Emily’ Sharing Education Centre

Emily’ Sharing Education Centre Sharing is our Priority

🚨 GED ကျောင်းသားတွေ အများဆုံးလုပ်မိတဲ့ အမှား (5) ခုGED ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတော်တော်များများဟာ စာတွေကို အပြင်း...
17/08/2026

🚨 GED ကျောင်းသားတွေ အများဆုံးလုပ်မိတဲ့ အမှား (5) ခု
GED ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတော်တော်များများဟာ စာတွေကို အပြင်းအထန် လေ့လာနေကြပေမဲ့ တစ်ခါတလေကျရင် မလိုအပ်ဘဲ အမှတ်လျော့ရစေတဲ့ အမှားလေးတွေကို သတိမထားမိဘဲ လုပ်မိတတ်ကြပါတယ်ရှင်။
ဒီနေ့မှာတော့ Emily’ Sharing ကနေ ကျောင်းသားတွေ အဖြစ်များဆုံး အမှား (၅) ခုကို ဝေမျှပေးသွားမှာမလို့ ကိုယ်ကော ဒီအထဲကတစ်ခုခုကို လုပ်မိနေလားဆိုတာ စစ်ဆေးကြည့်ရအောင်နော်။ 🧐👇

1️⃣ Math Formula တွေကို အလွတ်လိုက်ကျက်နေခြင်း 🧠❌
GED Math မှာ Formula တွေကို အလွတ်ကျက်စရာမလိုဘဲ စာမေးပွဲခန်းထဲမှာ Formula Sheet ပေးထားတာဖြစ်ပါတယ်ရှင်။ Formula တွေကို အလွတ်လိုက်ကျက်နေမယ့်အစား အဲ့ဒီ Formula တွေကို ပုစ္ဆာတွေမှာ ဘယ်လိုမျိုး အသုံးချရမလဲ ဆိုတဲ့အပိုင်းကို ပိုပြီးလေ့ကျင့်သင့်ပါတယ်ရှင်။

2️⃣ Weak Subject တွေကို ရှောင်နေခြင်း❌
Math မကြိုက်လို့ Math မလုပ်ဘူး။
RLA ခက်လို့ RLA မလုပ်ဘူး။
ဒီလိုမျိုး Weak Subjects တွေကို ရှောင်နေမယ့်အစား အားနည်းတဲ့အပိုင်းတွေကို ပိုအာရုံစိုက်လေ့ကျင့်ဖို့ လိုအပ်ပါတယ်ရှင်။

3️⃣ RLA မှာ Vocabulary တွေကိုပဲ အလွတ်ထိုင်ကျက်နေခြင်း 📖❌
ခက်ခဲတဲ့ စာလုံးတွေကို သိနေရုံနဲ့ RLA မှာ အမှတ်မကောင်းနိုင်ပါဘူးရှင်။ RLA မှာ အရေးကြီးဆုံးက စာပိုဒ်ရှည်ကြီးတွေကို မြန်မြန်ဖတ်ပြီး အဓိပ္ပာယ် နားလည်နိုင်စွမ်း (Reading Comprehension) နဲ့ Grammar Skill ပဲ ဖြစ်ပါတယ်ရှင်။

4️⃣ Social Studies မှာ သမိုင်းကြောင်းတွေကို ခုနှစ်တွေနဲ့ အလွတ်ကျက်ခြင်း ❌
GED Social Studies မှာက မေးခွန်းတွေဟာ "ဘယ်တုန်းက ဖြစ်ခဲ့တာလဲ" ဆိုတဲ့ မေးခွန်းမျိုးထက် "ဒါကြောင့် ဘာဖြစ်လာလဲ" ဆိုတဲ့ အကျိုးအကြောင်း ဆက်စပ်မှုကို ပေးထားတဲ့စာပိုဒ်ကိုဖတ်ပြီး ဖြေရတာမျိုး ဖြစ်ပါတယ်။

5️⃣ Time Management ကို လေ့ကျင့်ဖို့ မေ့နေခြင်း ⏱️❌
စာတွေ ဘယ်လောက်ပဲ ရနေပါစေ၊ Mock Test (စမ်းသပ်စစ်ဆေးမှု) တွေကို အချိန်မှတ်ပြီး မဖြေကြည့်ထားရင် စာမေးပွဲခန်းထဲမှာ အချိန်မလောက်ဘဲ မေးခွန်းတွေ ကျန်ခဲ့တတ်ပါတယ်ရှင်။ စာရရုံတင်မကဘဲ အချိန်အတွင်း ပြီးအောင် ဖြေနိုင်ဖို့ လေ့ကျင့်ထားရပါမယ်။

ဒီအမှားလေးတွေကို ကြိုတင်ရှောင်ရှားနိုင်ရင်တော့ မိမိတို့ မျှော်မှန်းထားတဲ့ Target Score ကို အလွယ်တကူ ရရှိမှာ သေချာပါတယ်ရှင်။ 🎯

မိမိရဲ့ GED ခရီးလမ်းမှာ အမှားအယွင်းမရှိ စနစ်တကျနဲ့ အမှတ်ကောင်းကောင်း ရရှိအောင်မြင်ချင်တယ်ဆိုရင်တော့ Emily’ Sharing မှာ လာရောက်အပ်နှံ နိုင်ပါပြီရှင့်။ 🥰✨
Emily’ Sharingမှာ အတန်းလေးတွေအပ်ချင်ရင်တော့~
☎️ 09 259 273 757, 09 975 482 878 သို့လည်း ဆက်သွယ်နိုင်သလို
🏠 55A*106လမ်းထောင့်၊မန္တလေးမြို့ Emily’ Sharing Education Centre သို့လည်းလာရောက်ပြီး အတန်းများအပ်နှံနိုင်ပါပြီရှင့်။🤍
’Sharing

-School-Diploma
-is-our-priority
-sharing

16/08/2026

Emily’ Sharingရဲ့ art class 🎨မှာ တက်ရောက်နေတာကြာပြီဖြစ်တဲ့ ကျောင်းသားလေးရဲ့ ချစ်စရာပုံရိပ်လေးများ😍💛

GED Diplomaကို 5လအတွင်း အရယူကြမယ်🙂‍↔️🎉Emily’ Sharing မှာ GED အတန်းသစ်တွေ ဖွင့်လှစ်နေပြီနော်! 🎉အမေရိကန်အထက်တန်းအောင်လက်မှ...
14/08/2026

GED Diplomaကို 5လအတွင်း အရယူကြမယ်🙂‍↔️🎉

Emily’ Sharing မှာ GED အတန်းသစ်တွေ ဖွင့်လှစ်နေပြီနော်! 🎉

အမေရိကန်အထက်တန်းအောင်လက်မှတ်နဲ့ တူညီတဲ့ နိုင်ငံတကာအသိအမှတ်ပြု GED Diploma ကို ရယူချင်သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခု ရောက်ရှိလာပါပြီရှင့်။✨

📚 Emily’ Sharingမှာတော့ GEDရဲ့ main subjects တွေဖြစ်တဲ့
✅ Mathematical Reasoning
✅ Science
✅ Reasoning Through Language Arts (RLA)
✅ Social Studies

တို့ကိုသင်ကြားပေးသွားမဲ့အပြင် Emily’ Sharingက GEDကျောင်းသားတွေအတွက် အထူးအခွင့်အရေးတစ်ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်ရှင့်🧐

အဲ့တာလေးကတော့ Business Management ကိုအခမဲ့ သင်ကြားပေးသွားမှာဖြစ်ပြီးတော့ အဲ့ဒီအတွက်certificateပါ ပေးဦးမှာမလို့ Universityတက်တဲ့အခါ Business Management Majorယူမဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်ရှင်။🎉

🌟 Emily’ Sharing ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းများ…

👩‍🏫အတွေ့အကြုံရှိ ဝါရင့်ဆရာ/မများမှ သင်ကြားပေးခြင်း

🏛️ Small Class size ဖြစ်တာကြောင့် ကျောင်းသားတစ်ဦးချင်းစီကို ပိုမိုဂရုစိုက် သင်ကြားပေးနိုင်ခြင်း

🌐 စာသင်ရတာ စိတ်အေးချမ်းသာရှိစေဖို့ 24hr Aircon နဲ့ WiFi Service အပြည့်အဝ ပံ့ပိုးပေးထားခြင်း

💻 အပြင်လုပ်ငန်းခွင်တွေမှာပါ အသုံးဝင်တဲ့အပြင် စီးပွါးရေးစီမံခန့်ခွဲရေးအခြေခံတွေကို သိရှိနိုင်မဲ့ Business Management ဘာသာရပ်ကို လုံးဝ(လုံးဝ) အခမဲ့ လေ့လာနိုင်ခြင်း

✔️ သင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်ခြင်း

✔️ 5 လစာ တစ်ကြိမ်တည်း ပေးသွင်းသူများအတွက် 5% Discount ရရှိနိုင်ခြင်း

📅 သင်တန်းကာလ - 5 လ

📞 အသေးစိတ် စုံစမ်းလိုပါက
09 259 273 757
09 975 482 878 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို

🏫 လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက
55A × 106 လမ်းထောင့်၊ အောင်ပင်လယ်၊ မန္တလေးမြို့
Emily’ Sharing Education Centreသို့ လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။

📌 အတန်းလေးက လူဦးရေကန့်သတ်ထားတာမလို့ အမြန်ဆုံး registerလုပ်လိုက်တော့နော်။🎊

🤝 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 နဲ့ အတူ 𝐀* ယူ 🌟𝐀* ဆိုတာက 𝐈𝐆𝐂𝐒𝐄 ကျောင်းသား၊ကျောင်းသူတွေအတွက် 𝐃𝐞𝐬𝐢𝐫𝐞 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 တစ်ခုဖြစ်သလို မိဘတွေအတွက...
12/08/2026

🤝 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 နဲ့ အတူ 𝐀* ယူ 🌟

𝐀* ဆိုတာက 𝐈𝐆𝐂𝐒𝐄 ကျောင်းသား၊ကျောင်းသူတွေအတွက် 𝐃𝐞𝐬𝐢𝐫𝐞 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 တစ်ခုဖြစ်သလို မိဘတွေအတွက်လည်း ဂုဏ်ယူရတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။🏆

🔑ဒါ့အပြင် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရုံသာမက 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 တွေပါ ရရှိနိုင်မည့် အဓိကသော့ချက် တစ်ခုလည်း ဖြစ်ပါတယ်။

📌ဒါ့ကြောင့် 𝐈𝐆𝐂𝐒𝐄 𝐉𝐨𝐮𝐫𝐧𝐞𝐲 တစ်လျှောက် 𝐀* ရဖို့က ကျောင်းသားတိုင်းရဲ့ 𝐓𝐨𝐩 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲 ဖြစ်လာပါတယ်။

𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာဆို 𝐈𝐆𝐂𝐒𝐄 ဘာသာရပ်တွေထဲက ကိုယ့်အတွက် 𝐒𝐭𝐫𝐮𝐠𝐠𝐥𝐞 ဖြစ်စေတဲ့ ဘာသာရပ်တစ်ခုချင်းစီအတွက်ပါ ရွေးချယ် တက်ရောက်လို့ ရအောင် စီစဥ်ပေးထားတာမလို့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ် တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 ကို ဘယ်လိုအချက်တွေကြောင့် ရွေးချယ်သင့်တာလဲ။

🟨 ဝါရင့် စီနီယာ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် လူနည်းနည်းနဲ့ ကျစ်ကျစ်လစ်လစ် သင်ကြားပေးခြင်း။
🟨 𝐎𝐧𝐥𝐢𝐧𝐞 / 𝐂𝐚𝐦𝐩𝐮𝐬 အဆင်ပြေရာ ရွေးချယ်တက်ရောက်နိုင်ခြင်း။
🟨 ဘာသာရပ်အများအပြား တစ်နေရာတည်းမှာ သင်ယူလေ့လာနိုင်ခြင်း။
🟨 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬 / 𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐂𝐥𝐚𝐬𝐬 / 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 အစရှိသဖြင့် 𝐂𝐥𝐚𝐬𝐬 𝐒𝐢𝐳𝐞 ရွေးချယ် တက်ရောက်နိုင်ခြင်း။
🟨 ကျောင်းသားတွေရဲ့ လစဉ် တိုးတက်မှုနှုန်းကို မိဘများကို အမြဲပြောပြပေးတဲ့အတွက် ကိုယ့်က‌လေး ရဲ့ အခြေအနေကို သိရှိနိုင်ခြင်း။
🟨 ဆိုလာစနစ်ဖြင့် အဲကွန်းလ် တပ်ဆင်ပေးထားလို့ စာသင်ကြားရာမှာလည်း အေး‌အေးဆေးဆေး သင်ယူနိုင်ခြင်း။
🟨 စာမေးပွဲမှာ အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့ မေးခွန်းဟောင်းများကိုလည်း စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း။အစရှိတဲ့ အချက်တွေနဲ့တင် မျက်စိစုံမှိတ် ရွေးချယ်လိုက်လို့ ရနေပါပြီရှင်။

ဒါ့ကြောင့် 𝐃𝐞𝐬𝐢𝐫𝐞 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 ကို 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာ လာရောက် အကောင်အထည်ဖော်လိုက်ပါနော်။🫶

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးမယ့် သဘောကောင်းတဲ့ 𝐄𝐦𝐢𝐥𝐲' 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐀𝐝𝐦𝐢𝐧 𝐓𝐞𝐚𝐦 လည်းရှိနေတာမလို့ သိချင်တာတွေကို အားမနာတမ်း မေးမြန်းနိုင်ပါပြီရှင်။

🟨 ဒီစာကိုဖတ်ပြီး ဆက်သွယ်မေးမြန်းဖို့ စိတ်အားထက်သန်နေတဲ့ သူတွေအတွက်

☎️ဖုန်းနံပါတ် 𝟎𝟗 𝟐𝟓𝟗 𝟐𝟕𝟑 𝟕𝟓𝟕 ကို ဖုန်းဆက်ပြီး ဆက်သွယ်လို့ရသလို
လူကိုယ်တိုင်မှ လာရောက်စုံစမ်းလိုတဲ့ သူတွေဆိုလျှင်လည်း

🏠𝟓𝟓𝐀×𝟏𝟎𝟔 လမ်း မန္တလေးမြို့ကို လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။

American Revolutionက ဘာလို့ဖြစ်ခဲ့တာလဲ ဘယ်လိုဖြစ်ခဲ့တာလဲ🧐 တကယ်တော့ American Revolution ဟာ ယနေ့ခေတ် ကမ္ဘာ့အင်အားကြီး အမေရ...
10/08/2026

American Revolutionက ဘာလို့ဖြစ်ခဲ့တာလဲ ဘယ်လိုဖြစ်ခဲ့တာလဲ🧐

တကယ်တော့ American Revolution ဟာ ယနေ့ခေတ် ကမ္ဘာ့အင်အားကြီး အမေရိကန်ပြည်ထောင်စု (United States) ဆိုပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ စတင်မွေးဖွားလာစေခဲ့တဲ့ သမိုင်းဝင် တော်လှန်ရေးကြီး ဖြစ်ပါတယ်ရှင်။ 🇺🇸✨
ဒါဆို မူလက Great Britainရဲ့ လက်အောက်ခံ ကိုလိုနီနယ်မြေ ၁၃ ခုပဲ ဖြစ်ခဲ့တဲ့ အမေရိကန်သားတွေဟာ ဘာကြောင့် ဗြိတိန်ဘုရင်ကို ပြန်လည်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ❓

အဓိက အကြောင်းရင်း ၆ ချက် ကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး လေ့လာကြည့်
ရအောင်ပါနော်။

1️⃣ The French and Indian War⚔️
၁၇၅၀ ကျော်ကာလတွေမှာ ဗြိတိန်အစိုးရဟာ ပြင်သစ်နိုင်ငံနဲ့ "French and Indian War" ဆိုတဲ့ စစ်ပွဲကြီးကို အမေရိကန်မြေပေါ်မှာ ဆင်နွှဲခဲ့ပါတယ်။ ဗြိတိန်စစ်နိုင်ခဲ့ပေမယ့် စစ်စရိတ်တွေကြောင့် အကြီးအကျယ် ကြွေးတင်သွားခဲ့ပါတယ်ရှင်။
ဒီတော့ ဗြိတိန်ဘုရင်က "ငါတို့က မင်းတို့ ကိုလိုနီနယ်မြေတွေကို ကာကွယ်ပေးခဲ့တာမလို့ ဒီစစ်စရိတ်ကြွေးတွေကို မင်းတို့ပဲ ပြန်ဆပ်ရမယ်" ဆိုပြီး အမေရိကန် ကိုလိုနီပြည်သူတွေအပေါ် အခွန်တွေ အဆမတန် စကောက်ပါတော့တယ်။ 💰

2️⃣ "No Taxation Without Representation” ⚖️

ဒါကတော့ တော်လှန်ရေးရဲ့ အဓိက အကျဆုံး ဆောင်ပုဒ်ပါပဲ။ ဗြိတိန်အစိုးရဟာ အမေရိကန်သားတွေဆီကနေ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန် (Stamp Act), လက်ဖက်ခြောက်ခွန် (Tea Act) စတာတွေကို သူတို့သဘောနဲ့သူတို့ ဥပဒေထုတ်ပြီး ကောက်ခံခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေက "ဗြိတိန်လွှတ်တော် ထဲမှာ ငါတို့အမေရိကန်သားတွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ် (Representative) တစ်ယောက်မှ မရှိဘဲနဲ့ ငါတို့ဆီက အခွန်လာကောက်တာ မတရားဘူး" ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်ရှင့်။🏛️

3️⃣ The Boston Massacre🩸
၁၇၇၀ ပြည့်နှစ်မှာတော့ အခွန်ကိစ္စကြောင့် တင်းမာမှုတွေ ဆိုးရွားလာပြီးတော့ ဘော့စတွန်မြို့မှာ ကိုလိုနီပြည်သူတွေနဲ့ ဗြိတိန်စစ်သားတွေ ထိပ်တိုက်တွေ့ကြပါတယ်။
ပြည်သူတွေက ခဲတွေ၊ နှင်းခဲတွေနဲ့ ပစ်ပေါက်ဆန္ဒပြရာကနေ ဗြိတိန်စစ်သားတွေက သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အမေရိကန်ပြည်သူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်က ဗြိတိန်အစိုးရအပေါ် အမေရိကန်သားတွေရဲ့ ဒေါသကို မီးဟုန်းဟုန်းတောက်သွားစေခဲ့တာပဲ ဖြစ်ပါတယ်ရှင်။

4️⃣ The Boston Tea Party ☕
၁၇၇၃ ခုနှစ်မှာတော့ အမေရိကန် တော်လှန်ရေးသမားတွေဟာ ဗြိတိန်ရဲ့ မတရားကောက်ခံတဲ့ လက်ဖက်ခြောက်အခွန်ကို ဆန္ဒပြတဲ့အနေနဲ့ အမေရိကန်လူမျိုးရင်းစု (Indian) တွေလို ဝတ်ဆင်ပြီး ဘော့စတွန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဗြိတိန်သင်္ဘောပေါ်က လက်ဖက်ခြောက်သေတ္တာပေါင်း ၃၀၀ ကျော်ကို ပင်လယ်ထဲ သွန်ချပစ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကို သမိုင်းမှာ "Boston Tea Party" လို့ အမည်တွင်ခဲ့ပါတယ်ရှင်။

5️⃣ The Intolerable Acts 🚫
ဒီလို အာခံတာကို ဒေါသထွက်သွားတဲ့ ဗြိတိန်ဘုရင် King George III က အမေရိကန်သားတွေကို နှိပ်ကွပ်ဖို့ "Intolerable Acts" ကို ထုတ်ပြန်လိုက်ပါတယ်။ ဘော့စတွန်ဆိပ်ကမ်းကို အပိတ်ခံရပြီးတော့ ကိုလိုနီပြည်သူတွေရဲ့ အိမ်တွေမှာ ဗြိတိန်စစ်သားတွေကို အတင်းအကျပ် အခမဲ့ တည်းခိုကျွေးမွေးခိုင်းတဲ့အထိ အခြေအနေတွေက ဆိုးရွားလာခဲ့ပါတယ်ရှင်။

6️⃣ Common Sense by Thomas Paine 📖
၁၇၇၆ ခုနှစ် အစောပိုင်းမှာ Thomas Paine ရေးသားတဲ့ "Common Sense" ဆိုတဲ့ စာအုပ်ငယ်လေး ထွက်လာပါတယ်။ သူက "ကျွန်းငယ်လေးတစ်ကျွန်း (ဗြိတိန်) က အမေရိကန်လို တိုက်ကြီးတစ်တိုက်ကို အုပ်ချုပ်နေတာ သဘာဝမကျဘူး၊ ငါတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး လွတ်လပ်ရေးယူရမယ်" ဆိုပြီး ရေးသားခဲ့တာကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာကို တော်လှန်ရေးထဲ ပါဝင်လာဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်ရှင်။

၁၇၇၅ ခုနှစ်မှာ ပထမဆုံး သေနတ်သံ စတင်ထွက်ပေါ်ခဲ့ပြီး စစ်ပွဲ စတင်ခဲ့ပါတယ်။
၁၇၇၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာတော့ သမိုင်းဝင် "Declaration of Independence" (လွတ်လပ်ရေး ကြေညာစာတမ်း) ကို ထုတ်ပြန်ခဲ့ပြီးတော့ ဗြိတိန်လက်အောက်ကနေ ခွဲထွက်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်ရှင့်။

ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ GED Social Studiesရဲ့ သမိုင်းကြောင်းတွေကို လွယ်လွယ်ကူကူနဲ့ နားလည်သင်ယူချင်တယ်ဆိုရင်တော့ Emily’ Sharingရဲ့ GEDအတန်းတွေကို အခုပဲလာအပ်လိုက်တော့နော်🎉

Reference link: https://www.nationalarchives.gov.uk/explore-the-collection/explore-by-topic/democracy-and-protest/causes-of-the-american-revolution/

မိမိရဲ့ GED ခရီးလမ်းမှာ အမှားအယွင်းမရှိ စနစ်တကျနဲ့ အမှတ်ကောင်းကောင်း ရရှိအောင်မြင်ချင်တယ်ဆိုရင်တော့ Emily’ Sharing မှာ လာရောက်အပ်နှံ နိုင်ပါပြီရှင့်။ 🥰✨
Emily’ Sharingမှာ အတန်းလေးတွေအပ်ချင်ရင်တော့~
☎️ 09 259 273 757, 09 975 482 878 သို့လည်း ဆက်သွယ်နိုင်သလို
🏠 55A*106လမ်းထောင့်၊မန္တလေးမြို့ Emily’ Sharing Education Centre သို့လည်းလာရောက်ပြီး အတန်းများအပ်နှံနိုင်ပါပြီရှင့်။🤍
’Sharing

Studies
-School-Diploma
-is-our-priority
-sharing

09/08/2026

Emily’ Sharing Education Centre ရဲ့ Business and Eco အတန်းများတွင် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများ၏ ပုံရိပ်များ😍✨

and Eco

07/08/2026

American Revolutionက ဘာလို့ဖြစ်ခဲ့တာလဲ ဘယ်လိုဖြစ်ခဲ့တာလဲ🧐

တကယ်တော့ American Revolution ဟာ ယနေ့ခေတ် ကမ္ဘာ့အင်အားကြီး အမေရိကန်ပြည်ထောင်စု (United States) ဆိုပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ စတင်မွေးဖွားလာစေခဲ့တဲ့ သမိုင်းဝင် တော်လှန်ရေးကြီး ဖြစ်ပါတယ်ရှင်။ 🇺🇸✨
ဒါဆို မူလက Great Britainရဲ့ လက်အောက်ခံ ကိုလိုနီနယ်မြေ ၁၃ ခုပဲ ဖြစ်ခဲ့တဲ့ အမေရိကန်သားတွေဟာ ဘာကြောင့် ဗြိတိန်ဘုရင်ကို ပြန်လည်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ❓

အဓိက အကြောင်းရင်း ၆ ချက် ကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး လေ့လာကြည့်
ရအောင်နော်။

1️⃣ The French and Indian War⚔️
၁၇၅၀ ကျော်ကာလတွေမှာ ဗြိတိန်အစိုးရဟာ ပြင်သစ်နိုင်ငံနဲ့ "French and Indian War" ဆိုတဲ့ စစ်ပွဲကြီးကို အမေရိကန်မြေပေါ်မှာ ဆင်နွှဲခဲ့ပါတယ်။ ဗြိတိန်စစ်နိုင်ခဲ့ပေမယ့် စစ်စရိတ်တွေကြောင့် အကြီးအကျယ် ကြွေးတင်သွားခဲ့ပါတယ်ရှင်။
ဒီတော့ ဗြိတိန်ဘုရင်က "ငါတို့က မင်းတို့ ကိုလိုနီနယ်မြေတွေကို ကာကွယ်ပေးခဲ့တာမလို့ ဒီစစ်စရိတ်ကြွေးတွေကို မင်းတို့ပဲ ပြန်ဆပ်ရမယ်" ဆိုပြီး အမေရိကန် ကိုလိုနီပြည်သူတွေအပေါ် အခွန်တွေ အဆမတန် စကောက်ပါတော့တယ်။ 💰

2️⃣ "No Taxation Without Representation” ⚖️

ဒါကတော့ တော်လှန်ရေးရဲ့ အဓိက အကျဆုံး ဆောင်ပုဒ်ပါပဲ။ ဗြိတိန်အစိုးရဟာ အမေရိကန်သားတွေဆီကနေ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်, လက်ဖက်ခြောက်ခွန် စတာတွေကို သူတို့သဘောနဲ့သူတို့ ဥပဒေထုတ်ပြီး ကောက်ခံခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေက "ဗြိတိန်လွှတ်တော် ထဲမှာ ငါတို့အမေရိကန်သားတွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ် (Representative) တစ်ယောက်မှ မရှိဘဲနဲ့ ငါတို့ဆီက အခွန်လာကောက်တာ မတရားဘူး" ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်ရှင်။🏛️

3️⃣ The Boston Massacre🩸
၁၇၇၀ ပြည့်နှစ်မှာတော့ အခွန်ကိစ္စကြောင့် တင်းမာမှုတွေ ဆိုးရွားလာပြီးတော့ ဘော့စတွန်မြို့မှာ ကိုလိုနီပြည်သူတွေနဲ့ ဗြိတိန်စစ်သားတွေ ထိပ်တိုက်တွေ့ကြပါတယ်။
ပြည်သူတွေက ခဲတွေ၊ နှင်းခဲတွေနဲ့ ပစ်ပေါက်ဆန္ဒပြရာကနေ ဗြိတိန်စစ်သားတွေက သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အမေရိကန်ပြည်သူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်က ဗြိတိန်အစိုးရအပေါ် အမေရိကန်သားတွေရဲ့ ဒေါသကို မီးဟုန်းဟုန်းတောက်သွားစေခဲ့တာပဲ ဖြစ်ပါတယ်ရှင်။

4️⃣ The Boston Tea Party ☕
၁၇၇၃ ခုနှစ်မှာတော့ အမေရိကန် တော်လှန်ရေးသမားတွေဟာ ဗြိတိန်ရဲ့ မတရားကောက်ခံတဲ့ လက်ဖက်ခြောက်အခွန်ကို ဆန္ဒပြတဲ့အနေနဲ့ အမေရိကန်လူမျိုးရင်းစု (Indian) တွေလို ဝတ်ဆင်ပြီး ဘော့စတွန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဗြိတိန်သင်္ဘောပေါ်က လက်ဖက်ခြောက်သေတ္တာပေါင်း ၃၀၀ ကျော်ကို ပင်လယ်ထဲ သွန်ချပစ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကို သမိုင်းမှာ "Boston Tea Party" လို့ အမည်တွင်ခဲ့ပါတယ်ရှင်။

5️⃣ The Intolerable Acts 🚫
ဒီလို အာခံတာကို ဒေါသထွက်သွားတဲ့ ဗြိတိန်ဘုရင် King George III က အမေရိကန်သားတွေကို နှိပ်ကွပ်ဖို့ "Intolerable Acts" ကို ထုတ်ပြန်လိုက်ပါတယ်။ ဘော့စတွန်ဆိပ်ကမ်းကို အပိတ်ခံရပြီးတော့ ကိုလိုနီပြည်သူတွေရဲ့ အိမ်တွေမှာ ဗြိတိန်စစ်သားတွေကို အတင်းအကျပ် အခမဲ့ တည်းခိုကျွေးမွေးခိုင်းတဲ့အထိ အခြေအနေတွေက ဆိုးရွားလာခဲ့ပါတယ်ရှင်။

6️⃣ Common Sense by Thomas Paine 📖
၁၇၇၆ ခုနှစ် အစောပိုင်းမှာ Thomas Paine ရေးသားတဲ့ "Common Sense" ဆိုတဲ့ စာအုပ်ငယ်လေး ထွက်လာပါတယ်။ သူက "ကျွန်းငယ်လေးတစ်ကျွန်း (ဗြိတိန်) က အမေရိကန်လို တိုက်ကြီးတစ်တိုက်ကို အုပ်ချုပ်နေတာ သဘာဝမကျဘူး၊ ငါတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး လွတ်လပ်ရေးယူရမယ်" ဆိုပြီး ရေးသားခဲ့တာကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာကို တော်လှန်ရေးထဲ ပါဝင်လာဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်ရှင်။

၁၇၇၅ ခုနှစ်မှာ ပထမဆုံး သေနတ်သံ စတင်ထွက်ပေါ်ခဲ့ပြီး စစ်ပွဲ စတင်ခဲ့ပါတယ်။
၁၇၇၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာတော့ သမိုင်းဝင် "Declaration of Independence" (လွတ်လပ်ရေး ကြေညာစာတမ်း) ကို ထုတ်ပြန်ခဲ့ပြီးတော့ ဗြိတိန်လက်အောက်ကနေ ခွဲထွက်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်ရှင့်။

ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ GED Social Studiesရဲ့ သမိုင်းကြောင်းတွေကို လွယ်လွယ်ကူကူနဲ့ နားလည်သင်ယူချင်တယ်ဆိုရင်တော့ Emily’ Sharingရဲ့ GEDအတန်းတွေကို အခုပဲလာအပ်လိုက်တော့နော်🎉

Reference link: https://www.nationalarchives.gov.uk/explore-the-collection/explore-by-topic/democracy-and-protest/causes-of-the-american-revolution/

မိမိရဲ့ GED ခရီးလမ်းမှာ အမှားအယွင်းမရှိ စနစ်တကျနဲ့ အမှတ်ကောင်းကောင်း ရရှိအောင်မြင်ချင်တယ်ဆိုရင်တော့ Emily’ Sharing မှာ လာရောက်အပ်နှံ နိုင်ပါပြီရှင့်။ 🥰✨
Emily’ Sharingမှာ အတန်းလေးတွေအပ်ချင်ရင်တော့~
☎️ 09 259 273 757, 09 975 482 878 သို့လည်း ဆက်သွယ်နိုင်သလို
🏠 55A*106လမ်းထောင့်၊မန္တလေးမြို့ Emily’ Sharing Education Centre သို့လည်းလာရောက်ပြီး အတန်းများအပ်နှံနိုင်ပါပြီရှင့်။🤍
’Sharing

Studies
-School-Diploma
-is-our-priority
-sharing

03/08/2026

🧬 DNA ဆိုတာ ဘာလဲ?

“မျက်လုံးအရောင်၊ ဆံပင်အရောင်၊ အရပ်အမြင့်… ဒီလို လက္ခဏာတွေက ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူကြတာလဲ?” 🤔

တချို့က အဖေလို မျက်လုံးရှိတယ်။
တချို့က အမေလို ဆံပင်ကောက်တယ်။
တချို့ကတော့ မိသားစုထဲမှာ အရပ်အရှည်ဆုံး ဖြစ်နေတတ်တယ်။

ဒီလို မျိုးရိုးလိုက် လက္ခဏာတွေကို ဆုံးဖြတ်ပေးတာကတော့ DNAပဲ ဖြစ်ပါတယ်။ 🧬

DNA (Deoxyribonucleic Acid) ဆိုတာ သက်ရှိတိုင်းရဲ့ မျိုးရိုးဗီဇအချက်အလက် (Genetic Information) ကို သိမ်းဆည်းထားတဲ့ မော်လီကျူးတစ်မျိုးဖြစ်ပါတယ်ရှင်။

DNA ကို လူ့ခန္ဓာကိုယ်ရဲ့ “Instruction Manual” လို့တောင် တင်စားတတ်ကြပါတယ်။ 📖

ဘာကြောင့်လဲဆိုတော့ DNA ထဲမှာ—

✅ ခန္ဓာကိုယ်ကို ဘယ်လိုတည်ဆောက်ရမလဲ။
✅ ဆဲလ်တွေ ဘယ်လိုကြီးထွားပြီး အလုပ်လုပ်ရမလဲ။
✅ မိဘတွေဆီက ဘယ်လိုလက္ခဏာတွေ အမွေရမလဲ။
✅ ခန္ဓာကိုယ်က ဘယ်လို Protein တွေ ထုတ်လုပ်ရမလဲ။

စတဲ့ ညွှန်ကြားချက်တွေကို သိမ်းဆည်းထားလို့ပဲ ဖြစ်ပါတယ်ရှင်။

🧬 DNA ကို ဘာတွေနဲ့ဖွဲ့စည်းထားလဲ?

DNA ကို Adenine (A), Thymine (T), Cytosine (C), Guanine (G) ဆိုတဲ့ Nitrogen Bases (၄) မျိုးနဲ့ ဖွဲ့စည်းထားပါတယ်ရှင်။

ဒီ Bases တွေက A နဲ့ T, C နဲ့ G ဆိုပြီး အမြဲတွဲတာဖြစ်ပြီးတော့ ဒီလို သတ်မှတ်ထားတဲ့အတွဲအတိုင်းပဲ တွဲနိုင်တာကြောင့် DNA က မျိုးရိုးဗီဇအချက်အလက်တွေကို တိကျမှန်ကန်စွာ သိမ်းဆည်းနိုင်သလို၊ ဆဲလ်အသစ်တွေ ဖွဲ့စည်းတဲ့အချိန်မှာလည်း DNA ကို မှန်မှန်ကန်ကန် ကူးယူနိုင်တာပဲ ဖြစ်ပါတယ်ရှင့်။

လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အများစုမှာ DNA ပါရှိပြီး၊ အဲဒီ DNA တွေကို အစဉ်လိုက်ဆွဲထုတ်လိုက်ရင် ကမ္ဘာနဲ့ နေကို အကြိမ်ရာချီ အသွားအပြန် လုပ်နိုင်လောက်တဲ့ အရှည် ရှိတယ်လို့လည်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါသေးတယ်။ 😲

ဒါပေမယ့် အဲဒီ DNA ကို အလွန်သေးငယ်တဲ့ Nucleus ထဲမှာ လှပစွာ ခေါက်သိမ်းထားတာကြောင့် ဆဲလ်အတွင်း အဆင်ပြေစွာ တည်ရှိနိုင်တာပဲ ဖြစ်ပါတယ်ရှင်။🧬

ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ သိပ္ပံသဘောတရားတွေနဲ့ GED Scienceအပြင် အခြားGEDဘာသာရပ်တွေကို Emily’ Sharingမှာ ထိထိရောက်ရောက်နဲ့ လေ့လာသင်ယူနိုင်ပြီနော်😍
Reference Link: https://www.genome.gov/genetics-glossary/Deoxyribonucleic-Acid-DNA

မိမိရဲ့ GED ခရီးလမ်းမှာ အမှားအယွင်းမရှိ စနစ်တကျနဲ့ အမှတ်ကောင်းကောင်း ရရှိအောင်မြင်ချင်တယ်ဆိုရင်တော့ Emily’ Sharing မှာ လာရောက်အပ်နှံ နိုင်ပါပြီရှင့်။ 🥰✨
Emily’ Sharingမှာ အတန်းလေးတွေအပ်ချင်ရင်တော့~
☎️ 09 259 273 757, 09 975 482 878 သို့လည်း ဆက်သွယ်နိုင်သလို
🏠 55A*106လမ်းထောင့်၊မန္တလေးမြို့ Emily’ Sharing Education Centre သို့လည်းလာရောက်ပြီး အတန်းများအပ်နှံနိုင်ပါပြီရှင့်။🤍
’Sharing

-School-Diploma
-is-our-priority
-sharing

02/08/2026

GED Diplomaကို 5လအတွင်း အရယူကြမယ်🙂‍↔️🎉

Emily’ Sharing မှာ July Intake အတွက် GED အတန်းသစ်တွေ ဖွင့်လှစ်နေပြီနော်! 🎉

အမေရိကန်အထက်တန်းအောင်လက်မှတ်နဲ့ တူညီတဲ့ နိုင်ငံတကာအသိအမှတ်ပြု GED Diploma ကို ရယူချင်သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခု ရောက်ရှိလာပါပြီရှင့်။✨

📚 Emily’ Sharingမှာတော့ GEDရဲ့ main subjects တွေဖြစ်တဲ့
✅ Mathematical Reasoning
✅ Science
✅ Reasoning Through Language Arts (RLA)
✅ Social Studies

တို့ကိုသင်ကြားပေးသွားမဲ့အပြင် Emily’ Sharingက GEDကျောင်းသားတွေအတွက် အထူးအခွင့်အရေးတစ်ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်ရှင့်🧐

အဲ့တာလေးကတော့ Business Management ကိုအခမဲ့ သင်ကြားပေးသွားမှာဖြစ်ပြီးတော့ အဲ့ဒီအတွက်certificateပါ ပေးဦးမှာမလို့ Universityတက်တဲ့အခါ Business Management Majorယူမဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်ရှင်။🎉

🌟 Emily’ Sharing ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းများ…

👩‍🏫အတွေ့အကြုံရှိ ဝါရင့်ဆရာ/မများမှ သင်ကြားပေးခြင်း

🏛️ Small Class size ဖြစ်တာကြောင့် ကျောင်းသားတစ်ဦးချင်းစီကို ပိုမိုဂရုစိုက် သင်ကြားပေးနိုင်ခြင်း

🌐 စာသင်ရတာ စိတ်အေးချမ်းသာရှိစေဖို့ 24hr Aircon နဲ့ WiFi Service အပြည့်အဝ ပံ့ပိုးပေးထားခြင်း

💻 အပြင်လုပ်ငန်းခွင်တွေမှာပါ အသုံးဝင်တဲ့အပြင် စီးပွါးရေးစီမံခန့်ခွဲရေးအခြေခံတွေကို သိရှိနိုင်မဲ့ Business Management ဘာသာရပ်ကို လုံးဝ(လုံးဝ) အခမဲ့ လေ့လာနိုင်ခြင်း

✔️ သင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်ခြင်း

✔️ 5 လစာ တစ်ကြိမ်တည်း ပေးသွင်းသူများအတွက် 5% Discount ရရှိနိုင်ခြင်း

📅 သင်တန်းကာလ - 5 လ

📞 အသေးစိတ် စုံစမ်းလိုပါက
09 259 273 757
09 975 482 878 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို

🏫 လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက
55A × 106 လမ်းထောင့်၊ အောင်ပင်လယ်၊ မန္တလေးမြို့
Emily’ Sharing Education Centreသို့ လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။

📌 July Intake အတွက် လူဦးရေကန့်သတ်ထားတာမလို့ အမြန်ဆုံး registerလုပ်လိုက်တော့နော်။🎊

မန္တလေးရှိ Emily' Sharing Education Centre တွင် IGCSE ဘာသာရပ်များသင်ကြားရန်အတွက် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ လျှောက်ထားန...
31/07/2026

မန္တလေးရှိ Emily' Sharing Education Centre တွင် IGCSE ဘာသာရပ်များသင်ကြားရန်အတွက် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်ပါပြီရှင်🌟
လျှောက်ထားလိုပါက 📞 09 259 273 757/ 09 975 482 878 ကိုဆက်သွယ်လို့ရသလို၊ page messenger ကနေလဲ ဆက်သွယ်လို့ရပါတယ်ရှင်။
55A 106 လမ်းထောင့်၊ အောင်ပင်လယ်၊ မန္တလေးမြို့ကိုလည်း လာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်။

Address

Corner Of 55A Street & 106 St, Aung Pin Lal
Mandalay
05041

Alerts

Be the first to know and let us send you an email when Emily’ Sharing Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Emily’ Sharing Education Centre:

Shortcuts

Share

Category