16/06/2022
အားလုံးပဲ မင်္ဂလာပါ 🎉🎉🎉
📌Bridgehead Edu မှ ဒီနေ့လေးအတွက် sharing လုပ်ပေးမှာကတော့ ထိုင်းနိုင်ငံရှိ နိုင်ငံတကာ တက္ကသိုလ် များသို့ သွားရောက် ပညာသင်ကြားနိုင်ရန် ဝင်ခွင့်လျှောက်ထားတဲ့ အခါ အဓိက လိုအပ်တဲ့ Qualification Requirement အကြောင်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်
📌 ထိုင်းနိုင်ငံရှိ တက္ကသိုလ် များသို့ ဝင်ခွင့်လျှောက်မည့် ကျောင်းသူကျောင်းသားများ လည်း အမေးများပြီး ကြိုတင်ပြင်ဆင် ထားရမည့် requirements ( English Proficiency, GED, SAT, IGCSE) များ အကြောင်း လည်းဖြစ်ပါတယ်
📌ထိုင်းနိုင်ငံတွင် Public University & Private University ဆိုပြီး နိုင်ငံတကာ တက္ကသိုလ် အမျိုးအစား ၂ မျိုးရှိပါတယ်
📌 ကျောင်းသူ ကျောင်းသားများကို မိမိ ရွေးချယ် တက်ရောက်လိုသော အထူးပြုနယ်ပယ် ( specilization Field or subject) နှင့် မိမိတို့၏ အသုံးပြုနိုင်သော ငွေကြေး ပမာဏ ပေါ်မှာ မူတည်ပြီး တက္ကသိုလ် များကို ရွေးချယ် လျှောက်ထားသင့်ပါတယ်
📌 ထိုသို့ နိုင်ငံတကာ တက္ကသိုလ်များကို ဝင်ခွင့် လျှောက်ထားရာမှာ အဓိက တင်သွင်း ရန် လိုအပ်တဲ့ Qualification Requirements တွေရှိပါတယ်
📌ထိုင်းနိုင်ငံရှိ နိုင်ငံတကာ တက္ကသိုလ်များ ကို ဝင်ခွင့်လျှောက်ထားဖို့ရန် မြန်မာ နိုင်ငံမှ ကျောင်းသားများအတွက် အဓိက လိုအပ်တဲ့ Qualification Requirements တွေကတော့......
🛑English
🛑 GED
🛑 SATProficiency
🛑 IGCSE
စတဲ့ Certification လက်မှတ် တွေပဲ ဖြစ်ပါတယ်
📌 ထိုဖော်ပြပါ Requirement တွေကတော့ မိမိ၏ အသက်အရွယ် နှင့် လက်ရှိ ပညာအရည်အချင်း ပေါ်မူတည်ပြီး ရွေးချယ် ပြင်ဆင်ရမှာ ဖြစ်ပါတယ်
🛑 ဆယ်တန်းအောင်ပြီးသား သို့မဟုတ် ဆယ်တန်းမတက်ရသေးသော ၁၆ နှစ်ပြည့်ပြီးသူများ အတွက်( GED & SAT & English Proficiency) စသည့် တို့ကို မဖြစ်မနေ ပြင်ဆင်ထားရန် လိုအပ်ပါသည်
🛑 အသက် ၁၄ နှစ်မှ စ၍ နိုင်ငံတကာ တက္ကသိုလ် များကို ဝင်ခွင့်လျှောက်ထားရန် ပြင်ဆင်ပါက (IGCSE A level & English Proficiency)တို့ကို အဓိက လိုအပ်ပါတယ်
📌 Qualification Requirements တခုချင်းစီရဲ့ အကြောင်းလေးကိုလေး အနည်းငယ်မျှဝေပေးမှာ ဖြစ်ပါတယ်
🛑 English Proficiency (IELTS / TOFEL)
▶ English Proficiency certificate ကတော့ ထိုင်းနိုင်ငံရှိ မည့်သည့် တက္ကသိုလ် မဆို ဝင်ခွင့်လျှောက်တဲ့ဘအခါမှာ လိုအပ်ပါတယ်
▶ တက္ကသိုလ် များပေါ်မူတည်ပြီး IELTS နှင့် TOFEL test များကို ရွေးချယ် တင်သွင်းလို့ရပါတယ်
▶ IELTS/ TOFEL certificate ကတော့ self study သို့မဟုတ် အပြင်သင်တန်းများမှာ တက်ရောက်ပြီး လေ့လာနိုင်ပြီး Test Center ( British Council -BC ကဲ့သို့) တွေမှာ ဖြေဆိုနိုင်ပါတယ်
▶ Undergratuade Student များအတွက် ပျမ်းမျှ ရမှတ်မှာ ( IELTS score of 6.0 to 6.5 , IBT score around 60 to 65 for TOFEL) တို့ဖြစ်ပါတယ်
▶Postgraduate Student များအတွက်တော့ ပျမ်းမျှ ရမှတ်တို့မှာ ( IELTS score of 6.0 to 6.5, average total IBT of 80 on TOEFL) တို့ဖြစ်ပါတယ်
▶ လျှောက်ထားသည့် Public or Private University ပေါ်မူတည်ပြီး ရမှတ်တွေရဲ့ သတ်မှတ်ချက်တွေတော့ အနည်းငယ် ကွာခြားနိုင်ပါတယ်
🛑 GED ( General Educational Development)
▶GED ဆိုသည်မှာ US သို့မဟုတ် Canadian အထက်တန်းအဆင့် နှင့် ညီမျှသော အရည်အချင်းရှိကြောင်း diploma အောင်လက်မှတ် တခု ဖြစ်ပါတယ်
▶ပုံမှန် ကျောင်းပြီးအောင်တက်ရန် အခက်အခဲရှိသူတွေ အတွက် ကျောင်းဆက်မတက်ပဲ အလုပ်လုပ်ရင်းနဲ့ လေ့လာပြီး အထက်တန်းအောင် လက်မှတ်ရအောင် ဖြေဆိုရတဲ့ စာမေးပွဲ တခုဖြစ်ပါတယ်
▶ နိုင်ငံတကာ( ၁၂ တန်း ) နှင့်ကိုက်ညီသော အထက်တန်းအောင် လက်မှတ်တခု ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် US နိုင်ငံ ရှိ တက္ကသိုလ် များတွင် ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်
▶ အသက် ၁၆ နှစ်မှ စ၍ ဖြေဆိုနိုင်ပြီး Computer နှင့် ဖြေဆိုရတာ ဖြစ်၍ မိမိကြိုက်နှစ်သက်တဲ့ အမှတ်ရအောင် ပြန်လည် ဖြေဆို လို့လည်းရပါတယ်
▶ ၉/ ၁၀ တန်း level ရှိတဲ့ ဘာသာရပ်တွေကို ဖြေဆိုရတာ ဖြစ်တဲ့အတွက် ကိုယ်တိုင်လေ့လာ၍ လွယ်ကူပြီး ပြင်ဆင်ချိန် ၄ လမှ ၆ လ အထိ လိုအပ်နိုင်ပါတယ်
▶ GED စာမေးပွဲတွင်က subject (4) မျိုးကို ဖြေဆိုရတာ ဖြစ်ပါတယ် ( ရွေးချယ်လို့ မရပါဘူး)
▶ဘာသာရပ်တွေကတော့.......
📌 Mathematical Reasoning ( Basic Math, Graph, Function စတဲ့ Math နှင့်ပက်သက်သော)
📌 Reasoning Through Language Arts ( English Reading and Writing အပိုင်းများ)
📌 Science ( Physics,Chemistry, Biology,Experiment Calculation နှင့် ပက်သက်သော)
📌 Social Studies ( Economics, Social data နှင့်ပက်သက်သော)
စတဲ့ ဘာသာရပ် လေးခုကို ဖြေဆိုရမှာပါ
( GED မေးခွန်းပုံစံ များကို Google မှာရှာဖွေ လေ့လာလို့ရပါတယ်)
🛑 SAT ( Scholastic Assessment Test)
▶ SAT သည် နိုင်ငံတကာ တက္ကသိုလ် တွေမှာ ဝင်ခွင့်ရဖို့အတွက် ဖြေဆိုရတဲ့တက္ကသိုလ် ရဲ့ Admission Test တခုလည်း ဖြစ်ပါတယ်
▶ ထိုင်းနိုင်ငံမှာတော့ တက္ကသိုလ် များပေါ်မူတည်ပြီး တက္ကသိုလ် မှ ပြုလုပ်တဲ့ SAT test တွေကိုလည်း ဝင်ခွင့်လျှောက်ထားတဲ့ အခါ ဖြေဆိုရပါတယ်
▶ SAT Test သည် ဘာသာရပ် (5) ခုကို ဖြေဆိုရမှာ ဖြစ်ပါတယ်
▶ ဘာသာရပ်တွေကတော့....
📌 Mathematics
📌 Science
📌 English
📌 History
📌 Languages စတဲ့ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်
▶ထိုင်းတက္ကသိုလ် အချို့ကတော့ ဘွဲ့ ကြို ကျောင်းသားများအတွက် လျှောက်ထားတဲ့ ဘာသာရပ်များပေါ်မူတည်ပြီး SAT စာမေးပွဲ များကို စစ်မေးပြီး အကဲဖြတ်ပါတယ်
▶ကိုယ်လျှောက်ထားမည့် တက္ကသိုလ် နှင့် ဘာသာရပ်၏ SAT score ရဲ့ လိုအပ်ချက်ကိုလေ့လာ၍ ပြင်ဆင်သင့်ပါတယ်
( SAT မေးခွန်း ပုံစံများကိုလည်း Google မှာရှာဖွေ လေ့လာနိုင်ပါတယ်)
🛑 IGCSE ( International General Certificate of Secondary Education)
▶ IGCSE ဆိုတာ British curriculum သင်ရိုးညွှန်းတမ်း ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ် များကို လျှောက်ထားရန်အတွက် foundation အတန်းများဖြစ်ပါတယ်
▶ မြန်မာနိုင်ငံတွင် British Council ၏ သင်ရိုးညွန်းတမ်းများကို အခြေခံ ပြီး IGCSE ကိုပုံမှန်အားဖြင့်အသက် 14 နှစ်မှ 16 နှစ်အရွယ်များ လေ့လာသင်ယူနိုင်ပါတယ်
▶O level နှင့် A Level ဟု၍ program များကို လေ့လာတတက်ရောက်ပြီး level အလိုက် ဖြေဆိုရတာ ဖြစ်ပါတယ်
▶ Cambridge Assessment International Education စနစ်ဖြစ်ပြီး ဘာသာစကား ၃၀ နှင့် ဘာသာရပ်ပေါင်း ၇၀ ကျော်အထိ ပါဝင်တဲ့ သင်ရိုးညွှန်းတမ်း တခုလည်းဖြစ်ပါတယ်
▶ O level ကိုတော့ အသက် ၁၄ နှစ်မှ ၁၆ နှစ်ထိ ဖြေဆိုနိုင်ပြီးတော့ အနည်းဆုံး ဘာသာရပ် (၇) ခုမှ (၉) ခု အထိဖြေဆိုရပါတယ်
▶ ရွေးချယ် ဖြေဆိုလို့ရတဲ့ ဘာသာရပ်အုပ်စုကို (၆) ခုခွဲထားပါတယ်.....
Group I: Languages
Subjects- French, German, Spanish, etc.
Group II: Humanities and Social Sciences
Subjects- Economics, Geography, Sociology, etc.
Group III: Sciences
Subjects- Agriculture, Physics, Chemistry, etc.
Group IV: Mathematics
Subjects- Additional, Mathematics D (Calculator Version).
Group V: Business, Technical and Creative
Subjects- Business Studies, Commerce, Computer Science, etc.
Group VI: English Language and Literature.
Subjects- English Language, English Literature, etc.
▶ A level ကိုတော့ အသက် (16)နှစ်မှ ( 18) နှစ်အထိ ဖြေဆိုနိုင်ပြီး ထို A level qualification ဖြင့် နိုင်ငံတကာ တက္ကသိုလ် များတွင် ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်
▶ A level.အတွက် အနည်းဆုံး ဘာသာရပ်( ၄) ခုမှ (၆) ခုအထိ ရွေးချယ် ဖြေဆိုရမှာ ဖြစ်ပါတယ်
▶ ဘာသာရပ်ရဲ့ grading ကတော့ A to E ထိသတ်မှတ်ထားပြီး တက္ကသိုလ် ဝင်ခွင့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး grading များရအောင် လေ့လာ ဖြေဆိုသင့်ပါတယ်
▶A level အတွက်ရွေးချယ် ဖြေဆိုလို့ရတဲ့ ဘာသာရပ် အုပ်စု ( 6)ခု ခွဲထားပါတယ်
Group I: Languages
Subjects- French, German, Spanish, etc.
Group II: Humanities and Social Sciences
Subjects- Economics, Geography, Sociology, etc.
Group III: Sciences
Subjects- Agriculture, Physics, Chemistry, etc.
Group IV: Mathematics
Subjects- Additional, Mathematics D (Calculator Version).
Group V: Business, Technical and Creative
Subjects- Business Studies, Commerce, Computer Science, etc.
Group VI: English Language and Literature.
Subjects- English Language, English Literature, etc.
📌 ယခု အထက်မှာ မျှဝေပေးခဲ့တာကတော့ ထိုင်းနိုင်ငံရဲ့
နိုင်ငံတကာတက္ကသိုလ် များကို ဝင်ခွင့် လျှောက်ထားရန်အတွက် ကိုယ်ရဲ့ လက်ရှိ ပညာ အတန်းပေါ်မူတည်ပြီး ပြင်ဆင်ရမည့် အဓိက requirements တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်
📌 ထိုင်းနိုင်ငံရှိ နိုင်ငံတကာ တက္ကသိုလ် များ၏ သက်ဆိုင်ရာ requirements များရဲ့ scores များကို လေ့လာ၍ သေချာ ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်
📌 ဒါကြောင့် ထိုင်းနိုင်ငံတွင် ကျောင်းသွားတက်ရန် စိတ်ဝင်စားသော လူငယ်များအတွက် သိသင့်သော Qualification Requirements များအကြောင်းကို ဗဟုသုတ ရအောင် မျှဝေ ပေးလိုက်ပါတယ်
📌 စိတ်ဝင်စားသော လူငယ်များလည်း ကြိုတင် လေ့လာပြင်ဆင် နိုင်ကြပြီး ရည်မှန်းထားသော ပညာရေး ပန်းတိုင် ကို အခက်အခဲ မရှိ လျှောက်လှမ်း နိုင်ကြပါစေ လို့ Bridgehead Edu မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ.........
📌 မျှဝေ ပေးလိုက်တဲ့ အကြောင်းအရာလေးများကနေ Bridgehead Eduer များအတွက်လည်း တထောင့်တနေရာမှာ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ် 🤗