28/05/2026
Foundation Year Registration Announcement
- UMMIUC မှ Foundation Year ကျောင်းသားကျောင်းသူများအား Regular Teaching Lecture များကို Zoom နှင့် Live သော်လည်းကောင်း၊ Pre Recorded Video များဖြင့် Moodle မှသော်လည်းကောင်း သင်ကြားပြသပေးသွားပါမည်။
- Lecture များကို June 1, 2026 တွင် စတင်သင်ကြားသွားမည် ဖြစ်ပါသည်။
− စနစ်သစ် Foundation Year ရပ်နားထားသူများနှင့် စနစ်ဟောင်း 1st MBBS ကျောင်းသား၊ကျောင်းသူ များသည် UMM IUC - Foundation Year တွင် Register ပြုလုပ်ခွင့် ရှိပါသည်။
- သို့ဖြစ်ပါ၍ ကျောင်းသားကျောင်းသူများ အနေဖြင့် June 1 (ဇွန်လ ၁ ရက်နေ့) မတိုင်ခင် form ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
- Register ပြုလုပ်ထားသော ကျောင်းသားကျောင်းသူများကို ရက်စွဲနှင့် အချိန်အသေးစိတ်အား Email မှတဆင့်ပေးပို့သွားပါမည်။
ဖြည့်သွင်းရန် form - https://forms.gle/57QHYciWLyJPVZoj9
Contact us - https://t.me/ummiucoffice
မှတ်ချက် ။ ။ ယခုနှစ် ၀င်ခွင့်ရရှိထားသော ကျောင်းသားကျောင်းသူများ form ထပ်မံဖြည့်သွင်းရန် မလိုအပ်ပါ။
23/05/2026
Medical Year 1 Registration Announcement
- UMMIUC မှ Medical Year 1 ကျောင်းသားကျောင်းသူများအား Regular Teaching Lecture များကို Zoom နှင့် Live သော်လည်းကောင်း၊ Pre Recorded Video များဖြင့် Moodle မှသော်လည်းကောင်း သင်ကြားပြသပေးသွားပါမည်။
- Lecture များကို June 1, 2026 တွင် စတင်သင်ကြားသွားမည် ဖြစ်ပါသည်။
− စနစ်သစ် Foundation Year အောင်မြင်ပြီးသူများနှင့် စနစ်ဟောင်း 2nd MBBS ကျောင်းသား၊ကျောင်းသူ များသည် Medical Year 1 တွင် Register ပြုလုပ်ခွင့် ရှိပါသည်။
- သို့ဖြစ်ပါ၍ ကျောင်းသားကျောင်းသူများ အနေဖြင့် June 1 (ဇွန်လ ၁ ရက်နေ့) မတိုင်ခင် form ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
- Register ပြုလုပ်ထားသော ကျောင်းသားကျောင်းသူများကို ရက်စွဲနှင့် အချိန်အသေးစိတ်အား Email မှတဆင့်ပေးပို့သွားပါမည်။
- နောက်ကျဖြည့်စွက်သောformများ၊မိမိအတန်းမှန်မဟုတ်ဘဲမှားယွင်းဖြည့်သွင်းသော formများအား ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။
ဖြည့်သွင်းရန် form - https://forms.gle/jmHx4xYL78dqDHVy9
Contact us - https://t.me/ummiucoffice
18/04/2026
စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကို လက်ခံ တက်ရောက်ခွင့်ပြုထားသော (Selected ဖော်ပြနေသော) အထူးပြုဘာသာရပ်/ တက္ကသိုလ်များအနက်မှ မိမိတို့ တက်ရောက်လိုသော အထူးပြုဘာသာရပ်/တက္ကသိုလ်တစ်ခုကို
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၁၈ ရက်နေ့မှ စတင်၍ ရွေးချယ် Accept ပြုလုပ်ခွင့် ရရှိပြီဖြစ်ပါသည်။
ရွေးချယ်ရမည့် နောက်ဆုံးရက်မှာ ၂၀၂၆ ခုနှစ်၊ မေလ၊ ၉ ရက် - ည ၁၁:၅၉ နာရီ(မြန်မာအချိန်) ဖြစ်ပါကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။
ရွေးချယ်ပုံ အဆင့်ဆင့်ကို သေသေချာချာလေ့လာပြီး မမှားမယွင်းရအောင် ဂရုတစိုက် ပြုလုပ်ကြပါရန် အကြံပြုပါသည်။
အလွန်အရေးကြီးသော ရွေးချယ်မှုဖြစ်သည့်အပြင် တစ်ကြိမ်သာ ပြုလုပ်ခွင့်ရမည် ဖြစ်ပါသဖြင့် သေချာစွာ ချင့်ချိန် စဉ်းစား ရွေးချယ် ကြပါရန် အထူး သတိပေးလိုပါသည်။
အကယ်၍ မှားယွင်းမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက မည်ကဲ့သို့သော ပြင်ဆင်မှုကိုမှ ဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း အထူး အသိပေးလိုပါသည်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့
17 April 2026
17/04/2026
အထူးကန့်ကွက်ရှုတ်ချခြင်းနှင့် Tealand Medical School နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းကြောင်း အသ်ိပေးကြေညာခြင်း
၁၆၊ ၄၊ ၂၀၂၆။
17/04/2026
ဆေးတက္ကသိုလ်မန္တလေး ကြားကာလကောင်စီ (UMMIUC) ၏ နှစ်သစ်ဆုမွန်ကောင်းတောင်းလွှာ
မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ၊မြန်မာ့နှစ်ဆန်း (၁) ရက်နေ့မှသည် စိတ်၏ချမ်းသာမှု၊ အောင်မြင်မှုနှင့် မျှော်လင့်ချက် အသစ်များ ပြည့်နှက်နေသော နှစ်ပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ရပါသည်။
07/04/2026
ဆေးတက္ကသိုလ် မန္တလေး၏ ကျောင်းဝင်ခွင့်နှုတ်ဖြေစာမေးပွဲအတွက် ရွေးချယ် ခံထားရသူများ အနက်
လျှောက်လွှာအမှတ်စဉ်
1. 1217
2. 1741
3. 3007
4. 3877
5. 5225 တို့သည် ယခု ကြေညာချိန်အထိ ဆေးတက္ကသိုလ် မန္တလေးသို့လာ ရောက်ဆက်သွယ်ထားခြင်းမရှိသေးသူများဖြစ်ပါသည်။
အဆိုပါကျောင်းသားများသည် ၁၀.၄ .၂၀၂၆ သောကြာနေ့ ည ၈နာရီ မတိုင်မီ ဆေးတက္ကသိုလ် မန္တလေး၊ကြားကာလကောင်စီ ၏ Telegram , တို့သို့လည်းကောင်း ၊ UMMIUC ၏ online campus email သို့လည်းကောင်း ဆက်သွယ် အကြောင်းပြန်ပေးပါရန် အကြောင်းကြားအပ်ပါသည်။
ဆက်သွယ်လာသည့်ကျောင်းသားများသည် ၁၁.၄.၂၀၂၆ (စနေနေ့) နံနက် (၉)နာရီတွင် လူတွေ့နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပါသည်။
သတ်မှတ်ချိန်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက UMM IUC၏ ပဏာမရွေးချယ်ထားသောကျောင်းသားစာရင်းမှ အလိုအလျောက်ထုတ်ပယ်ခြင်းခံရမည် ဖြစ်ပါသည်။
02/04/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဆေးပညာသင်တန်း (ပထမနှစ်) လူတွေ့ဖြေဆိုခွင့် ရရှိသည့် ကျောင်းသားများ သိရှိစေရန် ကြေညာချက်
31/03/2026
ဆေးတက္ကသိုလ် မန္တလေး ၏ ၂၀၂၆ ကျောင်းဝင်ခွင့်အတွက် နှုတ်ဖြေ စာမေးပွဲ ဖြေဆိုရန် ရွေးချယ်ခံရသူများ အား UMMIUC မှ UMM online campus mail ဖြင့်လည်းကောင်း၊ telegram မှလည်းကောင်း အင်တာဗျူး လမ်းညွှန်ချက် ဖိုင်နှင့် Registration link ပေးပို့ထားပါသည်။
လူတွေ့ နှုတ်ဖြေစာမေးပွဲရက်နှင့် အချိန် ရွေးချယ်စာရင်း
သွင်းခြင်းကို 2026ခု April လ 2ရက်နေ့ထက် နောက်မကျပဲ စာရင်းသွင်းပါရန် ထပ်မံ သတိပေးလိုက်ရပါသည်။
ကျောင်းသားများအနေဖြင့် အသေးစိတ် ထပ်မံသိရှိလိုသည်များကို ကျောင်းဘက်သို့ ဆက်သွယ်ရာတွင် telegram channel- သို့သာ ဆက်သွယ်၍ စုံစမ်းမေးမြန်းရမည်ဖြစ်ပါသည်။
29/03/2026
ပူးတွဲစာရင်းပါ ကျောင်းသားများသည် ဆေးတက္ကသိုလ် မန္တလေး ၏ ၂၀၂၆ ကျောင်းဝင်ခွင့်အတွက် နှုတ်ဖြေ စာမေးပွဲ ဖြေဆိုရန် ရွေးချယ်ခံရသူများ ဖြစ်ပါသည်။
အဆိုပါ ကျောင်းသားများသည်
2026 ခု April လ 3,4,5ရက်တွင် ကျင်းပမည့် လူတွေ့ နှုတ်ဖြေ စာမေးပွဲအား ဝင်ရောက် ဖြေဆိုရမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ ကျောင်းသားများအား UMMIUC မှ UMM online campus mail ဖြင့်လည်းကောင်း၊ telegram မှလည်းကောင်း အင်တာဗျူး လမ်းညွှန်ချက် ဖိုင်နှင့် Registration link ပေးပို့ထားပါသည်။
ကျောင်းသားများအနေဖြင့် အသေးစိတ် ထပ်မံသိရှိလိုသည်များကို ကျောင်းဘက်သို့ ဆက်သွယ်ရာတွင် telegram channel- သို့သာ ဆက်သွယ်၍ စုံစမ်းမေးမြန်းရမည်ဖြစ်ပါသည်။
လူတွေ့ နှုတ်ဖြေစာမေးပွဲရက်နှင့် အချိန် ရွေးချယ်စာရင်းသွင်းခြင်းကို 2026ခု April လ 2ရက်နေ့ထက် နောက်မကျပဲ စာရင်းသွင်းပါရန် အကြောင်းကြားအပ်ပါသည်။
29/03/2026
UMMIUC သို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကို telegram မှ တဆင့် Interview Guide အား ပေးပို့နေပြီ ဖြစ်ပါသည်။
Interview အတွက် registration အား
🗓️ 2.4.2026 နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ပါသည်။
Telegram -