက်လို့ ဖြစ်သွားလိမ့်မယ်နော်။
9- Full ဖုလ်, ဖွတ်လ်
Fool ဖူး...လ်
အထက်က အတိုင်းပါပဲ။
10- Moon မူး...န် ဖြစ်ပါတယ်။ မွန်းကြပ်တာတွေ မဟုတ်ပါ။
နောက်နေ့ဖို့ ချန်ထားလိုက်ဦးမယ်...
မှားတာရှိလည်း ထောက်ပေးပါဦး ဗျာ။
အနီးစပ်ဆုံးလောက်ပေါ့။
အသံထွက်တွေက UK, US, Australia စသည်ဖြင့် ကွာသလို၊
UK တစ်ခုတည်းမှာပဲ တောင်မြောက် ကွာသွားတာနဲ့ Regional Variation ဆိုပြီး ကွဲပြန်ရော။
ဒါပေမယ့် အများနားလည် လက်ခံနိုင်လောက်မယ့် Received Pronunciation, Standard Pronunciation, IPA မူတွေ လောက်နဲ့ ချကြတာပေါ့။
ကျေးဂျုးကမ္ဘာဆိုင်ယော။
တိုးတက်ကြပါစေ။ Cu l8r!
မောင်မြင့်ဇော်ဦး @ Michael
Diploma in English Language Teaching, MU
Diploma in English, MUFL