IGCSE Second Brain

IGCSE Second Brain WILLOFJ‘s second brains make sure you never forget what you've learned.

ကျွန်တော်တို့ရဲ့ အကြီးမားဆုံး limitation ဆိုတာ ကိုယ့်စိတ်ထဲမှာ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အရာတွေပါပဲ။ "ငါမလုပ်နိုင်တော့ဘူး...
09/11/2025

ကျွန်တော်တို့ရဲ့ အကြီးမားဆုံး limitation ဆိုတာ ကိုယ့်စိတ်ထဲမှာ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အရာတွေပါပဲ။ "ငါမလုပ်နိုင်တော့ဘူး"၊ "ငါ့အသက်အရွယ်နဲ့ မဖြစ်နိုင်တော့ပါဘူး"၊ "ငါက ဉာဏ်မကောင်းဘူး" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်တာကပဲ တကယ့် limit ဖြစ်သွားတာပါ။

ပညာရေးဆိုတာ အဲ့ဒီ ကိုယ့်ဘာသာကိုယ်ဆွဲထားတဲ့ "စည်း" တွေကို ဖြတ်ကျော်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။

အထူးသဖြင့် အခုခေတ်မှာ လေ့လာစရာတွေ၊ ကိုယ့်ကို အထောက်အကူပြုမယ့် နည်းပညာတွေ၊ Tool တွေ အများကြီးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်အောင် ကြိုးစားသင်ယူပါ။
သင်ယူလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလေလေ၊ ကိုယ်ထင်ထားတဲ့ "ငါမလုပ်နိုင်ဘူး" ဆိုတဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားလေလေပါပဲ။

သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။

——

Our community - https://t.me/willofjchannel

Contact Us - t.me/willofj2024




🕙IGCSE Biology ဖြေပြီးဖြစ်တဲ့ A* ကျောင်းသားကျောင်းသူ သုံးယောက် ကို Will Of J မှ ဆယ်ရက် အလိုရှိပါတယ်။ 10 ရက် ပါပဲ။ကျွန်တေ...
06/11/2025

🕙IGCSE Biology ဖြေပြီးဖြစ်တဲ့ A* ကျောင်းသားကျောင်းသူ သုံးယောက် ကို Will Of J မှ ဆယ်ရက် အလိုရှိပါတယ်။ 10 ရက် ပါပဲ။

ကျွန်တော်တို့ ရှင်းထားပြီးသား ဖြစ်တဲ့ Biology ကို O level လေ့လာဆဲ candidates တွေ အတွက် Quality Assurance လုပ်ပေးရမှာပါ။

What you need to have:

Growth Mindset ရှိရမယ်။

မြန်မာစာ ကျွမ်းကျင်ရမယ်။

IGCSE Biology band 8 အထက် ဖြစ်ရမယ်။

Laptop/ tablet ရှိရမယ်။

Estimated Working days - 10 November 2025 to 20 November 2025

What you will gain:

10 days working experiences in the WOJ environment

Biology Lecturing Skills

Will Of J's EdTech workspace

Remuneration - 7****++

ကျွန်တော်တို့ WOJ team နဲ့ သင့်ရဲ့ Mission တွေ Vission တွေ ထပ်တူကျရင်တော့ ၁၀ ရက် + အဆုံးထိပေါ့ဗျာ။

အခုပဲ လျှောက်ထားလိုက်ပါ။

---

Application form : [https://igcsemyanmar.notion.site/1691896c097e80daafd9dbbe1a220db4?pvs=105]
---

ပိုမိုသိရှိလိုပါက : https://www.facebook.com/share/p/15naH75XLt/

——

Our community - https://t.me/willofjchannel

Contact Us - t.me/willofj2024



23/10/2025

Pro UltraLearner tip for the day:

- မင်းက မီးကုန် ယမ်းကုန် စာလုပ်ချင်တဲ့သူတစ်ယောက်။
- David Goggins ရဲ့ 40 percent rule ကိုလည်း လက်ခံတယ်။
- ဒါပေမယ့် ညအခါစာလုပ်ပြီး အရမ်းအိပ်ချင်နေပြီ။
- ဆက်မလုပ်နိုင်တော့ဘူးလို့ထင်နေပြီ။
OR
- စမလုပ်ခင်ကတည်းက အိပ်ချင်သလိုလိုကြောင့် ခေါင်းဦးပေါ်လှဲနေမိပြီ။

ဒါဆိုရင် စာလုပ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ?

ခေါင်းဦးပေါ်လှဲလိုက်၊ YouTube ပွင့်လိုက်၊ movie recap ဖြစ်ဖြစ်၊ vlog ဖြစ်ဖြစ်၊ entertaining ဖြစ်တာတစ်ခုခုထဲကိုဝင်လိုက်၊ တကယ် entertaining ဖြစ်ဖို့လိုတယ်။ ပထမဆုံး တစ်မိနစ်လောက်ကြည့်ပြီး၊ မျက်စိက ပွင့်လာပြီး၊ excited ဖြစ်နေပြီဆိုရင်၊ ဒီလိုစဉ်းစားလိုက်:
"ဟောတွေ့လား၊ ငါဒါတောင်ကြည့်ချင်သေးတာ၊ ခုချိန်ဆိုငါ တစ်ပုဒ်လောက်တော့ ပြီးအောင်လုပ်နိုင်သေးပါတယ်။"

Cause and Effect:

ဘာဖြစ်သွားတာလဲဆိုတော့ ဖုန်း screen ကနေလာတဲ့ blue light က ပင်ပမ်းနေတဲ့ ဦးနှောက်ကို မအိပ်ချင်အောင် နှိုးဆော်ပေးတယ်။ အဲ့ချိန်လေးမှာ ကိုယ်က သတိနဲ့ "fake" energy ကို ကောင်းတဲ့ နေရာမှာ ပြန် အသုံးချနိုင်ရင် advantage ပဲ။

ဒါက အပေါ်မှာပြောခဲ့တဲ့ အတိုင်းပဲ၊ မင်းလို မီးကုန် ယမ်းကုန် စာလုပ်ချင်တဲ့သူတစ်ယောက် အတွက်ပဲ အသုံးဝင်တယ်။

——

Our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

ခက်ခဲတဲ့ အရာတွေ မလုပ်ခင်မှာ မင်းဘာသာမင်း ပြန်မေးသင့်တယ်။ ခက်ခဲတဲ့အရာရဲ့ ဘယ်အရာက ခက်ခဲတာလဲ။ အေး အဲ့ဒီအရာကို identify လုပ်...
19/10/2025

ခက်ခဲတဲ့ အရာတွေ မလုပ်ခင်မှာ မင်းဘာသာမင်း ပြန်မေးသင့်တယ်။

ခက်ခဲတဲ့အရာရဲ့ ဘယ်အရာက ခက်ခဲတာလဲ။

အေး အဲ့ဒီအရာကို identify လုပ်မိပြီဆိုရင်တော့ အဲ့အရာကမင်း focus ထားပြီးတော့ တိုက်ရိုက်လုပ်ဆောင်ရမယ့် အရာပဲ။

အဲ့အရာကို လုပ်ဆောင်လိုက်တာနဲ့ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်မှုတွေကို ၂၀% လောက်အားစိုက်ထုတ်ပြီး ရလာလိမ့်မယ်။

ဒါပေမယ့် ခက်ခဲတဲ့ အရာကို မင်းတစ်ခါတည်းလုပ်ဆောင်လို့မရဘူး။

မင်း ခဏခဏ လုပ်ဆောင်ဖို့လိုတယ်။

Repetition is the mother of learning.

18/10/2025

ဘဝမှာရှိတဲ့ အတားအဆီးတွေကို ကျော်လွှားဖို့ ကြိုးစားမယ့်အစား၊ အဲ့အတားအဆီးတွေရောက်မလာအောင် ဖျောက်ပစ်ရဲတဲ့ သတ္တိရှိဖို့လိုတယ်။

မင်းရဲ့ ကောင်းတဲ့ အလေ့အကျင့်တွေကို လုပ်ဖြစ်အောင် တားဆီးနေတာတွေကို လျှော့ချဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုက ကိုယ့်ပတ်ဝန်းကျင်ကို design လုပ်တာပါ (Designing your environment such as workplace or study space) ။ Action ယူဖို့ ပိုလွယ်ကူဆုံးဖြစ်အောင် မင်းရဲ့ ပတ်ဝန်းကျင်ကို design ဆွဲထားလို့ရတယ်။

ဥပမာ၊ အလေ့အကျင့်အသစ်တစ်ခုကို ဘယ်နေရာမှာ လေ့ကျင့်မလဲဆိုတာ ဆုံးဖြတ်တဲ့အခါ၊ မင်းရဲ့ နေ့စဉ် routine ထဲက လမ်းကြောင်းပေါ်မှာ ရှိနေတဲ့နေရာကို ရွေးချယ်တာက အကောင်းဆုံးပါ။ အလေ့အကျင့်တွေက ဘဝရဲ့ စီးဆင်းမှုနဲ့ ကိုက်ညီတဲ့အခါ တည်ဆောက်ဖို့ ပိုလွယ်ကူတယ်။ Gym က ကျောင်းကို သွားတဲ့လမ်းပေါ်မှာ ရှိနေရင် မင်း အဲဒီကို သွားဖို့ ပိုလွယ်တယ်၊ ဘာလို့လဲဆိုတော့ gym ထဲဝင်ဖို့ ရပ်တန့်လိုက်ရတာက မင်းရဲ့ lifestyle ပေါ်မှာ အတားအဆီး များများစားစား ထပ်ထည့်မပေးလို့ပါ။

Gym က မင်းရဲ့ ပုံမှန်သွားလာနေကျလမ်းကြောင်းကနေ အနည်းငယ်ပဲ ကွေ့ရမယ်ဆိုရင်တောင်၊ အဲဒီကိုသွားဖို့ မင်းလမ်းကြောင်းပေါ်ကနေ ဘေးထွက်မှ ဖြစ်တော့မယ်။

ဒီလိုပဲ မင်းရဲ့ အိမ် ဒါမှမဟုတ် စာသင်ခန်းထဲမှာရှိတဲ့ အတားအဆီးတွေကို လျှော့ချလို့ရတယ်။ များသောအားဖြင့် ငါတို့က အတားအဆီးများတဲ့ ပတ်ဝန်းကျင်တွေမှာ အလေ့အကျင့်အသစ်တွေ စတင်ဖို့ ကြိုးစားတတ်ကြတယ်။

ကြည့်: သူငယ်ချင်းတွေနဲ့ ညစာစားဖို့ ထွက်နေတုန်း တင်းကျပ်တဲ့ diet ကို လိုက်နာဖို့ ကြိုးစားတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ စာသင်ခန်းထဲမှာ စာလုပ်ဖို့ ကြိုးစားတယ်။ အာရုံပျံ့လွင့်စေတဲ့ အရာတွေ ပြည့်နေတဲ့ smartphone သုံးရင်း အာရုံစူးစိုက်ဖို့ ကြိုးစားတယ်။ ဒီလိုဖြစ်ဖို့ မလိုဘူး။

ငါတို့ကို ချုပ်နှောင်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပစ်လို့ ရတယ်။ ဒါက ဂျပန်က လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးသမားတွေ 1970s မှာ စလုပ်သုံးခဲ့တဲ့ နည်းလမ်းပဲ။

New Yorker မှာ ထုတ်ဝေခဲ့တဲ့ "Better All the Time" ဆိုတဲ့ ဆောင်းပါးမှာ James Suroweicki က ဒီလို ရေးသားခဲ့တယ်:

"ဂျပန်ကုမ္ပဏီတွေက 'lean production' လို့ သိကြတဲ့ နည်းလမ်းကို အလေးပေးခဲ့ကြတယ်။ (ဒီနည်းလမ်းကို IGCSE Business မှာတောင် ထည့်သွင်းသင်ကြားပေးပါတယ်။) သူတို့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကနေ အလဟသဖြစ်တာမှန်မျှကို မရပ်မနား ရှာဖွေဖယ်ရှာဖွေကြတယ်။ အလုပ်သမားတွေ ကိရိယာတွေကို ယူဖို့ လှည့်ပတ်သွားရတဲ့ အချိန်မကုန်အောင် လုပ်ငန်းခွင်တွေကိုတောင် ပြန်ဒီဇိုင်းဆွဲခဲ့တယ်။ ရလဒ်ကတော့ ဂျပန်စက်ရုံတွေက ပိုထိရောက်ပြီး ဂျပန်ထုတ်ကုန်တွေက အမေရိကန်ထုတ်ကုန်တွေထက် ပို reliable ဖြစ်လာတယ်။ 1974 မှာ အမေရိကန်လုပ် ရောင်စုံ တီဗီတွေက service call တွေက ဂျပန်တီဗီတွေထက် ငါးဆများတယ်။ 1979 မှာတော့ အမေရိကန်အလုပ်သမားတွေက စက်တွေ တပ်ဆင်ဖို့ Japan ထက်သုံးဆတောင် ပိုကြာလာတယ်။"

ဒီနည်းဗျူဟာကို James Clear က Atomic Habits ထဲမှာ “addition by subtraction" လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ဆိုလိုတာက ဖယ်ရှားမှုတွေလုပ်ပြီး တိုးတက်အောင်လုပ်တာပေါ့။

Japan တွေက ထုတ်လုပ်မှုရေးရဲ့ အတားအဆီးတိုင်းကို ရှာပြီး ဖယ်ရှားခဲ့တယ်။ အလဟသကုန်တဲ့ အားထုတ်မှုတွေကို ဖယ်ရှားခဲ့တယ်။ ဒါကပဲ သူတို့ရဲ့ income နဲ့ customer base ကို တိုးတက်စေခဲ့တယ်။ အလားတူပဲ ငါတို့ရဲ့ အချိန်နဲ့ စွမ်းအင်ကို ခိုးယူသွားတဲ့ အတားအဆီးတွေကို ဖယ်ရှားလိုက်တဲ့အခါ ငါတို့က နည်းနည်းပဲ အားစိုက်ထုတ်ရပြီး များများပို တိုးတက်လာလိမ့်မယ်။ ( အိမ်သန့်ရှင်းရေးလုပ်ပြီးသွားရင် ရတဲ့ ခံစားချက်က ဒီအချက်ရဲ့ သက်သေပဲ )

ဆက်ဖတ်ရန်

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

If you can make your good habits more convenient, you’ll be more likely to follow through on them. — James Clear of Atom...
14/10/2025

If you can make your good habits more convenient, you’ll be more likely to follow through on them. — James Clear of Atomic Habits

စာလုပ်ချင်စိတ်ကို မရှိရင်တော့ ဒီစာကိုဖတ်ဖို့ အချိန်မကျသေးဘူးမို့ ကျော်သွားလိုက်ပါ။ သင့်မှာ စာလုပ်ချင်စိတ်ရှိတယ်၊ တစ်ခါတစ်လေမှာ စပြီးလည်းလုပ်ဖြစ်တယ်၊ ဒါပေမယ့် အကြာကြီးမခံဘူး၊ တစ်ရက်၊ နှစ်ရက် လောက်လုပ်ပြီး ကောက်ရိုးမီးဖြစ်သွားတယ်၊ ဒါ့ကြောင့် ပုံမှန်လေး စာလုပ်တဲ့ အလေ့အကျင့်တစ်ခုရအောင်လုပ်ချင်နေတယ်၊ ဆိုရင်တော့ အဲ့လိုမျိုး အလေ့အကျင့် တစ်ခုရလာအောင် ဒီဆောင်းပါးလေးက အစပျိုးပေးမှာပါ။ (Inspired by The Law of Least Effort in Atomic Habits)

Jared Diamond ရဲ့ ဆုရစာအုပ် Guns, Germs, and Steel မှာ တိုက်ကြီးတွေရဲ့ ပုံသဏ္ဍာန်တွေက မတူကြဘူးဆိုတဲ့ အချက်လေးတစ်ခုကို ထောက်ပြထားတယ်။ ပထမတော့ ဒါက သိပ်အရေးမကြီးဘူးလို့ ထင်ရပေမယ့် လူ့အပြုအမူအပေါ် အကျိုးသက်ရောက်မှု အရမ်းကြီးမားတယ်ဆိုတာ သိလာရတယ်။

အမေရိကတိုက်ကြီးက မြောက်ကနေ တောင်ကို ရှည်လျားနေတယ်။ ဆိုလိုတာက မြောက်အမေရိကနဲ့ တောင်အမေရိကက အနံမကျယ်ပဲ အရှည်က ရှည်တယ်။ အာဖရိကလည်း အဲ့လိုပဲ။ ဒါပေမယ့် ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်း ဒေသကြီးတွေကတော့ ပြောင်းပြန်ပါပဲ။ ဒီတိုက်ကြီးတွေက အရှေ့ကနေ အနောက်ကို ပိုကျယ်တယ်။ Diamond ပြောတာက ဒီပုံသဏ္ဍာန် ကွာခြားမှုက စိုက်ပျိုးရေးပျံ့နှံ့မှုအပေါ် သက်ရောက်မှု အရမ်းကြီးမားခဲ့ပါသတဲ့။

စိုက်ပျိုးရေးက ကမ္ဘာတလွှားပျံ့နှံ့လာတဲ့အခါ လယ်သမားတွေက မြောက်ကနေ တောင် (မြေပုံမှာဆို အပေါ်အောက်) ထက် အရှေ့ကနေ အနောက် (မြေပုံမှာဆို ဘယ်ညာ) ဘက်ခြမ်းတွေကို ပိုလွယ်လွယ်နဲ့ ချဲ့ထွင်ခဲ့ကြတာကိုတွေ့ရတယ်။ Why? ပြင်သစ်ကနေ တရုတ်အထိ ကျယ်ပြန်တဲ့ ဒေသတစ်လျှောက်လုံးမှာ သီးနှံ အမျိုးအစား တစ်မျိုးတည်းကို စိုက်ပျိုးနိုင်ခဲ့ကြလို့ပဲ။ ဘာလို့လဲဆိုတော့၊ မြေပုံမှာ ကြည့်လိုက်၊ ဘယ်ဘက်ကနေ ဘက်ညာဘက် (အရှေ့-အနောက်) တစ်လျှောက် ရှိတဲ့ နေရာတွေ (equator ကနေ အကွာအဝေး တူတဲ့ နေရာတွေ) မှာ အပူချိန်၊ နေရောင်ခြည်၊ မိုးရေချိန် နဲ့ ရာသီဥတုတွေက တစ်နေရာနဲ့ တစ်နေရာ အရမ်းမကွာဘူးဗျ။

ယှဉ်ကြည့်လိုက်ရင် မြောက်ကနေ တောင်ဆီ သွားတဲ့အခါ ရာသီဥတုက အရမ်းကွာနေတတ်တယ်။ ဖလော်ရီဒါနဲ့ ကနေဒါမှာရှိတဲ့ ရာသီဥတု ကွာခြားချက်ကို စဉ်းစားကြည့်ပါ။ မင်းက ကမ္ဘာ့အတော်ဆုံး လယ်သမားပဲ ဖြစ်ဖြစ်၊ ကနေဒါရဲ့ ဆောင်းရာသီမှာ ဖလော်ရီဒါလိမ္မော်ပင်ကို စိုက်ပျိုးလို့ မရနိုင်ဘူး။ နှင်းက မြေဆီလွှာအစားထိုး လို့မရဘူးလေ။ မြောက်-တောင် လမ်းကြောင်းတစ်လျှောက် သီးနှံတွေ ပျံ့နှံ့စေချင်ရင် လယ်သမားတွေက ရာသီဥတု ပြောင်းတိုင်း အပင်မျိုးစိတ်အသစ်တွေကို ရှာဖွေပြီး အိမ်မွေးမြူဖို့ပဲရှိတယ်။

ရလဒ်အနေနဲ့ စိုက်ပျိုးရေးစပျံ့နှံ့တာက တောင်မြောက်ရှည်လျားတဲ့ အာရှနဲ့ ဥရောပတစ်လျှောက်မှာ အမေရိကတိုက်တစ်လျှောက် အပေါ်အောက် ပျံ့နှံ့ခဲ့တာထက် နှစ်ဆကနေ သုံးဆလောက် ပိုမြန်ခဲ့တယ်။ ရာစုနှစ်တွေ ကြာလာတော့ ဒီကွာခြားချက်လေးက သိပ်ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာတယ်။ စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးလာတော့ လူဦးရေ ပိုမြန်မြန် တိုးပွားလာတယ်။ လူတွေ ပိုများလာတော့ ယဉ်ကျေးမှုတွေက ပိုအားကောင်းဘာတယ်၊ ပိုအားကောင်းတဲ့ စစ်တပ်တွေ တည်ဆောက်နိုင်ခဲ့ပြီး နည်းပညာအသစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုအဆင်သင့်ဖြစ်လာခဲ့တယ်။ အပြောင်းအလဲတွေက အစပိုင်းမှာ သေးသေးလေးပဲ—စိုက်ပျိုးနှုန်းက နည်းနည်းပိုမြန်သွားတာ၊ လူဦးရေက နည်းနည်းပိုမြန်မြန် တိုးတာ—ဒါပေမယ့် အချိန်ကြာလာတော့ သိသာထင်ရှားတဲ့ ကွာခြားချက်တွေ ဖြစ်လာခဲ့တယ်။

စိုက်ပျိုးရေး စတင်ပျံ့နှံ့ခဲ့တဲ့ ပုံစံက ကမ္ဘာလုံးဆိုင်ရာ အဆင့်မှာ Atomic Habit ထဲမှာ ဖော်ပြထားတဲ့ The Law of Least Effort အတွက် သက်သေပဲ။ ပုံမှန်အတိုင်းစဉ်းစားရင် စိတ်အားထက်သန်မှုက အလေ့အကျင့် ပြောင်းလဲဖို့ သော့ချက်ပဲ လို့ထင်နိုင်တယ်။ မင်းသာ တကယ် အဲ့ဒါကို လုပ်ချင်ရင် တကယ်လုပ်မှာပေါ့?

တကယ့်အမှန်တရား: ငါတို့က က ပျင်းပျင်းနဲ့လုပ်လို့ အဆင်ပြေတာကိုပဲ လုပ်လိုက်ဖို့ အမြဲတမ်း motivate ဖြစ်နေတယ်။ နောက်ဆုံးထွက်ထားတဲ့ productivity စာအုပ်တွေက ဘာပဲပြောပြော၊ ဒါက မင်းကိုယ်တိုင်လည်း ခံစားကြည့်လို့ရတဲ့ အမှန်တရားပဲ။

စွမ်းအင်က အဖိုးတန်တယ်၊ ဦးနှောက်က တတ်နိုင်သလောက် ချွေတာနိုင်အောင် ဒီဇိုင်းထုတ်ထားတာပဲ။ အနည်းဆုံး အားထုတ်မှု နိယာမ (The Law of Least Effort) ကို လိုက်နာတာက လူသားတွေရဲ့ သဘာဝပဲ။

The Law of Least Effort: ဆင်တူတဲ့ ရွေးချယ်စရာ နှစ်ခုကြား ဆုံးဖြတ်ရတဲ့အခါ လူတွေက သဘာဝအားဖြင့် အနည်းဆုံး အလုပ်ပမာဏ လိုအပ်တဲ့ ရွေးချယ်မှုဆီကို ဆွဲဆောင်ခံရတယ်။

ဒါဆိုရင် self-study လုပ်တဲ့ အကျင့်ရလာဖို့ The Law of Least Effort ကိုဘယ်လိုသုံးမလဲ?

နောက်နေ့မှဆက်တွေ့တာပေါ့!

——

Home - www.igcsemyanmar.com

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

မေ့နေတယ်ဆိုတာ ဘာလဲတောင်မေ့နေပါပြီ ဆိုတာမျိုး စာလုပ်ရင်း ကျောင်းသားအားလုံးဖြစ်ဖူးကြပါတယ်။အဲဒါက ဘာကြောင့်လဲ?သင်က မှတ်ရတဲ့စ...
09/10/2025

မေ့နေတယ်ဆိုတာ ဘာလဲတောင်မေ့နေပါပြီ ဆိုတာမျိုး စာလုပ်ရင်း ကျောင်းသားအားလုံးဖြစ်ဖူးကြပါတယ်။

အဲဒါက ဘာကြောင့်လဲ?

သင်က မှတ်ရတဲ့စာတွေ များလာလို့ ဘယ်ဟာကို ဘယ်နေရာမှာ revision ပြန်လုပ်ရမှန်း မသိဘဲ ဗျာများနေတုန်း၊ တစ်ယောက်သာသူက Second Brain™ ရဲ့ Dynamic Spaced Repetition system က ချပေးတာလေးတွေကို cafe မှာ အေးဆေးလေးထိုင်ပြီးစာထိုင်လုပ်နေပါပြီ။

သူတို့ဆီမှာဆိုရင် 'ဘာမေ့နေတာလဲဆိုတာတောင်မေ့နေပြီ' ဆိုတာမျိုးမဖြစ်ကြပါဘူး။ ဘာလို့လဲဆိုတော့ သင်ယူထားတာေတွကို ဘယ်တာ့မှ မမေ့အောင် အချိန်နဲ့ အမျှ ပြန်လည်သုံးသပ်ပြီး အချိန်နဲ့တကျ revision လုပ်ရမယ့် system ပါဝင်လို့ပါ။

Second Brain မှာပါတဲ့ System ကဘယ်စာကိုဘယ်ချိန်revise ရမယ်ဆိုတာကိုပြောပြထားပြီး၊ remind လုပ်ပေးနေမှာမလို့ သင်ယူထားတာတွေကို ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး။

Edexcel Physics ကို A* လိုချင်ရင်တော့ Second Brain ရှိမှဖြစ်တော့မယ်နော်။

——

Home - www.igcsemyanmar.com

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

မေတ္တာများစွာဖြင့် ,
Will Of J

IGCSE Physics ⚡️: A* အဆင့်ကျောင်းသားတွေသာ သိတဲ့ 'Energy Transfer' ရဲ့ လျှို့ဝှက်ချက်တစ်ခု "Household Heating System ပုံတ...
07/10/2025

IGCSE Physics ⚡️: A* အဆင့်ကျောင်းသားတွေသာ သိတဲ့ 'Energy Transfer' ရဲ့ လျှို့ဝှက်ချက်တစ်ခု

"Household Heating System ပုံတွေကို စာမေးပွဲမှာ မြင်ရတဲ့အခါ ခေါင်းရှုပ်သွားဖူးလား? ဒီပုံလေးက အပူစွမ်းအင် ဘယ်လို ကူးပြောင်းလဲ (Transfer) ၊ ဘယ်လို လည်ပတ်လဲ (Circulate) ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ချက်ချင်းမှတ်မိ စေမှာပါ။

ဒီလို စနစ်တစ်ခုထဲမှာ စွမ်းအင်တွေဟာ (၁) အပူကူးယူခြင်း (Conduction)၊ (၂) အပူသယ်ဆောင်ခြင်း (Convection) နဲ့ (၃) အပူဖြာထွက်ခြင်း (Radiation) ဆိုတဲ့ နည်းလမ်းသုံးမျိုးနဲ့ အမြဲတမ်း ကူးပြောင်းနေပါတယ်။ ဒီထဲမှာ ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်ဆိုတာ ခွဲခြားသိမြင်ဖို့က IGCSE A/A* အတွက် မဖြစ်မနေဖြေဆိုနိုင်ရမယ့် အချက် (Key Fact) ဖြစ်ပါတယ်။
——

"ဒီ Key Fact ပုံကို သေချာနားလည်လိုက်ခြင်းအားဖြင့်၊ စာမေးပွဲမေးခွန်းတွေရဲ့ ၇၅% ကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် လျှို့ဝှက်ချက် ကို သင်ရရှိသွားပါပြီ။ ဒီလိုမျိုး ရှုပ်ထွေးတဲ့ သင်ခန်းစာတွေကို ရိုးရှင်းပြီး မြန်ဆန်တဲ့ မှတ်စုပုံစံနဲ့ သိမ်းဆည်းနိုင်ရင်၊ သင်ဟာ အချိန်ကုန်သက်သာပြီး စိတ်ဖိစီးမှုတွေကို ရှောင်ရှားနိုင်မှာပါ။"

အစောပိုင်းကပြောခဲ့တဲ့ Household Heating System Key Fact လိုမျိုး IGCSE Physics ရဲ့ အဆင့်မြင့် Key Facts တွေကို စုစည်းထားပြီး၊ စာမေးပွဲအောင်ဖို့ လမ်းကြောင်းကို အတိအကျပြသပေးနိုင်တဲ့ နည်းလမ်းတွေ လိုအပ်နေပါသလား?

တစ်နည်းအားဖြင့် ၊ သင့်ရဲ့ စာကျက်ချိန်တွေကို ၁၀ ဆ ပိုမိုမြန်ဆန်စေပြီး၊ မေးခွန်းတိုင်းကို လွယ်လွယ်ကူကူ ဖြေဆိုနိုင်ဖို့ သင်ခန်းစာတွေကို ရှင်းလင်းလွယ်ကူစွာ စီစစ်သိမ်းဆည်းထားတဲ့ စနစ် တစ်ခုကို အသုံးပြုချင်ပါသလား?

သင်ဟာ IGCSE စာမေးပွဲကို စိတ်ဖိစီးမှုမရှိဘဲ A/A* ရရှိဖို့ စိတ်အားထက်သန်တဲ့ ကျောင်းသား၊ ဒါမှမဟုတ် မိဘတစ်ဦးဆိုရင်၊ အောက်ပါ link ကို နှိပ်ပြီး IGCSE Second Brain ကို ချက်ချင်းရယူလိုက်ပါ။ Second Brain က A* ရဖို့ အကောင်းဆုံးကူညီပေးမှာ ဖြစ်ပါတယ်။

——

Home - www.igcsemyanmar.com

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

မေတ္တာများစွာဖြင့် ,
Will Of J

✨ Happy Thadingyut ပါ IGCSE Second Brain ရဲ့ Future A Star လေးတို့ရေ! ✨သီတင်းကျွတ် အခါသမယမှာ စာတွေ ခဏထားပြီး မီးထွန်းပွဲ...
06/10/2025

✨ Happy Thadingyut ပါ IGCSE Second Brain ရဲ့ Future A Star လေးတို့ရေ! ✨

သီတင်းကျွတ် အခါသမယမှာ စာတွေ ခဏထားပြီး မီးထွန်းပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေကြမယ်လို့ မျှော်လင့်ပါတယ်။

ဒီလို လင်းလင်းချင်းချင်း ပွဲတော်ရက်တွေမှာ ကိုယ့်ရဲ့ စိတ်ရော၊ ဦးနှောက်ရော လင်းလက်ပြီး Smartest Learning Hacks တွေနဲ့ A တွေ* အလွယ်တကူ ကောက်ရပါစေ။

🌕 ဒီရက်တွေမှာ Recharge လုပ်ပြီးတဲ့နောက် IGCSE စာမေးပွဲကြီး ကို မကြောက်မရွံ့ ရင်ဆိုင်ပြီး A* များစွာနဲ့ အောင်မြင်ကျော်လွှားနိုင်ပါစေ လို့ IGCSE Second Brain မှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
——

Home - www.igcsemyanmar.com

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

စာမေးပွဲနီးလာပြီ... ကျောင်းသားတို့ရော ဒီအမှားကို လုပ်မိနေတုန်းပဲလား?ကျွန်တော် IGCSE ဖြေတုန်းကပေါ့။ စာမေးပွဲနီးလာပြီဆိုရင...
04/10/2025

စာမေးပွဲနီးလာပြီ... ကျောင်းသားတို့ရော ဒီအမှားကို လုပ်မိနေတုန်းပဲလား?

ကျွန်တော် IGCSE ဖြေတုန်းကပေါ့။ စာမေးပွဲနီးလာပြီဆိုရင် စိတ်ထဲမှာတစ်ခုပဲရှိတယ်၊ အဲ့ဒါက စာကို "အစအဆုံးပြန်ဖတ်ဖို့" ပဲ။ စာအုပ်ကြီးထိုင်ဖတ်တယ်၊ highlight တွေ အရောင်စုံဆွဲတယ်၊ note တွေကို အထပ်ထပ်အခါခါ ပြန်ဖတ်တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ တော်တော်ကြိုးစားနေတယ်လို့ ထင်တာပဲ။

ဒါပေမဲ့ တကယ့်ပြဿနာက mock exam ဖြေတဲ့နေ့မှာ ပေါ်လာရော။ မေးခွန်းကို မြင်လိုက်တာနဲ့ ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး။ ဗလာကြီးပဲ။ မနေ့ကတင် ဖတ်ထားတဲ့စာတွေတောင် ရုတ်တရက်မေ့သွားတယ်။ ခံစားချက်က ဘယ်လိုဖြစ်သွားလဲဆိုတော့ ရေပုံးပေါက်ထဲကို အသည်းအသန် ရေထိုင်ဖြည့်နေသလိုပဲ။ ရှေ့ကဖြည့်၊ နောက်ကယိုထွက်နဲ့ နောက်ဆုံးတော့ ဘာမှမကျန်ဘူး။

အဲ့ဒီမှာတင် ကျွန်တော် သဘောပေါက်သွားတယ်။ ပြဿနာက ကျွန်တော်မကြိုးစားလို့ မဟုတ်ဘူး။ ကြိုးစားတဲ့နည်းလမ်း (strategy) က မှားနေတာ။ စာကို အဆက်မပြတ် ပြန်ဖတ်နေတာကို "Passive Review" လို့ခေါ်တယ်။ ဒါက ဦးနှောက်ထဲကို သတင်းအချက်အလက်တွေ ထည့်သွင်းတာပဲ လုပ်တယ်။ တကယ်လိုအပ်တဲ့ "ပြန်ထုတ်သုံးတဲ့" skill ကို လေ့ကျင့်မပေးဘူး။

အဖြေက "Active Recall" မှာရှိနေတာ။ Active Recall ဆိုတာက ရိုးရှင်းပါတယ်။ စာအုပ်ကို ပိတ်ပြီး ကိုယ့်ဦးနှောက်ထဲက ရှိပြီးသား information တွေကို အတင်းပြန်ထုတ်သုံးတဲ့ လေ့ကျင့်ခန်းပဲ။

ဥပမာ -
• Practice questions တွေ၊ past paper တွေ အချိန်ပေးပြီး တကယ်ဖြေကြည့်တာ။
• စာတစ်ပိုင်းကို ဖတ်ပြီးတာနဲ့ စာအုပ်ပိတ်ပြီး ကိုယ်ဘာတွေမှတ်မိလဲဆိုတာကို ချရေးကြည့်တာ။
• ကိုယ့်သူငယ်ချင်းကို ကိုယ်နားလည်သလို ပြန်ရှင်းပြတာ။

ဒီနည်းလမ်းကို ပြောင်းသုံးလိုက်မှ ကျွန်တော့်ရဲ့ revision က တကယ်ထိရောက်လာတယ်။ အချိန်ကုန်တာချင်းတူပေမဲ့ မှတ်မိတာရော၊ စာမေးပွဲခန်းထဲမှာ ပြန်ထုတ်သုံးနိုင်တာရော အများကြီးကွာသွားတယ်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတာပဲ။

ကျောင်းသားတို့ရောရော စာလုပ်တဲ့အခါ Active Recall ကို ဘယ်လိုသုံးဖြစ်လဲ? ကိုယ်သုံးတဲ့ ထိရောက်တဲ့နည်းလမ်းလေးတွေရှိရင် comment မှာ မျှဝေပေးခဲ့ပါဦး။

P.S. စကားမစပ်၊ Active Recall ကို စနစ်တကျလုပ်နိုင်ဖို့ tool ကောင်းကောင်း (သို့) system တစ်ခုရှိရင် အချိန်ကုန်လည်းသက်သာသလို ပိုပြီးလည်းထိရောက်ပါတယ်။ ကိုယ့် progress ကို track လုပ်ရတာလည်း ပိုလွယ်တာပေါ့

——

Home - www.igcsemyanmar.com

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

မေတ္တာများစွာဖြင့် ,
Will Of J

⚠️ သတိပေးချက်- Auto A* 50% OFF Discount က ဒီည နောက်ဆုံးပါ!A* ရဖို့ကို ကံကြမ္မာလက်ထဲ ဒီတိုင်းပဲ ထားလိုက်တော့မှာလား?Auto A...
30/09/2025

⚠️ သတိပေးချက်- Auto A* 50% OFF Discount က ဒီည နောက်ဆုံးပါ!

A* ရဖို့ကို ကံကြမ္မာလက်ထဲ ဒီတိုင်းပဲ ထားလိုက်တော့မှာလား?

Auto A* package 50% OFF discount အတွက် နောက်ဆုံးရက်က ဒီညသန်းခေါင် မှာ ကုန်ဆုံးမှာဖြစ်ပြီး ကျောင်းသား နောက်ထပ် 5 ယောက်ကို ပဲလက်ခံပါတော့မယ်။ ဒီနေရာတွေ ပြည့်သွားရင် ဒီအခွင့်အရေးကို လုံးဝပြန်ရတော့မှာ မဟုတ်ပါဘူး။

ဒါက သာမန် note တွေ ထပ်တိုးပေးတာ မဟုတ်ပါဘူး။ ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ နံပါတ် ၁ ပြဿနာဖြစ်တဲ့ - အမှတ်ကောင်းကောင်းရဖို့ ဘယ်လို ထိထိရောက်ရောက် စာလုပ်ရမလဲ ဆိုတာကို ဖြေရှင်းပေးမယ့် UltraLearning management system တစ်ခု ဖြစ်ပါတယ်။

ဒီ package မှာ ဘာတွေရမလဲဆိုတော့:
• သင့်အတွက် သီးသန့် “Dynamic Revision Plan” ပါလို့ အဓိကအချက်တွေကို အလွယ်တကူ မှတ်မိနေစေပြီး စာမေးပွဲခန်းထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်သွားနိုင်ပါမယ်။

• A* ရခဲ့တဲ့သူတွေဆီက “Exam Strategies” တွေကြောင့် မေးခွန်းတွေကို အမှတ်ပြည့်ရအောင် ဘယ်လိုဖြေရမလဲ အတိအကျသိသွားပြီး ကိုယ်သိထားရမယ့် မေးခွန်းတွေမှာ အမှတ်လျော့တာမျိုး မဖြစ်တော့ပါဘူး။

• ကိုယ့်ရဲ့ ကြိုးစားမှုတွေကို မျက်ဝါးထင်ထင်မြင်ရပြီး ဆက်ကြိုးစားချင်စိတ်တွေရှိနေစေမယ့် automatic “Progress Tracker” ပါတာကြောင့် မှန်းဆနေစရာမလိုဘဲ A* ရဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေစေမှာပါ။

ဒီအခွင့်အရေးကို လက်လွှတ်မခံလိုက်ပါနဲ့။ စာလုပ်တာကို အာမခံချက်ရှိတဲ့ A* တွေအဖြစ် ပြောင်းလဲပေးမယ့် system ကို ရဖို့ ဒါဟာ သင့်ရဲ့ နောက်ဆုံးအခွင့်အရေးပါပဲ။

နောက်ဆုံးကျန်တဲ့ ၅ နေရာ ထဲက တစ်နေရာကို ရဖို့ အခုပဲ Link ကို Click ပြီး နေရာယူထားလိုက်ပါ!

Promo Code - 25NGM

Video နဲ့ လိုရင်းတိုရှင်း သုံးပြပေးထားတာမို့၊ မသုံးတတ်မှာလဲ ဘာမှပူစရာမလိုပါဘူး၊ gmail တစ်ခုပေးပြီးတာနဲ့ notion ထဲမှာ တန်းသုံးလို့ရမှာပါ။

——

Home - www.igcsemyanmar.com

Grab A* for 2025 november ဝယ်ယူရန် - https://www.igcsemyanmar.com/autoastar

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

မေတ္တာများစွာဖြင့် ,
Will Of J

၃ လတောင်မပြည့်ဘူး... IGCSE မှာ A* ရသွားတယ်။ ဘယ်လိုလုပ်လိုက်တာလဲ?စာမေးပွဲတွေ နီးလာပြီ... ခေါင်းထဲမှာတော့ A* မှန်းပေမယ့် လ...
28/09/2025

၃ လတောင်မပြည့်ဘူး... IGCSE မှာ A* ရသွားတယ်။ ဘယ်လိုလုပ်လိုက်တာလဲ?

စာမေးပွဲတွေ နီးလာပြီ... ခေါင်းထဲမှာတော့ A* မှန်းပေမယ့် လက်တွေ့မှာ စာတွေကတစ်ပုံကြီး... အချိန်ကနည်းလာလေ စိတ်ဖိစီးမှုကများလာလေ။ ကိုယ်ကျက်ထားတာတွေက စာမေးပွဲခန်းထဲရောက်မှ ခေါင်းထဲမှာ Blank ဖြစ်သွားမှာကို စိုးရိမ်နေရတယ်။

ဒီလိုခံစားချက်က မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ စာမေးပွဲက ကျောင်းသားတစ်ယောက်လည်း ဒီလိုအခြေအနေကနေပဲ ကျွန်တော်တို့ရဲ့ Auto A* Package ကို စသုံးခဲ့တယ်။ သူ့မှာလည်း မင်းလိုပဲ အိပ်မက်တစ်ခုရှိတယ်။ အဲ့ဒါက A* ပဲ။

သူ ဘာဆက်လုပ်ခဲ့လဲ?

သူက ကျက်ပြီးသားစာတွေမမေ့အောင်၊ မေးခွန်းဟောင်းတွေရဲ့ Pattern ကိုနားလည်အောင်၊ စာမေးပွဲဖြေတဲ့အခါ အသုံးဝင်ဆုံး Strategies တွေကိုသိအောင် ကျွန်တော်တို့ရဲ့ UltraLearning system ကို သေသေချာချာ အသုံးချခဲ့တယ်။

ရလဒ်ကတော့?

သုံးလတောင်မပြည့်တဲ့အချိန်အတွင်းမှာ သူ နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲမှာ A* ထွက်သွားတယ်။

ဒါက ကံကောင်းလို့ရသွားတာမဟုတ်ပါဘူး။ ဒါက Systematic ဖြစ်တဲ့ ပြင်ဆင်မှုရဲ့ ရလဒ်စစ်စစ်ပဲ။

ဒီ A* က အောင်စာရင်းတစ်ခုမဟုတ်ဘူး။

✅ ဒါက ကိုယ့်ရဲ့ Dream University သွားရမယ့် လက်မှတ်။
✅ ဒါက သင့်မိဘတွေရဲ့ ပီတိမျက်ရည်।
✅ ဒါက ကိုယ့်ရဲ့ကြိုးစားမှုတွေ အရာထင်သွားတယ်ဆိုတဲ့ သက်သေ။
✅ ဒါက "ငါလုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှု ပဲ။

ဒီလိုရလဒ်မျိုးက သူ့တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ မင်းအတွက်လည်း ဖြစ်နိုင်တယ်။

ကျွန်တော်တို့ရဲ့ Auto A* Package က မင်းရဲ့ကြိုးစားအားထုတ်မှုတွေကို အမှတ်တွေအဖြစ်ပြောင်းပေးဖို့ အဆင်သင့်ပဲ။

- Past Papers တွေကို Sample Answers နဲ့ Explanations အပြည့်အစုံလေ့လာမယ်။
- Question Book Method နဲ့ Spaced Repetition က မင်းကျက်ထားတာတွေကို ဘယ်တော့မှမမေ့အောင် ကူညီပေးမယ်။
- Exam Strategies တွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိသုံးမလဲဆိုတာ ပြပေးမယ်။

စာမေးပွဲနီးမှ နောင်တမရချင်ဘူးဆိုရင်... တခြားသူတွေရဲ့ A* Result တွေကို အားကျနေရုံနဲ့မပြီးဘူး။

အခုပဲ Auto A* Package နဲ့ ကိုယ့်ရဲ့ A* အိပ်မက်ကို အသေအချာဖမ်းဆုပ်လိုက်ပါ။

🛒 Package ကိုလေ့လာရန် → www.igcsemyanmar.com
💬 စုံစမ်းရန် →

P.S. အောင်မြင်မှုက ပြင်ဆင်ထားတဲ့သူတွေအတွက်ပဲ။ သူများတွေ A\* ရလို့ ဂုဏ်ပြုနေရမယ့်အစား ကိုယ်တိုင် A* ရယူလိုက်ပါ။

——

ဝယ်ယူရန် - www.igcsemyanmar.com

——

Join our community - https://t.me/willofjchannel

Contact Us - t.me/willofj2024
——

Address

Mingalar Mandalay
Mandalay

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Website

Alerts

Be the first to know and let us send you an email when IGCSE Second Brain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to IGCSE Second Brain:

Shortcuts

Share